15 Jun 2013

ဗွီဒီယိုဖိုင်တွေကို ဓါတ်ပုံဖိုင်တွေအဖြစ် ပြောင်းပေးမယ့်ဆော့ဝဲလ်




Aoao Video to Picture Converter 3.7


ကဲမိတ်ဆွေများအနေနဲ့ ဗွီဒီယိုဖိုင်ထဲက လိုချင်တာလေးတွေကို ဓါတ်ပုံလေး ထုတ်ပြီး သိမ်းထားချင်တာတွေ ရှိမှာပါ.. Screenshot တွေရိုက်ရတာလည်း အဆင်မပြေပါဘူး.. Resolution မကောင်းရတာနဲ့.. ပုံတွေက တိကျမှု မရှိတာနဲ့... ပြီးတော့ ဗွီဒီယိုဖိုင်တွေကို Screenshot ရိုက်ပြီး Photoshop ထဲမှာ ထည့်ဖြတ်တာ အဆင်မပြေဘူး.. ပုံလိုက်ကြီး ရွေ့နေတာ ကြုံဖူးလားမသိဘူး.. ဒီပြဿနာတွေအကုန်လုံးကို ဒီ Aoao Video to Picture Converter 3.7 လေးက အပြီးသတ်သွားစေမှာပါ.. AVI, MPG, MPEG, ASF, WMV, WM, RM, RMVB, VOB, MOV, 3GP, M1V, VOB, DVD ဖိုင်တွေအားလုံးကို JPEG, GIF, BMP, TIFF, PNG, TGA, ICO, PCX, PDF, JPEG2000, WBMP, PSD စတဲ့ ဓါတ်ပုံ Format တွေ ပြောင်းပစ်နိုင်တယ်ဗျာ.. အရည်အသွေးကလည်း ကောင်းတယ်..
ကဲ.. လိုချင်လာပြီမဟုတ်လား.. ကြော်ငြာတာမဟုတ်ဘူးဗျ.. မိတ်ဆွေတွေအတွက် တကယ် အသုံးတည့်လို့ မောင်ပေါက်က တင်ပေးတာပါ..

Video to picture converter is an easy to use convert video to picture software. You can capture a single picture or seriate pictures from video file. If you want to convert video to pictures, please click button to free download Aoao Video to Picture Converter to evaluate, just 3 steps to complete video to picture progress. Supports most popular video formats, AVI, MPEG, WMV, MP4, VOB, RMVB...

Video to Picture Converter Functions:
- Display video information in video to picture converter
- You can see the video information in our software, include "Total Time", "Total Frames", "Video Size", "Frame Rate", "Aspect" and "Work Area"
- Can via progress bar and manual input time for accurately control to per frame.
- Powerful customize size functions in Video to Picture, you can select any size for your need.
- Display total frames in output, you can select X pictures per second for control speed in GIF animation, Video to picture support it only.
- 'Grayscale', 'Emboss', 'Invert', 'Blue' ... 12 effects

Formats supportted for convert video to picture:
Input formats: AVI, MPG, MPEG, ASF, WMV, WM, RM, RMVB, VOB, MOV, 3GP, M1V, VOB, DVD
Output formats: JPEG, GIF, BMP, TIFF, PNG, TGA, ICO, PCX, PDF, JPEG2000, WBMP, PSD, etc
OS : Windows 8/7/Vista/XP (32/64-bit)

အဆင်ပြေပါစေ..

မောင်ပေါက်...


   Download Links:


အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. လိုခြင်တာကို ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.herostown.blogspot.com 
www.ledimyethar.com 
www.ninilayy.com

Multi Virus Cleaner 2013 For Pc 15MB


ကိုယ်စက်ထဲမှာ antivirus ဆောင်ထားပါလျှက်နဲ့ ဗိုင်းရပ်ဒုက္ခပေးနေသေးရင် 
Multi Virus Cleaner ကိုသာ အသုံးပြုလိုက်ပါ စက်ထဲက ဗိုင်းရပ်တွေ ကတ်ထဲမှာရှိတဲ့ ဗိုင်းရပ်တွေ
ခွေးပြေးဝက်ပြေး ပြေးရမှာမှာပါ ဖိုင်ဆိုဒ်ကလည်း သေးသေးလေးဆိုတော့ 
ကွန်နက်ရှင်းမကောင်းတဲ့ သူငယ်ချင်းတွေအတွက် အသုံးဝင်မှာပါ ပြီးတော့ 
ဝင်းဒိုး 8 မှာလည်း အသုံးပြုနိုင်ပါတယ်
အသုံးပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ် 

အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. လိုခြင်တာကို ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.herostown.blogspot.com 
www.ledimyethar.com 
www.ninilayy.com

Ethical Hacking ---> Lesson.3




သင်တာကမြန်သလိုလိုရှိပေမယ့်.. ကျွမ်းကျွမ်းကျင်ကျင်ဖြစ်အောင်အထပ်အထပ်လေ့ကျင့်ကြဖို့လိုမယ်နော်။
ဖျတ်ခနဲ ဖျတ်ခနဲ ဖြစ်နေရမယ်။ လျင်နေရမယ်။မြန်နေရမယ်။အခုပြောခဲ့တာတွေက အဆင့်ကလေးတစ်ခုပဲ ရှိသေးတာပါ။ အခြေခံအကျဆုံးအဆင့်ဖြစ်ပေမယ့်အရေးလဲအကြီးဆုံးပါ။


