19 Oct 2013
Facebook ကဗွီဒီယို တွေကို ဖုန်းရောကွန်ပျူတာမှာ ဒေါင်းချင်သူများအတွက်
Facebook ကဗွီဒီယို တွေကို ဒေါင်းမရလို့ စိတ်ညစ်နေလား ........? ဖုန်းနှင့် ပဲဖြစ်စေ ကွန်ပျူတာနှင့် ပဲ ဖြစ်စေ အဆင်ပြေပြေ နဲ့ ဒေါင်းလို့ ရအောင်နည်းလမ်းလေးတစ်ခု ကိုပြန်လည်မျှဝေပေးချင်ပါတယ်။အားလုံးသိပ်အလုပ်ရှူပ်စရာမလိုပဲနှင့် ပေါ့ ပေါ့ ပါးပါးလေးပဲအောက်မှာလိုက်
လုပ်ကြည့် ပေးရုံပါပဲ။ကွန်ပျူတာအတွက်ရော android ဖုန်းတွေအတွက်ပါနည်းလမ်းကအတူတူပါပဲခင်ဗျာ
ကွန်ပျူတာနှင့် ဒေါင်းနည်း
------------------------------------------------
ကွန်ပျူတာနှင့် ဒေါင်းလုပ်ယူချင်သူများအတွက်ကတော့  အရင်ဆုံးမိမိဒေါင်းလုပ်ယူချင်တဲ့  facebook ကဗွီဒီယိုကိုဖွင့် လိုက်ပြီးအောက်ကပုံမှာပြထားတဲ့  url ကို copy ယူလိုက်ပါ။
ပြီးရင် အောက်က ဒီ www.downvids.ne link ကိုသွားလိုက်ပါ။ copy ယူလာတဲ့  url link ကို အောက်ကပုံထဲမှာပြထားတဲ့ နေရာလေးမှာ paste လုပ်ပေးပြီး မြှားပြထားတဲ့  download ဆိုတာကိုနိပ်ပါ။ပြီးရင်ဘောင်ခတ်ထားတဲ့ ကွင်းထဲက download this video  လင့် ကို နိပ်ပါ။
နောက်ထပ်page တစ်ခုကိုရောက်တဲ့ အခါမှာ မိမိဒေါင်းယူချင်တဲ့ ဗွီဒီယိုကို right click ထောက်ပြီး save page လုပ်ပြီးမိမိသိမ်းချင်တဲ့ နေရာမှာသိမ်းလိုက်ပါ။အဆင်ပြေသွားပါပြီ။
android ဖုန်းအတွက်
-----------------------------------------
android ဖုန်းသမားတွေအတွက်ကတော့  ဒီမှာ apk ကိုယူလိုက်ပါ။ပြီးရင်အပေါ်မှာပြောပြတဲ့ အတိုင်း လိုက်လုပ်ကြည့် ပေးပါခင်ဗျာ။
Download Videos - downvids.net - screenshot
Download Videos - downvids.net - screenshot
အသစ်တင်တိုင်း facebook ကနေစောင့် ဖတ်မယ်ဆိုရင်
ဒီမှာ like လုပ်ပေးပါ။
စိုင်းသူ
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************
ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ
စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ
Gloomy Dungeons Pro Halloween Apk v2013.10.17.1340 Android Games
ဒီနေ့မှ ထွက်တဲ့ သေနပ်ပစ်ဂိမ်း update လေးပါAndroid 2.2 နဲ့အထက် ကစားလို့ရတယ်
ကျနော်ကစားလိုက်တာတော့ ၂ ခန်းအောင်ပီးသွားပီ..ငိငိငိငိ
ဘာ Data မှမလိုဘူး Apk လေးပါပဲ ဖိုင်ဆိုဒ်ကလည်း 8.5 Mb ပဲရှိတယ်
ကစားမယ်ဆိုအောက်ကလင့်တွေမှာဝင်ယူသွားလိုက်ပါ
ကိုလတ်(ကျွဲဆင်း)
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************
ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ
စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ
Windows 8 နှင့် 8.1တို့အတွက် PC setting ကိုလွယ်လွယ်သွားနိုင်ဖို့အတွက် Desktop Shortcut
ဒီတခါပေးချင်တာကတော့ အခု့ရက်ပိုင်းအတွင်းမှာ နာမည်ကြီးပြီးအသစ်ထွက် လာတဲ့
windows 8.1 နဲ့ windows 8 တို့အတွက် ပါ
Tiles တွေအသုံးပြု့တဲ့ windows တွေမှာ ဟို menu ဖွင့် ဒီ button တွေ ဖွင့် လုပ်ရတာတကယ်တော့
မလွယ်ဘူး ဟိုဝင် ဒီထွက်နဲ့ တိုင်ပါတ်နေကြရပါတယ်။ Software တခု့ခု့ ကိုပြင်ချင်လို့
ဒါမှမဟုတ်ထုတ်ချင်လို့ ရှိရင် လိုက်ရှာရတာကို က အလုပ်တခု့ဖြစ်နေပါမယ်
အခု့ကျနော်ပေးမယ့် PC settin.exe လေးကို
 မိမိကြိုက်နှစ်သက်ရာနေရာလေးမှာ install လုပ် ပေးထားလိုက်ပါ။ဖိုင်ဆိုဒ်ကလည်းသေးသေးလေးပါ
273.52 KB ပဲရှိပါတယ် ဒါပေမယ့် သူငယ်ချင်းတွေအတွက် အရမ်းအသုံးဝင်ပါလိမ့်မယ်
ကိုလတ်(ကျွဲဆင်း)
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************
ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ
စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ
TMNT: ROOFTOP RUN 1.0.1 apk +data game
လိပ်နင်ဂျာ စွန့်စားမှု့ ဂိမ်းလေးပါ APK ရော DATA ရော တင်ပေးထားပါတယ် 
အောက်မှာဒေါင်းယူနိုင်ပါတယ်ခင်ဗျာ
APK ကိုအောက်မှာဒေါင်းပါ(22.1 MB)
DATA ကိုအောက်မှာဒေါင်းပါ (56.45MB)
ကိုလတ်(ကျွဲဆင်း)
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************
ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ
စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ
ဘလော့ခရီးသည် ဖန်တီးနေသူ ဘလော့ဂါ ကိုအောင်အောင် နှင့် အင်တာဗျူး
မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာမှ စာဖတ်သူများ အားလုံးမင်္ဂလာပါ ခင်ဗျာ။ ဒီတစ်လ အင်တာဗျူး အစီအစဉ်မှာ ဘလော့ခရီးသည် ဘလော့လေးကို ဖန်တီးနေသူ ဘလော့ဂါ ကိုအောင်အောင် (မကစ) နဲ့တွေ့ဆုံပြီး သူရဲ့လုပ်ဆောင်ချက် တစ်ချို့ကို ပြည့်ပြည့်စုံစုံ သိရှိနိုင်ဖို့အတွက် ကိုအောင်အောင် နေထိုင်ရာ မလေးရှားနိုင်ငံ ကွမ်တန်းမြို့ကို သွားရောက်ပြီး အင်တာဗျူး အစီအစဉ်ကို တွေ့ဆုံမေးမြန်း ဖြစ်ခဲ့ပါတယ်။ 
ဘလော့ဂါ ကိုအောင်အောင်ဟာ ဘလော့ဂါပိုင်းကို လေ့လာနေသူများ ၊ အခြေခံ ဘလော့ပိုင်း ၊ ဝဘ်ဆိုဒ်ပိုင်းအပြင် နေ့စဉ် ဆော့ဝဲလ်များ နည်းပညာများ ကွန်ပျူတာနဲ့ ပက်သက်တာတွေ နည်းပညာတွေကို သူကိုယ်တိုင် လေ့လာပြီး လေ့လာဆဲ လူငယ်တွေအတွက် မြန်မာလို အလွယ်တကူ သိရှိနိုင်အောင် အွန်လိုင်းက သူရဲ့ဘလော့လေးမှာ နည်းပညာတွေကို နေ့စဉ် မျှဝေပေးနေတဲ့ ဘလော့ခရီးသည် ပိုင်ရှင် ကိုအောင်အောင် ဖြစ်ပါတယ်။ 
ဘလော့ခရီးသည် ဖန်တီးနေသူ ဘလော့ဂါ ကိုအောင်အောင် နှင့် အင်တာဗျူး 
မေး = မင်္ဂလာပါ .... အစ်ကိုနာမည်လေးကို မိတ်ဆက်ပေးပါဦး .... 
