9 Oct 2019

ဖုန်းမှာယူနီကုတ်ေြပာင်းနည်း


(Unicode)
´သီတင်းကျွတ်လက်ဆောင်.....´
ဖုန်းတွေမှာ ယူနီကုဒ်ပြောင်းကြရအောင်...
-ဘယ်လိုပြောင်းကြမလဲ? မသိသေးသူများအတွက်ပါ...
(ဖုန်းအမျိုးအစားအလိုက်၊ ဗားရှင်းအလိုက် မတူညီမှုများရှိပါမည်)
-HUAWEI phone(EMUI 9.1 အောက်) ဖြင့် နမူနာပုံများမျှဝေေပေးထားသည်။
EMUI 9.1 အထက်ဆိုလျှင် Setting >> Language & Input မှာ ပထမ ကို English ဒုတိယကို ဗမာ (unicode)ထားပေးပါ။ Region မှာ Myanmar ကိုရွေးပေးပါ။
(EMUI ကိုကြည့်လိုပါက Setting> System> System update တွင်ကြည့်နိုင်ပါသည်)

-VIVO ဖုန်းများ ယူနီကုဒ်ပြောင်းလဲနည်း
Setting >> Language and input >> Langue >> ဗမာ(Myanmar) – ပြောင်းပေးပါ

-OPPO ဖုန်းများ ယူနီကုဒ်ပြောင်းလဲနည်း
Color OS 6 ရရှိနေသော model များ Language - English တွင် Unicode စံ Font ပေါ်စေရန် Settings ချိန်ပုံ

(a) Settings – Language & Region – Region – Myanmar

(b) Settings – Language & Region – Language – English

(c) Settings – Language & Region – Character Encoding – Unicode
ကျန် Model များအားလုံးတွင် Unicode အသုံးပြုလိုပါက Settings – Language & Region – Language - ဗမာ(Unicode) ကိုရွေးချယ်၍ အသုံးပြုနိုင်ပါသည်။

-SAMSUNG ဖုန်းများ ယူနီကုဒ်ပြောင်းလဲနည်း
Setting >> General Management >> Language & Input >> English (Zawgyi) ကို Remove လုပ်ပြီး >> Add Language ကနေ English (United State) ကိုရွေးပါ။

-XIAOMI ဖုန်းများ ယူနီကုဒ်ပြောင်းလဲနည်း
Setting >> Display >> Font >> Mi Latting >> ရွေးပြီး Apply နှိပ်ပေးပါ
Setting >> Theme မှတဆင့် Find more နှိပ်၍ ညာဘက်အောက်ခြေရှိ လူပုံ (My Page) >> Font >> Mi Lanting (Default) ထားပေးပါ

- iOS 13 အောက် ဖုန်းများအတွက် Setting – General – Profile ထဲက Zawgyi Font Profile Link ကို Remove လုပ်ပါ။
-MyFont App ထဲမှ Pyaung font ကိုရယူထည့်သွင်းပါ။ (MyFont မတွေ့ပါက App store ထဲကဖြစ် Internet browser ထဲကနေဖြစ်စေ ရှာပါ)
iOS 13 ဖုန်းများအတွတ်Setting – General – Language & Region – Preferred Language Order အောက်ဘက်က မြန်မာစာ ( Burmese ) ထဲဝင်ပါ Standard ( Recommended ) ကို ရွေးပေးလိုက်ပါ။

-မည်သည့်ဖုန်းမဆို ယူနီကုဒ်အထောက်အပံ့ပြုသည့် ဖုန်းတွင်းရိုက်ရသည့်ကီးဘုတ်တစ်မျိုးမျိုးကိုထည့်သွင်းအသုံးပြုရပါမည်။
Voice Typing များအသုံးပြုလိုပါက Gboard ကို သုံးပါ။ ဖောင့်များအလွယ်တကူပြောင်းလိုပါက Bagan keyboard ကိုသုံးပါ။ iOS များတွင် ttKeyboard ကိုသုံးနိုင်ပါသည်။ (ttKeyboard ကို Setting ထဲမတွေ့ပါက App store ထဲကနေရှာယူပါ)
(အချို့စာသားများကို Myanmar Unicode Migration ထဲမှ ရယူထားပါသည်)
*********

(Zawgyi)
´သီတင်းကျွတ်လက်ဆောင်.....´
ဖုန်းတွေမှာ ယူနီကုဒ်ပြောင်းကြရအောင်...
-ဘယ်လိုပြောင်းကြမလဲ? မသိသေးသူများအတွက်ပါ...
(ဖုန်းအမျိုးအစားအလိုက်၊ ဗားရှင်းအလိုက် မတူညီမှုများရှိပါမည်)
-HUAWEI phone(EMUI 9.1 အောက်) ဖြင့် နမူနာပုံများမျှဝေပေးထားသည်။
EMUI 9.1 အထက်ဆိုလျှင် Setting >> Language & Input မှာ ပထမ ကို English ဒုတိယကို ဗမာ (unicode)ထားပေးပါ။ Region မှာ Myanmar ကိုရွေးပေးပါ။
(EMUI ကိုကြည့်လိုပါက Setting> System> System update တွင်ကြည့်နိုင်ပါသည်)

-VIVO ဖုန်းများ ယူနီကုဒ်ပြောင်းလဲနည်း
Setting >> Language and input >> Langue >> ဗမာ(Myanmar) – ပြောင်းပေးပါ

-OPPO ဖုန်းများ ယူနီကုဒ်ပြောင်းလဲနည်း
Color OS 6 ရရှိနေသော model များ Language - English တွင် Unicode စံ Font ပေါ်စေရန် Settings ချိန်ပုံ

(a) Settings – Language & Region – Region – Myanmar

(b) Settings – Language & Region – Language – English

(c) Settings – Language & Region – Character Encoding – Unicode
ကျန် Model များအားလုံးတွင် Unicode အသုံးပြုလိုပါက Settings – Language & Region – Language - ဗမာ(Unicode) ကိုရွေးချယ်၍ အသုံးပြုနိုင်ပါသည်။

-SAMSUNG ဖုန်းများ ယူနီကုဒ်ပြောင်းလဲနည်း
Setting >> General Management >> Language & Input >> English (Zawgyi) ကို Remove လုပ်ပြီး >> Add Language ကနေ English (United State) ကိုရွေးပါ။

-XIAOMI ဖုန်းများ ယူနီကုဒ်ပြောင်းလဲနည်း
Setting >> Display >> Font >> Mi Latting >> ရွေးပြီး Apply နှိပ်ပေးပါ
Setting >> Theme မှတဆင့် Find more နှိပ်၍ ညာဘက်အောက်ခြေရှိ လူပုံ (My Page) >> Font >> Mi Lanting (Default) ထားပေးပါ

- iOS 13 အောက် ဖုန်းများအတွက် Setting – General – Profile ထဲက Zawgyi Font Profile Link ကို Remove လုပ်ပါ။
-MyFont App ထဲမှ Pyaung font ကိုရယူထည့်သွင်းပါ။ (MyFont မတွေ့ပါက App store ထဲကဖြစ် Internet browser ထဲကနေဖြစ်စေ ရှာပါ)
iOS 13 ဖုန်းများအတွတ်Setting – General – Language & Region – Preferred Language Order အောက်ဘက်က မြန်မာစာ ( Burmese ) ထဲဝင်ပါ Standard ( Recommended ) ကို ရွေးပေးလိုက်ပါ။

-မည်သည့်ဖုန်းမဆို ယူနီကုဒ်အထောက်အပံ့ပြုသည့် ဖုန်းတွင်းရိုက်ရသည့်ကီးဘုတ်တစ်မျိုးမျိုးကိုထည့်သွင်းအသုံးပြုရပါမည်။
Voice Typing များအသုံးပြုလိုပါက Gboard ကို သုံးပါ။ ဖောင့်များအလွယ်တကူပြောင်းလိုပါက Bagan keyboard ကိုသုံးပါ။ iOS များတွင် ttKeyboard ကိုသုံးနိုင်ပါသည်။ (ttKeyboard ကို Setting ထဲမတွေ့ပါက App store ထဲကနေရှာယူပါ)
(အချို့စာသားများကို Myanmar Unicode Migration ထဲမှ ရယူထားပါသည်)
Credit

