
အချစ်ဆိုတာကို စတင်ခံစားမိတဲ့အချိန်မှာ သူ့ရင်ထဲမှာ တိတ်တခိုးချစ်ခဲ့ရတဲ့ ယောကျားလေး အတွက် သူ့အချစ်ကို သိဖို့ သီချင်းတွေရေးပြီး ကိုယ်တိုင် ဆိုခဲ့တယ်။ သူမစိတ်ဝင်စားတဲ့ ယောကျားလေး သွားနေကျ လမ်းမှာပေါ့လေ။ ဒါပေမယ့် သူ့မှာ ကြိုးစားဖို့က သူများတွေနဲ့ ဆန့်ကျင်ဖက်ပါ။ သူများတွေက နေ့မှာလည်တယ် ညမှာ အိပ်ကြတယ်။ သူ့ခမျာမှာတော့ နေ့ခင်းမှာ အိပ်ပြီး ညကျမှ အပြင်ထွက်ရတဲ့ဘ၀။ သူ့မမှာ နေရောင်ခြည်ကို...