31 May 2013
Auto Restart Error ( Auto Restart ကျခြင်း အကြောင်းရင်းများ )
ကျွန်တော်တို့ ကွန်ပျူတာဟာ ခဏတိုင်း Auto Restart ဖြစ်ဖြစ်နေတယ်ဆိုပါတော့ . . .
ဘယ်အကြောင်းအရာတွေကြောင့် Auto Restart ဖြစ်နေရတာလဲဆိုတာသိချင်လာပါတယ်။  Auto Restart ဖြစ်စေတဲ့အကြောင်းအရာတွေကတော့ . . .
1. ဗိုင်းရပ်ကိုက်ခြင်း ( Virus Infection )
2. ဆော့ဖ်ဝဲလ် မကိုက်ခြင်း ( Software Incompatible )
3. Registry မှားယွင်းခြင်း ( Corrupted registry )
4. BIOS လွဲမှားခြင်း ( Incorrect BIOS configuration )
5. System File ပျောက်ပျက်နေခြင်း ( Corrupted system files )
6. Mother Board ညစ်ပတ်နေခြင်း ( Dust on M.B )
7. CMOS Battery အားနည်းနေခြင်း
8. CPU Temperature မြှင့်တက်နေခြင်း ( Too much heat/temperature inside CPU box )
9. System Unit အတွင်း ချိတ်ဆက်ကြိုးများလွတ်နေခြင်း ( Loose Connection of Hardware Cables )
ဆိုပြီးတော့ အချက် 9 ချက်ရှိပါတယ်။  Auto Restart ဖြစ်စေခြင်းအကြောင်းရာတွေတော့သိပြီးပြီ။  ဘယ်လိုဖြေရှင်းရင်ရနိုင်မလဲ . . .
1. ဗိုင်းရပ်ကိုက်ခြင်း ( Virus Infection )
    အခုနောက်ပိုင်းမှာတော့ Anti-Virus မနိုင်တဲ့ Virus ဆိုတာခပ်ရှားရှားပါပဲ။  အဲ့ဒါကြောင့် မိမိကြိုက်နှစ်သက်သော Anti-Virus ကိုသွင်းပြီး virus defination upto date ဖြစ်နေရင် Virus Clean လုပ်လိုက်ရုံနဲ့ auto restart ပြဿနာကကင်းဝေးသွားမှာပါ။ 
2. ဆော့ဖ်ဝဲလ် မကိုက်ညီခြင်း ( Software Incompatible )
      ကျွန်တော်တို့ နောက်ဆုံးသွင်းခဲ့တဲ့ ဆော့ဖ်ဝဲလ်က support လုပ်မပေးနိုင်လို့ auto restart ပြဿနာကို ဖြစ်ပေါ်စေတာပါပဲ။  ကျွန်တော်တို့ နောက်ဆုံးသွင်းခဲ့တဲ့ ဆော့ဖ်ဝဲလ် ကို uninstallation ပြုလုပ်ပေးရုံဖြင့် စိတ်ပူပန်နေရခြင်းမှကင်းဝေးသွားစေမှာဖြစ်ပါတယ်။
3. Registry မှားယွင်းခြင်း ( Corrupted registry )
     Registry မှားယွင်းခြင်း ကိုတော့ ကျွန်တော်တို့ကိုယ်တိုင် registry ပြုပြင်တာထက် registry cleaner ကိုသုံးတာပိုသင့်တော်ပါတယ်။  Registry ဆိုတာက အမှားခံလို့မရတာကြောင့် registry cleaner ကို အသုံးပြုဖို့တိုက်တွန်းပါရစေ။
4, 5, 6, 7, 8, 9 အချက်တွေကတော့ သာမန် User တစ်ယောက် အတွက်  ပြုပြင်ရခက်ခဲနေမှာဖြစ်တာကြောင့်ဖော်ပြမပေးတော့ပါဘူး။  Hardware ပစ္စည်းတွေကိုကိုင်တွယ်ရာမှာ မလိုလားအပ်တဲ့ပြဿနာတွေဖြစ်လာရင် ငွေကုန်ကြေးကျများတဲ့အတွက် နားလည်ပေးစေလိုပါတယ်။
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.aungsanmks.blogspot.com 
www.ledimyethar.com 
www.ninilayy.com
Microsoft Office 2013 Full Keygen ( X64 / X86 Bit )
ကျန်တောလဲ လိုင်းမကောင်းလို့Post တွေမတင်နိုင်သာ
Sorry ပါဗျား. . ဒီတစ်ခါ သူငယ်ချင်းတွေ အတွက်  Microsoft Office 2013 နဲ့
