26 Jan 2016

Smart-7 Mobile Service& Training Centre မိုဘိုင်းဖုန်း ပြုပြင်သင်တန်း အပတ်စဉ် (2) စတင်တက်ရောက်နိုင်ပါပီ.

ကဲ ကျနော်တို့ Smart-7 Mobile Service & Training Centre ရဲ့ တန်းခွဲ အပတ်စဉ် (2) ကို (9.2.2016)ရက်နေ့ကနေ စပြီး တက်ရောက်နိုင်ပါပီဗျာ...

ကွန်ပျူတာ အခြေခံမရှိသူများကတော့ 9 ရက်နေ့ကို အရောက်လာရမှာဖြစ်ပါတယ်..ကွန်ပျူတာ အခြေခံ ရှိပီးတဲ့သူတွေကတော့ 14 ရက်နေ့နောက်ဆုံးထားပီး လာလည်းရပါတယ်..

ကျနော်တို့ရဲ့ သင်တန်းမှာတော့ ကွန်ပျူတာ အခြေခံ မရှိတဲ့သူများကို 5 ရက်ခန့်အချိန် ပေးပြီး အရင်ဆုံး သင်ကြားပေးမှာပါ..
ကျနော်တို့ သင်တန်းမှာ Service ကိုအဓိကထား လုပ်ဆောင်ပြီး ဆိုင်သမားများအတွက်လည်း အထူးဝန်ဆောင်မှုများ
(ဈေးနှုန်းသက်သာစွာ) ဖြင့် ပြုပြင်ပေးနေသောကြောင့် Error ပေါင်းများစွာရဲ့ဖြေရှင်းနည်းများကို (Up to date) ပိုမိုသိရှိနိုင်မှာဖြစ်ပါတယ်...

Software ပိုင်းကို ကျတော့ လက်ရှိ လူအသုံးများနေတဲ့ Android နဲ့ IOS တွေကို အခြေခံကစပီးယခု လက်ရှိ hot ဖြစ်နေတဲ့ error တွေကိုပါ တခါတည်းရှင်းပြသွားမှာပါ... Android ပိုင်းမှာဆိုရင်တော့
လက်ရှိအသုံးများနေတဲ့ Samusng , Huawei , Xiaomi, Coolpad , Sony, Oppo, Vivo, X-Bo,China ကလာတဲ့ Clone ဖုန်းပါ မကျန် Official Firmware တင်ခြင်း,Custom Fimrware တင်ခြင်း,Rootလုပ်ခြင်း,
Pattern,Password,Pin တွေကို Data တွေမပျက်ဘဲ ဖြည်နည်းများပါ သင်ကြားပေးမှာဖြစ်ပါတယ်....ဒါ့အပြင် Huawei အချို့ဖုန်းတွေကို
SD card နဲ့ Firmware တင်တဲ့နေရာမှာ အခက်အခဲရှိသူတွေအတွက် SD card နဲ့မှတင်လို့ ရမယ့် Firmwareတွေကို PC ကနေ တိုက်ရိုက်တင်လို့ ရမယ့်နည်းပါ မချန် သင်ကြားပေးသွားမှာပါ...ပီးတော့ Samsung ဖုန်းတွေ
Downgrade ဆင်းမိလို့ IMEI ပျောက်သွားတဲ့သူတွေကို ဘာ box မှ မလိုဘဲ ဘယ်လို အလွယ် ပြန်ရေးမလဲ ဆိုတာတွေကိုပါ သင်ကြားပေးမှာပါ...

ထို့အပြင် ADB command သုံးပီး Password ဖြည်တာတွေ Tool တွေသုံးပီး Reset ချတာတွေ နဲ့ Huawei,Sony ဖုန်းများ Bootloader Unlock လုပ်နည်းပါ သင်ကြားပေးသွားမှာပါ.ပြီးတော့ အရေးကြီးတဲ့ မြန်မာဖောင့်ထည့်သွင်းနည်း မြန်မာစာမမှန်တာတွေကို မှန်အောင် နည်းမျိုးစုံသုံးပြီး ဖြေရှင်းနည်းတွေကို သင်ကြားပေးသွားမှာပါ...
ထို့အပြင် Fake IMEI Error , IMEI null/null Error, (အချို့သော Android ဖုန်းတွေမှာ IMEI ရှိပီး ဖုန်းခေါ်လို့ မရတဲ့ Error တွေနဲ့လိုင်းတိုင်တက်ပီး ဖုန်းခေါ်လို့ မရတဲ့ Error များကို Tool တွေနဲ့ ဖြေရှင်းနည်းတွေအပြင်
(Miracle,Z3X,GPG,Sigma,Volcano) အစရှိသော Box များဖြင့်လည်း ရေးပုံရေးနည်း သင်ကြားပေးမှာပါ..

IOS အပိုင်းမှာတော့ Firmware တင်တာတွေ iPhone 3Gs က စလို့ …နောက်ဆုံး ထွက် iPhone 6S , 6S+ တွေ အထိ ၊ iPod , iPad အစ ရှိတာတွေ နဲ့ Jailbreak လုပ်ခြင်းအပြင် Cydia Tweak များရဲ့ အလုပ်လုပ်ပုံ အသုံးပြုပုံနှင့် Apple ID ဖွင့်နည်းများကိုလည်း အသေးစိတ် ရှင်းလင်းသင်ကြားပေးမှာ ဖြစ်ပါတယ်..

