6 Dec 2012

ဘလော့ကာအောင်အောင်(မကစ) နှင့်ခဏတာအင်တာဗျူး


အဖြူရောင်အားမာန်ရဲ အဖွင့်အင်တာဗျူလေး ပါနော်မှားတာရှိရင်ခွင့်လွှတ်ပေး ပါ
အဖြူရောင်အားမာန်မှ အထူးဘလော့ဂါကို အောင်အောင်(ကမစ) ခေါ် ကိုအောင်ဆန်းကို
GTALK မှ ခဏတာ အင်တာဗျူး ခဲ့ ပါတယ်နောက် ပိုင်လဲ ဘလော့ဂါတော်တော်များများ
ကိုအင်တာဗျူပြုလုပ်သွားမှာ ပါ


 အောင်လေး မေး ။       ။ပထမဆုံးမေးခွန်းအနေနဲ့ ...ဘလော့ဂါလာကထဲဆရာရောက်လာပုံလေးကို သိပါရစေခဗျာ ဘယ်အချိန်လောက်ကဖြစ်မလဲခဗျာ...........။

 အောင်အောင် (ကမစ)ဖြေ ။       ။အင်းပထမဆုံး ၀င်ရောက်လာတာကတော့.. 2010 နောက်ပိုင်း မှပါ... ဘာလို့လည်းဆိုတော့ ကွန်ပျူတာ သုံးတာက 2011 ကျမှ စတင်အသုံးပြုဖူးတာမို့ပါ... စစချင်း သူငယ်ချင်းတယောက်အကူညီနဲ့ gmail site လေးတစ်ခု စလုပ်ဖြစ်တယ်... အဲတုန်းကတော့ဘာမှကိုမသိသေးတာ ပြောရရင် ချက်တင်ဘဲ တတ်တယ်လေ...ဟဲ... နောက်အဲကနေ ဘလော့ဆိုဒ်ဆိုတာ  အတော်လေး
စိတ်ဝင်တစားဖြစ်လာတယ်...သည်တော့... သင်ပေးမဲ့ သူရှာပြန်တော့လဲ ကိုယ်လို လူချည်းဖြစ်နေတော့  နောက် သူငယ်ချင်းကkp-3 family ဆိုဒ်လိပ်စာကိုပေးပါလေရော  အဲကနေ ဘလော့ကာ ရောဂါ  ရလာစပြုတော့တာပါဘဲ... ဘလော့ကာအဖြစ်နဲ့တော့
 2011 ..4 လပိုင်း လက်တော့ ၀ယ်ပြီး   မအိပ်မနေ လေ့လာတော့တာပါဘဲ..အဲကနေပထမဆုံး http://zartiman.blogspot.com/
 လေးကနေ ဘလော့ကာ လောကခြေလှမ်းစခဲ့တာပါ။            

 အောင်လေး မေး ။      ။ကိုအောင်အောင် ရေးတဲ့ဆိုက်လေးတွေဖော်ပြပေး ပါဦး........။

 အောင်အောင် (ကမစ)ဖြေ ။       ။ ဟုတ်ကဲ့ ရေးထားဖူးတာကတော့ ပြောရရင် အတော်လေးကိုများပါတယ်.. ကျွန်တော်က ပညာကို ကိုယ်တိုင်လေ့လာ သင်ယူခဲ့
ရတာမို့  ဘလောတွေ့ တခုပြီးတခု ထောင်ရင်း အတွေ့အကြုံ နဲ့တက်လာခဲ့ရတာမျိုးပါ... လုပ်တယ် နောက် လက်ဆောင်ပေး လိုက်တယ်... သည်လိုနဲ့ ဘလော့ဆိုတဲ့ နည်းလေးတွေ တစတစ ပိုမိုသိလာရတာပါ... လက်ရှိ ကျွန်တော့ရဲ့ ကိုယ်ပိုင် ကိုင်တွယ်
 နေတာတွေကတော့....
www.ledimyethar.com   ( လယ်တီမြေသား)
www.aungsanmks.blogspot.com   (  ဘလော့ခရီးသည်  )
www.ninilayy.com    ( ဓမ္မနှင့်စာပေနန်းတော်   )
www.herostown.blogspot.com  ( ထိပေအ်သျှင်မှအာဇာနည်များ ) တို့ဘဲဖြစ်ပါတယ်...