မိတ်ဆက်ပေးမှာပါ . . အောက်ကလင့်မှာဒေါ်င်းလိုက်နော်
X64 Bit Download Link
X86/32 Bit Download link
DOWNLOAD KEYS
အားလုံးကို ခင်င်လေးစားလျှက်
<< Mr.phyo >>
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.aungsanmks.blogspot.com 
www.ledimyethar.com 
www.ninilayy.com
Mirror Player လေးပါ
 မင်္ဂလာပါ အမြင်ဆန်းဆန်း လေးတွေကို သဘောကျသူတွေအတွက် Player အလန်းလေးတစ်ခုပေးချင်ပါတယ်
Mirror Player လေးပါ ကျွန်တော်တော့ တော်တော်လေးကို သဘောကျပါတယ် :P ဝါသနာတူ လိုချင်တဲ့သူများရှိရင် ယူသွားပါ အပိုင်ပေးလိုက်ပါတယ်ဗျာ :D ဖလန်းဖလန်းထနိုင်ကြပါစေဗျာ.ေိေိ
 မိုးညိုသား
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.aungsanmks.blogspot.com 
www.ledimyethar.com 
www.ninilayy.com
အင်တာနက် Virus တွေရန်ကို ကာကွယ်ဖို့  Malware Fighter Full Version
ဒီဆော့ဝဲလေးကတော့ ကွန်ပျုတာထဲမှာ ၀င်နေတဲ့ ဗိုင်းရပ်စ်တွေကို ရှင်းပေးနိုင်သလို
အင်တာနက်က  ကူးစက်လာမယ့် Malware , Spyware ,Trojrans , Keylogger နဲ့ 
worm,..etc Virus တွေ ကူးစက်လာခြင်းကို ကာကွယ်ပေးပါတယ် ။။အင်တာနက်က
ကူးစက်လာတဲ့  gtalk Virus ပုံစံမျိုး ၊ ချက်တင်ကနေ  စာတွေ အလိုလို ပို့ နေတဲ့ပုံစံ
ဖေ့ဘွတ်ချက်တင်ကနေ   စာအလိုလိုပို့ နေတဲ့   Virus တွေကို  ရှင်းထုတ်ဖို့ အတွက်
ရမ်း အသုံးဝင်ပါတယ် ။ Malware ကြောင့် File extension တွေြေ ပာင်းကုန်တာကို
ဒီဆော့ဝဲက ရှင်းနိုင်ပါတယ် ။ ကွန်ပျုတာ မျက်နှာပြင်က ဖိုဒါတွေအားလုံး Adobe ပုံစံ
ဖြစ်ကုန်ပါတယ် ။ အဲ့တော့ malware ဟာ ကွန်ပျုတာကို ဒုက္ခပေးနိုင်တာမို့  သာမာန်
အသုံးပြုနေတဲ့ End user တွေအတွက်  ဒီဆော့ဝဲလေးက  ကာကွယ်ပေးပါလိမ့်မယ်
ဒီလင့်မှာ Download ယူပါ - မော်Obit Malware Fighter Full Version
မူရင်းလင့်ကယူချင်ရင် - http://inamsoftwaress.blogspot.com.
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.aungsanmks.blogspot.com 
www.ledimyethar.com 
www.ninilayy.com
Html Text Formating ဆိုတဲ့ စာသားတွေရဲ့ သင်ခန်းစာ
HTML Text Formatting
သင့်ဆိုက်မှာ အသုံးပြုတဲ့စာလုံးတွေကို လိုသလို ပုံစံပြောင်းလို့ရပါတယ်၊ ဒီလိုလုပ်တာကိုတော့ Text Formatting လို့ခေါ်ပါတယ်၊ HTML မှာ Text
Formatting ရဲ့ ကဏ္ဍ ကလဲ ကျယ်ပြန့်လှပါတယ်၊ ဒီသင်ခန်းစာမှာတော့ အသုံး အများဆုံး Text Formatting တွေအကြောင်းလေ့လာသွားရပါမယ်၊
Bold Tag
စာလုံးတွေကို အထူတွေဖြစ်သွားစေချင်ရင်သုံးရတာကတော့ bold tag ဖြစ်တဲ့ အဖွင့် <b> နဲ့ အပိတ် </b> စာလုံးအကြီးဖြစ်စေလိုတဲ့
စာသားရဲ့ ရှေ့နဲ့နောက်တို့မှာရေးရပါတယ်၊ အောက်မှာဥပမာ ကြည့်ပါ၊
what path should i <b>choose</b> in my future life?
