အဆိုပါ စာအုပ်၏
ဒုတိယမြောက်အခန်းဖြစ်သော Programming Concepts ဟူသောအခန်းကို အောက်တွင်
Download ပြုလုပ်ဖတ်ရှုနိုင်ပါသည်။
အဆိုပါအခန်းပါအကြောင်းအရာများတွင်ပုံများ များပြားလှသောကြောင့်
းFacebookစာမျက်နှာတွင် ဖော်ပြပေးရန် အခက်အခဲရှိသောကြောင့်PDF
(Ebook)အနေဖြင့်သာဖော်ပြပေးလိုက်ပါသည်။
အဆိုပါအခန်းတွင် Hacking
နည်းစနစ်များကို နားလည်ရန် အလိုအပ်ဆုံးဖြစ်သော HTML (Hyper Text Makeup
Language) နှင့် C++ Language တို့၏အခြေခံနည်းစနစ်များကို
ဖော်ပြပေးထားပါသည်။နားလည် တတ်ကျွမ်းသည်အထိ
ရေးသားဖော်ပြထားခြင်းမျိုးမဟုတ်ဘဲဗဟုသုတ ရရုံသာရည်ရွယ်ထားသောကြောင့်
ပြည့်စုံမည်မဟုတ်ပါ။သို့ရာတွင်Hacking ပြုလုပ်ရန် လိုအပ်သော Idea
များ၊ကိုလေ့လာရန် ရည်ရွယ်သောကြောင့်အသေအချာဖတ်ရှုရန် လိုအပ်မည်ဖြစ်ပါသည်။
★DOWNLOAD ဆွဲရန်လင့်ခ်★
http://www.mediafire.com/download/35x929980bdj8xi/Programming+Concepts.pdf
(OR)
http://www.solidfiles.com/d/a9449dfbe4/Programming_Concepts.pdf
Hacker ဆိုသည်မှာ
Hacker ဆိုသည်မှာ Electronic နည်းပညာအထူးသဖြင့် ကွန်ပျူတာစနစ်များကို
အလွန်စိတ်ဝင် စားသူတစ်ယောက်ဟူ၍ သတ်မှတ်နိုင်မည်ဖြစ်သည်။ Hacker တစ်ယောက်သည်
ကွန်ပျူတာစနစ်၏
အလုပ်လုပ်ပုံများကိုစိတ်ဝင်စားပြီးအားနည်းချက်၊ယိုပေါက်များကိုလိုက်လံရှာဖွေနေသူတစ်ယေက်ဖြစ်လေ့ရှိ
ပါသည်။ Hacker ကောင်းတစ်ယောက်ဖြစ်လာရန် ထင်သလောက် မလွယ်ကူပါ။
စာရေးသူထင်မြင်ချက်ကို ဖော်ပြရလျှင် Hacker ကောင်းတစ်ယောက်ဖြစ်လာရန်
ကွန်ပျူတာစနစ်တွင် အဓိကအကျဆုံး Branch နှစ်ခုဖြစ်သော Programming နှင့်
Networking Engineer ဘာသာရပ်များကိုပေါင်းစပ်ထားခြင်းပင် ဖြစ်မည်ထင်ပါသည်။
ထို့ကြောင့် Hacker တစ်ယောက်ဖြစ်လာစေရန် Programming ဘာသာရပ် တစ်ခုခုကို
ထဲထဲဝင်ဝင် အခြေအမြစ်ကျနစွာသိရှိနားလည်ထားရန်လိုအပ်ပါမည်။ ထို့နောက်
Networking (ကွန်ယက်နည်းပညာ)ကိုလည်း ထဲထဲဝင်ဝင်သိထားရပါမည်။
Hacker တစ်ယောက်ဖြစ်လာစေရန် အဓိကအကျဆုံးမှာ
ဇွဲနှင့်လုံ့လ၀ိရိယရှိရန်ပင်ဖြစ်သည်။ Hacker
တစ်ယောက်ဆိုသည့်ဂုဏ်ကိုမက်မောခြင်းကြောင့်သာ Hacker ဖြစ်ချင်သည်ဆိုပါလျှင်
မည်သို့မျှ Hacker ဖြစ်လာမည်မဟုတ်ပါ။ တောမရောက်၊ တောင်မရောက်ဖြင့်
သူတစ်ပါးမျက်စိစပါးမွှေးစူးသော လူအန္ဓ တစ်ယောက်သာဖြစ်လာမည်ထင်ပါသည်။