3 Jul 2019

Display အလုပ်မလုပ်သော ပြဿနာဖြေရှင်းနည်းများ


Windows 10 Update အသုံးပြုတဲ့ ကွန်ပျူတာတွေမှာ
ပြဿနာတစ်ခုခုကြောင့် Desktop Screen Display က
ဘာမှလုပ်လို့ မရပဲဖြစ်သွားတတ်ပါတယ်။ Start Menu ကို
နှိပ်လည်းမရ၊ Background ပုံပြောင်းချင်သော်လည်း ပြောင်း
မရ၊ Search Box ခေါ်သော်လည်းခေါ်မရစသည့် ပြဿနာများ
ဖြစ်တတ်ပါတယ်။ အောက်ဖော်ပြပါအချက်တွေကို တစ်ဆင့်ချင်း
လုပ်ကြည့်လိုက်ရင် တစ်ချို့ စက်တွေက ပြန်ရသွားတတ်ပါတယ်။

1. Explorer ကို Restart လုပ်ကြည့်ပါ။ Task bar ပေါ် Right Click
နှိပ်၊ Task Manager ကိုနှိပ်ဖွင့်ပါ။ Task bar လည်း အလုပ်မလုပ်
တော့ရင် Ctrl+Shift+ESC ကီး၊ သို့မဟုတ် Ctrl+Alt+Del ကီးကို
တစ်ပြိုင်တည်းတဲ့နှိပ်ပြီး Task Manager ကိုဖွင့်ပါ။ Run box ခေါ်လို့
ရသေးရင် Run box မှာ taskmgr ကို ရိုက်ထည့်ပြီးTaskManagerကို
ဖွင့်ပါ။ Task Manager ရဲ့ Process အောက်မှာ WindowsExploreကို
ရှာ၊ Right Click နှိပ်ပြီး Restart ကို နှိပ်ပေးလိုက်ပါ။ Restart လုပ်တာ
မရဘူးဆိုရင် ဒုတိယနည်းနဲ့ ပြန်စမ်းကြည့်ပါ။

2. Settings ထဲကိုဝင်ခွင့်ရှိသေးရင် Windows Key နဲ့ I ကို တွဲနှိပ်ပြီး
Settings ထဲကိုဝင်၊ All Settings\Update & Security\Troubleshoot
ထဲကိုဝင်သွားပြီး Find & Fix other Problems အောက်မှာ တစ်ခုစီးကို
ရွေးပြီး Run the troubleshooter ကိုနှိပ် Run ကြည့်လိုက်ပါ။ (Win 10
Update တွေမှာမှ ပါဝင်ပါတယ်။) Settings ထဲဝင်လို့ မရတော့ဘူးဆိုရင်
Run box မှာ control ကို ရိုက်ထည့်ပြီး Troubleshooting ထဲက တစ်ခု
ချင်းစီကို Run ကြည့်ပါ။ Windows က သူ့ အလိုလိုဖြေရှင်းနိုင်ရင် ဖြေရှင်း
ပေးသွားပါလိမ့်မယ်။ မဖြေရှင်းနိုင်ဘူးဆိုရင် တတိယနည်းနဲ့ ပြန်စမ်းကြည့်ပါ။

3.Microsoft Troubleshooter ကို ဖြေရှင်းဖို့ Troubleshooter Tool ကို
http://aka.ms/diag_settings ဒီ Link မှာ ဝင်ဒေါင်းလုဒ်ဆွဲပြီး
Run ကြည့်လိုက်ပါ။ ဒီ Start Menu Tool က ဖြေရှင်းနိုင်တာတွေ
ဖြေရှင်းပေးပါလိမ့်မယ်။ မဖြေရှင်းမပေးနိုင်သေးဘူးဆိုရင် စတုတ္ထ
နည်းကို စမ်းကြည့်ပါ။

4. Cmd သို့ မဟုတ် Powershell ကို Run As Admin နဲ့  ဖွင့်လိုက်ပါ။ 
Shortcut Key တွေနဲ့ ဖွင့်မရရင် C:\Windows\System32 မှာဝင်ဖွင့်ပါ။
Prompt မှာ System File တွေကို အရင်စစ်ဆေးဖို့ sfc /scannow ကို
ရိုက်ထည့်ပြီး ပြီးတဲ့အထိစောင့်ပါ။ ဘာပြဿနာမှ မပေါ်ရင် အရင်ကောင်း
ခဲ့တဲ့ System ကို Restore Point လုပ်ထားတာရှိရင် ပြန် Restore လုပ်ဖို့ 

Dism /online /Cleanup-Image /StartComponentCleanup
Dism /Online /Cleanup-Image /ScanHealth
Dism /online /cleanup-image /restorehealth ကို တစ်ကြောင်းပြီး
တစ်ကြောင်း ရိုက်ထည့်ပြီး Enter နှိပ်ပါ။ ပြီးသွားရင် rstrui.exe ကို 
ရိုက်ထည့်ပြီး စောင့်နေလိုက်ပါ။ စက် Restart ကျသွားပြီး ပြန်တက်လာရင် 
System Restore လုပ်တာကို ထပ်စောင့်ပါ။ပြီးသွားလို့  Successful ပြလာရင်
နဂိုအတိုင်း ပြန်ကောင်းသွားပါမယ်။ မရသေးရင် ပဉ္စမနည်းကို ဆက်ကြည့်ပါ။

5.Cmd သို့ မဟုတ် Powershell ကို Run As Admin နဲ့  ဖွင့်လိုက်ပါ။
Prompt မှာ အောက်မှာပေးထားတဲ့ Code တွေကို တစ်ကြောင်းချင်းစီ 
ရိုက်ထည့်ပြီး Enter နှိပ်ပါ။ မရသေးဘူးဆိုရင် ခြောက်ခုမြောက်နည်းနဲ့ 
ပြန်စမ်းကြည့်ပါ။

Get-AppXPackage -AllUsers | Foreach {Add-AppxPackage -DisableDevelopmentMode -Register "$($_.InstallLocation)\AppXManifest.xml"­}
Get-AppxPackage | % { Add-AppxPackage -DisableDevelopmentMode -Register "$($_.InstallLocation)\AppxManifest.xml" -verbose }
6. User Account အသစ်ဆောက်ပြီး သုံးလိုက်ပါ။ Control Panel\
User Account ကိုဝင်လို့ မရတော့ရင် Run box မှာ netplwiz သို့ မဟုတ် 
control userpasswords2 ကို ရိုက်ထည့်ပြီး User Account အသစ် 
ဆောက်လိုက်ပါ။ Run box လည်း ခေါ်မရရင် System32 အောက်မှာ
ရှာဖွင့်ပါ။ အဲ့ဒီမှာ အကုန်ရှိပါတယ်။ Task Manager နဲ့ ဖွင့်မလား၊
Cmd,Run စသည်ဖြင့် ကိုယ်အသုံးပြုတတ်ရင် ကြိုက်တဲ့ဟာနဲ့ 
ခေါ်သုံးလို့ ရတယ်။ Cmd နဲ့ User account ဆောက်ချင်တော့

net user (username) (password) /add
net localgroup administrators (username) /add
ကို တစ်ကြောင်းချင်း ရိုက်ထည့်ပေးပါ။ Username နဲ့ Password မှာ 
ပေးချင်တဲ့ username, password ပေးပါ။ ( ) ကွင်းစ၊ပိတ်မပါဘူး။
ဥပမာ- net user Netcomplus 123884 /add လို့ ရိုက်ထည့်ပေးပါ။
ပြီးသွားရင် စက်ကို Restart ချပြီး အပေါ်မှာပေးခဲ့တဲ့ User Account,
Password နဲ့ ဝင်ကြည့်လိုက်ပါ။ User Account အသစ်နဲ့ မရသေးရင်
နောက်ဆုံးတစ်နည်း အသေချာဆုံးနည်းတစ်နည်နဲ့ လုပ်လိုက်ပါ။