ဖြေ = နာမည်အရင်းက အောင်ဆန်း ပါ... ဘလော့ရေးတာကတော့ အောင်အောင်(မကစ) နာမည်နဲ့ပါ။ မေး = အစ်ကို နည်းပညာ တွေကို ဘယ်တုန်းက စတင်လေ့လာဖြစ်လဲ ? ဖြေ = ၂၀၁၀ ခုနှစ် ၇ လပိုင်း မှ ကျွန်တော် ကျွန်ပျူတာ စသုံးတဲ့နှစ် ဖြစ်ပါတယ်။ 
မေး = ဘလော့ဂါ လောကထဲကို ဘယ်ခုနှစ်က လေ့လာ ရေးသားဖြစ်လဲ ? 
ဖြေ = ရေးဖြစ်တာက ၂၀၁၁ ရဲ့နောက်ပိုင်းဆိုပါတော့ဗျာ ၂၀၁၀ လောက်ကတည်းက ဂျီမေးအကောင့် လေးလုပ်ပြီး စမ်းရေး နေခဲ့ဖူးတာပါ။
မေး - လက်ရှိရေးသားနေတဲ့ ဘလော့လိပ်စာလေးကို သိပါရစေ ? 
ဖြေ = လက်ရှိ ကျွန်တော့ရဲ့ ကိုယ်ပိုင် ကိုင်တွယ် နေတာတွေကတော့.... www.ledimye.blogspot.com ( လယ်တီမြေသား) www.aungsanmks.com ( ဘလော့ခရီးသည် ) www.ninilayy.com ( ဓမ္မနှင့်စာပေနန်းတော် ) ဘလော့တွေပဲ ဖြစ်ပါတယ်။
မေး - ဘလော့တွေ ၃ ခုအထဲက လူသိများနဲ့ ဘလော့လိပ်စာလေးကို ဖြေပေးပါဦး ? ဖြေ = ပထမတော့ လယ်တီမြေသားပါ။ ခုနောက်ပိုင်း ဘလော့တွေခေတ်စားးလာတော့ ဘလော့ခရီးသည်က လူသိများလာပါတယ်။ 
မေး = လူတိုင်း လူတိုင်း အရာတစ်ခုကို လုပ်ဆောင်တယ်ဆိုရင် ရည်ရွယ်ချက်တွေ ရှိကြပါတယ်။ အခု ဘလော့တွေကို ဘယ်လို ရည်ရွယ်ချက်နဲ့ လုပ်ဖြစ်သွားလဲ ? 
ဖြေ = အဓိကတော့ ကိုယ်လိုခြင် သိခြင်တာလေးတွေကို သိမ်းဆည်းထားဖို့ စခဲ့ခြင်းပါ၊ နောက်တော့ ကိုယ့်လိုပဲ လိုအပ်သူတွေ ရစေခြင်တယ်လေ အဲဒါနဲ့ အတတ်နိုင်ဆုံး ကြိုးစားပြီး မျှဝေလိုတဲ့ ဆန္ဒနဲ့ပါ။ 
မေး = နည်းပညာဖက်ကို ဘယ်လိုဝါသနာ ပါပြီး ဘလော့ကို လေ့လာ ရေးသားဖြစ်သွားလဲ ? 
ဖြေ = ဟုတ်ကဲ့ ကျွန်တော်က ရေးသားရတာ ၀ါသနာပါတယ်လေ ကဗျာတွေ ရေးရင်း၊ နည်းပညာလေ့လာတာကနေ ဘလော့ပညာကို အရမ်းနှစ်သက် မိတာကနေပါ။ kp3 ဘလော့လေးကို အားကျရာကနေ လုပ်ဖြစ်ခဲ့တယ်ဆိုပါတော့ဗျာ။
မေး = ဘလော့ခရီးသည် ဘလော့လေးက နည်းပညာနဲ့ ပက်သက်တာတွေ တော်တော်များများ တင်ထားတာ တွေ့ရပါတယ်။ ဒီလို မျှဝေဖြစ်အောင် ကိုယ်တိုင် ဆော့ဝဲလ်ပိုင်း နည်းပညာပိုင်းတွေကို ဘယ်လို လေ့လာသလဲ ဆိုတာ ပြောပြပေး စေလိုပါတယ်။ 
ဖြေ = အဓိက ကျွန်တော်ကတော့ ဘလော့ပညာတွေပဲ ရေးတာပါ အဲပညာတွေကို မြင်ဆရာ ကေပီသရီး မိသားစု ကလေ့လာတယ်။ တခြား အင်္ဂလိပ်ဆိုဒ်တွေ လေ့လာတယ်။ အများကြီးပါပဲ ကျွန်တော် လေ့လာမိတာတော့ ကျန်တဲ့ ဆော့ဝဲလ်တွေ ကိုတော့ တောင်းဆိုသူတွေ များလာလို့ မျှဝေပေး ယုံသက်သက်ပါ။ ဘလော့ပညာ သီးသန့်ရေးဖို့ပါပဲ၊ နောက်တော့ လိုအပ်သူတွေ ပြောလာလို့ပါ ကူပြီး ရှာဖွေတင်ပေး ဖြစ်သွားတာပါ။ 
မေး = ဘလော့နည်းပညာပိုင်းနဲ့ ပက်သက်ပြီး လေ့လာချင်ပေမဲ့ မသိတာတွေ နားမလည်တာတွေ ရှိနေပါတယ်။ ဒီနေရာမှာ နည်းပညာပိုင်းကို မသိလို့ နားမလည်လို့ တစ်ခုခု ဖြစ်နေတယ်တဲ့ လူငယ်တွေကို အစ်ကိုအနေနဲ့ ဘာများ ပြောချင် မှာချင်လဲ ? 
ဖြေ = ကျွန်တော် တတ်နိုင်သမျှ ကူညီပေးနေပါတယ်။ သိတာ တတ်တာဆို ကိုယ်တိုင် ၀င်ပြီးလုပ်ဆောင်ပေးနေတာမို့ ထူးထွေ မပြောလိုပါဘူး။ လိုအပ်သူ မှန်သမျှ အကူအညီ တောင်းနိုင်ပါတယ်။ 
မေး = ဘလော့စဖွင့်တာ လုပ်တာ နည်းပညာနဲ့ ပက်သက်ပြီး လေ့လာ သင်ယူရတာ လွယ်တယ်လို့ တစ်ချို့က ပြောကြပါတယ်။ တကယ့် လေ့လာနေတဲ့ လူငယ်တွေကို အစ်ကို အနေနဲ့ ဘယ်လို ပြောမှာလဲ ? 