Hardware ပိုင်း အတွက်ကတော့ …တစ်နေ့ကို ၃ နာရီ စာတွေ့၊လက်တွေ့ သင်ကြားပေးပြီး (လက်တွေ့ပိုင်း) ကိုပိုမိုလေ့လာ သင်ယူစေပါတယ်
(Power Supply / Multi မီတာအသုံးပြုပြီး) Circuit ပေါ်တွင် In put,Out put Shock ရှာနည်းများ ၊Jumper ကျော်နည်းများ ၊ Hot Gun အသုံးပြုပြီး IC များ ဖြုတ်ပုံ တပ်ပုံ(IC ခဲဖေါ်နည်းများ) … ၊ ခဲဂေါက် အသုံးပြုပြီး ခဲကို သေသပ်အောင်ဖော်ပုံ၊ ခဲရှင်းပုံ နှင့် Touch& LCD များကိုပြန်တပ်ရာတွင် လက်ရာမထင်အောင်၊ ဖုန်မ၀င်အောင် တပ်ဆင်နည်းများကို စနစ်တကျ အသေးစိတ်သင်ပြပေးခြင်း ၊sim/memory အထိုင်ဖြုတ်နည်းများနှင့်အားသွင်းခေါင်းဖြုတ်ရာတွင် Data ပင်များ ပါမသွားအောင် စနစ်တကျ ဖြုတ်တတ်အောင် သင်ပေးခြင်းထို့အပြင်Model မြင့် LCD&Touch
တွဲလျှက်ပါသော ဖုန်းများ Iphone 6 plus, Iphone 6, Note 3, Note4, S5 များကိုအပေါ်မှန်သီးသန့် လဲလှယ်ပေးခြင်းတို့ကို မှန်ဖြုတ်စက်များဖြင့်
အသုံးပြုသင်ကြားပေးသလို( မှန်ဖြုတ်စက်မလိုဘဲ) လက်ဖြင့်စနစ်တကျဖြုတ်တတ်အောင်(LCD,Touch Data ကြိုးများ မပြတ်အောင်၊ LCD မကွက်အောင်) သင်ကြားပေးမှာဖြစ်ပါတယ်။

ဖုန်းတစ်လုံးတွင် ပါဝင်သော Component များအကြောင်း၊IC များရဲ့ အလုပ်လုပ်ပုံ၊ Component များနှင့်IC များတို့ရဲ့ ပေါင်းစပ်အလုပ်လုပ်ပုံ (သက်ဆိုင်ရာ လမ်းကြောင်းရှိ သက်ရောက် Volt များ မှန်မမှန် စစ်ဆေးပုံ)အကြောင်းကို သဘောတရားများ ရှင်းပြပေးရုံသာမက Power IC, EMMC, CPU,အစရှိသော IC အမျိုးမျိုးတို့ကို Hot Gun အသုံးပြု၍ လေ၊အပူချိန်၊ လက်ဆ မှန်ကန်စွာ စနစ်တကျ ဖြုတ်တတ်စေရန် သင်ကြားပေးခြင်း၊ ဖုန်းအစိတ်အပိုင်းတစ်ခုစီ၏ (Touch,Backlight,Network) ဖြစ်တတ်သော Error များကို ဖြေရှင်းတတ်စေရန် စနစ်တကျ သင်ကြားပေးခြင်းနှင့် Diagram ကြည့်နည်းများပါအပြင်Deatboot ဖြစ်နေသော ဖုန်းများကို Box များသုံးပီးပါဝါနိုးလာအောင် လုပ်ခြင်း တို့ကိုပါသင်ကြားပေးမှာပါ..

သင်တန်းပြီးဆုံးသွားသော အခါတွင်လည်း သင်တန်းသားတွေ Service လောကမှာ အခက်မတွေ့စေရန်အတွက် Group လေးလုပ်ထားပါတယ်..သင်တန်းပီးသွားတဲ့အခါ ဒီ Group မှာ သင်တန်းသားတွေရဲ့ အခက်အခဲမှန်သမျှ ဒီ group မှာ တက်မေးလို့ရပါတယ်
လိုချင်တဲ့ Firmware တွေရော.. တက်တောင်းလို့ ရပါတယ်ဗျ...ဒီ group ထောင်ထားတဲ့ ရည်ရွယ်ချက်ကတော့ များပြားလှတဲ့ Service လောကရဲ့အတွေ့အကြုံတွေကို သင်တန်းသား တစ်ယောက်ချင်းဆီက ပေါ်ထွက်လာစေချင်လို့ပါပဲ.. Group ကတော့ သင်တန်းသားသက်သက်သာ လက်ခံမှာပါ.သင်တန်းသား/သူ တွေကိုလည်း လိုအပ်တဲ့ နောက်ဆုံးထွက် Update Data များကို Support ပေးသွားမှာဖြစ်ပါတယ်..ထို့အပြင် Deatboot fix Firmware များ၊Display error Fix များ၊Vibrate error fix များကိုလည်း ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်.နောက်နောင်လည်း မည်သည့် Data ကို မဆို အချိန်မရွေး အခမဲ့ လာရောက် ရယူနိုင်မှာ ဖြစ်ပါတယ်...

ကျနော်တို့ Smart-7 Mobile Service&Training Centre သင်တန်းရဲ့ အဓိက ဦးစားပေးထားတဲ့အချက်ကတော့လာရောက်သင်ကြားသော သင်တန်းသားများ အနေနဲ့ နည်းပညာအခက်အခဲ တစ်စုံတစ်ရာ မရှိရလေအောင် သင်တန်းပြီးဆုံးသွားသော်လည်း ဖုန်းဆက်၍သော်လည်းကောင်း၊သင်တန်း Page မှသော်လည်းကောင်း၊
လူကိုယ်တိုင် လာရောက်၍သော်လည်းကောင်း အချိန်မရွေး အကူအညီများရယူနိုင်မှာ ဖြစ်ပါတယ်..