7. အပေါ်မှာဖော်ခဲ့တဲ့နည်းတွေနဲ့ လုံးဝကို မရသေးဘူး၊ ရေးဖို့ ကျန်ခဲ့တဲ့
တစ်ခြားနည်းတွေနဲ့ လည်း မရဘူးဆိုရင် စက်ကို Update လုပ်၊သို့မဟုတ်
Windows သာ အသစ်ပြန်တင်လိုက်ပါ။ လုံးဝပြန်ကောင်းသွားမယ်။ 
မိမိကွန်ပျူတာမှာ တစ်ခြားပြဿနာတွေရှိခဲ့ရင်လည်း အပေါ်မှာ
ဖော်ပြခဲ့တဲ့ နည်းတွေနဲ့ စမ်းကြည့်နိုင်ပါတယ်။အောက်ကပုံလေးတွေ ဆက်လက်ကြည့်လိုက်ပါနော်



အားလုံ့းပဲအဆင်ပြေကြပါစေဗျာ

Credit

25 Jun 2019

Khine master apk နဲ့စာတမ်းထိုးနည်း







အားလုံးမင်္ဂလာပါခင်ဗျ
ကျွန်တော့်ရဲYoutube Channel ကို
Subrice
လုပ်ထားခြင်းဖြင့်ကျွန်တော်တင်ဆက်လျှက်ရှိသောအကြောင်းအရာများအားသိရှိလေ့လာနိုင်ပါမယ်
ကျေးဇူးတင်ပါတယ် ခင်ဗျ

22 Jun 2019

WinUtilities Professional Edition Tool





 PCအသုံးပြုသူများအတွက်
computerရဲ့စွမ်းဆောင်ရည်ကိုမြှင့်တင်နိုင်တဲ့Toolများစွာပါဝင်တဲ့ 
WinUtilities Professional Editionဆိုတဲ Softwareလေးကိုတင်ပေးမှာဖြစ်ပါတယ်

computerမှာမိမိတို့ မှားဖြတ်မိထားတာတွေကို ပြန်လှန်ဖော်လိုရတယ်နော်
registryကိုနှိပ်ပြီးspeedupအမြဲဖြစ်စေဖို့  စက်ကို နေ့ စဉ် errorဖြစ်နေသောစက်
လေးကွေးနေသောစက် -စသည်များကို ရှင်းလင်းရေးလုပ်ဆောင်ပေးပါတယ်
Windows executable file များကိုလည်းလုံခြုံတဲ့ password နဲ့ကာကွယ်ပေးပါတယ်

Review
WinUtilities PRO is an award-winning selection of professional tools to optimize and speed up a computer's system performance. This suite contains utilities to clean registry, temporary files on user disks, erase application and internet browser history, cache and cookies. It also supports to defragment user disk drives and improve computer performance and stability. Built-in StartUp Cleaner allows a user to control startup programs that load automatically with Windows, find duplicate files, fix broken shortcuts and uninstall unneeded software. Other features include secure file deletion, recycle bin shredding, system maintenance tasks scheduling and undelete deleted files.

WinUtilities PRO is a system tweaking suite that includes more than 20 tools to improve and tweak user PC’s performance. It offers an attractive and easy to use interface that organizes all tasks into categories and provides graphical statistics whenever possible. It is a simple registry, and disk cleaner that gives user right performance boost by combining a set of various must-have tools. The tools include Junk File Cleaner, Registry Cleaner, Memory Optimizer, System Information, Registry Backup, File Encryption, Safe Uninstaller, Duplicate File Finder, File Shredder and much more. WinUtilities also includes an Internet Tracks Eraser with Cookie Manager and Secure Deletion. Overall, a great bundle that offers a wide range of system tools with extra benefits which are not easy to find.

WinUtilities is the top 5 downloaded software in Maintenance & Optimization category and has over 10 million users worldwide.

System requirements:
OS: Windows XP, Vista, Win7, Win8/8.1, Win10 and later versions (both 32 & 64-bit);
WinUtilities for Windows XP (version 15.00);
WinUtilities for Windows 95/98/Me/2000 (version 5.27).

Install notes:
1. Use given a Serial key to register license;
2. Enjoy!

‌ဒေါင်းရန်..

7 Jun 2019

InternetDownloadManager(IDM)နောက်ဆုံးထွက်

IDM Full Crack ( No Need Patch)
Crack ဖိုင်တွေမလိုတဲ့  Version လေး အသစ်ထွက်လာလို့ ထပ်တင်ပေးလိုက်တယ် သုံးကြည့်ပါ။ Install တင်ပြီးရင် တန်းသုံး နိုင်ပါတယ်နော်

အောက်ကလင့်မှာဒေါင်းယူနိုင်ပါတယ်နော်

ဒေါင်းရန်နှိပ်ပါ

3 Jun 2019

Computer မှာ USB ကြိုးကနေ Virus မဝင်အောင် ကြိုတင် ကာကွယ်နည်

Computer မှာ USB ကြိုးကနေ Virus မဝင်အောင် ကြိုတင် ကာကွယ်နည်းလေးတင်ပြပေးလိုက်ပါတယ်

Computer က လိုချင်တဲ့ file တေကို 
တစ်ခုနဲ့ တစ်ခု ကူးကြတဲ့ အခါမှာ USB
ကြိုးတေကို အသုံးများကြပါတယ်..
အဲ့ လိုအခါမှာ ကူးတဲ့ device က virus ပါတတ်ပါတယ်...
USB ကြိုးနဲ့  Computer ကို ချိတ်လိုက်တာနဲ့ Virus က computer ထဲကို တန်းပီး ဝင်ပါတယ်....
အဲ့လို virus အလွယ်တကူ မဝင်နိုင်အောင်
Computer မှာ "Turn Off Autoplay"
ကိုEnabledလုပ်ပီး ကြိုတင် ကာကွယ်ထားနိုင်ပါတယ်.....
ပထမဆုံး Run box ကို Windows +Rနဲ့ ခေါ်ပါ...
ပီးရင် box ထဲမှာ gpedit.msc လို့ ရိုက်ထည့်ပါ...နောက်ပီး Enter ခေါက်ပါ..
File တေ ကျလာမှာပါ..
File တေထဲက Administrative Templates ကို နှိပ်ပါ...ပီးရင်
All Settings ကိုရွေးပေးပါ....
file တေကျလာမှာပါ..
Turn Off Autoplay ဆိုတာကို ရှာပါ
((ရှာတာလွယ်ချင်ရင် keyboard က T ကို နှိပ်လိုက် ပါ...
T နဲ့ စတဲ့ file တေပဲ ကျလာမှာ...))
Turn Off Autoplay ကို တွေ့ ရင်
နှိပ်လိုက် ပါ...
ပီးရင် Enabled ကို ရွေးပေး လိုက်ပါ...
အကုန်ပီးရင် Computer ကို restart
ချပေးပါ......အဲ့ဒါဆို computer မှာ virus အလွယ်တကူ မဝင်နိုင်တော့ပါဘူး.....