အောင်လေး မေး ။      ။ဘလော့ဂါတွေ ထဲမှာ အကိုနှစ် သက်တဲ့ဘလော့ ဂါလေးတွေ ဖော်ပြပေးပါဦးနော်..........၊
 အောင်အောင် (ကမစ)ဖြေ ။       ။  ကျွန်တော့ရဲ့ မြင်ဆရာ kp-3 family ပါ... ၀ါသနာတူ ဘော်ဘော်တွေထဲက အားကျမိတာတော့ ...၀င်းကမ္ဘာကျော်...မောင်  (စွယ်စုံကျမ်း)...ကိုလတ် (ကျွဲဆင်း)...ညီလေးအောင်ကျော်(ပုသိမ်သားလေး) ...mutual friend (ပြည်)   ညီကိုရင်းပမာ တိုင်ပင်ဖေါ် ၀ါသနာတူတွေကတော့..
မိုးညိုသားလေး...နိုင်ဇင်အောင်...အောင်လေး...မောင်(စွယ်စုံကျမ်း)..ကိုလတ် ..အောင်ကျော်...တို့ဘဲဖြစ်ပါတယ်...
 ကျွန်တော် ပြဿနာရှိတိုင်း နားပူနားဆာ လုပ်နေကျ လေးစားထိုက်သော ပညာရှင်တွေကတော့   ကိုညီနေမင်း   နဲ့ ကိုအာကာဖြိုး.. တို့ပါဘဲ..
ကျန်တဲ့ အားကျတဲ့ ဘလော့ကာတွေ ကတော့ တပုံ ကြီးးဗျာ ကျွန်တော်က ဆိုဒ်တကာလှည့် ပညာသင်နေရတာမို့လေ...                                          



 အောင်လေး မေး ။        ။ အကို လက်ရှိ မလေးမှာနေတယ်လို့ သိရပါတယ် ဇာတိ လေး နဲ့ နာမည် အရင်း မွေးနေ့လေး ကိုဖော်ဖတ်ရှုသူတွေ သိအောင်ဖော်ပြပေး ပါဦး.........။

 အောင်အောင် (ကမစ)ဖြေ ။       ။ ဟုတ်ကဲ့ဗျ...ကျွန်တော် နာမည် အရင်းက အောင်ဆန်းမြင့် ပါ..မိသားစုနဲ့ ရင်းနှီးသူတွေခေါ်တာက အောင်အောင် ပါဘဲ..  မန်းကြီးစောက်ကျေးရွာ-ဒီပဲယင်းမြို့နယ်-ရွှေဘိုခရိုင်-စစ်ကိုင်းတိုင်း  ပါ...ဇာတိကပေါ့နော်...
 ဖေဖေ ဦးချစ်စံ  နဲ့ မေမေ  ဒေါ်ရီ တို့မှ.. 22.03.1979 ခုမှာ မွေးဖွါးခဲ့ပါတယ်...
 ယ္ခု လက်ရှိတော့ မလေးရှားးမှာပါ..2005  ခု 10  လပိုင်းက အမိမြေနဲ့ ကင်းကွာနေခဲ့တာ ခုထိတိုင်ပါဘဲ....



 အောင်လေး မေး ။      ။အကိုခံယူထားတဲ့ စာရေးဆရာဆိုတာ..ဘယ်လိုလူမျိုးကို သတ်မှတ်ထားတာပါလဲအကို......။

 အောင်အောင် (ကမစ)ဖြေ ။       ။   အကိုကတော့ စာရေးးတာ ကဗျာလေးတွေ လောက်ပါဘဲ..၀ါသနာအရဆိုပါတော့.. ပြောရမယ်ဆိုရင်တော့...စာရေးဆရာ
ဆရာမ  ဆိုတာ အရမ်းကို သိမ်မွေ့နုညံ့တဲ့ နှလုံးသားပိုင်ရှင်တွေလို့ ကျွန်တော်မြင်မိပါတယ်.. ဘာကြောင့်လည်းဆိုတော့   နှလုံးသားကစီးဆင်းလာတဲ့ သံစဉ်တွေကို ပေါင်းစုပြီး ရသ မြောက်အောင် သီကျူးဖွဲ့ဆိုကြတယ်.. အဲလို ဖွဲ့ဆို ခဲ့လို့လည်း
 ဖတ်ရသူအပေါင်းမှာလည်း  ရသပေါင်းစုံ ခံစားနိုင်တာပေါ့... အဲသည် လိုရေးသားတဲ့ စာပေတွေထဲမှာဘဲ  သူတို့ရဲ့ပညာ-စေတနာ-ဗဟုသုတ နဲ့ ဂရုဏာ ဆိုတာတွေ ပါနေတတ်လို့ပါ... ကျွန်တော့်အမြင်အရ..စာရေးသူတွေ ဆရာ  ဆရာမ
 အရှင်သူမြတ်  စသူတို့ဟာ... မွန်မြတ်သောပုဂ္ဂိုလ်..တိုင်းပြည်နဲ့ လူမျိုးရေးအတွက်လည်း အကျိုးပြုသော ကလောင်ရှင်များ   ဆိုတဲ့ ခံယူချက် ယုံကြည်ချကိနဲ့ မြင်မိပါတယ်ဗျာ.....