ဖြေ = ဘလော့တစ်ခု ဖြစ်လာဖို့ကတော့ လွယ်တာ မှန်ကောင်း မှန်ပါလိမ့်မယ်၊ ဒါပေမယ့် ဘလာ့ဆိုဒ်တစ်ခုမှ HTML ကို မပိုင်နိုင်ရင် သေသပ်ခန်းနားတဲ့ ဘလော့တော့ ဖြစ်မလာနိုင်ပါဘူး။ အဓိက ဘလောတွေ့ ၀က်ဆိုဒ်တွေမှာ ကုဒ်တွေနဲ့ ဖန်တီးသွားတာပါပဲ။ HTML ဆိုတာ သိပ်အရေးပါလှပါတယ်။ နဲနဲလေးတောင် အတိမ်း အစောင်းမခံ အမှားမခံတာမို့ လွယ်လှပြီ ဆိုတာတော့ မပြောနိုင်ပါဘူးဗျာ၊ ခုချိန်ထိ လေ့လာနေဆဲမို့ ကိုယ်တိုင် အခက်ခဲတွေ မနည်း ကျော်ဖြတ်နေရဆဲပါ။ ပြောချင်တာက HTML ကိုသေချာ လေ့လာကြပါလို့ အသိပေးချင်ပါတယ်။
မေး = ဘလော့ နည်းပညာဖက်ကို ဦးစားပေး ရေးသားနေတယ် ဆိုတော့ အခုလို နည်းပညာတွေ တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ၊ နည်းပညာတွေက ဘယ်လို အရေးပါ အရာ ရောက်လဲဆိုတာ အစ်ကိုရဲ့ အမြင်လေးကို ပြောပြ ပေးပါဦး။ 
ဖြေ = ဟုတ်ကဲ့ တိုးတက်နေတဲ့ အိုင်တီ ခေတ်မှာ နည်းပညာတွေ နောက်ကျနေဖို့ မသင့်ပါဘူးဗျာ၊ နည်းပညာမှန်သမျှ လေ့လာမှတ်သားသင့်ပါတယ်။ ဒါမှလည်း တိုးတက်နေတဲ့ ခေတ်စနစ်နဲ့အညီ ကျွန်တော်တို့တွေဟာလည်း လျော်ညီစွာ နဲ့ယဉ် ဘောင်တန်းနိုင်မှာပါ။
နောက်နောင် သည်ထက်ပို တိုးတက်လာမှာ မို့ နောင်လာနောက်သားတွေအတွက် ပိုပြီး လေ့လာ သင်ကြားသင့်ပါတယ် လို့ တိုက်တွန်းချင်ပါတယ်။ နည်းပညာကိုတော့ အလေးနက်ထားစေလိုတာပါ၊ တကယ် လေ့လာကြည့်တော့မှ သိပ်ကိုလေးနက် ဆန်းကျယ်ပါလား ဆိုတာတွေ လက်တွေ့ကျကျ သိလာမှာပါနော်။ ဒါကြောင့် လူငယ်အများ လေ့လာသင်ကြားပြီး ခေတ်စနစ်ကို ဦးဆောင်စေလိုပါတယ်။ 
မေး = ဘလော့လေးမှာ နေ့စဉ်ဝါသနာ အရ ပိုစ့်တွေ တင်ပေးနေတယ် ဆိုတော့ တစ်ခြား အလုပ်တွေ ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေ အတွက်နဲ့ စိတ်ညစ်စရာတို့ ကြုံခဲ့ရမှာပေါ့။ ဘလော့ဂါတိုင်း ငွေမရပဲ ဝါသနာအရ ရေးနေကြတယ်ဆိုတော့ အချိန်မပေးနိုင်တဲ့ လူတွေလည်း အနည်းနဲ့ အများတော့ ရှိကြပါတယ်။  အစ်ကို ကိုယ်တိုင်ရော ဘလော့လေးနဲ့ ပက်ပြီး ဒီလို ကိစ္စတွေကို ဘယ်လို ဖြတ်သန်း ခဲ့ရသလဲ ? 
ဖြေ = ဟုတ်ကဲ့ .... ကျွန်တော်ကတော့ နေ့ခင်း အလုပ်ချိန်ဆိုတော့ ည ပိုင်းကို တတ်နိုင်သလောက် အချိန်ပေးပြီး မျှဝေပါတယ်။ အခက်အခဲ ဆိုတာကတော့ ကြုံရစမြဲပါ။ ဒါတွေကို တွက်နေမယ်ဆို ခုလို နည်းပညာမျှဝေတဲ့ သူတွေ ရှားပါးလာမယ်။ အဲလို ရှားပါးလာတာနဲ့ တက်သစ်စ လူငယ်တွေအတွက် အခွင့်ရေး ပိတ်ဆို့လိုက်သလို ဖြစ်လာမယ်လေ၊ ငွေကြေး မရပေမယ့် စေတနာ အပြည့်နဲ့ မျှဝေနေသမျှ မေတ္တာဓါတ်တွေတော့ ရနေမှာ အမှန်ပါပဲ၊ အဲတာပဲ ကျွန်တော်တို့ စားသုံးနေရရင် အိပ်ရေးပျက်တာတွေ ပင်ပန်းတာတွေ ဖြေဖျောက်နိုင်ပါတယ်။ ပီတိကိုစား အားရှိ၏ ဆိုတာလိုပေါ့ဗျာ။ 
မေး = ဘလော့ရေးသူ တစ်ယောက် အနေနဲ့ ဘလော့လေးရေးတဲ့ အခါဖြစ်ပေါ်လာတဲ့ ရင်ထဲဖြစ်ပေါ်လာတဲ့ ခံစားချက်နဲ့ ပီတိဖြစ်မိတာ လေးကို မျှဝေပေးပါဦး ? 
ဖြေ = ဟုတ် အဲတာတော့ ကျွန်တော်ဆို ကွန်ပျူတာ ဖွင့်လိုက်တာနဲ့ ကိုယ့်ဘလော့ရဲ့ C-Box ကိုအပြေးကြည့်တယ်။ သူတို့တွေ ဘာတောင်းဆိုထားလည်း ဘာတွေ အားပေးသွားလဲပေါ့၊ တောင်းဆို တာလေးတွေ ဖြည့်ဆည်းပေးရင်း သူတို့ဆီက အားပေးသံလေး ဖတ်လိုက်ရင်း အရမ်း ပီတိဖြစ်မိပါတယ်။ ကျေလည်း ကျေနပ်မိပါရဲ့၊ ကိုယ်မျှ  ဝေပေးလိုက်တဲ့ နည်းပညာတစ်ခုဟာ သူတစ်ပါး မဟုတ်ပဲ လူအများအတွက် အကျိုးရှိ အသုံးတည့်နေတာ တွေ့လိုက်ရတိုင်း အတိုင်းဆ မရှိ ကြည်နူးမိပါတယ်။ 
မေး = ဘလော့ရေးတဲ့ လူတိုင်း စိတ်ညစ်စရာတော့ အနည်း အများတော့ ရှိကြပါတယ်။ အစ်ကိုရော ဘလော့လေးနဲ့ ပက်သက်ပြီး စိတ်ညစ်စရာတွေ တစ်ခုခု မကောင်း ပြောဆို တာတွေမျိုးပေါ့ ဒါမှ မဟုတ် တစ်ယောက်က အထင်လွဲတာတို့ပေါ့ အစ်ကို အနေနဲ့ ကြုံဖူးလား ? 
ဖြေ = ဟာာ .... သိပ်ရှိတာပေါ့ဗျာ ...... မကြာခဏ  ကြုံရတတ်တာပါ။ ဘာလဲဆိုတော့ တခါတခါမှာ ကိုယ်က ဘလော့ရေးနေတာ ဖြစ်ဖြစ် ဘလော့ပြင်ဆင်နေတာဖြစ်ဖြစ်၊ လုပ်နေတဲ့     အခါမှာဆို လာရောက် မေးမြန်း တာတွေကို  ပြန်မပြောဖြစ်ဘူးလေ၊ အဲခါမျိုးမှာ မင်းက ဆရာကြီးးလား ဘာလားဆိုတဲ့ လေသံလေးတွေ ပေါ့ဗျာ .....