TCP/IP Basics and Scanning
ရှေ့ကသင်ခန်းစာနှစ်ခုကိုဖတ်ပြီး နားလည်လောက်ပြီ၊ လေ့လဲလေ့ကျင့်ကြပြီးပြီလို့ထင်ပါတယ်။
မရှင်းကြသေး ရင်လဲ ထပ်မေးနိုင်ပါသေးတယ်။မေးသူတွေ၊ ကိုယ့်ဖာသာကိုယ် Pratice လုပ်ကြသူတွေ ကိုတွေ့ရပေမယ့်နည်းနေသေးတယ်လို့ထင်ပါတယ်။ လေ့လာရတာ ခက်တယ်လို့ လှမ်းပြောသူတွေလဲ ရှိကြပြန်ပါသေးတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ရှေ့ကိုပဲဆက်ချီတက်ရမှာပါပဲ။ဒါကြောင့်မို့လို့ TCP/IP Basics and Scanning ဆိုတဲ့ ခေါင်းစဉ်ကို ဆက်ပြီးပြောပါတော့မယ်။အမှန်ကတော့ အခု course ထက်နည်းနည်းပိုများတဲ့ course ကိုCEH လို့ခေါ်တဲ့ Certify Ethical Hacking သင်တန်းမှာ (၅)ရက်ထဲနဲ့အပြီးသင်တာပါ။ နည်းနည် ပိုများတယ်ဆိုတာ softwareသုံးနည်းတွေပိုများတာ လို့ကျွန်တော်တော့ထင်မိပါ တယ်။ကျွန်တော်တော့ မတက်ဖူးပါ။

အခုကျွန်တော့် သင်တန်းဟာ အဲဒီ CEH ရယ်၊ Logical Security က Ethical Hacking ရယ်၊
Offensive-security က Offensive Security 101 ဆိုတာရယ်ကို သင့်သလိုရောမွှေပြီး၊ မြန်မာနိုင်ငံအခြေအနေ နဲ့ဆီလျော်တဲ့ဟာတွေကိုပဲ ရွေးပြီးပြောနေတာပါပဲ။ ကျွန်တော့်ကိုယ်တွေ့လေးတွေ လဲနည်းနည်းပါ သပေါ့လေ။ဒီတော့ကာ TCP/IP ဆီရောက်ဖို့ အခြေခံကလေးကို နည်းနည်းပြန်ဆင်းပြီးမှ အပေါ်ပြန်တက် ကြရအောင်။ဒီတော့ ကွန်ပျူတာနက်ဝါ့(ခ်)ဆိုတာဘာလဲ ? ဆိုတာကနေ စရပါမယ်။ကွန်ပျူတာ နက်ဝါ့(ခ်)ဆိုတာ အချင်းချင်း အပြန်အလှန် ဆက်သွယ်မှုရရှိနေကြတဲ့ ကွန်ပျူတာအုပ်စု တစ်ခု ကိုပြောတာပါပဲ။

ဒီတော့ကာ ကွန်ပျူတာ နက်ဝါ့ကင်း ဆိုတာ အဲဒီ ကွန်ပျူတာတွေဘယ်လိုဘယ်ပုံ ဆက်သွယ်မှုရနေတဲ့ အကြောင်း၊ဘယ်လိုယ်ပုံဆက်သွယ်ရမယ်ဆိုတဲအကြောင်း၊ အဲဒီအကြောင်းတွေကို ပြောတာပါပဲ။ နည်းပညာဆိုင်ရာ ဝေါဟာ ရတွေ ကို ဘာသာပြန်တယ်ဆိုတာ မဖြစ်နိုင်ခြင်း အနုပညာပါ။
ဒါပေမယ့် ဖြစ်နိုင်သလောက်လေး လုပ်ကြည့်ရတော့မှာပါပဲ။ကွန်ပျူတာ နက်ဝါ့(ခ်)အမျိုးအမျိုးရှိကြပါတယ်။ သူ့စကေး သူ့အတိုင်းအတာနဲ့ သူပေါ့လေ။ အဲဒီ စကေးအလိုက်အမျိုးအစား သတ်မှတ်ချက်တွေလုပ်လာကြပါတယ်။

ကိုယ့်တစ်ယောက်ထဲ သုံးတဲ့နက်ဝါ့(ခ်)ကို Personal Area Network(PAN), စုပြီးသုံးကြတဲ့ နက်ဝါ့(ခ်)တွေကို
Local Area Network(LAN), Campus Area Network(CAN), Metropolitan Area Network(MAN), Storage Area Network(SAN), Wide Area Network(WAN) စသဖြင့် အမျိုးအစား အဆင့်အတန်း class တွေခွဲ ထားကြပါတယ်။ ဆက်သွယ်ရတဲ့ ကျွန်ပျူတာအလုံးရေများလေလေ ထိန်းချုပ်ထိန်းသိမ်းမှု ရှုတ်ထွေးလေလေ ဖြစ်တာကြောင့် အဲဒီလို ကွန်ပျူတာနက်ဝါ့(ခ်)အစု အစု လိုက်ကို ထိန်းသိမ်းဖို့ Network Administrator တွေ လိုအပ်လာပါတယ်။ အသုံးပြုသူတွေထက် ပိုနားလည်ပြီး နက်ဝါ့ကင်းကို ကျွမ်းကျင် တဲ့ပညာရှင်တွေပါပဲ။

ဟုတ်ပြီ။ ဒီတော့ကာ အဲဒီကွန်ပျူတာတွေကို ဘယ်လိုဆက်သွယ်ထားကြသလဲဆိုတာ တစ်ဆင့်တက်ကြည့်ကြ ရအောင်နော်။ဝိုင်ယာကြိုးတွေနဲ့ သွယ်ကြတာကတော့ အခြေခံအကျဆုံးဆက်သွယ်မှုပဲပေါ့။ တယ်လီဖုန်းလိုင်း ကနေဆက်သွယ်ကြသလို၊အိမ်သုံးမီးကြိုးကနေ ဆက်သွယ်ကြတာလဲရှိပါ တယ်။ နောက်ပိုင်းကျတော့ ဖိုင်ဘာအလင်းလွှတ်ကြိုး(Fibre Optic Cable)ဆိုတာတွေနဲ့ ဆက်သွယ်လာကြပါ တယ်။ စွမ်းအင်သုံးရတာ ပိုနည်းသလို စွမ်းအင် အလေအလွင့်လဲနည်းတဲ့အပြင်၊ စွမ်းအင်ဆုံးရှုံးမှုလဲအတော့်ကိုနည်းပါ တယ်။သဘော ကတော့ ကွေးတဲ့ညွှတ်တဲ့အခါ ကျိုးမသွားနိုင်တဲ့ ဖန်မျှင်လေးလိုလို၊ ပလပ်စတစ်ကြိုးအကြည်လေးလိုလို၊ အတွင်းမျက်နှာပြင်က အပြည့်အ၀ အလင်းပြန်တဲ့ ပိုက်သေးသေးလေးလိုလိုဟာထဲကို တစ်ဖက်ကနေ အလင်းလွှတ်ပြီး၊ နောက်တစ်ဖက်ကနေ အဲဒီအလင်းရဲ့ အဖွင့်အပိတ်အချက်ပြကို ပြန်ဖမ်းယူတာပါပဲ။
အဲဒီလို ကြိုးတွေနဲ့ဆက်တဲ့ နက်ဝါ့(ခ်)ကို အီသာနက်(Ethernet)လို့ခေါ်တယ်။
အီသာနက်မှာလဲ Thin Ethernet, Fast Ethernet စသည်ဖြင့်ရှိသေးတယ်။
10Base2, 10Base5, 10BaseT, 100BaseT, 1000BaseT ဆိုပြီး သူတို့ရဲ့အမြန်နှုံး အလိုက်
အမျိုးအစားတွေရှိကြသေးတယ်။