အဆင်ပြေပါစေ

#Crd#

2 Jun 2019

Canon LBP 6000 Original Driver


Canon LBP 6000 Original Driverလေးတင်ပေးလိုက်ပါတယ်
*********************************

Printer                  -       Laser Printer
Output Quality     -       B/W
Resolution           -        600 × 600 dpi
Port                      -        USB 2.0
Paper Size           -       A4 (8.25 in x 11.7 in), A5 (5.83 in x 8.25 in), B5 (6.93 in x 9.83 in), Executive (7.25 in x 10.5 in), Legal (8.5 in x 14 in), Letter A Size (8.5 in x 11 in)


File Name   -     Canon LBP 6000
File Type     -      iso
File Size      -     268 MB


အဆင်ပြေပါစေဗျာ
Credit

Windows 10 ကွန်ပျူတာမှာမြန်မာစာတိကျမှန်စွာ ထည့်နည်း


Windows 10 ကွန်ပျူတာမှာမြန်မာစာတိကျမှန်စွာ

ထည့်နည်း တင်ပြပေးလိုက်ပါတယ်

အခု ဒီနည်းကိုတော့ windows 10 မှာမြန်မာစာ

မှန်ဖို့ 100% အာမခံပါတယ် နောက်တစ်ခုက

ကွန်ပျူတာနဲ့ မဒေါင်းချင်ရင် ဖုန်းနဲ့ ကျွန်တော်ပေးထား

တဲ့ link ကို ဒေါင်းနိုင်ပါတယ်  ပြီးရင်တော့ ကွန်ပျူတာ

ထဲ ပြန်ကူးထည့်ပြီး install လုပ်ရုံပါပဲ

Windows 10 ကွန်ပျူတာမှာ မြန်မာစာမမှန်တဲ့

လူတွေအတွက်တော့ အကောင်းဆုံးနည်းပါ

အခက်အခဲ လုံးဝရှိမှာ မဟုတ်

ပါဘူး 



 👉windows 10 မှာမြန်မာစာမှန်ဖို့ အကောင်းဆုံးနည်းလမ်း👈

👎👎👎👎👎👎👎👎👎👎👎👎

Windows  Myanmar font

arial zawgyi ttfont

https://my.pcloud.com/publink/show?code=XZ37sMZse6S1clh9QYR19iqd2S3szAEIyQX

Smart zawgyi pro font

https://my.pcloud.com/publink/show?code=XZ0XsMZCfugKbqArHXYd951AjQGOB8H6a37

Zawgyi One
www.mediafire.com/?c572e6bfvi137x8

Zawgyi keyboard

https://code.google.com/archive/p/dsgff/downloads


Creditပေးပါတယ်

Myanmar Typing Software

မြန်မာစာရိုက်တာလေ့ကျင့်လိုသူများအတွက်

Myanmar Typing Software

လေးတင်ပေးလိုက်ပါတယ်နော် LinkမှာDownloadလုပ်နိုင်ပါပြီနော်
Download Link

Download 
Upload By - Aung Thu Myint

30 May 2019

ကွန်ပျူတာမှာမြန်မာစာမြင်ရအောင်မှန်အောင်လုပ်နည်း(Window7)

ပုံလေးတွေထဲကအတိုင်းလိုက်လုပ်ပါနေယ်အဆင်ပြေသွားပါလိမ့်မယ်ဇော်ဂျီဖောင့်ကိုအင်စတောတင်ထားဖို့လိုပါတယ်နော် အဆင်ပြေပါစေနော်....





21 May 2019

Modelအလိုက်Skynet Firmware (Bin File) များ



Credit,SN DTH

လူကြီးမင်းတို့၏ စက်များကို USB ဖြင့် Upgrade ပြုလုပ်နိုင်ရန် အောက်ပါ Linkများ တွင် Download ပြုလုပ်နိုင်ပြီဖြစ်ပါသည်။

USB အတွင်းတွင် Folder တည်ဆောက်ပေးရန်မလိုပါ။ Download ပြုလုပ်ပြီး USB အတွင်းသို့ ကူးယူ၍ Update ပြုလုပ်နိုင်ပြီဖြစ်ပါသည်။
(မှတ်ချက်၊ ၊ HD နှင့် SD file မတူပါ။ USB တစ်ခုအတွင်း အတူတကွထည့်သွင်းထားခြင်း မပြုပါနှင့် File နာမည်အားပြောင်းလည်းခြင်းမပြုပါ
ရန် မေတ္တာရပ်ခံအပ်ပါသည်။)
USB Update ပြုလုပ်ပုံ အဆင့်ဆင့်မှာ အောက်ဖော်ပြပါအတိုင်းဖြစ်ပါသည်။

၁. UPDATE ပြုလုပ်ပုံ USB စတစ်ကို စက်၏ နောက်တွင်တပ်ဆင်လိုက်ပါ (USB DETECT ပေါ်လာပါလိမ့်မည်)
၂. Remote မှ MENU ကိုနှိပ်ပါ။
၃. ထို့နောက် USB Menu သို့ ၀င်ပါ။
၎. USB Menu ထဲမှ USB Upgrade ကို ရွေးချယ်ပါ။

SET TOP BOX မှ အလိုလျောက် UPDATE ပြုလုပ်ပါလိမ့်မည်။ (မီးခလုတ်ပိတ်ခြင်းများကို မပြုလုပ်ပါနှင့်)

Firmware Links
(မိမိစက်အမျိုးအစားရွေးချယ်ဒေါင်းယူပါ)
---------------------------------------
NL-S7812(NL-HD)

KHDS-862 (New Device)

SD SN-8600 
(SN-8218 နှင့်ပုံစံဆင်တူသော်လည်း
နောက်တွင် HDMI အပေါက်မပါဝင်ပါ။)

HD SN-8218 (စက်၏မျက်နှာစာတွင်
1080p HDMI အမှတ်အသားပါရှိပါသည်။)
HD SN-8218 (အဟောင်း)
(စက်၏မျက်နှာစာတွင် 
1080p HDMI အမှတ်အသားပါရှိပါသည်။)

HD NL-S3601 (အနက်ရောင်)

SD NL-S3381 
(စက်၏ဘယ်ဘက်မျက်နှာစာ
ထောင့်တွင်ဖေါ်ပြထားပါသည်)

SD NL-S3560 102 Remote Control ငွေရောင် (စက်၏ ဘယ်ဘက်မျက်နှာစာထောင့်တွင် ဖေါ်ပြထားပါသည်။)
SD NL-S3560 101 Remote Control အမဲရောင် (စက်၏ ဘယ်ဘက်မျက်နှာစာထောင့်တွင် ဖေါ်ပြထားပါသည်။)
#CDUploader>>လင်းဇော်(မြွေကြည်ကုန်း)

19 May 2019

Reset,Refresh and Restoreအကြောင်း

Reset,Refresh,Restore အကြောင်းသိကောင်းစရာ 

Windows မတက်နိုင်တော့တဲ့ အခြေနေတွေမှာ Repair လုပ်တာ၊
Bootrec ကို Rebuild,Fix လုပ်တာတွေ မရတော့ဘူးဆိုရင် စက်ကို
Reset,Refresh,Restore လုပ်လိုက်ရင် ပြန်ရသွားတတ်ပါတယ်။
တစ်ချို့စက်တွေက လုံးဝ Reset လုပ်မရတာတွေလည်း ရှိပါတယ်။
Reset,Refresh,Restore က ဘာကွာခြားလဲ။ Reset ဆိုတာက 
Windows စတင်သလိုဖြစ်သွားပါမယ်။ Microsoft Store ကနေ
ဒေါင်းလုဒ်ဆွဲ Install လုပ်ထားတဲ့ Apps,Programs တွေ ပျက်သွား
ပါမယ်။ Settings တွေလည်း Windows Default အတိုင်းဖြစ်သွားမယ်။
Partition တွေမှာရှိတဲ့ User Data တွေ မပျက်သွားပါဘူး။ ဒါပေမယ့်
Windows OS ရှိတဲ့ C:\ တစ်ပိုင်းလုံး အသစ်လိုပြန်ဖြစ်သွားပါမယ်။
အဲ့ဒါကြောင့် C:\ အောက်မှာ Data တွေရှိရင် Repair Mode ကနေ
Cmd ကို ဝင်ပြီး Copy ကူး Backup လုပ်ထားဖို့လိုပါတယ်။ Command
Prompt ကနေ Backup Copy ကူးနည်းကို နောက်မှ ရေးတင်ပါမယ်။