ဒါကလည်း သူတို့ဘက်ကကြည့်တော့ လိုအပ်နေချိန် ဖြည့်ဆည်း မပေးလေတော့ စိတ်တိုလို့ဘဲဆိုတာ တွေးရင် စိတ်တော့ မဆိုးပါဘူး။ ကျွန်တော်ကတော့ တတ်နိုင်တာ မှန်သမျှ လုပ်ပေးဖို့ အသင့်ပဲလေ၊ အဲအတွက် ဘလော့စလုပ်နေသူ အတော်များများလည်း သိကြပါတယ်။ အက်မင်ယူပြီး ကူညီ ဆောင်ရွက်ပေးလျှက်ရှိနေတာတောင် ဘလော့ ၆၀ ကျော်ပါတယ်။ လူနည်းစု နားမလည်လို့ ပြောဆိုကြတာကို မခံစားနေ တတ်တော့ပါဘူးဗျာ။
မေး = အစ်ကိုရဲ့ ဘလော့လေးမှာ တင်ပေးဖြစ်တဲ့ (မျှဝေဖြစ်တဲ့) ပိုစ့်အမျိုးအစား လေးတွေကို စာဖတ်သူများ အတွက် အသေးစိပ် ပြောပြပေးပါဦး။ 
ဖြေ = အဲဒါကတော့ မနည်းဘူးဗျ လယ်တီမြေသား မှာဆို နည်းပညာ ဗဟုသုတစာပေ တရားတော် သမိုင်း ထေရုပ္ပတ္တိ စာအုပ် စသဖြင့် တွေ့တွေ့သမျှ စုံလင်အောင်ဆိုပြီးး မျှဝေပါတယ်။ ဘလော့ ခရီးသည်မှာတော့၊ အဓိက ဘေလာ့ ပညာပါ ကျန်တာတော့ တောင်းဆိုတာလေးတွေ..... ကွန်ပျူတာ ဆိုင်ရာ, ဗိုင်းရပ်, စာအုပ်လေးတွေပေါ့။ ဓမ္မနှင့် စာပေနန်းတော်မှာတော့...... စာအုပ်မျိုးစုံကို ရှာဖွေစုဆောင်းပြီး မျှဝေတင်ပြပေးထားပါတယ်။ ဘာသာရေး စာအုပ်တွေ, နည်းပညာ  စာအုပ်တွေ, သမိုင်း, ဥပဒေ, ၀တ္ထုစသဖြင့်ပေါ့ဗျာ။ ကောင်းနိုးရာရာ လေးတွေဆို စုဆောင်းပြီး ပြန်လည် မျှဝေပါတယ်။ 
မေး = ဆက်လက်၍ ဘလော့လေးကို ဘယ်လိုကြိုးစားသွားမယ်ဆို ဖြေကြား ပေးစေလိုပါတယ်။ 
ဖြေ = ဟုတ်ကဲ့ ကျွန်တော် မျှဝေနိုင်တဲ့ အခြေနေထိ ကြိုးစားမျှဝေ ပေးနေမှာပါ။ အခြေနေဆိုတာ အွန်လိုင်း ဆိုတော့ အင်တာနက် သုံးစွဲမှု အခြေနေ၊ နောက် အခက်ခဲ တခုခုကြောင့် လုံးဝ မရေးနိုင်တော့ ရင်တောင်၊ ကျွန်တော် ဖြစ်နိုင်တဲ့နည်းလမ်းတွေ ရှာဖွေပြီး ကြိုးစား လေ့လာရင်း မျှဝေနေမယ်ဆိုတာ ပြောခြင်ပါတယ်။ 
မေး = နေ့စဉ် အစ်ကိုရဲ့ ဘလော့လေးကို နည်းပညာ ဝင်ရောက် လေ့လာသူတွေ တစ်နေ့ကို လူဦးရေ ဘယ်လောက် ရှိနေပြီလဲ ? 
ဖြေ = ကျွန်တော် ဘလော့လေးကတော့ အောင်မြင်နေတဲ့ ဘလော့လေးမဟုတ်တော့ သိပ်မရှိပါဘူး၊ တနေ့ကို ပျမ်းမျှ ၄၀၀ ၀န်းကျင်လောက်ပါပဲ တခါတလေလဲ များတာ ရှိသလို နည်းတာလဲ ရှိတာပေါ့လေ။ 
မေး = အစ်ကိုရဲ့ဘလော့လေးကို တော်တော်များများ လူသိများတယ်နော်၊ ပြီးတော့ နည်းပညာများ ဝင်ရောက် လေ့လာနေသူတွေလည်း တော်တော်များ ပါတယ်။ အခု အချိန်မှာ ကိုအောင်ဆန်း ဘာလော့လေး အောင်မြင်နေပြီလို့ ပြောရင် အစ်ကို ဘာပြောမှာလဲ ? 
ဖြေ = အဲလိုတော့ မခံစားမိ သေးပါဘူး၊ ကျွန်တော့်အနေနဲ့ အမြဲ လိုအပ်နေတယ် ဆိုတာတော့ တွေးနေဆဲပါ။ လိုအပ်ချက်တွေကိုလဲ လေ့လာရင်း သိတာလေးတွေ့ တာလေးတွေကို ပြန်လည် မျှဝေနေတာပါ၊ မအောင်မြင်သေးးပါဘူး။ အောင်မြင်ဖို့ အတွက်လဲ မမက်မော သေးပါဘူး၊ ၀ါသနာနဲ့ စေတနာ အရင်းခံ ထားတာပဲလေ၊ လိုခြင်တာ တုန့်ပြန်မှု မေတ္တာတစ်ခု ကိုပါပဲ .... ဟဲဟဲ။ 
မေး = အစ်ကို့ဘလော့မှာ ရေးတင်နေတဲ့ နည်းပညာပိုင်း ဆိုင်ရာပိုစ့်လေးတွေကို အစ်ကိုဘလော့လေးမှာပဲ တင်ဖြစ် မျှဝေဖြစ်လား၊ တစ်ခြား ဝက်ဆိုက်တွေ ဘလော့တွေ မှာရော မျှဝေဖြစ် တင်ပေးဖြစ်လား ? 
ဖြေ = တခြား ဆိုဒ်တွေမှာလည်း အချိန်ရရင်ရသလို ပြန်လည် မျှဝေဖြစ်ပါတယ်။ အဖြူရောင် အားမာန် နိုင်းဆိုဒ် ရွှေမြို့တော် တို့ပေါ့၊ အရင်ကတော့ နိုင်းဆိုဒ်တွေ အတော်များများ လိုက်တင်ပေးနိုင်ခဲ့ပါတယ်။ ခုနောက်ပိုင်းတော့ မနိုင်တော့တာနဲ့ အနည်းငယ်ကပဲ ပြန်လည် မျှဝေနိုင်တာပါ။ 
မေး = အစ်ကိုရဲ့ ပညာအချင်း နဲ့ အလုပ်အကိုင် နေရပ်လိပ်စာလေးကို ပြောပြပေးနိုင်မလား ? 