သင်တန်းကြေးကတော့ Software&Hardware ၂ မျိုးလုံးအတွက်(450000)ပါ
Software တစ်မျိုးတည်းတက်ပါက (150000) ပါ၊ Hardware တစ်မျိုးတည်းဆိုရင် (300000)ပါ။
နယ်မှ သင်တန်းသားများအတွက် အဆောင်ငှားဖို့ အခက်အခဲမရှိရလေအောင် ကျနော်တို့ အဆောင်စီစဉ်ထားပေးပါတယ် .
Software & Hardware ၂ မျိုးလုံးတက်ပါက အဆောင်ခက (အခမဲ့) ပါ.. သင်တန်းကတော့ ၁လခွဲ အပြတ်ပါ..

သင်တန်း ချိန်များ >> Monday to Friday (တနင်္လာနေ့မှ သောကြာနေ့)ထိ

ပုံမှန်သင်တန်းချိန် (Software)
--> 10:00 AM ~ 12:00 AM ( နံနက် ၁၀ နာရီမှ နေ့လည် ၁၂ နာရီ )
--> 02:00 PM ~ 04:00 PM ( မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီ ) ထိ
ပုံမှန်သင်တန်းချိန် (Hardware)
--> 10:00 AM ~ 01:00 PM ( နံနက် ၁၀ နာရီ မှ နေ့လည် ၁ နာရီ )
--> 02:00 PM ~ 05:00 PM ( ညနေ ၂ နာရီ မှ ညနေ ၅ နာရီ ) ထိ

အသေးစိတ် မေးမြန်းလိုပါက ..
ဖုန်းနံပါတ် >> ၀၉-၄၄၀၄၉၅၅၅၈ ၊ ၀၉-၄၄၀၄၉၅၅၅၉
https://www.facebook.com/S-7Mobile-Service-Training-Centre-982771348463316/?ref=hl
သင်တန်းရဲ့ တည်နေရာကတော့ ၊ တိုက်(၂၁)မြေညီထပ်၊လှည်းတန်း(၇)လမ်း ဓမ္မာရုံအနီး၊ကမာရွတ်မြို့နယ်၊ရန်ကုန်မြို့။
ကြိုတင်စာရင်းသွင်းချင်သူများ စာရင်းပေးသွင်းနိုင်ပါပီ.... စာရင်းပိတ်ရက်ကတော့(9)ရက်နေ့ နောက်ဆုံးထားပီး စာရင်းသွင်းနိုင်ပါတယ်ခင်ဗျာ။

Mp3 Cutter Pro v3.2 Build 84 Apk


Android phone/Tablet ကိုင်ဆောင်ကာ Mp3 Cutter Pro v3.2 Build 84 Apk အသုံးပြု လိုသူများအတွက် မျှဝေပေးလိုက်ပါတယ်။ ဖုန်းထဲမှာတင် မိမိစိတ်ကြိုက် ဖန်တီးလို့ရမယ့် app လေးပါ။ Ringtone အပြင် Alarm ,Notification tone တွေကိုလည်း ဖန်တီးလို့ရတယ် ဆိုတော့ မိတ်ဆွေ တို့ Ringtone ဟာ ငြီးငွေ့စရာမကောင်းတော့ဘူးပေါ့နော်။ သီချင်းတွေကို မိမိလိုသလို ဖြတ်ယူကာ Ringtone အဖြစ်နဲ့ဖြတ်ယူ တည်းဖြတ်နိုင်သလို record အနေနဲ့လဲ မိမိရဲ့အသံတွေနဲ့ တခြားအသံတွေကို လဲသွင်းယူတည်းဖြတ်ကာ လွယ်လွယ်ကူကူပဲဖန်တီးနိုင်ပါတယ်။ ဖိုင်ဆိုဒ်ကတော့ 1.6 MB ရှိပြီး  Android OS 3.0 နှင့်အထက်ဖုန်းများ မှာအသုံးပြုနိုင်မှာဖြစ်ပါတယ်။ အသုံးပြုလိုတဲ့ မိတ်ဆွေများ အောက်မှာ ဒေါင်းလုဒ်ရယူနိုင်ပါပြီ။

 
 
 
 Download & Download
 
 
 
  www.ayekyaw.org

ဖိုတိုရှော့နည်းပညာ အပိုင်း (၁၈)

 

ဖိုတိုရှော့သင်ခန်းစာများ  ( ၁ )