Refresh ဆိုတာက သူလည်း Windows အသစ်ပြန်တင်သလိုပါပဲ။
Windows Version အနိမ့်တစ်ခုကနေ အမြင့် Version ကိုသုံးနေရက်
တန်းလန်းနဲ့ တိုက်ရိုက် Udpate လုပ်လိုက်တာလည်း Refresh လုပ်
တယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် တိုက်ရိုက် Windows Update 
လုပ်လိုက်သလို Apps,Settings တွေကိုတော့ Windows အဟောင်း
ထဲကလို သူ့နေရာတကျ မဖြစ်ပါဘူး။ အသစ် Apps,Settings တွေ
ဖြစ်သွားပါမယ်။ Partition တွေမှာရှိတဲ့ Data တွေတော့မပျက်ပါဘူး။ 
Reset,Refresh လုပ်တဲ့အခါ Choose an Option မှာ Apps,Settings,
Personal Files တွေကို သိမ်းထားမလား၊ အကုန် Remove လုပ်မလား
ဆိုပြီး မေးပါလာလိမ့်မယ်။ ကြိက်တာတစ်ခုရွေးထားနိုင်ပါတယ်။

Restore ဆိုတာ ကွန်ပျူတာပြဿနာမဖြစ်ခင် Windows တက်နေတဲ့
အချိန်မှာ Recovery Image လုပ်ထားရင် ပြန်ပြီး ဆယ်ယူနိုင်ပါတယ်။
Recovery Image လုပ်နည်း ရေးတင်ထားပြီးသားရှိပါတယ်။ သူကတော့
ကွန်ပျူတာပြဿနာမဖြစ်ခင်အထိ Recovery Image လုပ်ထားရင် လုပ်
ထားတဲ့အထိပဲ Recover လုပ်နိုင်ပါတယ်။ ဥပမာဆိုပါစို့။ Recovery က
မနေ့က နောက်ဆုံးလုပ်ထားတယ်ဆိုရင် စက်က ဒီနေ့မှာ ပျက်သွားတယ်။
Recovery Image နဲ့ Restore လုပ်လိုက်ရင် မနေ့ကအထိပဲ ပြန်ရသွား
ပါမယ်။ မနေ့ကနဲ့ စက်မပျက်ခင်အထိ ကြားထဲမှာ Install လုပ်ခဲ့တာ၊
Settings တွေ ပြင်ဆင်ခဲ့တာတွေတော့ ပျက်သွားပါမယ်။

Reset,Refresh ဘယ်လိုလုပ်ရမလဲ။ Windows ခွေနဲ့ Boot တက်၊ 
Install မလုပ်ပဲ Repair ကိုနှိပ်ဝင်၊Troubleshoot ထဲကိုဝင်သွားပြီးရင်
Reset,Refresh ကြိုက်တာတစ်ခုလုပ်နိုင်ပါတယ်။ Restore လုပ်ချင်ရင်
Troubleshoot\Advanced Options အောက်မှာ လုပ်နိုင်ပါတယ်။
ကွန်ပျူတာသုံးလို့ရနေတဲ့အချိန်မှာ Reset,Refresh လုပ်ချင်ရင် 
All Settings\Update&Security\Recovery ထဲဝင်ပြီးလုပ်နိုင်ပါတယ်။

Credit-NetComplus

Write-Protected ကိုဖြုတ်နိုင်မယ့်နည်းလမ်း(၂)ခု



(1) Run box မှာ regedit ကိုရိုက်ထည့်ပါ။ 

HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control 
အောက်အထိ တစ်ဆင့်ချင်းဝင်သွားပါ။ Control ကိုဖြေချလိုက်ရင် S နဲ့ 
စတဲ့နေရာအထိဆင်းသွားပါ။ အဲဒီမှာ Storage Device Policies ကိုရှာပါ။ 
မတွေ့ ရင် အပေါ်က Control ကိုပြန်သွားပြီး Control အပေါ်မှာ right click 
နှိပ်၊ New>Key ကိုနှိပ်၊ New Key ကို StorageDevicePolicies လို့ ပေးပါ။ 
အဲ့ဒီ StorageDevicePolicies ရဲ့ ညာဘက်ခြမ်းက အလွတ်ဖြစ်နေတဲ့နေရာမှာ 
Right click နှိပ်။ New စက်က 32 bit or 64 bit လားရွေးပါ။ 32 bit ဖြစ်တဲ့ 
DWORD ကိုရွေးကြပါတယ်။ တစ်ခုကိုရွေးပြီး WriteProtect လို့ ရေးပါ။ 
WriteProtect ကို right click နှိပ်၊ Modify ကိုရွေးပြီး value data မှာ 0 လို့ 
ပေးပြီး Ok နှိပ်။ Registry ကိုပိတ်လိုက်ပါ။

(2) Command Prompt ကို admin နဲ့ ဖွင့်လိုက်ပါ။ 

Cmd မှာ diskpart လို့ ရိုက်ထည့်ပါ။ Diskpart> လို့ နောက် prompt တစ်ခု
ဖွင့်လာရင် list disk လို့ ရိုက်ထည့်ပါ။ အဲ့ဒီမှာ မိမိစက်မှာထည့်ထားတဲ့ Disk တွေ 
0,1,2,3 စသည်ဖြင့် အစဉ်လိုက်အကုန်မြင်ရမယ်။ ကျနော့်စက်မှာတော့ ဘာမှ
မထိုးထားလို့ Hdd တစ်ခုပဲတွေ့ ရမယ်။ အဲ့ဒီမှာ WriteProtect ဖြစ်နေတဲ့ disk ကို 
ရွေးပေးရမယ်။ Diskpart> ရဲ့  ဘေးမှာ select disk 0,1,2,3 စသည့်ဖြင့်ရေးပြီး WriteProtect ဖြစ်နေတဲ့တစ်ခုကိုရွေးပေးပါ။ ကျနော့်စက်မှာတော့ 0 တစ်ခုပဲရှိတာ
ဖြစ်တဲ့အတွက် select disk 0 လို့ ရွေးပေးလိုက်ပြီး Enter နှိပ်ပါ။ Disk 0 is now the selected disk လို့ ပေါ်လာရင် Diskpart> ရဲ့ ဘေးမှာ (attributes disk clear readonly ) ကို ကွင်းစကွင်းပိတ်မပါပဲ ကူးထည့်၊ Enter နှိပ်ပါ။ 
Disk attributes cleared successfully 
ပေါ်လာရင် Stick ကို ဖြုတ်၊ ပြန်ထည့်ပြီး သုံးနိုင်ပါပြီ။ USB Stick မှာ 
WriteProtect အပိတ်အဖွင့်လုပ်တဲ့ သော့ခလုပ် Switch လေးပါရင် 
အဲ့တာကို အပိတ်ဖွင့်လုပ်လိုက်ပါ။ တစ်ခြားနည်းလမ်းတွေလည်း ကျန်ပါသေးတယ်။ 
ကွန်ပျူတာစလေ့လာတုန်းက ရေးထားတဲ့ပို့ စ်ကို ပြန် Edit လုပ်ထားပါတယ်။လုပ်ထားပါတယ်။
ပုံလေးတွေဆက်ကြည့်လိုက်ပါနော်











Credit-NetComplus


18 May 2019

ကွန်ပျူတာလေးနေရင်ဖြေရှင်းနည်း


ကွန်ပျူတာဟန်းနေရင် ဘယ်လိုဖြေရှင်းရမလဲ

ကွန်ပျူတာအသုံးပြုသူတိုင်း နေ့ တိုင်းကြုံတွေ့ ရမယ့် 
ပြဿနာတစ်ခုက စက်ဟန်းနေခြင်းဖြစ်ပါတယ်။ Temp 
file, Old files တွေကို ရှင်းလင်းပေးပြီး စက်ကို Restart 
ချလိုက်ရင် ပြန်ကောင်းသွားတတ်ပေမယ့် တစ်ခါတစ်လေ
မှာတော့ Not Responding ဖြစ်နေရင်း စက်က Busy ဖြစ် 
အပြာရောင်အဝိုင်းလေးလည်နေတာ နာရီဝက်၊တစ်နာရီလောက်
ထိ ကြာနေတတ်ပါတယ်။ အဲ့လောက်ထိကြာနေတာတောင် 
စက်က အဆင်မပြေသေးဘူးဆိုရင် စက်ကို ဘာ program 
တွေမှ မပိတ်လိုက် တိုက်ရိုက် Shutdown ချတတ်ကြပါတယ်။ 