အောင်လေး မေး      ဘလော့ရေးတဲ့သက်တမ်းကြာလာတာနဲ့ အမျှ..ဘလော့ရေးခြင်းအလုပ်အပေါ်မှာရော..ဘယ်လိုစိတ်မျိုးတွေပိုလာပါသလဲ.......။

 အောင်အောင် (ကမစ)ဖြေ ။       ။ ဒါကတော့ ပြောရရင်...ဟိုသီချင်းလေးလိုပေါ့ဗျာ..ကြာလေလေ~~ ချစ်တဲ့ စိတ်က ခိုင်မြဲလေလေ~~  ဆိုတာလိုပေါ့.. ကြာလာတာနဲ့အမျှ နည်းပညာတွေ တိုးပွါးလာတယ် တိုးပွါးလာတာနဲ့အမျှ ကိုယ်သိတဲ့ပညာ.. ဒါမှမဟုတ်     လေ့လာတွေ့ရှိခဲ့တဲ့ပညာ တွေကို ပိုလို့ ပေးဝေခြင်စိတ် ဖြစ်လာမိတယ်.. ဘာကြောင့်လည်းဆိုတော့ ကိုယ့်လိုဘဲ ၀ါသနာပါပြီး
  သင်ပြမှု ကင်းမဲ့စွာနဲ့ ဘလော့ ခရီးကို မလျှောက်စေခြင်တာပါဘဲ.. အချိန်ကုန်တယ်.. ပင်ပန်းးတယ်လေ.. အဲအတွက် သူတို့ကို  ဘယ်လို ကူညီနိုင်မလဲ  ဘယ်လို သိအောင် တတ်အောင် ရေးပြနိုင်မလဲ ဆိုတဲ့စိတ်  ကြာလေ ရှိလာလေပါဘဲ... ပြောရရင်
 c-box မှာဘဲ အကိုရေ အဆင်ပြေသွားပြီ ကျေးဇူး ဗျာ ဆိုတာလေး ဖတ်မိတာနဲ့ဗျာ.  တညလုံး ရေးထားသမျှ အိပ်ရေးပျက်သမျှ
  ပျေပျောက်စေခဲ့တယ်....



  အောင်လေး မေး ။       ။ အကိုဘယ်အချိန်တွေမှာ..ဘလော့ရေးလေ့ရှိပါသလဲခဗျ..။

  အောင်အောင် (ကမစ)ဖြေ ။       ။ ဟုတ်ကဲ့ ကျွန်တော် က မနက် ၈  နာရီ ခွဲ  ကနေ  ညနေ ၅  နာရီ ခွဲထိ အလ်ုပထဲမှာဘဲ ရှိပါတယ်... ညနေ ထမင်းချက် ရေ မိုးချိုး
 ပြီးတာနဲ့  လက်တော့ကို အပြေးလေး ဖွင့် ပထမဆုံး ဘလော့ရဲ့ c-box ကိုကြည့်  တောင်းဆိုတာရှိပါက အမြန် လေ့လာ ရေးသား
  သည်လိုနဲ့  နေ့စဉ် ညပိုင်း   ၁  နာရီ နောက်ပိုင်းထိ ရှိနေတာ များပါတယ်...



 အောင်လေး မေး ။       ။အကိုအောင်အောင်နဲ့ မောင်စွယ်စုံကျမ်းနဲ့ ဒိုမိန်း အလှူလုပ်တယ်လို့သိရပါတယ်ရည်ရွယ်ချက်လေးကို ရှင်း ပြပေးပါဦ....။
 အောင်အောင် (ကမစ)ဖြေ ။       ။ ဟုတ်ပါတယ်... ပထမတော့ ညီလေးစွယ်စုံ  ကစထားးတာပါ..နောက် အကိုလည်း စိတ်အားထက်သန်တာနဲ့ လှူတယ်
 နောက် အတူလက်တွဲ လုပ်ဖို့ ဖြစ်လာတယ်ပေါ့..ရည်ရွယ်ချက်ကတော့  ကျွန်တော်တို့ ဘာသာ  သာသနာ အဓွန့်ရှည် တည်တန့်
  စေဖို့ဆိုတာ ဘာသာရေးစာပေတွေ တရားတော်တွေ စာပေပညာတွေ ကအရေးပါအရာရောက်လှပါတယ်..
  အဲလိုစာပေတွေ ရေးသားမျှဝေနေတဲ့ ဆရာတော်တွေ လူပုဂ္ဂိုလ် တွေကိုလည်း လေးစားကြည်ညိုတဲ့အနေနဲ့... ခုလို.ရေရှည်
   ကောင်းစားဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အလှူလုပ်ကြတာပါဘဲ... လက်ရှိ ဆိုဒ် (၁၀) ခု လှူပြီးနေပါပြီ...နောက်ထပ် မကြာခင်မှာ
 ထပ်မံ စာရင်းပြုစုကာ ဆက်လက် လှူဒါန်းသွားးမှာပါ။