မင်္ဂလာပါ ဖိုတိုရှော့နဲ့ပါတ်သက်လို့သင်ခန်းစာလေးတွေအဖြစ် ကျွန်တော် ဝေမျှခြင်ပါတယ်.. ဒါကတော့ ဖိုတိုေ၇ှာ့ဝါသနာရှင်တွေအတွက် အထောက်အကူဖြစ်စေမယ့် အသေးစိတ်ရေးသားဖေါ်ပြခြင်းဆိုင်ရာလေးတွေပါ.. သည်နည်းပညာလေးတွေကိုတော့ ရိုးရိုးလေး မှရေးသားပေးထားတာဖြစ်ပါတယ်..အောက်မှာလေ့လာလိုက်ပါနော်။
နည်းနည်းလက်ဝင်ပါလိမ့်မယ်။ သူငယ်ချင်းများ ကြိုးစားကြည့်ပါလို့ ပြောပါရစေ။။ မရတာရှိရင်၊ နားမလည်တာရှိရင် အော်ခဲ့ပါလို့။ နည်းပညာ နှစ်မျိုးလောက်နဲ့ပေါင်းစပ်လုပ်ထားတဲ့ လေ့ကျင့်ခန်းပါ။ ကဲ ကြိုးစားကြည့်ရအောင် .......
(၁) ပထမဆုံး File>new နဲ့ Width = 700, Height = 700 pixel လောက်နဲ့ ပေ့တစ်ခုယူလိုက်ပါ။ ယူထားတဲ့ နယူးပေ့မှာ layer>new >Layer ဖြင့် လေယာအသစ်ခေါ်လိုက်ပါ။ ပြီးရင်တော့ ယူထား တဲ့ လေယာမှာ Tool box မှ Select Foreground Color မှာ R=157, G=56, B=142 ဖြင့် အရောင် ယူလိုက်ပါ။ ပြီးရင်တော့ ယူထားတဲ့လေယာထဲကို Alt ကီးကိုဖိလျက် Backspace နှိပ်ပြီးဖြည့်လိုက်ပါ။
(၂) အရောင်ဖြည့်ထားတဲ့လေယာကို Tool box မှ Magic Ward tool ဖြင့်ကလစ်ပြီး စလက်ပေးလိုက်ပါ။ ပြီးလျှင်တော့ Filter>Render>Lens Flare ကိုကလစ်လိုက်ပါ။ ကျလာတဲ့ဘောက်မှာ Brightness; 100%, Lens Type ; 50-300mm Zoom ကိုပေးပြီး OK လိုက်ပါ။
(၃) Filter>Distort>Polar Coordinates ကိုကလစ်ပါ။ စလက်ကိုမဖျောက်ထားနဲ့နော်။ ကျလာတဲ့ ဘောက်မှာ Polar to Rectanglar ကိုထားပြီး အိုကေလိုက်ပါ။
(၄) Edit>Transform>Flip Vertical ကိုနှိပ်လိုက်ပါ။
(၅) Filter>Distort>Polar Coordinutes ကိုကလစ်ပါ။ ကျလာတဲ့ဘောက်မှာ Rectangular to Polar  ကိုပြန်ထားပြီး အိုကေလိုက်ပါ။ ဘောလုံးအသွင်ဖြင့်မြင်ရပါလိမ့်မယ်။ ဒီအဆင့်ရောက်ရင်တော့ စလက်ဖြစ်နေတာကို ဖျောက်ပစ်လို့ရပါပြီနော်။ ရလာတဲ့ ဘောလုံးလေးကို Tool box မှ Pen tool, Polygonal lasso tool, Elliptical marquee too တခုခုသုံးပြီးဝိုင်းယူလိုက်ပါ။ Elliptical marquee too ကအလွယ်ဆုံးပါ။ သူ့ကိုသုံးမယ်ဆိုရင်တော့ ရှစ်ကီး၊ စပေ့ဘားတို့ကို သုံးပြီးအလွယ်တကူ ၀ိုက်လိုက် လို့ရပါတယ်။ ပုံလေးကိုကြည့်လိုက်ပါ။
(၆) စလက်အနေနဲ့ရရင်တော့ Select>Inverse (သို့) Ctrl+Shift+I ဖြင့် ပြောင်းပြန်လုပ်လိုက်ပါ။ ပြီးရင်တော့ Delete ကီးနှိပ်လို့ဘေးသားတွေကိုဖျက်ပြစ်လိုက်ပါတော့။ အဲ့လိုဖျက်ပစ်လိုက်ရင်တော့ လှပတဲ့ ဘောလုံးလေးရသွားမှာပါ။ တခြားအရောင်တွေနဲ့လဲ စိတ်ကူးရှိသလိုပြောင်းလုပ်ကြည့်ပါ။ 
 ကဲဒါကတော့ ဘောလုံးဖန်တီးတဲ့အဆင့်ပါ။ နည်းပညာတစ်ပိုင်းပေါ့။ နောက်ထပ်ဘရပ် နည်းပညာ အပိုင်းကို ဆက်လိုကဆက်နိုင်ပါတယ်။
 
(၇) File>New ပေ့တစ်ခုယူလိုက်ပါ။ Tool box မှ  Gradient tool ကိုယူလိုက်ပါ။ Click to edit the Gradient ကိုကလစ်လိုက်ပါ။  ကျလာတဲ့ Gradient Editor box မှ နှစ်ရောင်ထဲရှိတဲ့ကာလာကို ကလစ်လိုက်ပါ။ ပြီးရင် New ကိုကလစ်ပါ။ ဒါမှမဟုတ်အလယ်က ဆေးပုံများကို အပြင်ဘက်သို့ ဆွဲလွှင့်ပစ် လိုက်လဲရပါတယ်။ အဓိကကတော့ ဘယ်ညာ ဆေးနှစ်ပုံကျန်အောင်ပါ။ ပြီးရင်တော့ ဘယ်ဘက်ဆေးပုံမှာ ကလစ်လိုက်ပါ။  အောက်ဖက်မှာ Color လို့ရေးထားတဲ့နေရာကိုကလစ်လိုက်ပါ။ # ပြထားတဲ့နေရာမှာ 2a72b1 လို့ရေးပြီး Ok ပါ။ စာနဲ့မိုလို့ပါ။ အမှန်ကလွယ်ပါတယ်။ ကျွန်တော်လဲသိပ်မရေးတတ်လို့ပါ။
ပုံဘဲကြည့်လိုက်ပါ။




ညာဘက်မှဆေးပုံကိုကလစ်လိုက်ပါ။ # နေရာမှာ 000000 အနက်ရောင်ပါ။ အိုကေလိုက်ပါ။ ကျွန်တော် အနီရောင်လေးတွေနဲ့ လွယ်အောင်ပြထားပါတယ်။

(၈) ပြီရင်ဒီပုံထဲကနံပါတ်ပြထားတဲ့အတိုင်း Linear Grandient  ကိုယူပြီးဆွဲချလိုက်ပါ။


(၉)နောက်တော့ ဒီပေ့ထဲမှာ သူငယ်ချင်းအသုံးပြုချင်တဲ့ ပုံတစ်ခုခုကို Move tool ဖြင့်ဆွဲထည့်လိုက်ပါ။ ၄င်းပုံကို တော့ အသင့်ဖြတ်ထားရမှာဖြစ်ပါတယ်။ ကျွန်တော်ကတော့ မင်းသမီးပုံတစ်ခုကိုအသင့်ဖြတ်ထား ပါတယ်။