ကနေ့အခါ အသုံးများတာကတော့ 100BaseT ပါပဲ။Network Card လို့ အလွယ်ခေါ်ကြတဲ့ Network Interface Card(NIC) ကိုသုံးပြီး၊ကြိုးသေးသေးလေး ရှစ်ချောင်းကို RJ45 လို့ခေါ်တဲ့ ခေါင်းတွေမှာတပ်ပြီးကွန်ပျူတာတွေကို ဆက်သွယ်ကြရပါတယ်။နောက်တစ်မျိုးကတော့ ကြိုးဆက်သွယ်မှုမရှိတော့တဲ့ ကြိုးမဲ့ဆက်သွယ်မှုစံနစ်ပါပဲ။ အဲဒါကိုတော့ ၀ိုင်ယာလက်(wireless)လို့ခေါ်တယ်လေ။ ဒါကိုတော့ Wireless LAN လို့ခေါ်တယ်။ Wi-Fi လို့လဲခေါ်ကြပါသေးတယ်။

Wi-Fi5 ဆိုတာလဲရှိပါသေးတယ်။နောက်တစ်ဆင့်တက်မယ်။ အဲဒီကွန်ပျူတာတွေကို နက်ဝါ့(ခ်)အဖြစ်ဆက်သွယ်လိုက်ပြီးတဲ့နောက်၊စက်တစ်လုံး နဲ့ တစ်လုံးကို ဒေတာတွေ ပို့ရာမှာ သုံးတဲ့အချက်ပြမှုတွေအတွက်စံပြုသတ်မှတ်ထားတဲ့စည်းကမ်းစည်းမျဉ်းစံနစ်ကို Protocol လို့ခေါ်ပါတယ်။ နက်ဝါ့(ခ်)ပေါ်မှာကွန်ပျူတာတွေ အချင်းချင်းဆက်သွယ်ကြ ပြောကြဆိုကြတဲ့ ဘာသာစကားလို့ လဲပြောကြပါသေးတယ်။
TCP/IP, FTP, HTTP စသည်ဖြင့်ကြားဖူးကြမှာပါ။ ဒါတွေဟာ မတူတဲ့ Protocol တွေပါပဲ။
ဒါကို The rules governing computer communication are called PROTOCOL. လို့ အင်္ဂလိပ်လို ဆိုကြပါ တယ်။တစ်ကယ်ကတော့ အင်္ဂလိပ်လို လေ့လာတာက ပိုကောင်းပါတယ်။မတတ်သာလွန်း လို့သာ မြန်မာ လိုပြောနေရတာပါ။

ဖြစ်နိုင်ရင် အင်္ဂလိပ်လိုပဲလေ့လာစေချင် ဖတ်စေချင်ပါတယ်။ ကဲ ဒါတွေ ထားလိုက်ပါတော့။
အခုပြောမယ့်ဟာကိုတော့နီးလာပါပြီ။ TCP/IP နဲ့လေ…။ :-)

TCP/IP ဆိုတာက Transmission Control Protocol/Internet Protocol ပါ။
အင်တာနက်ပေါ်မှာ ကွန်ပျူတာတွေ တစ်ခုနဲ့တစ်ခုဒေတာတွေ ပို့ကြ လက်ခံကြရာမှာသုံးကြပါတယ်။
ဒါပေမယ့် ဖိုင်တွေဘာတွေကို ပို့တဲ့အခါမှာတော့ FTP လို့ခေါ်တဲ့ File Transfer Protocol
ဆိုတာကိုသုံးကြရပြန်ပါတယ်။

HTTP ဆိုတာကလဲ အင်တာနက်ပေါ်မှာ အသုံးအများဆုံး Protocol တစ်ခုပါပဲ။Hyper Text Transmission Protocol ပါ။ Hyper Text ဆိုတာကတော့စာလုံးလေးတွေကို ကလစ်လိုက်ရင် လင့်(ခ်)ပေးထားတဲ့
တစ်ခြားတစ်နေရာကို ရောက်သွားစေတဲ့ သာမန်ထက်ပိုတဲ့ သာမန်မဟုတ်တဲ့Text တွေကိုဆိုလိုတာလို့ပဲ
အကြမ်းဖျင်းမှတ်ထားလိုက်ပါ။