 အောင်လေး မေး ။      ။အခုလိုလှူရတဲ့အတွက်ရင်ထဲကပိတီစကားလေး ကို ကြားပရစေ......။
 အောင်အောင် (ကမစ)ဖြေ ။       ။ ဟားး  သိပ်ကို ကျေနပ်မိတယ်.. ခုလို ဆိုဒ်လေးတွေ အဆင်တပြေနဲ့ စိတ်ချမ်းသာ လက်ချမ်းသာ ရေးနိုင် ၀င်နိုင် ဖတ်နိုင်တာကို
ဝမ်းသာတယ်.. စိတ်ထဲမလည်း ကြည်နူးနေမိတယ် ပြုသမျှ ကုသိုလ် ဒါန အဖို့ကိုလည်း တကမ္ဘာလုံးကို အမျှဝေနေမိပါရဲ့..
  ခုဆို လှူထားရုံမဟုတ်ဘဲ ကျွန်တော်ဘဲ  လိုအပ်တဲ့ ဆိုဒ်တွေကို ဒီဇိုင်းပြောင်းလဲ ပေးးတယ်.. လိုအပ်တာ မှန်သမျှ စိတ်တိုင်းကျသည်အထိ အပင်ပန်းခံ ဆောင်ရွက် ပေးနေပါတယ်... ဒါကလည်း ဒါနတစ်ခုပါဘဲ....



 အောင်လေး မေး ။       ။ကိုအောင်အောင်  ကို အွန်လိုင်းကနေ ဆက်သွယ်ချင်တဲ့ပရိတ်သတ်တွေအတွက်..acc နဲ့ FB  လေးပေးလို့ ရမလားအကို.....။
 အောင်အောင် (ကမစ)ဖြေ ။       ။ ဟုတ်ကဲ့ဗျာ... ရပါတယ်.. aungsan96@gmail.com https://www.facebook.com/aungs3?ref=tn_tnmn ကိုဆက်သွယ်နိုင်ပါတယ်.. လာအပ်တိုင်း လက်ခံပေးလျှက်ရှိပါတယ်..
fb ကိုလည်း အဲအီးမေးနဲ့ဘဲ ၀င်ရောက် ဖိတ်ခေါ်နိုင်ပါတယ်..ဗျာ  ကျွန်တော် အညာသားပါ ဖေါ်ရွေပါတယ်..ဟိဟိ



 အောင်လေး မေး ။       ။ အွန်လိုင်းစာရေးသူတစ်ယောက်အနေနဲ့   ဘလော့ဂါပရိတ်သတ်တစ်ယောက်ရဲ့ comment တစ်ချက်ဟာ အားဆေးလို့ ဆိုလို့ ရတာမို့ ..အကိုအတွက် ဘယ်လို comment မျိုးကိုလိုလားပြီး  ဘယ်လို comment မျိုးကို မလိုလားဘူးလဲအကို......။
 အောင်အောင် (ကမစ)ဖြေ ။       ။ အလိုလားဆုံးးကတော့ ကျွန်တော့ ဘလော့လေးကို အားပေးပြီး အကြံပြုသော စာလေးတွေကိုပါဘဲ... မလိုလားဆုံးကတော့
 ညစ်ညမ်းသော စာသားများနဲ့ ဆော်ကားခြင်းပါဘဲ  တွေ့တော့မတွေ့ဘူးပါဘူးး ပြောပြတာ.. gtalk မှာတော့ မကြာခဏ  အဆဲခံထိဘူးပါတယ်.. ကျွန်တော်တို့တတွေ အလုပ်များနေတာ မသိဘဲ ပြန်မပြောနိုင်တော့ စိတ်မရှည်ဘဲ ဆဲသွားကြတာပေါ့...ဒါလည်း ကျေနပ်ပါတယ်.. အခြေနေကိုမသိလို့ ခုလို ဖြစ်တာဘဲလို့ ခံယူရင်းပေါ့.... ရှင်းပြလို့ ဆက်ဆဲနေတာမျိုးလဲ ရှိတယ်..အဲတော့ block ဘဲပေါ့...မဟုတ်ရင် အကျိုးမရှိဘဲ အကျိုးယုတ်စကားတွေဘဲ ပြောမိနေမှာ စိုးလို့ပါ။