အဲ့ဒီမှာ မ Save ရသေးတဲ့ Program, Files တွေက 
အကုန်လစ်သွားမှာပါ။ မိမိကွန်ပျူတာက ဟန်းတော့မယ့်
အခြေနေဖြစ်မဖြစ် ဘယ်လိုသိနိုင်မလဲ။ စက်က i3, 6 Gen(U),
RAM က 4 GB လောက်ပဲရှိတာကို Browser မှာ Tab တွေ 
အများကြီးဖွင့်ထားတယ်။ တစ်ခြား Programs တွေလည်း 
တစ်ပြိုင်တည်း သုံးနေတယ်။ Program အကြီးစား Photoshop 
တို့ Engineering Software တို့ စတာတွေလည်းသုံးနေတယ်။ 
ဂိမ်းလည်းဆော့နေတယ်ဆိုရင် သေချာပေါက် စက်ဟန်းမှာပါ။ 
တစ်ချို့ စက်တွေမှာတော့ ဘာ program မှ မသုံးပဲလည်း စက်က 
Auto ဟန်းနေပြီးသား။ Desktop အပေါ်မှာ Run နေတဲ့ 
program တွေ မတွေ့ ရပေမယ့် နောက်ကွယ်မှာ Run နေတဲ့ 
program တွေ ရှိပါတယ်။ 

မိမိစက်ဟန်းတော့မယ်ဆိုရင် CPU က Overheat ဖြစ်ပြီး 
အရမ်းပူလာပါမယ်။ အသံတွေလည်း တစ်ရှဲရှဲမြည်လာပါလိမ့်မယ်။ 
Taskbar ကို Right click နှိပ်ပြီး Task Manager ထဲဝင်ကြည့်ပါ။ 
အဲ့မှာ Process, Performance အောက်မှာကြည့်ကြည့်ပါ။ CPU, 
RAM, Harddisk, Internet, GPU တွေ ဘယ်လောက်အသုံးပြုနေ
တာတွေ တွေ့ ရမှာပါ။ CPU, RAM, Harddisk တွေရဲ့ Usage က 
10%, 15%,20% လောက်ဆို ပုံမှန်အတိုင်းဖြစ်ပေမယ့် အဲ့ဒီထက်
ကျော်လွန်ပြီး CPU က 50% ထက်ကျော်နေမယ်၊ Memory က 
အပြည့်သုံးနေမယ်၊ HDD Usage ကလည်း 100% အပြည့်သုံး
နေပြီဆိုရင် မိမိစက်က ပုံမှန်မဟုတ်တော့ပါဘူး။ ဒီအတိုင်းပေကပ်ပြီး 
ဆက်သုံးနေရင်တော့ စက်ပျက်ဖို့ မဝေးတော့ပါဘူး။ အဲ့ဒီလို
မဖြစ်စေဖို့ ကြိုတင်လုပ်ဆောင်ထားသင့်တဲ့ နည်းလမ်းလေးတွေကို 
အောက်မှာ ဖော်ပြပေးသွားပါမယ်။

(1) Files အဟောင်းတွေ မလိုအပ်တဲ့ Files တွေ ရှင်းလင်းပါ။

ကျွန်တော်တို့  program တစ်ခုအသုံးပြုတိုင်း သုံးခဲ့သမျှ 
programs တွေရဲ့  Temp Files တွေ ကျွန်တော်တို့ မမြင်နိုင်တဲ့
နေရာမှာ ကျန်နေလေ့ရှိပါတယ်။ အဲ့ဒါတွေကို ရှင်းလင်းပေးရမယ်။ 
Windows Key နဲ့ R ကို တွဲနှိပ်ပါ။ Run box ပေါ်မှာ အောက်ပါ 
(recent, temp, %temp%, prefetch ) command တွေကို 
တစ်ခုချင်းစီ ရိုက်ထည့်ပြီး Files တွေကို Select all လုပ်ပြီး 
Shift Delete နဲ့ ဖျက်လိုက်ပါ။ ဖျက်လို့ မရတာတွေကို Skip 
လုပ်ပါ။ CCleaner နောက်ဆုံးဗားရှင်းကို Install လုပ်ပြီး ပုံမှန် 
Run လုပ်ပေးပါ။ တစ်လတစ်ခါလောက် Run box မှာ (cleanmgr) 
လို့ ရိုက်ထည့်ပြီး Disk Cleanup လုပ်ပါ။ Run box မှာ (dfrgui) 
ရိုက်ထည့်ပြီး Diskfragment လုပ်ပါ။

(2) Background Running Program မလိုအပ်တဲ့ 
Program တွေပိတ်ပါ။

မိမိစက်မှာ မလိုအပ်တဲ့ program တွေ Install လုပ်ထားခြင်း
ကလည်း မိမိ အသုံးမပြုပဲထားပေမယ့် နောက်ကွယ်မှာတော့ 
Run နေတတ်ပါတယ်။ Program and Features ထဲဝင်ပြီး 
မလိုအပ်တာတွေကို ဖြုတ်ပါ။ ကွန်ပျူတာရဲ့ Default App တွေ၊ 
Store ထဲက App တွေကိုတော့ program and Features ကနေ 
ဖြုတ်လို့ မရပါဘူး။ ဥပမာ- Notepad ကိုဖြုတ်ချင်တယ်ဆိုရင် သူ့ 
location ထဲမှာ uninstall.exe နဲ့ ဖြုတ်လို့ ရသလို့ Registry ထဲမှာ 
သွားဖျက်လည်းရတယ်။ Microsoft Trusted Store ထဲက App တွေကို 
ဥပမာ - Camera ဆိုပါတော့ သူကို ဖြုတ်ဖို့  All Settings\App 
အောက်က Apps & Features အောက်မှာ ဖြုတ်ချင်တဲ့ app တစ်ခုကို 
click တစ်ချက်နှိပ်ပြီး uninstall နှိပ်ပါ။ နောက်ထပ်ဖြုတ်ရမယ့် 
Background running program တွေဖြုတ်ပါ။ All Setting\ 
Privacy အောက်က Background Apps မှာ မလိုအပ်ရင် 
အကုန်သာ Off ထားလိုက်ပါ။ All Settings\App အောက်က 
Startup မှာလည်း အကုန်သာပိတ်ထားလိုက်ပါ။ Task Manager 
ကနေလည်း မလိုအပ်တဲ့ programs တွေကို End Task လုပ်လိုက်ပါ။ 
System တွေကိုတော့ မလုပ်မိစေနဲ့ နော်။ မိမိစက်မှာ CCleaner 
ထည့်ထားရင်တော့ အဲ့ဒီ Tool ကနေဖြုတ်လို့ ရတယ်။

(3) Anti-Virus Software တွေ အမြဲ Update လုပ်ထားပါ။

ကွန်ပျူတာမှာ ဘာမှမသုံးထားပဲ CPU Usage 100% ဖြစ်နေရင်
တော့ Virus ရှိလို့ လည်းဖြစ်နိုင်ပါတယ်။ အဲ့တော့ Virus Scanner 
တွေကို အမြဲ update လုပ်ထားပါ။ Windows Defender ကိုလည်း 
update ဖြစ်နေပါစေ။ ဖြစ်နိုင်ရင်နေ့ တိုင်း စက်ဖွင့်တိုင်း Virus Scan 
run ပေးပါ။ တစ်ချို့ Virus တွေက Virus scan ဆော့ဝဲလ်တွေ မသိတာ
တွေတောင်ရှိပါတယ်။ Windows 10 Defender ကတော့ တော်တော်
ကိုအဆင့်မြင့်ပါတယ်။