(ဥပမာတစ်ခု ထပ်ပြောရရင် sonic ဆိုတာ အသံလှိုင်းကိုပြောတဲ့ အင်္ဂလိပ်ဝေါဟာရတစ်ခုပါ။Hypersonic ဆိုတာကတော့ အသံထက်မြန်တယ်လို့ဆိုလိုတာပါပဲ။)တစ်ဖြည်းဖြည်းနဲ့ ပိုပြီး ပိုပြီး သဘောပေါက်လာမှာပါ။ မလောပါနဲ့။နောက်ထပ်တစ်ဆင့်ထပ်တက်ရရင် နက်ဝါ့(ခ်)ပုံစံ မော်ဒယ်တွေ အမျိုးမျိုးရှိကြပေမယ့် …
Client and server network ဒါမှမဟုတ်ရင် Peer-to-peer network ဆိုတဲ့ ပုံစံတစ်ခုခုထဲမှာပဲ ရှိနေကြမှာပါ။
Client and server network ကို Domain model လို့လဲခေါ်ကြသလို၊Peer-to-peer network ကိုလဲ Workgroup model လို့ခေါ်ကြပြန်ပါသေးတယ်။

ဒီနှစ်မျိုးအနက် ဘယ်ဟာကပိုကောင်းတယ်လို့ ပြောလို့မရပါဘူး။ တစ်ခုနဲ့တစ်ခုမှာ အားသာချက်အားနည်း ချက်တွေ ရှိနေ ကြတာပါပဲလေ။Client and server networking ဆိုတာကတော့ဆာဗာအဖြစ်သတ်မှတ် ထားတဲ့ကွန်ပျူတာ တစ်လုံးကို တစ်ခြားကွန်ပျူတာတွေက နက်ဝါ့(ခ်)ကနေလှမ်းပြီးသုံးကြတာပါပဲ။အဲဒီ ဆာဗာကွန်ပျူတာဟာ ကျန်တဲ့ကွန်ပျူတာတွေထက် စွမ်းအားပိုကောင်းအောင် သုံးထားကြပါတယ်။ ဆာဗာအမျိုးအစားကတော့ ကိုယ်လိုသလို စီစဉ်ထားကြပါတယ်။

Peer-to-peer networking ဆိုတာကတော့ ခုနကလိုမဟုတ်ဘဲ ကွန်ပျူတာတွေကိ နက်ဝါ့(ခ်)သွယ်ထားပြီး၊
ဖိုင်တွေ လှမ်းရှယ်ကြ ပရင့်တာကို ရှယ်ပြီးထုတ်ကြတာပါပဲ။အခုအသုံးများနေကြတာဟာ Peer-to-peer network မော်ဒယ်ပါပဲ။ကွန်ပျူတာတစ်လုံးစီဟာ client တွေဆိုလဲ ဟုတ်သလို၊ server တွေဆိုလဲ မမှားပါဘူး။သူ့မှာ အထူးစီစဉ်ထားတဲ့ ဆာဗာရယ်လို့ မရှိတော့ဘူးလေ။ ဒါပေမယ့်လုပ်ငန်းကြီးလာပြီဆိုရင်တော့ ဒီမော်ဒယ်အစား၊

ခုနကပြောခဲ့တဲ့ Client and server network မော်ဒယ်ကိုပြောင်းကြရပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကာ levelတူကွန်ပျူတာတစ်လုံးကို တစ်ခြားကွန်ပျူတာတွေက စုပြုံပြီးလှမ်းခိုင်းနေရင်၊အဲဒီကွန်ပျူတာဟာ အရမ်းနှေးကွေး သွားတာကြောင့်ပါပဲ။ကွန်ပျူတာ နက်ဝါ့(ခ်)ကင်းနဲ့ပတ်သက်လို့ကတော့ edu.mz မှာလာဦးမှာဖြစ်တဲ့နက်ဝါ့(ခ်)ကင်း သင်ခန်းစာကိုဆက်တက်ကြစေချင်ပါတယ်။ အခုဟာမှာကတော့ အကျယ်ချဲ့ပြီးမပြောတော့ပါ။နက်ဝါ့(ခ်)ထဲမှာ ဒေတာတွေ ကြိုးတွေထဲကနေ ဘယ်လိုသွားနေကြ တယ်ဆို တာကို မျက်စိထဲမှာပေါ်လာအောင် အာရုံပြုပြီြးုကည့်နိုင်ရင်နက်ဝါ့(ခ်)ကင်းဟာ မခက်တော့ပါဘူး။

တစ်ကယ်တမ်းကတော့ စက်နှစ်လုံးကိုကြိုးနဲ့ဆက်သုံးတာမှာ ကွန်ပျူတာအလုံးရေ အနည်းအများကို
လိုက်ပြီး၊ ကြားခံပစ္စည်းတွေ ထပ် ထပ်ဝင်လာတာကြောင့် ရှုပ်သလိုဖြစ်သွားတာပါပဲ။လိုရင်းကတော့ စက်နှစ်လုံးကြိုးနဲ့ဆက်မိဖို့ပါပဲ။ အဲဒီလို မျက်စိထဲပေါ်အောင်ကြည့်လိုက် ရင်အတော်လေးရှင်းသွား ပါလိမ့်မယ်။

ဒီတော့ကာ နက်ဝါ့(ခ်)ကင်းနဲ့ပတ်သက်တဲ့ အခေါ်အဝေါ်လေးတွေကို နည်းနည်းဆက်ပြီးပြောပါဦးမယ်။
LAN ဆိုတာ Local Area Network ရဲ့အတိုစာလုံးဆိုတာကိုတော့ အားလုံးသိကြမှာပါ။
တစ်မိုင်အကွာအဝေးထက်နည်းတဲ့ ကွန်ပျူတာတွေကို နက်ဝါ့(ခ်)ချိတ်ထားတာကိုဆိုလိုတာပါပဲ။
တစ်မိုင်ထက်ကျော်ပြီးဝေးကြပြီဆိုရင်တော့ WAN (Wide Area Network)ထဲမှာ အကြုံးဝင်သွားပါပြီ။
LAN တွေစုပြီး WAN ဖြစ်နေတာကိုအတွေ့ရများပါတယ်။ WAN အများစုဟာ WAN links လို့ခေါ်တဲ့
packet switching network တွေ၊ fiber optic cable တွေ၊ microwave transmitter တွေ၊ ဂြိုဟ်တု link တွေနဲ့
CTV စံနစ်တွေနဲ့ဆက်သွယ်နေတတ်ပါတယ်နက်ဝါ့(ခ်)တစ်ခုထဲမှာရှိနေကြတဲ့ ဘယ်device ကိုမဆို node လို့ယေဘုယျသဘောခေါ်ဝေါ်ပါတယ်။

client, server တွေ၊ hub နဲ့ gateway တွေကိုလဲ node လို့ခေါ်နိုင်တာပါပဲ။ နက်ဝါ့(ခ်) လမ်းဆုံနေရာတွေကိုလဲ
node လို့ပဲပြောကြပြန်ပါတယ်။ဆားဗစ်တွေအမျိုးမျိုးပေးနိုင်တဲ့ ကွန်ပျူတာတွေ၊ ပုံမှန်အားဖြင့်တော့ miniframe, mainframe လိုဟာမျိုးတွေကိုHost လို့ခေါ်ဝေကြပါတယ်။