 အောင်လေး မေး ။     ။အကို ဘယ်နှစ်ခုနှစ် မှာကျောင်းပြီတာလဲဗျ ဘွဲလေးကော ပြောပြပေး ပါဦး....။
 အောင်အောင် (ကမစ)ဖြေ ။       ။ ဟုတ်ကဲ့... 1996 မှာ ဆယ်တန်းအောင်ပါတယ်.. 2002 မှာ ဘွဲ့ရခဲ့ပါတယ်.. မြန်မာစာနဲ့ပါ...ပြောရရင် ဆယ်တန်းအောင်ပြီး
ရွာကျောင်းမှာ ဆရာ ၀င်လ်ုပတယ် လုပ်အားပေးပေါ့... နောက် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌါနမှာ  အလုပ်ရတယ်....
  မလေးကို ထွက်မလာခင်ထိပေါ့  1998 ကနေ 2005 ထိပေါ့...မစားသာလို့ လစ်လာတာ...အဟိ...လူစုံတုန်းရှင်းပြတာ



 အောင်လေး မေး ။      ။ဘလော့ဂါတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားနဲ့ ခံယူချက်က ဘာတွေဖြစ်မယ်ထင်ပါသလဲအကို..။
 အောင်အောင် (ကမစ)ဖြေ ။       ။  အင်းးအဲတာတော့ ခက်တယ်ပြောဖို့ ဘလော့ကာတိုင်းရဲ့ အရည်ချင်းဟာ မတူညီ ကြသလို ခံယူချက်ကလည်းကွဲပြားကြမှာ
အမှန်ဘဲလေ.. ကျွန်တော့် ခံယူချက်ကတော့ ဖြစ်လာ ဖို့ ဖြစ်မလာဖို့ထက်  ကိုယ်က ဖြစ်နိုင်သလောက်ကိုတော့  ဖြစ်နိုင်တဲ့ နေ့ ရက်အချိန် နာရီ ထိ ကျွန်တော် သိတာ တတ်တာတွေကိုတော့ မချွင်းမချန် မျှဝေသွားးမယ်ဗျာ....





    အောင်လေး မေး ။        ။ခုဆို..Ning ဆိုဒ်အသီးသီးမှာ အကိုပရိတ်သတ်တွေကအကိုစာတွေကိုနှစ်သက်ပြီး ပြန်လည်မျှဝေတဲ့အပေါ်မှာရောအကိုအမြင်လေး သိချင်ပါတယ်ဗျာ်။

 အောင်အောင် (ကမစ)ဖြေ ။       ။ ဟုတ်ကဲ့....ကျွန်တော် နိုင်ဆိုဒ် အတော်များများကို လိုက်လဲံ မျှဝေနေပါတယ်... တနေ့တနေ့ မျှဝေတဲ့ ပို့စ် နဲ့ ဆိုဒ်တွေကို
 အချိန်ပေးရတာ တကယ် မနည်းတဲ့အချိန်ပါ...အဲအတွက် ပြန်လည် တုန့်ပြန်မှုကတော့ သူတို့တွေရဲ့ ကျေးဇူးပါဗျာ...  နောင်လည်း နည်းပညာတွေ တိုးလို့ မျှဝေနိုင်ပါစေ ဆိုတဲ့ မေတ္တာပို့သတဲ့ အသံလေးတွေ တွေ့နေရတာနဲ့...ကျေနပ်တယ်..
   ပီတိ ဖြစ်မိတယ်.. ကိုယ်မျှဝေတဲ့ နည်းပညာဟာ ကိုယ်ပိုင်ဖြစ်စေ ကော်ပီ ဖြစ်စေ သူတပါးအတွက် ရလဒ်ဟာအသိပညာတိုးပွါးခြင်းအခက်ခဲတခုကိုဖြေရှင်းနိုင်ခြင်းဆိုတဲ့အကျိုးမျိုး ရလာရင်  လုံးဝကို ပင်ပန်းရကျိုးးနပ်ပါတယ်.. ကျေနပ်မိပါတယ်...