အထက်က စာကြောင်းကို Run ကြည့်ပါ၊ choose ဆိုတဲ့စာလုံးရဲ့ ရှေ့နဲ့ နောက်မှာ <b> အဖွင့်နဲ့ </b> အပိတ်တို့ကိုထည့်ထားတဲ့အတွက် အဲ့ဒီ့စာလုံး
choose က စာလုံးထူဖြစ်နေပါလိမ့်မယ်၊
Italic Tag
စာလုံးတွေကို အစောင်း စာလုံး တွေဖြစ်သွားစေချင်ရင်သုံးရတာကတော့ Italic tag ဖြစ်တဲ့ အဖွင့် <i> နဲ့ အပိတ် </i> စာလုံးတစ်စောင်း ဖြစ်စေလိုတဲ့
စာသားရဲ့ ရှေ့နဲ့နောက်တို့မှာရေးရပါတယ်၊ အောက်မှာဥပမာ ကြည့်ပါ၊
what path should i <i>choose</i> in my future life?
အထက်က စာကြောင်းကို Run ကြည့်ပါ၊ choose ဆိုတဲ့စာလုံးရဲ့ ရှေ့နဲ့ နောက်မှာ <i> အဖွင့်နဲ့ </i> အပိတ်တို့ကိုထည့်ထားတဲ့အတွက် အဲ့ဒီ့စာလုံး choose
က စာလုံးတစ်စောင်း ဖြစ်နေပါလိမ့်မယ်၊
Subscripted Tag
တစ်ချို့စာလုံးတွေကိုပုံမှန်စာကြောင်းရဲ့အောက်မှာရောက်စေချင်ရင် subscripted tag ကို သုံးရပါတယ်၊ အဖွင့်ကို <sub> အပိတ်ကို </sub>
လို့ထည့်သုံးရပါတယ်၊ အောက်မှာဥပမာကြည့်ပါ၊
what path should i <sub>choose</sub> in my future life?
Superscripted Tag
တစ်ချို့စာလုံးတွေကိုပုံမှန်စာကြောင်းရဲ့ အပေါ်မှာရောက်စေချင်ရင် superscripted tag ကို သုံးရပါတယ်၊ အဖွင့်ကို <sup> အပိတ်ကို </sup>
လို့ထည့်သုံးရပါတယ်၊ အောက်မှာဥပမာကြည့်ပါ၊
what path should i <sup>choose</sup> in my future life?
အထက်က ကုတ်ကို Run ကြည့်လိုက်ရင် choose က စာကြောင်းရဲ့  အပေါ်ဖက်ကို ရောက်နေပါလိမ့်မယ်၊
Text Formatting
အောက်မှာ အသုံးဝင်မယ့် Text formatting တွေကို ဇယားနဲ့ ရေးပေးလိုက်မယ်၊ အောက်မှာရေးထားတာတွေကို တစ်ခုစီစမ်းကြည့်ပါ၊ အပိတ်မှာ
မျဉ်းစောင်းခံဖို့တော့မမေ့နဲ့၊
 သုံးရမယ့် Tags များ အဓိပ္ပါယ်၊
 <br>   </b> စာလုံး အထူဖြစ်စေလိုရင်သုံးရန်၊ စာလုံး အထူဖြစ်စေလိုတဲ့စာသားရဲ့ ရှေ့မှာ <b> ထည့်၍ နောက်မှာ </b> ထည့်ရန်၊
 <big> </big> စာလုံး အကြီးဖြစ်စေလိုရင်သုံးရန်၊ စာလုံး အကြီးဖြစ်စေလိုတဲ့ စာသားရဲ့ ရှေ့မှာ <big> လို့ထည့်၍ နောက်မှာ </big> လို့ထည့်ရန်၊
 <em> </em> အလေးအနက်ဖြစ်စေလိုရင် သုံးရန်၊ အရေးကြီးကြောင်း အလေးအနက် ဖြစ်စေလိုတဲ့စာလုံးရဲ့ ရှေ့မှာ <em> ထည့်၍ နောက်မှာ </em> ထည့်ရန်၊
 <i> </i> စာလုံးတစ်စောင်း ဖြစ်စေလိုရင်သုံးရန်၊ စာလုံးတစ်စောင်းဖြစ်စေလိုတဲ့ စာသားရဲ့ ရှေ့ မှာ <i> ထည့်၍ နောက်မှာ </i> ထည့်ရန်၊