ဖြေ = ပညာအရည်ချင်းကတော့ မြန်မာစာနဲ့ ကျောင်းပြီးထားပါတယ်။ မန်းကြီးစောက်ကျေးရွာ-ဒီပဲယင်းမြို့နယ်-ရွှေဘိုခရိုင်-စစ်ကိုင်းတိုင်း ပါ၊ ကျွန်တော့် ဇာတိပေါ့နော်။ ဖေဖေ ဦးချစ်စံ နဲ့ မေမေ ဒေါ်ရီ တို့မှ 22.03.1979 ခုမှာ မွေးဖွားခဲ့ပါတယ်။ ယခု လက်ရှိတော့ မလေးရှားမှာပါ၊ 2005 ခု 10 လပိုင်းက အမိမြေနဲ့ ကင်းကွာနေခဲ့တာ ခုထိတိုင်ပါပဲ။ မလေးရှား မလာခင်ထိ ကြေးတိုင်နှင့်မြေ စာရင်းဦးစီးဌါနမှာ ၀န်ထမ်းပါ။
မေး= ဘလော့ရေးသူ ဘလော့ဂါ တစ်ယောက်အနေနဲ့ ၁၅၀၀ အချစ်နဲ့ ပက်သက်ပြီး ဘယ်လို ခံယူ နားလည်ထားတာလဲ ? 
ဖြေ = ဟဟဟ .... ချူချူချာချာ အချစ်ဆိုတာ ခံစားဖို့သက်သက်မှ မဟုတ်တာနော်၊ ခံစားနေဖို့သက်သက်ဆို အဲအချစ်ဟာ ဒုက္ခပေါင်းစုံ စုဝေးနေတဲ့ ပူပြင်းတ၊ဲ့ မီးတောင်တစ်ခုလို ဖြစ်နေမှာပေါ့ အဲအတွက် အချစ်ကို ချစ်တတ်အောင် ချစ်ပါတယ် မကိုးကွယ်တတ်ပါဘူး။ ချစ်စိတ်နဲ့ပါတ်သက်လို့ နားလည်ခြင်း၊ စာနာခြင်း၊ စတဲ့ ဂရုဏာ ရသတွေ မပါရင် အဲအချစ်ကတော့ အနှစ်မရှိတဲ့ ကိလေသာ တဏှာ ကျွန်သက်သက် ဖြစ်မယ်လို့ ခံယူမိပါတယ်၊ေိေိ...။ 
မေး = ကိုအောင်ဆန်းရဲ့ စာဖတ်ပရိတ်များက အစ်ကိုရဲ့ အချစ်ရေး / အိမ်ထောင်ရေး အကြောင်း စိတ်ဝင်စားနေကြတယ်။ လူပျိုကြီးလုပ်မယ်တဲ့ ဘယ်လိုပြန်ပြောပေးရမလဲ ? 
ဖြေ = ဟဟဟ လုပ်ပါဘူးဗျာ၊ ဘ၀ပေး  အခြေနေအရ အိမ်ထောင်ရေး မစဉ်းစားသေးတာဘဲ ရှိပါတယ်။ ရည်ရွယ်ချက်တော့ ရှိတာပေါ့၊ေိေိ.... ကြိုက်မဲ့ သူလေးတွေ့ရင်တော့ အိုစမ်းခြင်ပါဘိ၊ ဟိဟိ...။ ကျွန်တော့်မှာ တာဝန်လေးတွေ ရှိနေသေးလို့ပါ မစဉ်းစားနိုင်သေးပါဘူးဗျာ...။
မေး = အစ်ကို နားလည်ထားတဲ့ မိသားစု ချစ်ချင်း သံယောဇဉ် ၅၂၈ အကြောင်းလေးကို ဖြေပေးပါဦး။ 
ဖြေ = ၅၂၈ သံယောဇဉ်ဆိုတာ အေးမြစေတယ် ခိုင်မြဲစေတယ်၊ အဆင်မပြေဖြစ်တောင် နာကျည်းလောက်တဲ့ ထိတော့ ပြတ်တောက်ဖို့ ခက်ခဲတဲ့ နက်ရှိုင်း မေတ္တာတစ်ခုလို့ နားလည်မိပါတယ်။ သူက ကိလေသာ ဆိုတဲ့ တဏှာရာဂ မီးတွေကင်းစင်နေတာ ကိုက သိပ်ကို အေးချမ်းစေတာပေါ့၊ အချစ်ဆိုတာ ကိလေသာတွေ ရောရှက်လာလို့ ပူပျင်းစေတဲ့အသွင်ကို ခံစားစေရတာပါ၊ ဒါလေးကတော့ ကျွန်တော့်အမြင်ပေါ့နော်။ 
မေး = အစ်ကိုရဲ့ ဘဝမှာပေါ့နော် ... အစ်ကိုဖြစ်ချင်တဲ့ ဆန္ဒလေးတစ်ခုက ဘာလေး ဖြစ်နိုင်မလဲ ? 
ဖြေ = ကိုယ့်ဘ၀ကို ရပ်တည်နိုင်တဲ့ လူတစ်ယောက်ဖြစ်ခြင်တယ်။ ကိုယ်ဟာ မိသားစုအတွက် အစစအရာရာ တန်ဖိုး ထားအားကိုးရတဲ့ သူတစ်ယောက်ဖြစ်ခြင်တယ်။ အဲတာ အဖြစ်ခြင်ဆုံးဆန္ဒပါပဲ။ 
မေး = အစ်ကိုက နည်းပညာပိုင်းကို အများအတွက် အကျိုးပြုနေတယ် ဆိုတော့ လေ့လာဆဲ လူငယ်တွေ အတွက် အစ်ကိုရဲ့ ဘလော့လိပ်စာလေးနဲ့ ဆက်သွယ်လို့ ရနိုင်မယ့် အီးမေး အကောင့်လေးကို ပေးပါဦး။ 
ဖြေ = ဟုတ်ကဲ့ .... ဘလော့လိပ်စာလေး  တွေကတော့ www.ledimye.blogspot.com ( လယ်တီမြေသား) www.aungsanmks.com ( ဘလော့ ခရီးသည် ) www.ninilayy.com ( ဓမ္မနှင့် စာပေနန်းတော် ) တို့ဖြစ်ပါတယ်။ ဆက်သွယ်နိုင် တာကတော့ aungsan96@gmail.com နဲ့ aungaungmks@gmail.com ပါဗျာ။ 
မေး = အခုလို အင်တာဗျုး မေးမြန်းသမျှကို အချိန်ပေး ဖြေကြားပေးသော ဘလော့ကာ ကိုအောင်ဆန်း ဒီထက်ပိုပြီး နည်းပညာဆိုင်ရာ အကြောင်းများကို လူငယ်တွေ အတွက် မျှဝေနိုင်ပြီး အောင်မြင်သော ဘလော့ကာ လေးအဖြစ် ဆော့ဝဲလ်များဆိုင်ရာ နည်းပညာပိုင်း ဆိုင်ရာများကို တစ်ထောင့် တစ်နေရာကနေ အများ အကျိုး အတွက် ဆောင်ရွက်နိုင်ပါစေ လို့ ဆုမွန်ကောင်း တောင်းပေး လိုက်ပါတယ် ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။ 
ဖြေ = ဟုတ်ကဲ့ .... ကျေးဇူးတင်ပါတယ်။ အားလုံးအတွက် အကောင်းဆုံးဖြစ်အောင် အမြဲ လေ့လာ ကြိုးစားပြီး မျှဝေနေပါ့မယ်။ ကျေးဇူးတင်ပါတယ်။
နေဇော်လင်း 
Live Free Online Radio Media (Malaysia) 
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************
ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ
စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ
Email အကောင့်တွေ ဟက်မခံရအောင် 2step နဲ.ကာထားကြမယ်
ဒီနေ.မြန်မာပြည်လူငယ်ပရိတ်သတ်ကြီးကို တင်ဆက်ပေးချင်တာလေးက မိမိတို.အကောင့်တွေဟက်မခံရအောင် 2step Verificationလုပ်နည်းနဲ. google authenticator အသုံးပြုနည်း ပဲဖြစ်ပါတယ် ဒါကတော့လူတော်တော်များများလဲသိပြီးကြလိမ့်မယ်ထင်ပါတယ် သိပြီးသားလူတွေကတော့ကျော်သွားလိုက်ပေါ့နော်....အသေးစိတ်အချက်အလက်တွေကိုတော့ အောက်မှာရှင်းပြထားတာလေးကို သေချာလေးဖတ်ပေးပါ .... ဘာ့ကြောင့် 2step ကို အသုံးပြုကြလဲ ဆိုရင် မိမိဖုန်းလက်ထဲမှာမရှိရင် မိမိကိုယ်တိုင်တောင် အကောင့်ကို သုံးဖို.မဖြစ်နိုင်အောင်လုံခြုံမှုရှိပါတယ် ဒါဆိုရင် မိမိအကောင့် ဘယ်လောက်လုံခြုံမှုရှိသွားမလဲ ဆိုတာ ပြောပြနေစရာမလိုတော့ဘူးထင်ပါတယ် ကဲ့စလိုက်ကြရအောင်ဗျာ...