(4) မလိုအပ်တဲ့ Services တွေကို ပိတ်ထားပါ။

Windows Search ကလည်း မိမိမျက်စိနဲ့ မမြင်နိုင်ပေမယ့် 
နောက်ကွယ်မှာတော့ user ရှာတာ အလွယ်တကူ တွေ့ နိုင်စေဖို့ 
အလုပ်လုပ်နေရပါတယ်။ Search box ကနေတစ်ခုခု ရိုက်ရှာ
လိုက်ရင် မိမိရှာဖွေလိုက်တဲ့အရာနဲ့ ပတ်သက်တာတွေကို ရှိသမျှ
နေရာတွေထဲမှာ လိုက်ရှာနေရပါတယ်။ အဲ့တာကြောင့် Windows 
Search ကို ပိတ်ချင်ရင် Services ထဲကိုဝင်ပါ။ Run box မှာ 
(services.msc) ရိုက်ထည့်ပါ။ Windows Search ကိုရှာပြီး 
Automatic ဖြစ်နေတာကို Disable လုပ် Ok နှိပ်ပေးလိုက်ပါ။ 
CMD ကနေ ပိတ်မယ်ဆိုရင် cmd ကို admin နဲ့ run ပါ။ 

(net.exe stop “Windows Search”) လို့ ရိုက်ထည့်ပြီး Enter 
နှိပ်ပါ။ The Windows Search Service was stopped successfully လို့ 
ပြလာရင် ရပါပြီ။ Superfetch ကိုရှာပြီး Automatic ဖြစ်နေတာကို 
Disable လုပ် Ok နှိပ်ပေးလိုက်ပါ။ CMD ကနေ ပိတ်မယ်ဆိုရင် cmd ကို 
admin နဲ့ run ပါ။ (net.exe stop superfetch) လို့ ရိုက်ထည့်ပြီး Enter နှိပ်ပါ။ 
The Superfetch Service was stopped successfully လို့ ပြလာရင် ရပါပြီ။ 
Background Intelligent Transfer Service(BITS) ကိုရှာပြီး Automatic 
ဖြစ်နေတာကို Disable လုပ် Ok နှိပ်ပေးလိုက်ပါ။ မလိုအပ်တဲ့ဟာတွေ 
Running ဖြစ်နေတာကို အပေါ်ကနည်းအတိုင်းလုပ်ပါ။ 

System တွေကိုတော့ မလုပ်မိပါစေနဲ့ ။ Run box မှာ (msconfig)လို့ 
ရိုက်ထည့်ပြီး services tab အောက်ဆုံးမှာ Hide All Microsoft Services ကို 
အမှန်ခြစ်ခြစ်ပြီး ကျန်တာတွေကို Disable လုပ်လိုက်ရင်လည်းရပါတယ်။ 
အဲ့ဒီထဲက တစ်ခုခုကို ပြန်သုံးချင်ရင် Services မှာ disable လုပ်ထားတယ်။ 
သုံးချင်ရင် ပြန်ဖွင့်ပါလို့  message တက်လာပါမယ်။ 
ကိုယ်သုံးချင်တဲ့အချိန်မှ Enable လုပ်ပြီးသုံးပါ။

(5) RAM နည်းနေရင် Virtual RAM လုပ်ပြီးသုံးပါ။

Virtual RAM လုပ်နည်းကတော့ 

https://www.facebook.com/NetComputer/posts/327014301040720  
မှာတင်ခဲ့ပြီးပါပြီ။

(6) Power Options ကို High Performance ပြောင်းပါ။

ကွန်ပျူတာဘက်ထရီ power options က Windows ရဲ့  
default plan ဖြစ်နေရင် တစ်ချို့ ဘက်ထရီအားအရမ်းစားတဲ့ 
program တွေနဲ့ တွေ့ ရင် အဆင်မပြေနိုင်ပါဘူး။ အဲ့ဒီတော့ 
high performance ပြောင်းထားရမယ်။ ဘက်ထရီအကြောင်းကို 

https://www.facebook.com/NetComputer/posts/327655534309930 

 မှာ တင်ခဲ့ပြီးပါပြီ။ 

Control Panel\All Control Panel Items\Power Options\
Edit Plan Settings ထဲဝင်လိုက်ပါ။ အဲ့ဒီမှာ High Performance 
plan မရှိသေးရင် power options အောက်မှာ Create Power Plan မှာ 
High Performance plan ကို ရွေးပြီး Create လုပ်ပါ။ အခုမှ High 
Performance plan Create လုပ်တဲ့သူရော၊ ရှိပြီးသားသူတွေရော 
Change Advanced Power Setting ကို ဆက်နှိပ်ပါ။ အဲ့ဒီမှာ Balanced 
နေရာမှာ High Performance plan ကို ရွေးထားပေးပြီး 

https://www.facebook.com/NetComputer/posts/327655534309930  

ထဲက အတိုင်း တစ်ခုချင်းစီ သတ်မှတ်ပေးလိုက်ပါ။ ပြီးရင် 
Save Change လုပ်ဖို့ မမေ့ပါနဲ့ ။

(7) Disk Check လုပ်ပါ။

CMD ကို admin နဲ့ run ပါ။ (chkdsk.exe /f/r) ရိုက်ထည့်ပြီး Enter နှိပ်ပါ။ 
စက် Restart ချပြီးရင် check disk လုပ်မလုပ်(Y/N) မေးလာရင် (Y) လို့ 
ရိုက်ထည့်ပါ။ စက် Restart ချပြီးရင် check disk လုပ်ပါလိမ့်မယ်လို့ ပြလာပါလိမ့်မယ်။

(8) Flash Player တွေကို Uninstall လုပ်ပါ။

Browser Setting ထဲဝင်ပါ။ Chrome ဆိုရင် chrome://settings/content/flash?search=flash+ ထဲဝင်ပါ။ 
အဲ့ဒီမှာ block or ကြိုက်သလိုလုပ်နိုင်တယ်။

(9) Diagnostic Tracking ကို Disable လုပ်ထားပါ။

CMD ကို admin နဲ့ run ပါ။ (sc config “DiagTrack” start=disabled) လို့ 
ရိုက်ထည့်ပြီး enter နှိပ်ပါ။ Success ဖြစ်သွားရင် (sc stop “DiagTrack”) လို့  
ပြန်ရိုက်ထည့်ပါ။ The service has not been started ပေါ်လာရင် cmd ကို 
ပိတ်လို့ ရပါပြီ။

(10) RunFullMemoryDiagnostic Job ကို Disable လုပ်ပါ။ 

Control Panel\All Control Panel Items\Administrative Tools 
အောက်က Task Scheduler ကိုဖွင့်ပါ။ Task Scheduler library ကို
ချဲ့ လိုက်ပါ။ Microsoft\Windows\MemoryDiagnostic အောက်အထိ 
သွားပါ။ RunFullMemoryDiagnostic ကို Right click နှိပ်ပြီး 
Disable လုပ်ပေးလိုက်ပါ။ စက်ကို Restart ချပေးလိုက်ပါ။