 <small> </small> စာလုံး အသေးဖြစ်စေလိုရင်သုံးရန်၊ စာလုံး အသေးဖြစ်စေလိုတဲ့ စာသား ရဲ့ ရှေ့မှာ <small> ထည့်၍ နောက်မှာ </small> ထည့်ရန်၊
 <strong> </strong> စာလုံး အထူဖြစ်စေလိုရင်သုံးရန်၊ စာလုံး အထူဖြစ်စေလိုတဲ့စာသားရဲ့ ရှေ့မှာ <strong> ထည့်၍ နောက်မှာ </strong> ထည့်ရန်၊
 <sub> </sub> စာလုံးတစ်လုံး (သို့) စာတစ်ကြောင်းကို သာမန်စာကြောင်းရဲ့ အောက်ကိုရောကိသွားစေချင်ရင် စာလုံးရဲ့ရှေ့မှာ <sub> ထည့်၍ နောက်မှာ </sub>ထည့်ရန်
 <sup> </sup> စာလုံးတစ်လုံး (သို့) စာတစ်ကြောင်းကို သာမန်စာကြောင်းရဲ့ အထက် ကိုရောကိသွားစေချင်ရင် စာလုံးရဲ့ရှေ့မှာ <sup> ထည့်၍ နောက်မှာ </sup>ထည့်ရန်
 72coder မှ မျှဝေသည်။
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.aungsanmks.blogspot.com 
www.ledimyethar.com 
www.ninilayy.com
Html အကြောင်းသိကောင်းစရာများ
What is HTML
HTML ဆိုတာ ၀က်ဆိုက်စာမျက်နှာတွေကို ဖော်ပြဖို့အတွက်သုံးတဲ့ ဘာသာပါ၊ HTML ဆိုတဲ့ စကားလုံးမှာ အက္ခရာ တစ်လုံးစီမှာ အဓိပ္ပါယ်ရှိပါတယ်၊ H က
Hyper ဆိုတဲ့စာလုံးအတွက်ရပ်တည်တယ်၊ T က Text ဆိုတဲ့ စာလုံးအတွက်ရပ်တည်တယ်၊ M က Markup ဆိုတဲ့စာလုံးအတွက်ရပ်တည်တယ်၊ L က
language ဆိုတဲ့စာလုံးအတွက်ရပ်တည်တယ်၊ အားလုံးကို ပေါင်းရေးရင် အတိုကောက် ပုံစံက HTML ဖြစ်ပြီး မူရင်းပုံစံက Hyper Text Markup
Language ဖြစ်တယ်၊ HTML က Programming ဘာသာရပ်မဟုတ်ပါဘူး၊ သူက Markup ဆိုတဲ့ အမှန်အသားပြုလုပ်တဲ့ ဘာသာပါ၊ အမှတ်အသားဆိုတာ
<h> ဆိုရင်ခေါင်းစဉ်လို့သတ်မှတ်တယ်၊ <p> ဆိုရင် စာပိုက်လို့သတ်မှတ်တယ် စသဖြင့် အမှတ်အသားလုပ်တဲ့ ဘာသားဖြစ်လို့ သူ့ကို Markup Language
လို့ခေါ်ပါတယ်၊ Markup Language လို့ခေါ်တဲ့ အမှတ်အသားပြုလုပ်တဲ့ ဘာသာရပ်ကို မတူညီတဲ့ မှတ်သားမူတွေပြုလုပ်တဲ့ သင်္ကေသတွေနဲ့ ဖွဲ့ စည်းထား
တယ်၊ အဲ့ဒိ့ မတူညီတဲ့ အမှတ်အသား သင်္ကေသတွေကို Markup Tags လို့ခေါ်တယ်၊ 
Markup Tags
အဲ့ ဒီ့ Markup Tags တွေက ၀က်ဆိုက်စာမျက်နှာတွေကို ဘယ်အပိုင်းကတော့ ခေါင်းစဉ် ဘယ်အပိုင်းကတော့ စာပိုဒ် စသဖြင့်မှတ်သားပေးတယ်၊ Markup
tags တွေမှာ အထူးပြုစာလုံးတွေကိုသုံးတယ်၊ ဥပမာ head ဆိုရင် h လို့သုံးတယ်၊ paragraph ဆိုရင် p လို့သုံးတယ်၊ line break ဆိုရင် <br> လို့သုံးတယ်၊