အဲဒီ Host တွေကနေ user တွေအတွက် မော်နီတာနဲ့ ကီးဘုတ်လောက်ပဲထုတ်ပေးတာတွေကိုတော့ Terminal တွေလို့ခေါ်ဝေါ်ကြပါတယ်။ Terminal တွေမှာ system unit တွေမပါကြတာများပါတယ်။
Bandwidth ဆိုတာကတော့ သတ်မှတ်ထားတဲ့ အချိန်တစ်ခုအတောအတွင်းမှာ ထုတ်လွှင့်ပေးနိုင်တဲ့
data amount လို့အကြမ်းဖျင်းပြောနိုင်ပါတယ်။ The amount of data that can be transmitted over a
given segment of commnication media within a specific time.ပုံမှန်အားဖြင့် Kilobits, Megabits per second(Kbps, Mbps)နဲ့ တိုင်းတာကြပါတယ်။Load ဆိုတာကတော့ နက်ဝါ့(ခ်)ပေါ်မှာ အသွားအပြန်ဖြစ်နေ ကြတဲ့ data ပမာဏကိုပြောတာပါ။

နက်ဝါ့(ခ်)ရဲ့ ၀န်ပေါ့။ ဥပမာပြောရရင် နက်ဝါ့(ခ်)ပေါ်မှာ ကွန်ပျူတာ(၁၀)လုံးပဲရှိနေတဲ့ Load ဟာ၊
ကျွန်ပျူတာ အလုံး(၁၀၀)ရှိနေတာထက် ပိုပြီးသက်သာပါတယ်။ ဒါပေမယ့် (၁၀)ဆသက်သာမှာပဲလို့တော့
ပုံသေပြောလို့မရဘူးနော်။နက်ဝါ့(ခ်)ကင်းလုပ်ငန်းစဉ်တစ်ခု အောင်မြင်စွာပြီးစီးသွားဖို့အတွက်သုံးရမဲ့ Bandwidth ပမာဏကိုတော့Overhead လို့ပြောကြပြန်ပါတယ်။

အဲဒီ Overhead နဲ့ Load နက်ဝါ့(ခ်)ပေါ်မှာ bandwidth အပြည့်နားကိုရောက်လာလို့ နက်ဝါ့(ခ်)ကင်း
ကျသွားတာကို Lag ဖြစ်တယ်လို့ပြောကြပါတယ်။ဟုတ်ပြီ …။ နောက်တစ်ဆင့်ထပ်တက်ကြည့်ကြရအောင်။


By-Blue Haker
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။

www.aungsanmks.blogspot.com
www.ledimyethar.com
www.ninilayy.com

Html ကုဒ်အကြောင်း သိကောင်းစရာများ


How To And Where To Writh and Save HTML Document
HTML ကိုလေ့လာမယ့်သူတွေအနေနဲ့ HTML ကုတ်တွေကိုတော့ ရေးရတော့မှာပေါ့၊ HTML ဖိုင်ကို ဘယ်မှာရေးပြီး ဘယ်လို Run ရမှာလဲဆိုတာကို ဒီသင်ခန်းစာမှာ သင်ပြပါမယ်၊ အဆင့် ၅ ဆင့်နဲ့ သင်ကြားပေးသွားမယ်၊
့ပထမအဆင့်
ဒီအဆင့်မှာတော့ လိုအပ်တဲ့ ပြင်ဆင်မူတွေကိုလုပ်မယ်၊ သင့်ကွန်ပြူတာရဲ့ သင်နှစ်သက်တဲ့ အစိတ်အပိုင်းမှာ Folder တစ်ခုတည်ဆောက်ပါ၊ အဲ့ဒီ့ ဖိုဒါကို HTML လို့ နာမည်ပေးလိုက်၊ နောက်ပိုင်း သင်ရေးသမျှ HTML ဖိုင်တွေအားလုံးကို အဲ့ဒီ့ HTML Folder ထဲမှာပဲသိမ်းမယ်၊ အဲ့ဒီ့ ဖိုဒါထဲမှာပဲနောက်ပိုင်း သင့်ဝက်ဆိုက်ကို တင်လိုတဲ့ပုံတွေကိုသိမ်းမယ်၊ ဒီတော့ သေချာ လိုက်နာပါ၊ HTML Floder တစ်ခုကိုသေချာတည်ဆောက်ပါ၊ နောက်တစ်ခု ပြင်ဆင်ရမှာကတော့ Web borwser တစ်ခု ရှိရမယ်၊ Window အသုံးပြုသူတိုင်းမှာ Internet Explorer ဆိုတဲ့ Web borwser ရှိပြီးသား ဒါပေမယ့် အဲ့ဒီ့ IE ကိုမသုံးပဲ Firefox (သို့) Google Chrome ကိုသုံးမယ်၊ မရှိရင် အောက်က လင့်မှာ ဒေါင်းလုပ်လုပ်ပြီးတပ်ဆင်ထားလိုက်၊ နောက်အရေးကြီးတဲ့ ပြင်ဆင်မူကတော့ Text Editor ပါ၊ သင့်ကွန်ပြူတာက Window သုံးထားရင် Notepad ဆိုတဲ့ Text Editor ရှိတယ်၊ အဲ့ဒါကိုလဲ သုံးနိုင်တယ်၊ ဒါမှမဟုတ်ရင် Notepad++ ကို သုံး၊ Notepad++ ကို သုံးဖို့တော့ အထူး အကြံပြုချင်တယ်၊ တကယ့်ကိုကောင်းတဲ့ Text Editor ဖြစ်နေလို့၊ အောက်မှာ ဒေါင်းလုပ်ရယူနိုင်တယ်၊ 72coder မှာ သင်ကြားပေးတဲ့ HTML, HTML5, CSS, CSS3, JavaScript, jQuery, PHP ဆိုတဲ့ သင်ခန်းစာတွေအားလုံးကို Notepad++ သုံးပြီးလေ့ကျင့်ဖို့ အထူး တိုက်တွန်းလိုတယ်၊ ဒါတွေအားလုံး အဆင့်သင့်ဖြစ်ပြီဆိုရင် သင့်ရဲ့ Notepad++ ကိုဖွင့်လိုက်ပါ အောက်က အတိုင်းတွေ့ရမယ်၊