ပထမဆုံး https://accounts.google.com/ ကိုသွားပြီးသင့်အကောင့်ကိုဝင်ပါ။
ဘယ်ဘက်အခြမ်း (၆)ကြောင်းမြောက်က Security tab ကနေ 2-step verification မှ edit ကိုနှိပ်ပါ။
အကောင့် password ပြန်ရိုက်ခိုင်းရင်ထည့်ပေးပြီး see how it works ကိုနှိပ်ပြီး start setup ကိုနှိပ်ပါ။
ဒီအဆင့်မှာ phone no. ထည့်ပေးပြီး Text message(SMS) (or) Voice call   option နှစ်ခုမှာ Voice call ကိုရွေးပြီး send code နှိပ်ပါ။(မြန်မာနိုင်ငံမှာSMSကိုရွေးရင် မက်ဆေ့မပို.ပါဘူး)
သင့်ဖုန်းကို voice call ၀င်လာရင်သေချာမှတ်ပြီးရိုက်ထည့်ပေးပါ။
Next နှိပ်ပြီး confirm နှိပ်ပေးပါ။
What Is Google Authenticator
သင်တစ်ခြားကွန်ပြူတာကနေ သင့်အကောင့်ကို သုံးရမယ့်အခြေအနေမျိုး၊ သင့်ဖုန်းလိုင်းမမိတဲ့အခြေအနေမျိုး၊ Google server တွေအလုပ်များနေတဲ့အခြေအနေမျိုးမှာ Google verification code ကိုသင်မရရှိနိုင်တဲ့အတွက် သင့်အကောင့်ကိုသင်ဝင်လို့ မရနိုင်တော့ပါဘူး။မစိုးရိမ်ပါနဲ့ ။ Googel Authenticator ရှိပါတယ်။ Google Authenticator Application ကို Android Devices,Apple iphone,ipad,ipod touch , BlackBerry Devices တွေမှာသုံးလို့ ရပါတယ်။Google Authenticator Application ကို သင့်ဖုန်းမှာ install လုပ်ပြီးတာနဲ့ Google ကသင့်ဖုန်းကို code ပို့ ပေးမှာမဟုတ်တော့ပါဘူး။Google နဲ့ သင့်ဖုန်းအကြားမှာ ဘာ connection မှရှိစရာမလိုတော့ပါဘူး။ သင့်ဖုန်းက Google Authenticator Application ကို သုံးပြီး verify လုပ်လို့ ရပါပြီ။ Ios device တွေအတွက်တော့ play store ပါသော android ဖုန်းတွေအတွက်က ဒီမှာဒေါင်းပါ play store service မပါသောဖုန်းတွေအတွက်က ဒီမှာ ဒေါင်းယူနိုင်ပါတယ်..iso တွေအတွက်ကတော့ itune မှာရှာဒေါင်းနိုင်ပါတယ် 
Settingup Google Authenticator
2-step verification page ကိုသွားပြီး Mobile application မှာသင့် ဖုန်းအမျိုးအစားရွေးပေးပါ။ Barcode တစ်ခုကျလာပါလိမ့်မယ်။ သင့်ဖုန်းက google authenticator application ကို ဖွင့်ပြီး barcode ကို scan လုပ်ပါ။ Barcode scanner မရှိရင် download ဆွဲခိုင်းပါလိမ့်မယ်။ဆွဲပြီး scan လုပ်လိုက်ပါ။ သင့်ဖုန်းမှာ ကုတ်ကျလာရင်ကွန်ပြူတာမှာရိုက်ထည့်ပေးပြီး verify လုပ်ပြီး save လုပ်ပါ။ ဒါဆိုရင်သင့်ဖုန်းနဲ့  google နဲ့ ချိတ်မိသွားပါပြီ။ အဲဒီအတွက်သင် တစ်ခြားကွန်ပြူတာကနေသင့်အကောင့်ကို ၀င်တိုင်း သင့်ဖုန်းက google authenticator ကနေ ကုတ်ရိုက်ထည့်ရုံပါပဲ။ Google ကသင့်ဖုန်းကို verification code ပို့ စရာမလို တော့ပါဘူး။
How It Works?
Backup Codes
သင့်ဖုန်းလည်း သင့်အနားမှာမရှိတဲ့အချိန်ဆိုရင် Googel Authenticator လည်းသင်သုံးလို့ မရတော့ပါဘူး။ ဒီလို ဆိုရင် သင့်အကောင့်ကို ဘယ်လိုဝင်ရမလဲ? 2-step verification page မှာပဲ printable backup codesမှာShowbackupcodesကိုနှိပ်ပြီးကုတ်တွေကိုသိမ်းထားပြီးသင်ကြိုက်နှစ်သက်ရာကွန်ပြူတာမှာကြိုက်နှစ်သက်ရာ နေရာမှာအသုံးပြုနိုင်ပါတယ် ...............................................အားလုံးပဲအဆင်ပြေပါစေဗျာ
Credit to=>Windows,Internet,Browsers,Social Networks,Softwares
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************
ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ
စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ
အလွယ်ကူဆုံး Add Elemic Green Menu ( အစိမ်းရောင် )
မင်္ဂလာပါ  ဘလော့ချစ်သောပရိတ်သတ်အပေါင်းတို့... သည်နေ့ ရေးဖြစ်တဲ့ အကြောင်းရာလေးကတော့
ဘလော့တစ်ခုမှာ မရှိမဖြစ် လိုအပ်ချက်ဖြစ်တဲ့  ခေါင်းစဉ်လို့ ခေါ်တဲ့ Menu လေးတွေ ဖန်တီးနည်းပါ။
သည်နည်းလေးကို အလွယ်ဆုံးနဲ့ မရှင်းဆုံး ဖြစ်အောင် ရေးသား တင်ပြပေးထားပါတယ်... သူကတော့
Animated ပုံစံလေးနဲ့ တမျိုးတော့ လှပါတယ်... စိတ်ဝင်စားမယ်ဆို အောက်မှာ လုပ်နည်းနဲ့  လိုအပ်သော
ကုဒ်တွေကို ညွှန်ပြ ရှင်းလင်းထားပါတယ်... အရမ်းလွယ်ကူပါတယ်...
နည်းလမ်းကတော့
   ►1.  Login လုပ်လိုက်ပါ ဘလော့ကာကို
   ►2.  Layout ကိုကလစ်ရပါ့မယ် မိမိတို့  Dashboard ကနေပေါ့
   ►3.  Add a Gadget ကိုကလစ်ပေးလိုက်ပါ
   ►4.  HTML/Javascript. ကိုကလစ်ပြီး ကျလာတဲ့ ဘောက်လေးထဲမှာဘဲ
   ►5.  အောက်ကပေးထားတဲ့ ကုဒ်တွေကို ကော်ပီယူ ထည့်လိုက်ပါ
နောက် ကျလာသော ဘောက်ထဲကနေ အောက်ကပုံတိုင်းရွေးလိုက်ပါ
အိုကေ ဒါဆို အောက်မှာ ပေးထားသော ဇယားထဲကကုဒ်တွေ ကိုယူထည့်ပေးလိုက်ပါ..