အဲ့ဒီ့ အထူးပြုစာလုံးတွေကို angle brackets လို့ခေါ်တဲ့ အဖွင့် < အပိတ် > မြားလေးတွေနဲ့ ၀ိုင်းထားတယ်၊ Greater than သင်္ကေသတို့ Less than
သင်္ကေသတို့နဲ့တူတယ်၊ Markup Tags တိုင်းကို အဲ့ဒီ့လိုမြားလေးတွေ အဖွင့်အပိတ်နှစ်ခုကြာထဲထည့်ရတယ်၊ ဥပမာ head ဆိုရင် <h> လို့ရေးတယ်၊ 
paragraph ဆိုရင် <p> လို့ရေးတယ်၊ အဲ့ဒီ့ Markup Tags တွေက ရေးရင် တစ်စုံရေးရတယ်၊ အဖွင့် ရှိသလို အပိတ်ရှိတယ် (တစ်ချို့တော့ခြွင်းချက်ရှိတယ်)၊
အဖွင့်အပိတ်ပါအောင်ရေးမှ မှတ်လိုတဲ့အစိတ်အပိုင်းကို မှန်ကန်စွာမှတ်နိုင်မယ်၊
ဥပမာ သင်စာကြောင်းတစ်ကြောင်းကို ခေါင်းကြီးစာလုံး heading လို့သတ်မှတ်ချင်တယ်ဆိုပါစို့၊ အဲ့ဒီ့လို သတ်မှတ်ဖို့အတွက် Markup
Tags တွေထဲက ခေါင်းကြီးစာလုံးကို ကိုစားပြုတဲ့ <h1> ကိုသုံးနိုင်တယ်၊ အဖွင့်ကို <h1> လို့ရေးပြီး အပိတ်ကို </h1> လို့ရေးတယ်၊ အဖွင့်အပိတ်ကိုတော့
သင်သတ်မှတ်လိုတဲ့စာကြောင်းရဲ့ အစနဲ့ အဆုံးမှာထည့်ရတယ်၊
 ဥပမာ သင်က “I am Learning web design ဆိုတဲ့စာသားကိုခေါင်းစဉ် heading အဖြစ်သတ်မှတ်ချင်တယ်ဆိုရင် အောက်က အတိုင်း Markup tags
ရဲ့ ခေါင်းကြီးစဉ် သင်္ကေသ ဖြစ်တဲ့ <h1> နဲ့ </h1> တို့ကို  “I am learning web design” ဆိုတဲ့ သင်ခေါင်းစဉ်သတ်မှတ်လိုတဲ့ စာသားရဲ့ ရှေ့ နဲ့ နောက်မှာ
ထားရမယ်၊ အောက်မှာဥပမာကြည့်၊
<h1> I am learning web design </h1>
အထက်က ဥပမာကတော့ သင် မှတ်သားလိုတဲ့ စာကြောင်းကို Markup tag သုံးပြီးမှတ်သားရာမှာ အဖွင့်open tags နဲ့ အပိတ် close tag နှစ်ခုသုံးပြီး
မှတ်သားရတယ်ဆိုတဲ့ ဥပမာ ပါ၊ အပိတ်မှာ close tag မှာ အမြဲတမ်း ရှေ့ကိုစောင်းထားတဲ့ မျဉ်းစောင်း forward slash ကိုထည့်ရတယ်၊ HTML က
အသုံးဝင်လှပါတယ်၊ သူ့ကိုမသုံးရင် သင့်ရဲ့ဝက်ဆိုက်မှာ ဘယ်စာကြောင်းက ခေါင်းစဉ်လဲ ဘယ်စာကြောင်းက လင့်လဲ စသဖြင့် ခွဲခြား သိနိုင်တော့မှာ
မဟုတ်ပါဘူး၊ 
HTML Element
HTML မှာ HTML Elements တွေရှိပါတယ်၊ သူတို့ကို HTML Tags တွေနဲ့ ရှုပ်သွားတတ်တယ်၊ အောက်က ဥပမာကိုကြည့်ပါ၊
<h1> I am learning web design </h1>
အထက်က စာကြောင်းမှာ HTML Tags တွေကိုပြောပါဆိုရင် <h1> နဲ့ </h1> တို့ကိုပြောရပါမယ်၊ အလယ်က စာကြောင်းမပါဘူး၊ ဒါမှမဟုတ်ဘဲ HTML