အထက်က ပုံမျိုးပေါ်တဲ့ Notepad++ ပေါ်လာရင်တော့ စတင်ပြီး HTML ကုတ်တွေရေးလို့ရပါပီ၊ အခု စမ်းသပ်ဖို့အတွက် ကုတ်တစ်ချို့ရေးမယ်၊ ဘာကုတ်တွေလဲဆိုတာ သိစရာမလိုသေးဘူး၊ နောက်ပိုင်းရှင်းပြမယ်၊ အခုတော့ အောက် က ကုတ်တွေအားလုံးကို သင့်ရဲ့ Notepad++ ထဲကိုကူရေးလိုက်၊
ဒုတိယ အဆင့်
၊ HTML ကုတ်တွေကိုရေးပြီးတာနဲ့ သိမ်းရတော့မယ်၊ သိမ်းဖို့အတွက်တော့ သင်အပေါ်ဆုံး အဆင့်မှာတည်ဆောက်ခဲ့တဲ့ HTML Folder ထဲမှာသိမ်းရပါမယ်၊ သိမးဖို့အတွက် Notepad++ ရဲ့အပေါ်ဆုံး Menu bar ကနေ File ဆိုတဲ့နေရာမှာခလစ်တစ်ချက်နှိပ်ပါ၊ ဒါဆိုရင်တော့ Submenu ကျလာမယ် ကျလာတဲ့ submenu ထဲက Save As ဆိုတဲ့နေရာမှာ ခလစ်တစ်ချက်နှိပ်ပါ၊  အောက်က ပုံအတိုင်း
အထက်က အတိုင်း Save As ကိုနှိပ်လိုက်ရင် သင့်ကို သိမ်းမယ့်နေရာကိုရှာခိုင်းတဲ့ နောက်ထပ် pop-up window တစ်ခုအောက်ပါအတိုင်းကျလာမယ်၊
အထက်က အတိုင်း သိမ်းဖို့နေရာရှာခိုင်းတဲ့ pop-up window ပေါ်လာရင်တော့ သင်အပေါ်ဆုံးမှာတည်ဆောက်ခဲ့တဲ့ HTML Folder ကိုရှာပါ၊ အခုတော့ Desktop ပေါ်မှာ HTML Folder တည်ဆောက်ထားတဲ့ ဥပမာ နဲ့ ပြထားတယ်၊ Desktop ပေါ်မှာ HTML Folder တည်ဆောက်ခဲ့တဲ့အတွက် အနီရောက်မြား တိုပြထားတဲ့ နေရာမှာ ခလစ်တစ်ချက်နှိပ်ပြီး Desktop ထဲကိုသွားရပါတယ်၊ အနီရောင်မြားရှည်ပြထားတဲ့နေရာမှာ Desktop လို့ပြောင်းရင်ဖြင့် အဲ့ဒီ့နေရာက Desktop ပေါ်ကိုရောက်နေပါပီ။ ဒါဆိုရင်တော့ သူ့အထဲမှာရှိတဲ့ HTML ဆိုတဲ့ folder ကိုရှာပါ၊ အထက်က ပုံမှာ အစိမ်းရောင်မြားပြထားတယ်၊ အဲ့ဒီ့ HTML Folder ပေါ်မှာ ခလစ်နှစ်ချက်နှိပ်ပြီး floder ကိုဖွင့်ပါ၊ ဒါဆိုရင်တော့ ဘာမှမသိမ်းရသေးတဲ့ HTML Folder ကိုတွေ့ရမှာပါ၊ အောက်မှာကြည့်ပါ၊
အထက်က ပုံအတိုင်း အနီရောင်မြားပြထားတဲ့နေရာမှာ HTML လို့ပြရင်ဖြင့် အခု သင်ရောက်ရှိနေတာ HTML Folder ဖြစ်နေပါပီ။ ဒါဆိုရင်တော့ သင်ရေးထားတဲ့ file ကိုစတင် သိမ်းလိုပရပီ၊ အထက်မှာတော့ သိမ်းမယ့် ဖိုင်နာမည်ကို firstwebpage လို့ပေးထားတယ်၊ ဒီမှာ သေချာကို သတိထားရမှာက နောက်က extension က .html လို့ထည့်ရတာပါ၊ သင်ရေးထားတဲ့ ဖိုင်က html ဖိုင်ဖြစ်တဲ့အတွက် သိမ်းတဲ့အခါ ကျရင် HTML ဖိုင်းအမျိုးအစားရဲ့ extension ဖြစ်တဲ့ .html ကို သိမ်းမယ့် ဖိုင်နာမည်ရဲ့နောက်ဆုံးမှာထည့်ပေးရပါမယ်၊ ဒီလိုသိမ်းပြီးသွားရင်ဖြင့် အနက်ရောင်မြားပြထားတဲ့နေရာမှာ ခလစ်တစ်ချက်နှိပ်ပြီ Save လိုက်ပါ၊ ဒါဆိုရင်တော့ သင့်ရေးခဲ့တဲ့ HTML Document ကိုအောင်မြင်စွာသိမ်းပြီးသွားပါပီ၊ ပြန်ပြီး စစ်ဆေးကြည့်ချင်ရင်တော့ သင့်ကွန်ပြူတာရဲ့ HTML Folder ရှိတဲ့နေရာကိုသွားပါ၊ အခုတော့ အပေါ်က ဥပမာ မှာ HTML Floder ကို Desktop ပေါ်မှာသိမ်းထားပါတယ်၊ ဒီတော့ Desktop ပေါ်ကိုသွားလိုက်ပါ၊ ပြီးရင် HTML Folder ကိုခလစ်နှစ်ချက်နှိပ်ပြီးဖွင့်ကြည့်ပါ၊ အောက်ပါအတိုင်း သင်သိမ်းထားတဲ့ firstwebpage ဆိုတဲ့ HTML Document ကိုတွေ့ရမှာပါ၊
အထက်က အတိုင်း HTML Folder ထဲမှာ သင်သိမ်းခဲ့တဲ့ firstwebpage ဆိုတဲ့ HTML Document ကိုတွေ့ရရင်ဖြင့် အားလုံး အဆင်ပြေပါပီ၊ အခု အဲ့ဒီ့ firstwebpage ဆိုတဲ့ HTML document ကို ခလစ်နှစ်ချက်နှိပ်ပြီး ဖွင့်ကြည့်ပါ၊ ဒါဆိုရင်တော့ အောက်က အတိုင်း firefox web browser မှာ သင့်ရဲ့ HTML Document ပွင့်လာတာကိုတွေ့ရမှာပါ၊
အထက်က အတိုင်းအားလုံး အဆင်ပြေရင်တော့ သင်ဝက်ဆိုက်စာမျက်နှာတစ်ခုကိုအောင်မြင်စွာ ဖန်တီးပီးသွားပါပီ၊ အဲ လှတော့မလှဘူးပေါ့၊ ဒါကတော့ မပူနဲ့ နောက်ပိုင်းမှအလှဆင်မယ်၊
အခု ရည်ရွယ်ချက်က ၀က်ဆိုက်ကို ဘယ်မှာရေးပြီး ဘယ်လိုသိမ်းရတယ်၊ ပြီးရင် လယ်လို Run ရတယ်ဆိုတာကိုသင်ပေးတာ၊ နောက်ပိုင်း သင်ခန်းစာတွေမှာ ကုတ်တွေကိုပဲရေးပြမယ်၊ ကုတ်တွေကို Run လိုက်လို့ ပြောရင် Notepad++ ထဲမှာရေးပြီး HTML Folder ထဲမှာသိမ်းရမယ်၊ ပြီးရင် သိမ်းထားတဲ့ ဖိုင်းကိုခလစ်နှစ်ချက်နှိပ်ပြီးဖွင့်ရမယ်၊ ဒီလို အစဆုံး လုပ်လိုပ်မပြောပဲ Run လိုက်လို့ပဲ နောက်ပိုင်းသင်ခန်းစာတွေမှာပြောသွားမယ်၊

