မင်္ဂလာပါ... သည်နေ့ Security Landscape တွင် Email Threat များဝင်ရောက်ခြင်းသည် Cyber
ရာဇ၀တ်မှုများ အကြားတွင် အများဆုံး ဖြစ်ပေါ်နေပေသည်။ အများစုမှာ Spam
များဝင်ရောက်ခြင်း ကြောင့် ဖြစ်ပါတယ်..။ Email Attack များသည် Phishing,
Trojans, Malicious attachments နှင့် hidden scripts များမှတစ်ဆင့် စတင်
ဖြစ်ပေါ်ခြင်းဖြစ်နေပါတယ်။ ဒါကြောင့်လည်း ကျွန်တော် တို့ အနေနဲ့ Email အသုံးပြုရာတွင်
လုံခြုံစိတ်ချမှုရှိစေရန်အတွက် လိုက်နာသင့်သော အချက်များကို အောက်ပါအတိုင်း
ဖော်ပြလိုက်ပါသည်။
သည်အချက်အလက်လေးတွေကို သတိပြု ..ဆင်ခြင် ပြီးအသုံးပြုကြမယ်ဆိုရင်..ဒါဟာ မိမိတို့ရဲ့ အကောင့်တွေကို ကာကွယ်ထိမ်းသိမ်းရာလည်းကျမှာဖြစ်ပါတယ်.. ဒါကြောင့် ကျွန်တော် လေ့လာထားမိသော သည်အချက်အလက်လေးတွေကို ခုလိုပြန်လည် ဝေမျှလိုက်ခြင်းဖြစ်ပါတယ်...
၁။ ပြီးပြည့်စုံသော လုံခြုံရေး Software ကိုရယူပါ။
Security Software (eg., McAfee, Symantec) များကို အသုံးပြုရာတွင်
သေချာရွေးချယ်ဖို့ လိုအပ်ပါတယ်။ သို့မှသာ သင်တို့ရဲ့ ကွန်ပျူတာအတွင်းသို့
viruses, worms, Trojans, unwanted e-mail (spam), phishing scams နှင့်
အခြား malicious software များဝင်ရောက်ခြင်းမှ ကာကွယ်နိုင်မှာဖြစ်ပါတယ် သတိပြုစေလိုပါတယ်။
၂။ သင့် Email Address ကို ယုံကြည်ရသောသူများ ကို သာ ဖြန့်ဝေပါ။
မိမိတို့ရဲ့ Email Address ကို သင်၏မိသားစု၊ သူငယ်ချင်းများ နှင့်
ယုံကြည်စိတ်ချရသော business contact များအတွက်သာ ဖြန့်ဝေသင့်ပေသည်။ Web
site များ၊ forumများ နှင့် chat room များတွင် မသုံးသင့်ပါ။
အသုံးပြုခဲ့သည်ဆိုပါက သင်သည် အားနည်းချက် အဖြစ် Spam mail အများအပြားကို
လက်ခံရရှိသွား ပေလိမ့်မည်။ ဥပမာ ကျွန်တော်တို့ဘလော့ကာတွေဆို ဘလော့ရေးတဲ့ အီးမေးကို အထူးလှို့ဝှက်ကြရပါတယ်.. အများဆက်သွယ်ဖို့ အများနဲ့ ဆက်ဆံဖို့ ဆိုတာကို သီးသန့်တခု ထားတတ်ကြပါတယ်.. ဘလော့ကာအီးမေးကိုတော့ သီးသန့် ပေါ့ဒါကလည်း ထိမ်းသိမ်းမှုတစ်ရပ်လို့ ပြောလို့ရပါတယ်..။
၃။ သင်မသိသော Email များ (သို့) သင်၏ သူငယ်ချင်းများနှင့်
မိသားစုများထံမှ attachments နှင့် downloading file များပါဝင်သော Email
များကို ဖွင့်ရာတွင် သတိထားပါ။
အဘယ်ကြောင့်ဆိုသော် ထို Email များ၊ Attachment များတွင် Virus, Worm, or
Trojan များပါဝင် နိုင်ပေသည်။ သင်သည် download file များကို
ရွေးချယ်မည်ဆိုလျှင် Security Software များကို Enable ပြုလုပ်ထားသင့် ပြီး
ထို software မှ တစ်စုံတစ်ခု သော Warning များဖော်ပြလာပါက လုပ်ဆောင်မှုကို
ချက်ချင်း ရပ်သင့်ပါသည်။မရပ်ဘဲဆက်လက် မရမက လုပ်နေပါက Virus တွေနဲ့ ထိပ်တိုက် ဆုံတွေ့ရတတ်ပါတယ်..တခါတလေ ကိုယ့်အကောင့်မိလိုက်တာနဲ့ အော်တို တဆင့်ပြန်လည် ဖြန့်ဝေစေတဲ့ Virus တွေလည်းတွေ့ဖူးကြမှာပါ..ဒါကြောင့် သတိပြုသင့်ပါတယ်။
၎။ Instant Messaging Programs (IM) များကို စနစ်တကျ အသုံးပြုပါ။
မိမိတို့ရဲ့မိသားစု (သို့) သူငယ်ချင်းများနှင့် ဆက်သွယ်ရာတွင် Online Chat
အမျိုးအစားဖြစ်သော IM Program များ (eg., Skype) ကို အသုံးပြုပါက သင်၏
Personal Information များကို အထူးဂရုပြု ၍ ပေးပို့သင့်ပါသည်။
အသုံးပြုရာတွင် သင်၏ အစစ်အမှန် အမည်ကိုသုံးစွဲမည့်အစား Nickname ကိုသာ