ထို့ကြောင့် Hacker ပညာရပ်များကိုတစ်မနက်တည်း စိတ်ဝင်စားရုံဖြင့်
တတ်မြောက်လာမည်မဟုတ်ပါ။ အချိန်ပေးပြီး လုံ့လ၀ိရိယဖြင့်သာလေ့လာတတ်မြောက်
နိုင်မည်ဖြစ်ပါသည်။ ထို့အပြင် ယခုစာအုပ်သည်
အခြေခံသဘောတရားများကိုသာရေးသားထားခြင်း ဖြစ်ပါသည်။ ထို့ကြောင့်
ဤစာအုပ်ပါအကြောင်းအရာများဖြင့် ရောင့်ရဲတင်းတိမ် ရပ်တန့်နေရန် မဟုတ်ပဲ
ဆက်လက်လေ့လာရန် အလွန်အရေးကြီးပါသည်။ လေ့လာနိုင်ရန်လည်းလိုအပ်မည်ဖြစ်ပါသည်။
များသောအားဖြင့် Hacker ၃ မျိုးရှိကြောင်း ပြဆိုကြလေ့ရှိသည်။ ယင်းတို့မှာ
White Hat - White Hat များကိုလူကောင်းများအဖြစ်သတ်မှတ်ကြပါသည်။ သူတို့သည်
သူတို့၏ ပညာရပ်များကိုမတရားသော
ခိုးဝှက်နှောင့်ယှက်ဖျက်ဆီးများတွင်အသုံးမပြုပဲကွန်ပျူတာစနစ်
လုံခြုံရေးများ ကိုကူညီခြင်း၊ အခြားသောမကောင်းသော Hacker များ၏ ရန်မှ
ကူညီခြင်းတို့ကို ပြုလုပ်ကြပါသည်။
Black Hat - Black Hat များကိုလူဆိုးများအဖြစ် သတ်မှတ်ကြပါသည်။ သူတို့သည်
သူတို့၏ လုပ်ဆောင်နိုင်စွမ်းများကိုသူတို့၏
ရယူလိုမှုတစ်ခုတည်းအတွက်သာအသုံးပြုကြပါသည်။ သူတို့သည် ဘဏ်များ၊ Credit Card
များနှင့် Web Site များကိုဖောက်ထွင်းပြီးရယူခြင်း တစ်ခုတည်းအတွက်သာ
အသုံးပြုကြလေ့ရှိသည်။
Grey Hat - ကောင်းခြင်းနှင့် မကောင်းခြင်းဒါန်တွဲလေ့ရှိသော Hacker
များဖြစ်သည်။ တစ်ခါ တစ်ရံတွင် ကောင်းမှုများကို
ပြုလုပ်ပေးပြီးတစ်ခါတစ်ရံတွင် မကောင်းမှုများကိုလုပ်ဆောင်လေ့ ရှိကြပါ သည်။
ကောင်းခြင်း၊ မကောင်းခြင်းသည် မိမိအပေါ်တွင်သာမူတည်နေသည့်အတွက် Hacker
များကို White Hat များ၊ Back Hat
များဟုအချိန်ပြည့်သတ်မှတ်နိုင်မည်ဟုမထင်ပါ။ အချိန်ကာလကိုလိုက်၍
ပြောင်းလဲမှုရှိမည်သာဖြစ်သည်။ အရေအတွက်များကို အချိုးချခြင်းအရ Hacker
အများစုသည် Grey Hat များဖြစ်သည်ဟုဆိုပါသည်။
စာဖတ်သူများကမည်သည့် အမျိုးအစားတွင် ပါဝင်လိုပါသလဲ။
ထို့အပြင် Hacker များ၏ အရည်အသွေး၊ တတ်မြောက်မှုများကိုခွဲခြားသတ်မှတ်ရာတွင် အောက်ပါအတိုင်း အုပ်စု ၃ စုခွဲခြားထားပါသည်။
Script Kiddies - တောမရောက်၊ တောင်မရောက် ကကြီး၊ ခခွေး Hacker များဖြစ်သည်။
၎င်းအုပ်စုသည် ကိုယ်ပိုင်စွမ်းရည်များရှိလေ့မရှိပဲအခြားသော Hacker
များပြုလုပ်ပေးထားသော Tool များကိုအသုံးပြု၍ တတ်ယောင်ကား ပြုလုပ်ကြသော
Hacker များဖြစ်သည်။ ထိုသူများ၏ လုပ်ဆောင်ချက်များသည်
အဆိုးဖက်သို့သာဦးတည်လေ့ရှိပါသည်။