မှတ် ချက်  ။               ။ ခေါင်းစဉ်တွေမှာ  မိမိတို့ တပ်လိုသော ခေါင်းစဉ်အမည်နဲ့..လင့်ချိတ်ဖို့ ဆိုတာ
                                 ရှိပါတယ်...    နမူနာအနေနဲ့  တစ်ခုပြပါ့မယ်....
<li><a href="#">Home</a></li>  သည်လင့်မှာ ဆို Home ဆိုတာမှာ  ( မူလစာမျက်နှာ) စသဖြင့်
ပြောင်းလဲနိုင်ပါတယ်.. လင့်ကိုတော့ မူရင်း မိမိဘလော့ရဲ့ လိပ်စာ ကို # နေရာလေးမှာ အစားထိုးပေးရပါမယ်... တခြားခေါင်းစဉ်များကိုတော့ သက်ဆိုင်ရာ ခေါင်းစဉ်ရဲ့ လင့်နဲ့ လင့်ချိတ် ပေးသွားရမှာ ဖြစ်ပါတယ်နော်....... အဆင်ပြေပါစေ...
လင့်ချိတ်နည်းမသိပါက    သည်နေရာမှာ      လေ့လာနိုင်ပါတယ်။
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************
အလွယ်ကူဆုံး Add Elemic Blue Menu ( အပြာရောင် )
မင်္ဂလာပါ  ဘလော့ချစ်သောပရိတ်သတ်အပေါင်းတို့... သည်နေ့ ရေးဖြစ်တဲ့ အကြောင်းရာလေးကတော့
ဘလော့တစ်ခုမှာ မရှိမဖြစ် လိုအပ်ချက်ဖြစ်တဲ့  ခေါင်းစဉ်လို့ ခေါ်တဲ့ Menu လေးတွေ ဖန်တီးနည်းပါ။
သည်နည်းလေးကို အလွယ်ဆုံးနဲ့ မရှင်းဆုံး ဖြစ်အောင် ရေးသား တင်ပြပေးထားပါတယ်... သူကတော့
Animated ပုံစံလေးနဲ့ တမျိုးတော့ လှပါတယ်... စိတ်ဝင်စားမယ်ဆို အောက်မှာ လုပ်နည်းနဲ့  လိုအပ်သော
ကုဒ်တွေကို ညွှန်ပြ ရှင်းလင်းထားပါတယ်... အရမ်းလွယ်ကူပါတယ်...
နည်းလမ်းကတော့
   ►1.  Login လုပ်လိုက်ပါ ဘလော့ကာကို
   ►2.  Layout ကိုကလစ်ရပါ့မယ် မိမိတို့  Dashboard ကနေပေါ့
   ►3.  Add a Gadget ကိုကလစ်ပေးလိုက်ပါ
   ►4.  HTML/Javascript. ကိုကလစ်ပြီး ကျလာတဲ့ ဘောက်လေးထဲမှာဘဲ
   ►5.  အောက်ကပေးထားတဲ့ ကုဒ်တွေကို ကော်ပီယူ ထည့်လိုက်ပါ
နောက် ကျလာသော ဘောက်ထဲကနေ အောက်ကပုံတိုင်းရွေးလိုက်ပါ
အိုကေ ဒါဆို အောက်မှာ ပေးထားသော ဇယားထဲကကုဒ်တွေ ကိုယူထည့်ပေးလိုက်ပါ..
မှတ် ချက်  ။               ။ ခေါင်းစဉ်တွေမှာ  မိမိတို့ တပ်လိုသော ခေါင်းစဉ်အမည်နဲ့..လင့်ချိတ်ဖို့ ဆိုတာ
                                 ရှိပါတယ်...    နမူနာအနေနဲ့  တစ်ခုပြပါ့မယ်....
<li><a href="#">Home</a></li>  သည်လင့်မှာ ဆို Home ဆိုတာမှာ  ( မူလစာမျက်နှာ) စသဖြင့်
ပြောင်းလဲနိုင်ပါတယ်.. လင့်ကိုတော့ မူရင်း မိမိဘလော့ရဲ့ လိပ်စာ ကို # နေရာလေးမှာ အစားထိုးပေးရပါမယ်... တခြားခေါင်းစဉ်များကိုတော့ သက်ဆိုင်ရာ ခေါင်းစဉ်ရဲ့ လင့်နဲ့ လင့်ချိတ် ပေးသွားရမှာ ဖြစ်ပါတယ်နော်....... အဆင်ပြေပါစေ...
လင့်ချိတ်နည်းမသိပါက    သည်နေရာမှာ      လေ့လာနိုင်ပါတယ်။
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************
Typing လေ့ကျင့်ရင်းနဲ့ သရဲတွေကို ရှင်းလင်းမယ် (Full version)
Typing ရိုက်ရင်းနဲ့ လေ့ကျင့်ရင်းနဲ့ Game ဆော့ရအောင်ဗျာ။ သရဲတွေကို Typing ရိုက်ရင်းနဲ့ သတ်လိုက်။ Missions တွေလည်းအများကြီးရှိတယ်။ ဒီဂိမ်းက ၂၀၀၀ ခုနှစ်ထွက်တဲ့ဂိမ်းပါ။ အရင်ကဆိုရင် အခွေနဲ့ထည့်ရင်းနဲ့ဆော့ရတာ။ ကျွန်တော်ငယ်ငယ်တုန်းက ဆော့တဲ့ဂိမ်းအကောင်းစား တစ်ခုပေါ့။ ပိုပြီးသိချင်ရင် http://adf.ly/XndUq မှာဖတ်ကြည့်ပါ။ Amazon store မှာတော့ $25.99 နဲ့နောက်ဆုံးပဲကျန်တော့ပါတယ်။ ဒီမှာတော့ Free ပါ။ အောက်ပါအတိုင်းဒေါင်းလုတ်ဆွဲပါ။ အဆင်ပြေပါစေ။
Description:
Please note: Game requires the separately sold Sega keyboard.
Typing of the Dead blends horror with a typing tutorial for an original gaming experience. There are several game modes to help you become a terrific typist. Drill mode focuses on different skills, such as typing speed, accuracy, reflex, and special keystrokes. In the boss mode, your battle against each boss emphasizes a different skill, from quick reading and answering to story reading and typing. Two-player modes include cooperative and competitive.