 အောင်လေး မေး ။       ။အကိုအနေနဲ့ အခုလိုနည်းပညာတွေမျှဝေနရတဲ့အပေါ် အားရကြေနပ်မှု့ ရှိပါသလား။    

 အောင်အောင် (ကမစ)ဖြေ ။       ။  အရမ်းကို ကျေနပ်ပါတယ်.. ပြောရရင် သည်လို ရေးနေ မျှဝေနေ ရတာကိုဘဲ ပျော်နေတာ.. မဟုတ်ရင် စားမ၀င်အိပ်မပျော်ဘူး



 အောင်လေး မေး ။       ။ခုလို ကျွန်တော်တို့ ရဲ့အဖြူရောင်အားမာန်ဆိုက်ကနေအကိုကိုအင်တာဗျူးခဲ့တာလေးအပေါ် အကိုခံစားချက်လေးလည်းသိပါရစေဖဗျာ..။
 အောင်အောင် (ကမစ)ဖြေ ။       ။ တစ်ခါမှ  ခုလို မဗျူးး ဘူးတော့ စိတ်ထဲတော့ ဘယ်လိုဘယ်လို မှန်းမသိဘူးး ဟိ.....  ဒါပေမယ့် အဖြူရောင်အားမာန်ကိုတော့ ကျွန်တော် အရမ်း ကျေးဇူးတင်ပါတယ်.. ဘာလို့လဲဆိုတော့  ကျွန်တော့်ရဲ့
 ခံစားချက်  ခံယူချက်လေးတွေကို တဆင့် ရင်ဖွင့်ပေးကြလို့ပါဘဲ... သိပ်ကို ကျေနပ်ပါတယ်.. နဲနဲ ရင်ခုန်တယ်..ေိေိ



 အောင်လေး မေး ။       ။ဘလော့ဂါအသစ်လေးများအတွက် အကြံပြုစကားလေးပြောပေးပါဦး.......။

  အောင်အောင် (ကမစ)ဖြေ ။       ။  ထူးထွေ ပြောဖို့မလိုပါဘူးးး ဘလော့ကာအသစ်လေးတွေအတွက် ဘလော့ခရီးသည်က  ထာဝရ လက်ကမ်းကြိုဆိုလျှက်ပါ
 လက်ရှလဲ အတော်များများ ကျွန်တော် ကူညီပြီး ဘလော့တွေ ထောင်ပေးးတယ် စာပေတွေ မျှဝေစေတယ်  လုပ်နေပါတယ်..ကျွန်တော် အက်မင်လုပ်နေတာ ပြောရရင် ဆိုဒ် ၃၀ ကျော်နေပါပြီ....ဒါပေမယ့် မပင်ပန်းပါဘူးးး စိတ်ရင်းစေတနာ အပြည့်နဲ့
   တောင်းဆိုလာသမျှ ကူညီနေရတာကိုဘဲ  ကျွန်တော် ၀မ်းသာနေတတ်သူပါ။ အားလုံး ကြိုဆိုလျှက်ပါ။။။



 အောင်လေး မေး ။      ။အကိုကိုဘလော့တွေကို အားပေးနေတဲ့ စာဖတ်ပရိတ်သတ်တွေကိုလည်း အမှတ်တရစကားလေးပါးပေးပါဦးနော်..။
 အောင်အောင် (ကမစ)ဖြေ ။       ။  အားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း နဲ့ ဘလော့နဲ့ပါတ်သက်ပါက  aungsan96 ကိုလှမ်းကြွခဲ့ပါ... တတ်နိုင်သမျှ
ကူညီ အားဖြည့်ပေးမယ်ဆိုတာ ပြောလိုက်ပါရစေ.... အမှန်ပြောရရင် အောင်အောင်(မကစ) သည် ဘလော့ပညာကိုဘဲ တစိုက်မတ်မတ် လေ့လာရေးသားနေသူဖြစ်လို့ ကျန်တဲ့ ပညာတွေ အလွန်အားနည်းပါတယ်... အဲအတွက်... တွေ့ဆုံ ကြုံ ကြိုက်ခဲ့ပါက တတ်သိသမျှ နည်းပညာ ထွေထွေ ရာရာလေးများကိုလည်း သွန်သင် လမ်ဲးပပေးကြပါဆိုတာ ပြောကြားးရင်း  အားလုံး ထာဝရ ဆန်းရေက ပန်းရွှေကြာပမာ လန်းဆန်းနိုင်ကြပါစေ....
 အဖြူရောင်အားမာန် တို့နဲ့အတူ  အပြစ်ကင်းစင်တဲ့  ဘ၀လေးတွေပိုင်ဆိုင်ပြီး  စိတ်နှလုံး ငြိမ်းချမ်းသော  ဘ၀ပိုင်ရှင်များ ဖြစ်ကြပါစေ.....  မေတ္တာ ပို့သလျှက်
  အောင်အောင်(မကစ)....  ဘလော့ခရီးသည်...သို့... လယ်တီမြေသား
အခုလိုဖြေကြားပေးတဲ့အကိုကို အဖြူရောင်အဖွဲ သားများကိုစား အောင်လေးမှကျေးဇူးတင်ပါတယ်.....
.နောက်လဲနည်းပညာများများမျှဝေနိင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ် 

မူရင်းအင်တာဗျူးလင့်နေရာ     သည်မှာပါ .............
 