                                                              ref:  http://www.72coder.com/
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..

<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
 
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။
လယ်တီမြေသား www.ledimyethar.com
ဘလော့ခရီးသည် http://aungsanmks.blogspot.com/
ဓမ္မနှင့်စာပေနန်းတော် http://ninilayy.blogspot.com/

တင်ထားသမျှ ခေါင်းစဉ်များ

2Step Verification (5) A+အကြောင်း (1) Activator (9) Adobe CS3 Master Collection (1) Adobe Premiere Pro CS6 အသုံးပြုနည် (1) Adobe Software (12) Android application (1987) Android Game (710) AndroidPhoneဆိုင်ရာ (4) Antivirus (1) Apowersoft ApowerEdit v1.4.7.22 Build 04042019 (1) AVAST! Cleanup Premium 2019 version 19.1 Build 7085 (1) Blog Slider (8) Blogger Button (5) Blogger Comment (17) Blogger Ebooks (1) Blogger Hack (54) Blogger Loading Style (6) Blogger Mouse (1) Blogger Template (44) Blogger Tips (77) Blogger Widget (152) Blogs Html (63) Blogs Post (86) Blogs Tab Menu (53) Blogဆိုင်ရာ (1) Bowser ဆိုင်ရာ (21) Brothers in Arms® 3 v1.4.7c Mod Data [Unlimited Money] (1) Buddha မြန်မာစာတန်းထိုး (53) Burning Software (34) Burning Tools (47) C-Box (10) Canon LBP 6000 Original Driver (1) Canon LBP 6030 Original Driver & Installation Guide (1) CCleaner 5.56.7144 (Business / Professional / Technician) Multilingual Portable (1) CD/DVD ဆိုင်ရာများ (30) Cleanner-Speed (68) Computer Autoplay ပိတ်ထားနည်း (1) Computer Partationခွဲနည်း (1) Computer ဆိုင်ရာ (189) Computerဆိုင်ရာ (33) Converter (73) Desing Card (10) Display အလုပ်မလုပ်သော ပြဿနာဖြေရှင်းနည်းများ (1) Domain (3) Download Manager (42) Drive SnapShot v1.46.0.18213 (1) Driver Software (46) DVD-Cloner Platinum 2019 v16.30 Build 1446 [x86/x64] (1) DVDFab v11.0.2.4 [x86/x64] (1) Easy Translator version 14.0.0 (1) Ebooks (405) Errorဖြေရှင်းနည်း (1) Eset Smart Security 12.1.34.0 (x86/x64) (1) Facebook (152) Folder Lock (17) Fonts များစုစည်းမှု (6) Foxit PhantomPDF (1) Game (47) Game PC (32) Glary Utilities PRO version 5.117.0.142 (1) Gmail-Gtalk (70) GoogleChome &InternetDownloadmananger (1) Hacking (81) How To Download (6) Html (51) Internet Download Manager (18) InternetDownloadmananger(IDM) (1) IP Hider Software (6) Java Script (11) KhineMaster (1) KMS/2038 & Digital & Online Activation Suite v6.9 (1) MAGIX SOUND FORGE Pro 13 v.13.0.0 Build 46 (1) Marquee Technique (14) Media Player (31) MI Play store Apk (1) Microsoft Office (21) Mobile Legends Bang Bang Installer .exe Pc Version (1) Motors ( မော်တာများ )အကြောင်း (1) Movie (95) My Pdf (35) Myanmar Font (9) Myanmar Typing Software (1) MZW Solftware (1) NetGuide Journal (63) Network Software (7) New Blogs (15) Notကာကွယ်ခြင်းနည်း (1) ONEKEY PDF Convert to Word 4.0 REPACK (1) Partition Software (7) Password Recovery Software (1) paypal နှင့် ဆိုင်သော (5) PC GAMES (17) PC recovery (13) PC Software (203) PC Speed Up (32) PC-Clean Software (73) PDF (4) PDF Editor (10) Photo Editor Software (65) PHOTO SHOP (သင်တန်း)သီးသန့် (44) Photo Slideshow (12) photoshop background အလန်းများ (6) photoshop PNG ဖိုင်များရှာရန် (14) Photoshop Software (36) Photoshop ဆိုင်ရာ (51) Player (8) PrinterDriver (2) Programming (16) Pyidaungsu font (1) Read More (9) Recent Posts Widget (23) Recover Software (46) Recovery (33) Refresh and Restoreအကြောင်း (1) Reset (1) SAMSUNG One UI ဖုန်းတွေအတွက် မြန်မာဖောင့် (1) Screen Video Recorder (37) Search Box (6) Security Software (36) Sidebar Widget (71) SkyNet လိုင်းအသစ်ထည့်နည်း (1) SkynetBinfile (1) Slideshow Movie Maker (7) Social Widget (19) SOFTWARE (588) Software For Blogs (17) Software များအသုံးပြုနည်း (2) Softwares တွေအတွက် Serial no (or) Key တောင်းလျှင် ဖြေရှင်းနည်း (1) Speed Up Internet (13) TeamViewer version 14.2.2558.0 (Repack & Portable) (1) TTA Pie Myanmar (1) Unicode ေ​ြေပာင်းနည်း (1) Uninstaller Software (25) Upload (6) USB ဖြင့်ဝင်းဒိုးတင်နည်း (4) USB ကြိုးကနေ Virus မဝင်အောင် ကြိုတင် ကာကွယ်နည်း (1) Usb-Memory (19) Video Converter (29) Video Editing (76) Video Editor (1) Video Recorder (12) Virus ဆိုင်ရာ (86) WannaCry Ransomware ၏ အန္တရာယ် အကြောင်းနှင့် ကာကွယ်နည်း (1) Web Design ရေးဆွဲနည်း (5) Webcam Camera Software (11) Website ရေးနည်း (3) Wifi ဆိုင်ရာ (32) Win Update v1.4 (1) Window-10 ဆိုင်ရာ (2) Window-7 ဆိုင်ရာ (32) Window-xp ဆိုင်ရာ (2) window8ဆိုင်ရာ (19) Windows 10 Factory Reset ချနည်း (1) Windows 10 Backup & Restore လုပ်နည်း (1) Windows 10 ကွန်ပျူတာမှာမြန်မာစာတိကျမှန်စွာထည့်နည်း (1) Windows Activator (18) windows loader များ (10) Windows Manager Software (23) Windows Themes (24) Windows တင်နည်းများ (6) WinRAR 5.70 (Fully) (1) WinRar Full Version (12) WinRAR V3.80 Beta Version (1) WinToBootic နှင့် USB ထဲ Install လုပ်နည်း (7) WinUtilities Professional Edition Tool (1) Wordpress Tips (3) Write-Protected ကို ဖြုတ်နိုင်မယ့်နည်းနှစ်သွယ် (1) Zawgyi နဲ့ Unocode ဘာကွာလဲ (1) ကွန်ပျူတာ User Account Picture အကြောင်းများ (1) ကွန်ပျူတာဆိုင်ရာ (1) ကွန်ပျူတာပတ်ဝပ်ပြောင်းမရအောင်လုပ်နည်း (1) ကွန်ပျူတာရဲ့ Storage က HDD လား? SSD လား? စစ်ဆေးနည်းများ (1) ကွန်ပျူတာဟန်းနေရင်ဖြေရှင်းနည်း (1) ကျွနုပ်နှင့် ပရဟိတအလှူ (9) ကာမသိဒ္ဓိကျမ်း (1) ချက်နည်းပြုတ်နည်း (1) နည်းပညာဆိုင်ရာ (2) နည်းလမ်းများ (6) ပန်ကာပြုပြင်နည်း (1) ဖိုင်ဖြေနည်းများ (8) ဗဟုသုတ (6) ဗားရှင်းအသစ်ထွက်ရှိလာတဲ့ Facebook (နှင့်) Messenger (1) ဘာသာစကား ၉၁ မျိုးထိ ပါဝင်တဲ့ Easy Translator (1) ဘာသာရေးစာအုပ်များ (9) မိမိဆိုက်ကိုကော်ပီကူးမရအောင် ပိတ်ထားနည်း (1) ပြည်ထောင်စု ဖောင့် လက်ကွက် နှင့် စာရိုက်နည်း (1) မြန်မာစာမှန်အောင်လုပ်နည်း (1) မြန်မာဆိုတာ (1) ဝင်းဒိုးကို AOMEISoftware ဖြင့် Backup & Restore လုပ်နည်း (1) သင့် Laptop ကို မြန်ဆန်အောင်လုပ်ပေးမယ့် အချက် ၇ ချက (1) အင်တာဗျူးအစီစဉ် (2) အပျိုလမ်းညွှန် (1) အသံဇာတ်လမ်း (19) အခြေခံကွန်ပျူတာ Pdf (1) ဦးဇာနည်နည်းလမ်းများ (7) ဆော့ဝဲ ပြဿနာဖြေရှင်းနည်း (1) ကြော်ငြာ (13) ဟောပြောပွဲ (15)

မန်ဘာဝင်လို့အားပေးကြပါ