(၁၀) နောက်ထပ်ကျွန်တော်တို့လုပ်ထားတဲ့ ဘောလုံးကိုလည်း Move tool ဖြင့်ဆွဲထည့်လိုက်ပါ။


(၁၁) ရောက်လာတဲ့ဘောလုံကို Ctrl+J ဖြင့်ပွားလိုက်ပါ။ ဒါမှမဟုတ် Move too ကိုယူလျက် Alt ကီးကိုဖိ လျက်ဆွဲလိုက်ရင်လဲ ပွားလာပါတယ်။ သူငယ်ချင်းနှစ်သက်ရာနဲ့လုပ်ပါ။ ပွားလို့ရလာ တဲ့ ဘောလုံး များ ကို တော့အကြီးအသေးမတူအောင် Edit>Free Transform (သို့) Ctrl+T ဖြင့် ဘယ်ညာမှာဆွဲပြီး ချုံ့လိုက်ပါ။ သူငယ်ချင်းထားချင်သလောက် အထက်ပါနည်းအတိုင်းပွားလိုက်ပါ။

ဒါကကျွန်တော်ပွားထားတဲ့ပုံပါ။


(၁၂) ပြီရင်တော့ Tool box မှ Brush tool ကိုယူလိုက်ပါ။ အထက်မှ Drag palettes to dock နေရာကို ကလစ်လိုက်ပါ။ ပြီးရင်တော့ Brush Tip shape မှာ အနားဖွာနေတဲ့ 300 brush ကိုယူပါ။ Shape Dynamics , Scattering တို့မှာ ဘရပ်ကို ညှိပါ။ အကြီးအသေးဖြစ်အောင်။ နေရာမသိရင် ပုံကိုကြည့် လိုက်ပါ။



(၁၃) အထက်ပါအတိုင်းပြင်ပြီးရင်တော့ Layer box မှ Create a new layer  ကိုနှိပ်ပြီးလေယာအသစ် တစ်ခုထပ်ယူလိုက်ပါ။ လေယာအသစ် ယူပြီးရင်တော့ Tool box မှ Set Foreground color မှာအဖြူရောင် ထားပြီး ဘရပ်ဖြင့် ကျွန်တော်ပြထားတဲ့အတိုင်းဆွဲလိုက်ပါ။


(၁၄) အထက်ပါအတိုင်း ဘရပ်နဲ့ဆွဲပြီးရင်တော့ Layer box မှ Create a new layer  ကိုနှိပ်ပြီးလေယာ အသစ် တစ်ခုထပ်ယူလိုက်ပါ။ လေယာအသစ်မှာ Tool box မှ Gradient tool ကိုယူပြီး Click to edit the Grandient မှ Speatrum အရောင်ကိုယူပြီး ယူထားတဲ့လေယာအသစ်မှာ ကန့်လန့်ဖြတ်ဆွဲလိုက်ပါ။


(၁၅) ဒီအဆင့်ကို နည်းနည်းဂရုစိုက်လုပ်ပါ။ အောက်က ဘရပ်ဖြစ်ဆွဲထားတဲ့လေယာကို Activate       ဖြစ်အောင် ပြန်ကလစ်ပါ။ အပြာရောင်ဖြစ်သွားတာပါ။ ပြီးရင်တော့ ကျွန်တော်မျှားပြထားတဲ့နေရာမှာ Ctrl ကီးကိုဖိပြီး တချက်နှိပ်လိုက်ပါ။ ဘရပ်ဆွဲထားတဲ့အတိုင်း Selection ဖြစ်သွားတာတွေ့ရပါမယ်။


(၁၆) စလက်ရရင် အထက်မှ အရောင်စုံဖြည့်ထားတဲ့လေယာကို ပြန်ပြီးသွားပါ။ အဲ့ဒီလေယာ ကို  ရောက်ရင်တော့ Select> Inverse (သို့) Ctrl+Shift+I ကိုနှိပ်ပြီး Delete ကီးကိုနှိပ်ပြီးဘေးသားတွေ ကို ဖျက်ပြစ်လိုက်ပါ။ ကျွန်တော် ပုံနဲ့ပြထားပါတယ်။




(၁၇) ဒီပုံစံဖြစ်အောင်လုပ်နိုင်ရင်ရပါပြီ။ ကျန်တာလွယ်ပါတယ်။ Layer box မှ Normal ကို Overlay , သို့ Screen ကြိုက်ရာပြောင်းလိုက်ပါ။


ကဲအထက်ပါအဆင့်တွေပြီးသွားရင်တော့ အားလုံးပြီးပါပြီ။ ကျွန်တော်လုပ်ထားတဲ့ပုံလေးကြည့်သွားပါဦး။


အဆင်ပြေကြပါစေ... သည်လို ဖိုတိုရှော့ဆိုင်ရာနည်ပညာလေးတွေကို ရေးသားပေးတာကတော့ ရိုးရိုးလေး ဖြစ်ပါတယ်.. အသေးစိတ်ရေးသားထားတဲ့အတွက် စတင်လေ့လာသူတွေ အဖို့ပိုမိုအဆင်ပြေပါလိမ့်မယ်.. ဆက်လက်ပြီး ဖိုတိုရှော့ဆိုင်ရာသင်ခန်းစာများ နည်းလမ်းများကို တင်ပေး မျှဝေခံစားပေးသွားမှာဖြစ်ပါတယ်...
ဘလော့ခရီးသည်(နည်းပညာမျှဝေခြင်း)
 