Element ကိုပြောပါဆိုရင်တော့ စာကြောင်းတစ်ကြောင်းလုံး အပါအ၀င်ဖြစ်တဲ့ <h1> I am learning web design </h1> ကိုပြောရပါမယ်၊ <h1> အစ
ကနေ စာကြောင်းအပါအ၀င် </h1> အဆုံးအထိကို HTML Element တစ်ခုလို့ခေါ်ပါတယ်၊
HTML Documents are Webpages
HTML Document ဆိုတာက web page လို့ခေါ်တဲ့ ၀က်ဆိုက်စာမျက်နှာပါပဲ၊ HTML ရဲ့ အမြင်မှာတော့ web pages တွေက HTML Document တွေပဲဖြစ်ပါ
တယ်၊ ဒါကြောင့်ပဲ HTML Document တစ်ခုကို web page လို့ခေါ်နိုင်ပါတယ်၊
ကွန်ပြူတာ အင်တာနက်အသုံးပြုသူတွေသုံးနေကြတဲ့ web browser တွေဖြစ်တဲ့ Internet Explorer, Firefox, Google Chrome တို့ရဲ့ အဓိပ ရည်ရွယ်ချက်
က HTML Document တွေကို ဖတ်ပြီးဘာသာပြန်ဖို့ပါ၊ web browser တွေက သူတို့ တွေ့တဲ့ HTML Documents တွေကို သင်မြင်တွေ့နေရတဲ့ လှပ သေ
သပ်တဲ့ ၀က်ဆိုက်စာမျက်နှာလေးတွေဖြစ်အောင် ဘာသာပြန်ကြတယ်၊ တကယ်တော့ သူတို့ စတွေ့တာက Markup Tags တွေနဲ့ ဖွဲ့စည်းထားတဲ့ HTML
Document ပါ၊ HTML Documents တွေကိုပဲ လူတွေအတွက် အမြင်ရှင်းအောင် ဖတ်ရလွယ်အောင် browser တွေက ဘာသာပြန်လိုက်ကြတယ်၊ ဥပမာ
<h1> This is heading </h1> ဆိုတဲ့စာသားကိုတွေ့ရင် browser တွေက အော် ဒါက <h1> ဆိုတဲ့ Tag ကိုသုံးထားတော့ သူ့ထဲမှာရှိတဲ့စာသားတွေက
ခေါင်းစဉ်ဖြစ်မယ်၊ ဒီတော့ သူ့ကို တခြားစာလုံးတွေနဲ့ မတူတဲ့ ခေါင်းစဉ်စာလုံးပုံပြောင်းပေးလိုက်မယ် ဆိုပြီး ခေါင်းစဉ်အဖြစ်ပြောင်းပေးလိုက်တယ်၊
ဒါကိုဘာသာပြန်တယ်လို့ခေါ်တယ်၊ HTML Tags တွေကို တော့ထည့်မပြန်ဘူး၊ ဒါပေမယ့် HTML tags တွေရဲ့ မှတ်သားမူတွေအတိုင်း ဘာသာပြန်လိုက်တယ်၊
ဒီသင်ခန်းစာမှာ မိတ်ဆက်အနေနဲ့ HTML အကြောင်းကိုပဲ ရှင်းပြထားတယ်၊ နောက် သင်ခန်းစာမှာတော့ အခြခံတည်ဆောက်ပုံကိုလေ့လာမယ်၊
72 coder မှမျှဝေခြင်းဖြစ်ပါတယ်..
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်.. 
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.aungsanmks.blogspot.com 
www.ledimyethar.com 
www.ninilayy.com
Beginner တွေအတွက် bot မွေးနည်း
ဒါလေးကတော့ cyberoot ရေးထားတဲ့ Beginner တွေအတွက် bot net ဖန်တီးနည်းလေးဖြစ်ပါတယ် Bot တစ်ကောင် localhost မှာဖန်တီးရအောင်လိုအပ်တာလေးတွေ ကိုအောက် မှာဒေါင်းလိုက်ပါဗျာ.......