Download => Link 1
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************
ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ
စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ
တင်ထားသမျှ ခေါင်းစဉ်များ
2Step Verification (5) A+အကြောင်း (1) Activator (9) Adobe CS3 Master Collection (1) Adobe Premiere Pro CS6 အသုံးပြုနည် (1) Adobe Software (12) Android application (1987) Android Game (710) AndroidPhoneဆိုင်ရာ (4) Antivirus (1) Apowersoft ApowerEdit v1.4.7.22 Build 04042019 (1) AVAST! Cleanup Premium 2019 version 19.1 Build 7085 (1) Blog Slider (8) Blogger Button (5) Blogger Comment (17) Blogger Ebooks (1) Blogger Hack (54) Blogger Loading Style (6) Blogger Mouse (1) Blogger Template (44) Blogger Tips (77) Blogger Widget (152) Blogs Html (63) Blogs Post (86) Blogs Tab Menu (53) Blogဆိုင်ရာ (1) Bowser ဆိုင်ရာ (21) Brothers in Arms® 3 v1.4.7c Mod Data [Unlimited Money] (1) Buddha မြန်မာစာတန်းထိုး (53) Burning Software (34) Burning Tools (47) C-Box (10) Canon LBP 6000 Original Driver (1) Canon LBP 6030 Original Driver & Installation Guide (1) CCleaner 5.56.7144 (Business / Professional / Technician) Multilingual Portable (1) CD/DVD ဆိုင်ရာများ (30) Cleanner-Speed (68) Computer Autoplay ပိတ်ထားနည်း (1) Computer Partationခွဲနည်း (1) Computer ဆိုင်ရာ (189) Computerဆိုင်ရာ (33) Converter (73) Desing Card (10) Display အလုပ်မလုပ်သော ပြဿနာဖြေရှင်းနည်းများ (1) Domain (3) Download Manager (42) Drive SnapShot v1.46.0.18213 (1) Driver Software (46) DVD-Cloner Platinum 2019 v16.30 Build 1446 [x86/x64] (1) DVDFab v11.0.2.4 [x86/x64] (1) Easy Translator version 14.0.0 (1) Ebooks (405) Errorဖြေရှင်းနည်း (1) Eset Smart Security 12.1.34.0 (x86/x64) (1) Facebook (152) Folder Lock (17) Fonts များစုစည်းမှု (6) Foxit PhantomPDF (1) Game (47) Game PC (32) Glary Utilities PRO version 5.117.0.142 (1) Gmail-Gtalk (70) GoogleChome &InternetDownloadmananger (1) Hacking (81) How To Download (6) Html (51) Internet Download Manager (18) InternetDownloadmananger(IDM) (1) IP Hider Software (6) Java Script (11) KhineMaster (1) KMS/2038 & Digital & Online Activation Suite v6.9 (1) MAGIX SOUND FORGE Pro 13 v.13.0.0 Build 46 (1) Marquee Technique (14) Media Player (31) MI Play store Apk (1) Microsoft Office (21) Mobile Legends Bang Bang Installer .exe Pc Version (1) Motors ( မော်တာများ )အကြောင်း (1) Movie (95) My Pdf (35) Myanmar Font (9) Myanmar Typing Software (1) MZW Solftware (1) NetGuide Journal (63) Network Software (7) New Blogs (15) Notကာကွယ်ခြင်းနည်း (1) ONEKEY PDF Convert to Word 4.0 REPACK (1) Partition Software (7) Password Recovery Software (1) paypal နှင့် ဆိုင်သော (5) PC GAMES (17) PC recovery (13) PC Software (203) PC Speed Up (32) PC-Clean Software (73) PDF (4) PDF Editor (10) Photo Editor Software (65) PHOTO SHOP (သင်တန်း)သီးသန့် (44) Photo Slideshow (12) photoshop background အလန်းများ (6) photoshop PNG ဖိုင်များရှာရန် (14) Photoshop Software (36) Photoshop ဆိုင်ရာ (51) Player (8) PrinterDriver (2) Programming (16) Pyidaungsu font (1) Read More (9) Recent Posts Widget (23) Recover Software (46) Recovery (33) Refresh and Restoreအကြောင်း (1) Reset (1) SAMSUNG One UI ဖုန်းတွေအတွက် မြန်မာဖောင့် (1) Screen Video Recorder (37) Search Box (6) Security Software (36) Sidebar Widget (71) SkyNet လိုင်းအသစ်ထည့်နည်း (1) SkynetBinfile (1) Slideshow Movie Maker (7) Social Widget (19) SOFTWARE (588) Software For Blogs (17) Software များအသုံးပြုနည်း (2) Softwares တွေအတွက် Serial no (or) Key တောင်းလျှင် ဖြေရှင်းနည်း (1) Speed Up Internet (13) TeamViewer version 14.2.2558.0 (Repack & Portable) (1) TTA Pie Myanmar (1) Unicode ေ​ြေပာင်းနည်း (1) Uninstaller Software (25) Upload (6) USB ဖြင့်ဝင်းဒိုးတင်နည်း (4) USB ကြိုးကနေ Virus မဝင်အောင် ကြိုတင် ကာကွယ်နည်း (1) Usb-Memory (19) Video Converter (29) Video Editing (76) Video Editor (1) Video Recorder (12) Virus ဆိုင်ရာ (86) WannaCry Ransomware ၏ အန္တရာယ် အကြောင်းနှင့် ကာကွယ်နည်း (1) Web Design ရေးဆွဲနည်း (5) Webcam Camera Software (11) Website ရေးနည်း (3) Wifi ဆိုင်ရာ (32) Win Update v1.4 (1) Window-10 ဆိုင်ရာ (2) Window-7 ဆိုင်ရာ (32) Window-xp ဆိုင်ရာ (2) window8ဆိုင်ရာ (19) Windows 10 Factory Reset ချနည်း (1) Windows 10 Backup & Restore လုပ်နည်း (1) Windows 10 ကွန်ပျူတာမှာမြန်မာစာတိကျမှန်စွာထည့်နည်း (1) Windows Activator (18) windows loader များ (10) Windows Manager Software (23) Windows Themes (24) Windows တင်နည်းများ (6) WinRAR 5.70 (Fully) (1) WinRar Full Version (12) WinRAR V3.80 Beta Version (1) WinToBootic နှင့် USB ထဲ Install လုပ်နည်း (7) WinUtilities Professional Edition Tool (1) Wordpress Tips (3) Write-Protected ကို ဖြုတ်နိုင်မယ့်နည်းနှစ်သွယ် (1) Zawgyi နဲ့ Unocode ဘာကွာလဲ (1) ကွန်ပျူတာ User Account Picture အကြောင်းများ (1) ကွန်ပျူတာဆိုင်ရာ (1) ကွန်ပျူတာပတ်ဝပ်ပြောင်းမရအောင်လုပ်နည်း (1) ကွန်ပျူတာရဲ့ Storage က HDD လား? SSD လား? စစ်ဆေးနည်းများ (1) ကွန်ပျူတာဟန်းနေရင်ဖြေရှင်းနည်း (1) ကျွနုပ်နှင့် ပရဟိတအလှူ (9) ကာမသိဒ္ဓိကျမ်း (1) ချက်နည်းပြုတ်နည်း (1) နည်းပညာဆိုင်ရာ (2) နည်းလမ်းများ (6) ပန်ကာပြုပြင်နည်း (1) ဖိုင်ဖြေနည်းများ (8) ဗဟုသုတ (6) ဗားရှင်းအသစ်ထွက်ရှိလာတဲ့ Facebook (နှင့်) Messenger (1) ဘာသာစကား ၉၁ မျိုးထိ ပါဝင်တဲ့ Easy Translator (1) ဘာသာရေးစာအုပ်များ (9) မိမိဆိုက်ကိုကော်ပီကူးမရအောင် ပိတ်ထားနည်း (1) ပြည်ထောင်စု ဖောင့် လက်ကွက် နှင့် စာရိုက်နည်း (1) မြန်မာစာမှန်အောင်လုပ်နည်း (1) မြန်မာဆိုတာ (1) ဝင်းဒိုးကို AOMEISoftware ဖြင့် Backup & Restore လုပ်နည်း (1) သင့် Laptop ကို မြန်ဆန်အောင်လုပ်ပေးမယ့် အချက် ၇ ချက (1) အင်တာဗျူးအစီစဉ် (2) အပျိုလမ်းညွှန် (1) အသံဇာတ်လမ်း (19) အခြေခံကွန်ပျူတာ Pdf (1) ဦးဇာနည်နည်းလမ်းများ (7) ဆော့ဝဲ ပြဿနာဖြေရှင်းနည်း (1) ကြော်ငြာ (13) ဟောပြောပွဲ (15)
မန်ဘာဝင်လို့အားပေးကြပါ