KMSAuto Net 1.4.2 Portable


KMSAuto Net 1.4.2 Portable နောက်ဆုံးထွက် Version လေးထွက်လာပါပြီ။ KMSAuto Net 1.4.2 Portable ကတော့ ကျွန်တော် တို့အသုံးပြုနေတဲ့ကွန်ပျူတာ မှာ Activate မဖြစ်သေးရင် ဒီဆော့ဝဲလ်လေးနဲ့ Activate ပြုလုပ်နိုင်မှာဖြစ်ပါတယ်..။ Office  2010,2013,2016 နဲ့ Windows Vista, 7 , 8 , 8.1,10 နဲ့ အခြားသော Microsoft OS တော်တော်များ များကို Activate လုပ်ပေးနိုင်တဲ့ Software လေးဖြစ်ပါတယ်။ ဖိုင်ဆိုဒ်ကတော့ 3.93 MB ရှိပါတယ်။ အသုံးပြုလိုတဲ့ မိတ်ဆွေများ အောက်က ကိုယ်ကြိုက်တဲ့ Link ကနေ Download လုပ်ယူသွားနိုင်ပါတယ်။


Download & Links

{GoogleDrive}{ZippyShare}{SolidFiles}

 
 
 
 www.ayekyaw.org

Any Video Converter Ultimate 5.8.8 Full


Any Video Converter Ultimate 5.8.8 နောက်ဆုံးထွက် Update လေးပါ..။ DVD ripper, video converter နဲ့ DVD creator တွေကိုလုပ်ပေးနိုင်တဲ့ All-in-One Converter ဆော့ဝဲလ်လေးပါပဲ။ MP4, AVI, RM, RMVB, QT,MOV, 3GP, 3G2, FLV, MPEG-1, MPEG-2, DVR-MS, VOB, MKV, ASF, DivX, OGM and SWF စသည့် video formats တွေကိုရရှိနိုင်သည့်အပြင် Record videos နှင့် video clip/crop/special effects များသုံးပြီးကောင်းစွာ Edit ပြုလုပ်နိုင်ပါတယ်။ ဖိုင်ဆိုဒ်ကတော့ 36.8 MB ရှိပြီး Windows XP / Vista/ 7/ 8/ 8.1/ 10 (32-bit or 64-bit) အထိ အသုံးပြုနိုင်ပါတယ်။ Full Version သုံးရအောင် keygen ဖိုင်ထည့်ပေး ထားပါတယ်။ အသုံးပြုလိုတဲ့ မိတ်ဆွေများ အောက်က ကိုယ်ကြိုက်တဲ့ Link ကနေ Download လုပ်ယူသွားနိုင်ပါတယ်။


Fitur :
Download & Convert online videos from tons of websites.
yesSupport 60+ input formats and 200+ output profiles.
yesRecord video from Netflix and remove DRM from iTunes videos.
yesConvert DVD & convert video for all portable media players.
yesCreate personalized DVD video enjoyable on TV & DVD player.
yesMerge, clip, crop or rotate to edit online video like a Pro.
Download & Links

{GoogleDrive}{ZippyShare}{SolidFiles}
 
 
 
 www.ayekyaw.org

Freemake Video Converter Gold 4.1.9.4


Freemake Video Converter Gold 4.1.9.4 နောက်ဆုံးထွက် Update လေးပါ..။  ဒီ ဆော့ဝဲ လေးကတော့ Video ဖိုင်များ ၊ Audio အသံဖိုင်များကို video , audio format အမျိုးမျိုးကိုပြောင်းလဲနိုင်ဖို့အတွက် အကောင်းဆုံး Converter tool ဖြစ်ပါတယ်။ Videos ဖိုင်များကို Convert လုပ်နိုင်ရုံမက CD/DVD မှာ Burn လုပ်ခြင်း၊ Video တွေကို Rotate လုပ်ပေးနိုင်ခြင်၊ ဗီဒီယိုဖိုင်ကို Youtube မှာ Upload တင်ပြီး Share လုပ်ခြင်းတို့ကိုပါတိုက်ရိုက်လုပ်နိုင်ပါတယ်။ ပြောင်းလဲနိုင်တဲ့ Video Format တွေကတော့ AVI, MP4, WMV, MKV, 3GP, DVD,MP3, စသည့် Mobile Devices တွေဖြစ်တဲ့ iPad, iPhone, PSP, Android phones တို့ကို မြန်မြန်ဆန်ဆန် Format ပြောင်းပေးနိုင်တဲ့ All In One Tool တစ်ခုဖြစ်ပါတယ်။ Windows Vista/7/ 8/ 8.1/ 10 (32-bit or 64-bit) အထိ အသုံးပြုနိုင်ပါတယ်။ Full Version သုံးရအောင် Serials Key ဖိုင် ထည့်ပေး ထားပါတယ်။ အသုံးပြုလိုတဲ့ မိတ်ဆွေများ အောက်က ကိုယ်ကြိုက်တဲ့ Link ကနေ Download လုပ်ယူသွားနိုင်ပါတယ်။


 Download & Links

{GoogleDrive}{ZippyShare}{Solid Files}

 
 
 
  www.ayekyaw.org

Coc Version updateလိုချင်သူများအတွက် Version 8.116.2


မင်္ဂလာပါအခုတင်ပေးမှာက
Clash of Clansရဲ့
Version updateလေးပါ
လိုချင်ရင်တော့အောက်ကလင့်မှာဒေါင်းပေါ့ဗျာ
 

♪ System App တွေကို Uninstall လုပ်ပေးမယ့် - Root Uninstaller Pro v8.2 Apk (24-Jan) ♫