Xampp
အောက်မှာဒေါင်းလိုက်ပါဗျာ..... ကိုယ့် Window နဲ့ဆိုင်တဲ့ Xampp ဒေါင်းပြီးရင် install လုပ်ခဲ့ အခါ Install Apache service ရယ် Install Mysql service ကို အမှန်ခြစ်ပေးဖို့မမေ့ပါနဲ့
Xampp လည်းဒေါင်းပြီးလို့ install လုပ်ပြီးပြီ...
vertexnet bot လည်းဒေါင်းပြီးပြီဆိုရင်လုပ်ငန်းစရအောင်ဗျာ.........
အရင်ဆုံး C>XAMPP>htdocs အထဲကိုဝင်
ခုဏကဒေါင်းထားတဲ့ vertexnet bot ကို zip ဖိုင်ဖြေပြီး ကော်ပီယူပြီးးးးးးးး
htdocs ထဲမှာ ဖိုဒါဆောက်ပြီး past ချလိုက်ဗျာ.........
အနော်ကတော့ shwebot ဆိုပြီး past ဆောက်ထားတယ်.......
ဒီကျူတိုရီရယ်မှာတော့ mmbot ဆိုပြီးတည်ဆောက်ထားတယ်......
ကဲဒီပုံလေးအတိုင်းဖြစ်ပါမယ်.......
1 ကတော့ mmbot ဆိုတဲ့ folder name ပါ
2 ကတော့ mmbot ထဲမှာကူးထဲ့လိုက်တဲ့ file တွေအားလုံးပါ
ဟုတ်ပြီ ဒါဆို firefox လေးဖွင့်ပြီး run ကြည့်ရအောင်
address bar မှာ localhost/mmbot ဆိုပြီးရိုက်လိုက်တော့အောက်ကပုံအတိုင်းဖြစ်သွားမှာပါ
နောက်တော့ ကျွန်တော်တို့က Web Panel ထဲကိုဝင်လိုက်ပါ
address bar မှာ localhost/mmbot/web panel လို့ရိုက်လိုက်ပါ
အောက်ကပုံမျိုး connection error ဆိုပြီးဖြစ်နေမှာပါ
အပေါ်က connection error ပြနေတဲ့အတွက် ကျွန်တော်တို့က database ချိတ်ပေးဖို့လိုပါတယ်
database ချိတ်နည်းကိုလည်းကျွန်တော်ရေးထားပြီးပြီးနော်
ဒါကြောင့် database ချိတ်ဖို့ သူထဲ့မှာပါတဲ့ sql ဖိုင် နဲ့ config ဖိုင်ကိုနည်းနည်းပြင်ပေးလိုက်ရအောင် ဟီး
အခုဆိုရင် ကျွန်တော်တို့က စောစောက ပြောတဲ့ web panel ဖိုင်ထဲကိုသွားကြည့်ရအောင်
sql အတွက် web panel file ထဲမှာ SQL ဆိုတဲ့ဖိုင်ရှိပါတယ် သူထဲကို ထပ်ပြီး ၀င်ကြည့်ရင်တော့ vertexnet.sql ဆိုတဲ့ sql file ကိုတွေ့မှာပါ
အောက်ကပုံလေးကိုကြည့်ပါ
ဒါကိုကျွန်တော်တို့က localhost ရဲ့ phpAdmin ထဲမှာ sql Databse တစ်ခုဆောက်ပြီးထည့်ပေးရမှာပါ
ဟုတ်ပြီ ဒီပို့စ်ဖတ်တဲ့သူတွေအထဲမှာ php admin ပိုင်းသိပ်မသိသေးတဲ့သူပါရင်တစ်ခါတည်းလုပ်ရလွယ်အောင်ဗီဒီယိုဖိုင်လေးအောက်မှာပေးထားတယ်ဗျာ.....
ဒေါင်းပြီးကြည့်လိုက်ပေါ့....... php admin မှာ database ဆောက်နည်းကော xampp install လုပ်နည်းလေးပါပါတယ်...
http://www.mediafire.com/?1upk63arzw18x0a
1 =>mmbot ဆိုပြီး database name တစ်ခုရိုက်ပြီး
2 =>Create ကိုနှိပ်ပါ
အဲလိုလုပ်ပြီးသွားပြီဆိုရင်တော့အောက်ကပုံအတိုင်းဖြစ်သွားလိမ့်မယ်
1 => ကတော့ ကျွန်တော်တို့ဆောက်လိုက်တဲ့ database name ပါ
2 =>ကတော့ စောစောတုန်းကပြောခဲ့တဲ့ vertexnet.sql ကို import လုပ်ဖို့အတွက် အဲဒီ import ကိုနှိပ်လိုက်ပါအောက်ကပုံကိုကြည့်ပါ
ဟုတ်ပါပြီ ပထမအဆင့် database ဆောက်တဲ့လုပ်ငန်းပြီးသွားပါပြီ ဒါပေမယ့် ကျွန်တော်တို့က servername တွေ username and password
ကိုပြန်ပြီး configure လုပ်ရဦးမှာပါ ....