တင်ထားသမျှ ခေါင်းစဉ်များ

2Step Verification (5) A+အကြောင်း (1) Activator (9) Adobe CS3 Master Collection (1) Adobe Premiere Pro CS6 အသုံးပြုနည် (1) Adobe Software (12) Android application (1987) Android Game (710) AndroidPhoneဆိုင်ရာ (4) Antivirus (1) Apowersoft ApowerEdit v1.4.7.22 Build 04042019 (1) AVAST! Cleanup Premium 2019 version 19.1 Build 7085 (1) Blog Slider (8) Blogger Button (5) Blogger Comment (17) Blogger Ebooks (1) Blogger Hack (54) Blogger Loading Style (6) Blogger Mouse (1) Blogger Template (44) Blogger Tips (77) Blogger Widget (152) Blogs Html (63) Blogs Post (86) Blogs Tab Menu (53) Blogဆိုင်ရာ (1) Bowser ဆိုင်ရာ (21) Brothers in Arms® 3 v1.4.7c Mod Data [Unlimited Money] (1) Buddha မြန်မာစာတန်းထိုး (53) Burning Software (34) Burning Tools (47) C-Box (10) Canon LBP 6000 Original Driver (1) Canon LBP 6030 Original Driver & Installation Guide (1) CCleaner 5.56.7144 (Business / Professional / Technician) Multilingual Portable (1) CD/DVD ဆိုင်ရာများ (30) Cleanner-Speed (68) Computer Autoplay ပိတ်ထားနည်း (1) Computer Partationခွဲနည်း (1) Computer ဆိုင်ရာ (189) Computerဆိုင်ရာ (33) Converter (73) Desing Card (10) Display အလုပ်မလုပ်သော ပြဿနာဖြေရှင်းနည်းများ (1) Domain (3) Download Manager (42) Drive SnapShot v1.46.0.18213 (1) Driver Software (46) DVD-Cloner Platinum 2019 v16.30 Build 1446 [x86/x64] (1) DVDFab v11.0.2.4 [x86/x64] (1) Easy Translator version 14.0.0 (1) Ebooks (405) Errorဖြေရှင်းနည်း (1) Eset Smart Security 12.1.34.0 (x86/x64) (1) Facebook (152) Folder Lock (17) Fonts များစုစည်းမှု (6) Foxit PhantomPDF (1) Game (47) Game PC (32) Glary Utilities PRO version 5.117.0.142 (1) Gmail-Gtalk (70) GoogleChome &InternetDownloadmananger (1) Hacking (81) How To Download (6) Html (51) Internet Download Manager (18) InternetDownloadmananger(IDM) (1) IP Hider Software (6) Java Script (11) KhineMaster (1) KMS/2038 & Digital & Online Activation Suite v6.9 (1) MAGIX SOUND FORGE Pro 13 v.13.0.0 Build 46 (1) Marquee Technique (14) Media Player (31) MI Play store Apk (1) Microsoft Office (21) Mobile Legends Bang Bang Installer .exe Pc Version (1) Motors ( မော်တာများ )အကြောင်း (1) Movie (95) My Pdf (35) Myanmar Font (9) Myanmar Typing Software (1) MZW Solftware (1) NetGuide Journal (63) Network Software (7) New Blogs (15) Notကာကွယ်ခြင်းနည်း (1) ONEKEY PDF Convert to Word 4.0 REPACK (1) Partition Software (7) Password Recovery Software (1) paypal နှင့် ဆိုင်သော (5) PC GAMES (17) PC recovery (13) PC Software (203) PC Speed Up (32) PC-Clean Software (73) PDF (4) PDF Editor (10) Photo Editor Software (65) PHOTO SHOP (သင်တန်း)သီးသန့် (44) Photo Slideshow (12) photoshop background အလန်းများ (6) photoshop PNG