Intermediate Hackers - ဖော်ပြပါအုပ်စုတွင်ပါဝင်သောလူများသည်
ကွန်ပျူတာများ၊ ကွန်ယက်များ အကြောင်းကို သိထားပါသည်။ ထို့အပြင် Programming
Knowledge များလည်း အထိုက်အလျောက် ရှိကြကာ Script များ၏ အလုပ်လုပ်ပုံကို
ရှာဖွေစူးစမ်းနိုင်စွမ်းရှိသည်။ သို့ရာတွင် Script Kiddies များဖြင့်
တူသောအချက်မှာ ၄င်းတို့သည် သူများလုပ်ထားပြီးသော Tool
များကိုသာသုံးစွဲနိုင်ပြီး ကိုယ်ပိုင်ညဏ်စွမ်း ဖြင့်
တီထွင်လုပ်ဆောင်နိုင်မှုမရှိပါ။ Exploits များကိုလည်း
အသင့်လုပ်ဆောင်ပြီးသားကိုသာ ယူငင်သုံးစွဲ လေ့ရှိ၍ မိမိကိုယ်တိုင်
ဖန်တီးမှုမပြုလုပ်နိုင်ပါ။
Elite Hackers - ၄င်းတို့သည်အစွမ်းအစရှိသော Hacker များဖြစ်ပါသည်။
သူတို့သည်ကိုယ်ပိုင် Hacker Tool များနှင့် Exploit
များကိုရေးသားနိုင်စွမ်းရှိကြသည်။ ထို့အပြင် သူတို့သည် စနစ်များကို
ထိုးဖောက်ဝင် ရောက်နိုင်ကာ သူတို့လုပ်ဆောင်ချက်များကိုလည်း
အခြားသူများနောက်ယောင်ခံမလိုက်နိုင်အောင် ဖုံးကွယ်ထားနိုင်စွမ်းလည်း
ရှိကြပါသည်။ စာဖတ်သူများလည်း ထိုအဆင့်သို့ရောက်ရှိအောင် ကြိုးပမ်းသင့်
ပါသည်။
Hacker ကောင်းတစ်ယောက်ဖြစ်လာစေရန်
Hacker ကောင်းတစ်ယောက်ဖြစ်လာစေရန် ထင်မှတ်ထားသကဲ့သို့မလွယ်ကူပါ။
ချက်ချင်းလက် ငင်းလည်း မဖြစ်နိုင်ပါ။ ကြိုးပမ်းစွမ်းဆောင်မှုများ
အများကြီးပြုလုပ်ရမည်ဖြစ်သည်။ ပြသနာတစ်ရပ်ကို ဖြေရှင်းရန်အတွက်
နည်းလမ်းတစ်မျိုးထက်မက ရှိတတ်ပါသည်။ Hacker ကောင်းတစ်ယောက်သည် ပြသနာပေါင်း
သောင်းခြောက်ထောင်ကို လွယ်ကူစွာဖြင့် ဖြေရှင်းနိုင်ပါသည်။
ဖန်တီးစွမ်းဆောင်ရည်မြင့်မား လာလေလေ ကွန်ပျူတာစနစ်တစ်ခုကို
ထိုးဖောက်ရန်အတွက် အခွင့်အရေးပိုများလာလေလေဖြစ်ပါသည်။ အခြားသော
ကြီးမားကျယ်ပြန့်သော လိုအပ်ချက်တစ်ခုမှာ သင်ကြားလိုစိတ်ဖြစ်ပါသည်။
သင်ကြားမှုမရှိပဲ မည်သည့်ပညာရပ်ကိုမျှ တတ်မြောက်လာနိုင်မည်မဟုတ်ပါ။
မှတ်သားထားရန်လိုအပ်သည်မှာ အသိပညာ သည်စွမ်းအားဖြစ်ပါသည်။ ထို့အပြင်
သည်းခံနိုင်ခြင်းကိုလည်း လေ့ကျင့်ထားရန် လိုအပ်မည်ဖြစ်ပါသည်။
အဘယ်ကြောင့်ဆိုသော် အချို့သော သင်ခန်းစာအကြောင်းအရာများသည် တစ်ခါတည်းဖြင့်
နားလည်ရန် ခဲယဉ်းပါသည်။ ထပ်တလဲလဲ လေ့လာဆည်းပူးသောအခါတွင်မှ
ထိုအကြောင်းအရာတွင် သင်သည် ဆရာ တစ်ဆူအဖြစ် ကျွမ်းကျင်လာစေမည်ဖြစ်ပါသည်။
Credit>> ရဲမင်းအောင်
https://m.facebook.com/Telecomtechnicaltraining