ကျွန်တော်အခုတင်ပေးလိုက်တဲ့ Root Uninstaller Prov8.2 ကိုတော့ ဆောင်ထားစေချင်ပါတယ်ဗျာ။ 24-Jan နေ့မှာအသစ်ထွက်လာလို့တင်ပေးလိုက်တာပါ။ Huawei အပါ အ၀င်အခြားသော တရုပ်ဖုန်းတွေ ကို အသုံးပြုနေတဲ့ မိတ်ဆွေများအတွက်ပိုပြီး အသုံးတည့်မှာပါ။ တရုပ်ဖုန်းတွေမှာ အသုံးမတည့်တဲ့ တရုပ်စာတွေနဲ့ Original ပါပြီးသား Apk တွေဟာ အာရုံနောက်စရာပါ။ အခု Root Uninstaller Pro လေး ကတော့ System ထဲမှာ Original ပါပြီးသား Application လေးတွေ ကိုတောင် Uninstall လုပ်ပေးနိုင်လို့ ပါပဲ။ Root Access ရှိပြီးသားဖုန်းများမှာသာအသုံးပြုနိုင်မှာ ဖြစ်ပါတယ် ဗျာ။ ဒါ့အပြင် Application တွေကို Manage လုပ်ပေးနိုင်ခြင်း Backup/Restore ပြုလုပ်ပေးနိုင်ခြင်းအပြင် အခြားသော Feature ပေါင်း များစွာပါဝင်ပါသေးတယ်။ Feature တွေရဲ့အသေးစိတ်ကိုတော့အောက် မှာရေးပြထားပါတယ်ဗျာ။ Android OS 2.0 နှင့်အထက်ဖုန်း များမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။

For ROOT+NAND unlocked devices
☆ Uninstall system applications
☆ Freeze or disable bloatware, stock and regular applications (keep updates)
☆ Defrost or enable applications (Free trial or PRO)
☆ Backup system application .apk to sdcard (that can reinstall later)
☆ Restore backed up applications
☆ Reset applications to fresh install state
☆ Delete definitively system applications
☆ Hide my App: launch a frozen app and automatically re-freeze on app closing (Pro only, tap on Launch->Freeze button )
☆ Explore application data folder, code folder (ex. edit preferences, need AntTek File Explorer)

For NON-ROOT devices
☆ Quick APK list to show all available .APK files on SDCard
☆ Keep Market reference and can restore after factory reset/change devices
☆ Manage to clear data, cache (manually)
☆ Manage .apk files: delete, install, install as a system app (PRO)
☆ Single click to uninstall a listed applications (Batch uninstall).
☆ Rapid load application list
☆ Display application name, icon, package name
☆ Exclude system applications (that you can not uninstall)
☆ Filter by third-party applications, system applications, applications on sdcard. backup applications or frozen applications
☆ Support large screen (ex. tablet) views
☆ Explore application data folder, code folder (ex. edit preferences, need AntTek File Explorer)