ဖိုင်များရှာရန် (14) Photoshop Software (36) Photoshop ဆိုင်ရာ (51) Player (8) PrinterDriver (2) Programming (16) Pyidaungsu font (1) Read More (9) Recent Posts Widget (23) Recover Software (46) Recovery (33) Refresh and Restoreအကြောင်း (1) Reset (1) SAMSUNG One UI ဖုန်းတွေအတွက် မြန်မာဖောင့် (1) Screen Video Recorder (37) Search Box (6) Security Software (36) Sidebar Widget (71) SkyNet လိုင်းအသစ်ထည့်နည်း (1) SkynetBinfile (1) Slideshow Movie Maker (7) Social Widget (19) SOFTWARE (588) Software For Blogs (17) Software များအသုံးပြုနည်း (2) Softwares တွေအတွက် Serial no (or) Key တောင်းလျှင် ဖြေရှင်းနည်း (1) Speed Up Internet (13) TeamViewer version 14.2.2558.0 (Repack & Portable) (1) TTA Pie Myanmar (1) Unicode ေ​ြေပာင်းနည်း (1) Uninstaller Software (25) Upload (6) USB ဖြင့်ဝင်းဒိုးတင်နည်း (4) USB ကြိုးကနေ Virus မဝင်အောင် ကြိုတင် ကာကွယ်နည်း (1) Usb-Memory (19) Video Converter (29) Video Editing (76) Video Editor (1) Video Recorder (12) Virus ဆိုင်ရာ (86) WannaCry Ransomware ၏ အန္တရာယ် အကြောင်းနှင့် ကာကွယ်နည်း (1) Web Design ရေးဆွဲနည်း (5) Webcam Camera Software (11) Website ရေးနည်း (3) Wifi ဆိုင်ရာ (32) Win Update v1.4 (1) Window-10 ဆိုင်ရာ (2) Window-7 ဆိုင်ရာ (32) Window-xp ဆိုင်ရာ (2) window8ဆိုင်ရာ (19) Windows 10 Factory Reset ချနည်း (1) Windows 10 Backup & Restore လုပ်နည်း (1) Windows 10 ကွန်ပျူတာမှာမြန်မာစာတိကျမှန်စွာထည့်နည်း (1) Windows Activator (18) windows loader များ (10) Windows Manager Software (23) Windows Themes (24) Windows တင်နည်းများ (6) WinRAR 5.70 (Fully) (1) WinRar Full Version (12) WinRAR V3.80 Beta Version (1) WinToBootic နှင့် USB ထဲ Install လုပ်နည်း (7) WinUtilities Professional Edition Tool (1) Wordpress Tips (3) Write-Protected ကို ဖြုတ်နိုင်မယ့်နည်းနှစ်သွယ် (1) Zawgyi နဲ့ Unocode ဘာကွာလဲ (1) ကွန်ပျူတာ User Account Picture အကြောင်းများ (1) ကွန်ပျူတာဆိုင်ရာ (1) ကွန်ပျူတာပတ်ဝပ်ပြောင်းမရအောင်လုပ်နည်း (1) ကွန်ပျူတာရဲ့ Storage က HDD လား? SSD လား? စစ်ဆေးနည်းများ (1) ကွန်ပျူတာဟန်းနေရင်ဖြေရှင်းနည်း (1) ကျွနုပ်နှင့် ပရဟိတအလှူ (9) ကာမသိဒ္ဓိကျမ်း (1) ချက်နည်းပြုတ်နည်း (1) နည်းပညာဆိုင်ရာ (2) နည်းလမ်းများ (6) ပန်ကာပြုပြင်နည်း (1) ဖိုင်ဖြေနည်းများ (8) ဗဟုသုတ (6) ဗားရှင်းအသစ်ထွက်ရှိလာတဲ့ Facebook (နှင့်) Messenger (1) ဘာသာစကား ၉၁ မျိုးထိ ပါဝင်တဲ့ Easy Translator (1) ဘာသာရေးစာအုပ်များ (9) မိမိဆိုက်ကိုကော်ပီကူးမရအောင် ပိတ်ထားနည်း (1) ပြည်ထောင်စု ဖောင့် လက်ကွက် နှင့် စာရိုက်နည်း (1) မြန်မာစာမှန်အောင်လုပ်နည်း (1) မြန်မာဆိုတာ (1) ဝင်းဒိုးကို AOMEISoftware ဖြင့် Backup & Restore လုပ်နည်း (1) သင့် Laptop ကို မြန်ဆန်အောင်လုပ်ပေးမယ့် အချက် ၇ ချက (1) အင်တာဗျူးအစီစဉ် (2) အပျိုလမ်းညွှန် (1) အသံဇာတ်လမ်း (19) အခြေခံကွန်ပျူတာ Pdf (1) ဦးဇာနည်နည်းလမ်းများ (7) ဆော့ဝဲ ပြဿနာဖြေရှင်းနည်း (1) ကြော်ငြာ (13) ဟောပြောပွဲ (15)

မန်ဘာဝင်လို့အားပေးကြပါ