Credit-NetComplus

တင်ထားသမျှ ခေါင်းစဉ်များ

2Step Verification (5) A+အကြောင်း (1) Activator (9) Adobe CS3 Master Collection (1) Adobe Premiere Pro CS6 အသုံးပြုနည် (1) Adobe Software (12) Android application (1987) Android Game (710) AndroidPhoneဆိုင်ရာ (4) Antivirus (1) Apowersoft ApowerEdit v1.4.7.22 Build 04042019 (1) AVAST! Cleanup Premium 2019 version 19.1 Build 7085 (1) Blog Slider (8) Blogger Button (5) Blogger Comment (17) Blogger Ebooks (1) Blogger Hack (54) Blogger Loading Style (6) Blogger Mouse (1) Blogger Template (44) Blogger Tips (77) Blogger Widget (152) Blogs Html (63) Blogs Post (86) Blogs Tab Menu (53) Blogဆိုင်ရာ (1) Bowser ဆိုင်ရာ (21) Brothers in Arms® 3 v1.4.7c Mod Data [Unlimited Money] (1) Buddha မြန်မာစာတန်းထိုး (53) Burning Software (34) Burning Tools (47) C-Box (10) Canon LBP 6000 Original Driver (1) Canon LBP 6030 Original Driver & Installation Guide (1) CCleaner 5.56.7144 (Business / Professional / Technician) Multilingual Portable (1) CD/DVD ဆိုင်ရာများ (30) Cleanner-Speed (68) Computer Autoplay ပိတ်ထားနည်း (1) Computer Partationခွဲနည်း (1) Computer ဆိုင်ရာ (189) Computerဆိုင်ရာ (33) Converter (73) Desing Card (10) Display အလုပ်မလုပ်သော ပြဿနာဖြေရှင်းနည်းများ (1) Domain (3) Download Manager (42) Drive SnapShot v1.46.0.18213 (1) Driver Software (46) DVD-Cloner Platinum 2019 v16.30 Build 1446 [x86/x64] (1) DVDFab v11.0.2.4 [x86/x64] (1) Easy Translator version 14.0.0 (1) Ebooks (405) Errorဖြေရှင်းနည်း (1) Eset Smart Security 12.1.34.0 (x86/x64) (1) Facebook (152) Folder Lock (17) Fonts များစုစည်းမှု (6) Foxit PhantomPDF (1) Game (47) Game PC (32) Glary Utilities PRO version 5.117.0.142 (1) Gmail-Gtalk (70) GoogleChome &InternetDownloadmananger (1) Hacking (81) How To Download (6) Html (51) Internet Download Manager (18) InternetDownloadmananger(IDM) (1) IP Hider Software (6) Java Script (11) KhineMaster (1) KMS/2038 & Digital & Online Activation Suite v6.9 (1) MAGIX SOUND FORGE Pro 13 v.13.0.0 Build 46 (1) Marquee Technique (14) Media Player (31) MI Play store Apk (1) Microsoft Office (21) Mobile Legends Bang Bang Installer .exe Pc Version (1) Motors ( မော်တာများ )အကြောင်း (1) Movie (95) My Pdf (35) Myanmar Font (9) Myanmar Typing Software (1) MZW Solftware (1) NetGuide Journal (63) Network Software (7) New Blogs (15) Notကာကွယ်ခြင်းနည်း (1) ONEKEY PDF Convert to Word 4.0 REPACK (1) Partition Software (7) Password Recovery Software (1) paypal နှင့် ဆိုင်သော (5) PC GAMES (17) PC recovery (13) PC Software (203) PC Speed Up (32) PC-Clean Software (73) PDF (4) PDF Editor (10) Photo Editor Software (65) PHOTO SHOP (သင်တန်း)သီးသန့် (44) Photo Slideshow (12) photoshop background အလန်းများ (6) photoshop PNG ဖိုင်များရှာရန် (14) Photoshop Software (36) Photoshop ဆိုင်ရာ (51) Player (8) PrinterDriver (2) Programming (16) Pyidaungsu font (1) Read More (9) Recent Posts Widget (23) Recover Software (46) Recovery (33) Refresh and Restoreအကြောင်း (1) Reset (1) SAMSUNG One UI ဖုန်းတွေအတွက် မြန်မာဖောင့် (1) Screen Video Recorder (37) Search Box (6) Security Software (36) Sidebar Widget (71) SkyNet လိုင်းအသစ်ထည့်နည်း (1) SkynetBinfile (1) Slideshow Movie Maker (7) Social Widget (19) SOFTWARE (588) Software For Blogs (17) Software များအသုံးပြုနည်း (2) Softwares တွေအတွက် Serial no (or) Key တောင်းလျှင် ဖြေရှင်းနည်း (1) Speed Up Internet (13) TeamViewer version 14.2.2558.0 (Repack & Portable) (1) TTA Pie Myanmar (1) Unicode ေ​ြေပာင်းနည်း (1) Uninstaller Software (25) Upload (6) USB ဖြင့်ဝင်းဒိုးတင်နည်း (4) USB ကြိုးကနေ Virus မဝင်အောင် ကြိုတင် ကာကွယ်နည်း (1) Usb-Memory (19) Video Converter (29) Video Editing (76) Video Editor (1) Video Recorder (12) Virus ဆိုင်ရာ (86) WannaCry Ransomware ၏ အန္တရာယ် အကြောင်းနှင့် ကာကွယ်နည်း (1) Web Design ရေးဆွဲနည်း (5) Webcam Camera Software (11) Website ရေးနည်း (3) Wifi ဆိုင်ရာ (32) Win Update v1.4 (1) Window-10 ဆိုင်ရာ (2) Window-7 ဆိုင်ရာ (32) Window-xp ဆိုင်ရာ (2) window8ဆိုင်ရာ (19) Windows 10 Factory Reset ချနည်း (1) Windows 10 Backup & Restore လုပ်နည်း (1) Windows 10 ကွန်ပျူတာမှာမြန်မာစာတိကျမှန်စွာထည့်နည်း (1) Windows Activator (18) windows loader များ (10) Windows Manager Software (23) Windows Themes (24) Windows တင်နည်းများ (6) WinRAR 5.70 (Fully) (1) WinRar Full Version (12) WinRAR V3.80 Beta Version (1) WinToBootic နှင့် USB ထဲ Install လုပ်နည်း (7) WinUtilities Professional Edition Tool (1) Wordpress Tips (3) Write-Protected ကို ဖြုတ်နိုင်မယ့်နည်းနှစ်သွယ် (1) Zawgyi နဲ့ Unocode ဘာကွာလဲ (1) ကွန်ပျူတာ User Account Picture အကြောင်းများ (1) ကွန်ပျူတာဆိုင်ရာ (1) ကွန်ပျူတာပတ်ဝပ်ပြောင်းမရအောင်လုပ်နည်း (1) ကွန်ပျူတာရဲ့ Storage က HDD လား? SSD လား? စစ်ဆေးနည်းများ (1) ကွန်ပျူတာဟန်းနေရင်ဖြေရှင်းနည်း (1) ကျွနုပ်နှင့် ပရဟိတအလှူ (9) ကာမသိဒ္ဓိကျမ်း (1) ချက်နည်းပြုတ်နည်း (1) နည်းပညာဆိုင်ရာ (2) နည်းလမ်းများ (6) ပန်ကာပြုပြင်နည်း (1) ဖိုင်ဖြေနည်းများ (8) ဗဟုသုတ (6) ဗားရှင်းအသစ်ထွက်ရှိလာတဲ့ Facebook (နှင့်) Messenger (1) ဘာသာစကား ၉၁ မျိုးထိ ပါဝင်တဲ့ Easy Translator (1) ဘာသာရေးစာအုပ်များ (9) မိမိဆိုက်ကိုကော်ပီကူးမရအောင် ပိတ်ထားနည်း (1) ပြည်ထောင်စု ဖောင့် လက်ကွက် နှင့် စာရိုက်နည်း (1) မြန်မာစာမှန်အောင်လုပ်နည်း (1) မြန်မာဆိုတာ (1) ဝင်းဒိုးကို AOMEISoftware ဖြင့် Backup & Restore လုပ်နည်း (1) သင့် Laptop ကို မြန်ဆန်အောင်လုပ်ပေးမယ့် အချက် ၇ ချက (1) အင်တာဗျူးအစီစဉ် (2) အပျိုလမ်းညွှန် (1) အသံဇာတ်လမ်း (19) အခြေခံကွန်ပျူတာ Pdf (1) ဦးဇာနည်နည်းလမ်းများ (7) ဆော့ဝဲ ပြဿနာဖြေရှင်းနည်း (1) ကြော်ငြာ (13) ဟောပြောပွဲ (15)

မန်ဘာဝင်လို့အားပေးကြပါ