   Root Uninstaller Pro- screenshot          Root Uninstaller Pro- screenshot   

   Root Uninstaller Pro- screenshot          Root Uninstaller Pro- screenshot

   Root Uninstaller Pro- screenshot


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download

တင်ထားသမျှ ခေါင်းစဉ်များ

2Step Verification (5) A+အကြောင်း (1) Activator (9) Adobe CS3 Master Collection (1) Adobe Premiere Pro CS6 အသုံးပြုနည် (1) Adobe Software (12) Android application (1987) Android Game (710) AndroidPhoneဆိုင်ရာ (4) Antivirus (1) Apowersoft ApowerEdit v1.4.7.22 Build 04042019 (1) AVAST! Cleanup Premium 2019 version 19.1 Build 7085 (1) Blog Slider (8) Blogger Button (5) Blogger Comment (17) Blogger Ebooks (1) Blogger Hack (54) Blogger Loading Style (6) Blogger Mouse (1) Blogger Template (44) Blogger Tips (77) Blogger Widget (152) Blogs Html (63) Blogs Post (86) Blogs Tab Menu (53) Blogဆိုင်ရာ (1) Bowser ဆိုင်ရာ (21) Brothers in Arms® 3 v1.4.7c Mod Data [Unlimited Money] (1) Buddha မြန်မာစာတန်းထိုး (53) Burning Software (34) Burning Tools (47) C-Box (10) Canon LBP 6000 Original Driver (1) Canon LBP 6030 Original Driver & Installation Guide (1) CCleaner 5.56.7144 (Business / Professional / Technician) Multilingual Portable (1) CD/DVD ဆိုင်ရာများ (30) Cleanner-Speed (68) Computer Autoplay ပိတ်ထားနည်း (1) Computer Partationခွဲနည်း (1) Computer ဆိုင်ရာ (189) Computerဆိုင်ရာ (33) Converter (73) Desing Card (10) Display အလုပ်မလုပ်သော ပြဿနာဖြေရှင်းနည်းများ (1) Domain (3) Download Manager (42) Drive SnapShot v1.46.0.18213 (1) Driver Software (46) DVD-Cloner Platinum 2019 v16.30 Build 1446 [x86/x64] (1) DVDFab v11.0.2.4 [x86/x64] (1) Easy Translator version 14.0.0 (1) Ebooks (405) Errorဖြေရှင်းနည်း (1) Eset Smart Security 12.1.34.0 (x86/x64) (1) Facebook (152) Folder Lock (17) Fonts များစုစည်းမှု (6) Foxit PhantomPDF (1) Game (47) Game PC (32) Glary Utilities PRO version 5.117.0.142 (1) Gmail-Gtalk (70) GoogleChome &InternetDownloadmananger (1) Hacking (81) How To Download (6) Html (51) Internet Download Manager (18) InternetDownloadmananger(IDM) (1) IP Hider Software (6) Java Script (11) KhineMaster (1) KMS/2038 & Digital & Online Activation Suite v6.9 (1) MAGIX SOUND FORGE Pro 13 v.13.0.0 Build 46 (1) Marquee Technique (14) Media Player (31) MI Play store Apk (1) Microsoft Office (21) Mobile Legends Bang Bang Installer .exe Pc Version (1) Motors ( မော်တာများ )အကြောင်း (1) Movie (95) My Pdf (35) Myanmar Font (9) Myanmar Typing Software (1) MZW Solftware (1) NetGuide Journal (63) Network Software (7) New Blogs (15) Notကာကွယ်ခြင်းနည်း (1) ONEKEY PDF Convert to Word 4.0 REPACK (1) Partition Software (7) Password Recovery Software (1) paypal နှင့် ဆိုင်သော (5) PC GAMES (17) PC recovery (13) PC Software (203) PC Speed Up (32) PC-Clean Software (73) PDF (4) PDF Editor (10) Photo Editor Software (65) PHOTO SHOP (သင်တန်း)သီးသန့် (44) Photo Slideshow (12) photoshop background အလန်းများ (6) photoshop PNG ဖိုင်များရှာရန် (14) Photoshop Software (36) Photoshop ဆိုင်ရာ (51) Player (8) PrinterDriver (2) Programming (16) Pyidaungsu font (1) Read More (9) Recent Posts Widget (23) Recover Software (46) Recovery (33) Refresh and Restoreအကြောင်း (1) Reset (1) SAMSUNG One UI ဖုန်းတွေအတွက် မြန်မာဖောင့် (1) Screen Video Recorder (37) Search Box (6) Security Software (36) Sidebar Widget (71) SkyNet လိုင်းအသစ်ထည့်နည်း (1) SkynetBinfile (1) Slideshow Movie Maker (7) Social Widget (19) SOFTWARE (588) Software For Blogs (17) Software များအသုံးပြုနည်း (2) Softwares တွေအတွက် Serial no (or) Key တောင်းလျှင် ဖြေရှင်းနည်း (1) Speed Up Internet (13) TeamViewer version 14.2.2558.0 (Repack & Portable) (1) TTA Pie Myanmar (1) Unicode ေ​ြေပာင်းနည်း (1) Uninstaller Software (25) Upload (6) USB ဖြင့်ဝင်းဒိုးတင်နည်း (4) USB ကြိုးကနေ Virus မဝင်အောင် ကြိုတင် ကာကွယ်နည်း (1) Usb-Memory (19) Video Converter (29) Video Editing (76) Video Editor (1) Video Recorder (12) Virus ဆိုင်ရာ (86) WannaCry Ransomware ၏ အန္တရာယ် အကြောင်းနှင့် ကာကွယ်နည်း (1) Web Design ရေးဆွဲနည်း (5) Webcam Camera Software (11) Website ရေးနည်း (3) Wifi ဆိုင်ရာ (32) Win Update v1.4 (1) Window-10 ဆိုင်ရာ (2) Window-7 ဆိုင်ရာ (32) Window-xp ဆိုင်ရာ (2) window8ဆိုင်ရာ (19) Windows 10 Factory Reset ချနည်း (1) Windows 10 Backup & Restore လုပ်နည်း (1) Windows 10 ကွန်ပျူတာမှာမြန်မာစာတိကျမှန်စွာထည့်နည်း (1) Windows Activator (18) windows loader များ (10) Windows Manager Software (23) Windows Themes (24) Windows တင်နည်းများ (6) WinRAR 5.70 (Fully) (1) WinRar Full Version (12) WinRAR V3.80 Beta Version (1) WinToBootic နှင့် USB ထဲ Install လုပ်နည်း (7) WinUtilities Professional Edition Tool (1) Wordpress Tips (3) Write-Protected ကို ဖြုတ်နိုင်မယ့်နည်းနှစ်သွယ် (1) Zawgyi နဲ့ Unocode ဘာကွာလဲ (1) ကွန်ပျူတာ User Account Picture အကြောင်းများ (1) ကွန်ပျူတာဆိုင်ရာ (1) ကွန်ပျူတာပတ်ဝပ်ပြောင်းမရအောင်လုပ်နည်း (1) ကွန်ပျူတာရဲ့ Storage က HDD လား? SSD လား? စစ်ဆေးနည်းများ (1) ကွန်ပျူတာဟန်းနေရင်ဖြေရှင်းနည်း (1) ကျွနုပ်နှင့် ပရဟိတအလှူ (9) ကာမသိဒ္ဓိကျမ်း (1) ချက်နည်းပြုတ်နည်း (1) နည်းပညာဆိုင်ရာ (2) နည်းလမ်းများ (6) ပန်ကာပြုပြင်နည်း (1) ဖိုင်ဖြေနည်းများ (8) ဗဟုသုတ (6) ဗားရှင်းအသစ်ထွက်ရှိလာတဲ့ Facebook (နှင့်) Messenger (1) ဘာသာစကား ၉၁ မျိုးထိ ပါဝင်တဲ့ Easy Translator (1) ဘာသာရေးစာအုပ်များ (9) မိမိဆိုက်ကိုကော်ပီကူးမရအောင် ပိတ်ထားနည်း (1) ပြည်ထောင်စု ဖောင့် လက်ကွက် နှင့် စာရိုက်နည်း (1) မြန်မာစာမှန်အောင်လုပ်နည်း (1) မြန်မာဆိုတာ (1) ဝင်းဒိုးကို AOMEISoftware ဖြင့် Backup & Restore လုပ်နည်း (1) သင့် Laptop ကို မြန်ဆန်အောင်လုပ်ပေးမယ့် အချက် ၇ ချက (1) အင်တာဗျူးအစီစဉ် (2) အပျိုလမ်းညွှန် (1) အသံဇာတ်လမ်း (19) အခြေခံကွန်ပျူတာ Pdf (1) ဦးဇာနည်နည်းလမ်းများ (7) ဆော့ဝဲ ပြဿနာဖြေရှင်းနည်း (1) ကြော်ငြာ (13) ဟောပြောပွဲ (15)

မန်ဘာဝင်လို့အားပေးကြပါ