သုံးစွဲသင့်ပါသည်။ မိမိနှင့် မရင်းနှီးသော သူများကိုလက်မခံသင့်ပါ။ဒါကတော့ ဖြစ်တတ်တဲ့ ဖြစ်ရပ်တခုပါဘဲ တချို့က ကိုယ့်အကောင့်ကို သိလိုခြင်သော်လည်းကောင်း ဖျက်စီးခြင်သော်လည်းကောင်း နည်းလမ်းတခုခုဖြင့် ၀င်ရောက်လာတတ်တာလည်းဖြစ်တတ်လို့ပါ.. ဒါဆို ကိုယ်ကပေးလိုက်မိတာနဲ့ Hack တာတွေ
ဘာတွေ ဆိုတဲ့ နောက်ဆက်တွဲပြသနာတွေ ဖန်တီးလာတတ်ပါတယ်.။
၅။ Spam Email များကို ပြန်လည်ပေးပို့ခြင်း မပြုပါနှင့်။
သင့်ဆီပို့လာသော Email Sender သည် သင်မသိသောသူ ဖြစ်ပါက ပြန်လည် ပေးပို့ခြင်း မပြုပါနှင့်။
၆။ Email အသုံးပြုရာတွင် ပါးနပ်မှုရှိပါစေ။
Email ဆိုသည်မှာ သင်နှင့် သင့်မိသားစု (သို့) သူငယ်ချင်းများနှင့်
အမြဲမပြတ် ဆက်သွယ်နိုင်သည့် Tool တစ်ခုဖြစ်ပါတယ် ။ ဒါကြောင့် ကိုယ်တွေဟာ
Email ပို့သောအခါမှာဖြစ်စေ credit-card information, Social Security number, or
other private information များကို ဘယ်သောအခါမှ Email ဖြင့်
မပို့ရန် သတိထားသင့်ပါတယ်...။
၇။ ရှုပ်ထွေးသော Email Address ကို ဖန်တီးပါ။
မိမိတို့ရဲ့ Email Address ကို Hacker များ က အလွယ်တကူ အလိုအလျောက် ပြုလုပ်၍
မရနိုင်သော ပုံစံဖြင့် ဖန်တီးထားပါ။ ဥပမာအနေဖြင့် - letters, numbers, and
other character များ စသည်တို့ဖြင့် ပေါင်းစပ် ဖွဲ့စည်းထားပါ။ Complex
Email ကို ဥပမာအနေဖြင့် ဖော်ပြရပါက Tracy3Socc3r2@samplee-mail.com ပုံစံ
ကဲ့သို့ ဖန်တီးထားသင့်ပါသည်။
၈။ Smart and Strong Password များကို ဖန်တီးပါ။
မိမိတို့ရဲ့ Password ကို Hackerများမှ အလွယ်တကူ ခန့်မှန်း၍ မရနိုင်အောင် capital
letters, numbers, special character များဖြင့် ပေါင်းစပ်ထားပြီး အနည်းဆုံး ၈-လုံးလောက်ဖြင့် ဖွဲ့စည်းထားပါ။
ရိုးရှင်းလွယ်ကူစေတဲ့ နံပါတ်တွေ မပေးသင့်ပါဘူး.. ဥပမာ... aunglay@gmail.com ကိုတချို့က အကောင့်အမည်လိုက်ပြီး ပါတ်ဝပ်ကို aunglay123..aunglay2015 စသည့်ပေးတတ်ကြပါတယ်. ဒါကလည်း ခြေရာခံလိုသူတွေအတွက် လွယ်ကူစေနိုင်ပါတယ်...။
၉။ Pop-up Screen များထဲသို့ သင်၏ Personal Information များကို ဘယ်သောအခါမှ မထည့်သွင်းပါနှင့်။
မိမိတို့ရဲ့ Personal Information များကို ထည့်သွင်းမိခဲ့လျှင် ၄င်း Information
များဟာလည်း Phisher များဆီသို့ ရောက်ရှိသွားနိုင်ပါတယ် ။ ဒါကြောင့် Pop-up
Blocking Software ကို ထည့်သွင်းထားပြီး Phishing Attack ကို ကာကွယ်ထားသင့်ပါတယ်..။
၁၀။ Phishing ကိုသတိထားပါ။
Phishing သည် အတုအယောင် Email များနှင့် Website များကို တရားဝင် ပုံစံ
ဟန်ဆောင်ကာ User များ၏ Account များ သို့မဟုတ် Login Information များကို
ခိုးယူခြင်းများ ပြုလုပ်တတ်ပါသည်။ ဒါကြောင့် မိမိဆီသို့လာသော e-mail အတွင်းရှိ
Website Link များကို တိုက်ရိုက် မနှိပ်ဘဲ Web browser မှတစ်ဆင့်
သွားရောက်၍ ကြည့်ရှုသင့်ပေသည်။
အထက်ပါ အချက်များသည် စာဖတ်သူများကို Email အသုံးပြုရာတွင် လုံခြုံစိတ်ချမှုရှိစေရန် လုပ်ဆောင် သင့်သည့် ယေဘုယျအချက်များ ဖြစ်ပါတယ်.. တခြား လေးနက်တဲ့ နည်းလမ်းတွေလည်း ရှိပါလိမ့်မယ်..ကျွန်တော် အနေနဲ့ လက်လှမ်းမှီသလောက် တွေကရှိ လေ့လာမိတာကိုဘဲ အများသူငါ သိရှိ လေ့လာနိုင်အောင် ခုလိုပြန်လည်ကာ မျှဝေလိုက်ရပါတယ်..
အားလုံးအဆင်ပြေကြမယ်လို့ မျှော်လင့်ရင်း
ဘလော့ခရီးသည် ( မျှဝေသူ )
Reference:
http://home.mcafee.com/advicecenter/?id=ad_spam_t1ttpye&ctst=1