ဟုတ်ပြီနောက်တစ်ဆင့်အနေနဲ့
C>xampp.>htdocs>mmbot>Web panel>inc>connection.inc အဆင့်ဆင့်သွားပြီး........
connection.inc ကို Right click နှိပ်ပြီးးးးးးးးးး notepad နဲ့ဖွင့်လိုက်ပါ....
Clt+F ကိုနှိပ်ပြီး vertexnet ကိုရှာပြီး mmbot နဲ့အစားထိုးလိုက်ပြီး save လိုက်ပါ..
အိုကီဗျာ...... broweser လေးကိုဖွင့်ပြီး.......
www.localhost/mmbot/ကိုသွားပြီး web panel ကိုနှိပ်လိုက်ပါ
အောက်ပါအတိုင်းပေါ်လာပါမယ်........
user ကတော့ root ဖြစ်ပြီး
password ကတော့ toor ဖြစ်ပါတယ်.......
ကျွန်တော်တို့မှာ bot တွေမရှိသေးပါဘူး ဒါကြောင့် ကျွန်တော်တို့ bot ကိုဖန်တီး သို့မဟုတ် bot မွေးဖို့ လိုပါတယ်ဒီတော့ ကျွန်တော်တို့ ရဲ့ file ထဲမှာပါတဲ့ bot builder သုံးပြီး exe bot ကိုဖန်တီးရအောင်ဗျာ အခြား php bot တွေလည်းသုံးနိုင်ပါတယ်php bot အကြောင်းကိုကျွန်တော်လည်း သိပ်နားမလည်သေးတော့နောက် မှရှင်းပြပါမယ် ပထမဆုံး ကျွန်တော်တို့ file ထဲမှာပါတဲ့ VNBuilder ဆိုတာရှိ ပါတယ် အောက်မှာကြည့်ပါ ဒါကို run လိုက်ပါဒီလိုမျိုးဖြစ်သွားပါလိမ့်မယ်
နောက်တော့ ကျွန်တော်တို့က လမ်းကြောင်းကိုနည်းနည်းပြောင်းပေးဖို့လိုပါတယ်
1 => ဆိုတဲ့နေရာမှာ Root website url ဆိုတာကို localhost ဆိုပြီးပြောင်းလိုက်ပါ port ကတော့ 80 ပဲ့ထားလိုက်ပါ
2 => ဆိုတဲ့နေရာမှာတော့ Website path နေရာကိုတော့ စောစောကသုံးသွားတဲ့ /mmbot/Web Panel/လိုပြောင်းလိုက်ပါ ပြီးတော့ နောက်ဆုံးက build loader ကိုသွားပြီး ok ကိုနှိပ်လိုက်ပါ
အောက်ကပုံကိုကြည့်ပါ... သတိထားရမှာက home  မှာ I accept and----- ဆိုတဲ့နေရာမှာ အမှန်ခြစ်လေးလုပ်ပေးဖို့မမေ့ပါနဲ့ဦးဗျာ......
1=> မှာက icon ရွေးတာပါ
2=> ကတော့ ကိုယ်ကြိုက်တဲ့ file extension ကိုရွေးပြီး build ကိုနှိပ်ပါ
3=> ကတော့ ပေးချင်တဲ့ နာမည်ပေးလိုက်ပြီး
4=> save ဆိုတဲ့ button ကိုနှိပ်လိုက်တဲ့ အခါ အောက်ကပုံလေးလို successful ဆိုပြီးဖြစ်သွားပါပြီ
firefox ကို refresh လုပ်ပြီး ပြန်ကြည့်ပါဦး သင်မှာ bot တစ်ကောင်ပိုင်သွားပါပြီ
အောက်ကပုံလေးကိုကြည့်ပါဦးဗျာ
နောက်မှာ bots အသုံးပြုနည်းကျူတိုရီယာထပ်တင်ပေးဦးမယ်ဗျာ..........
ဆက်လက်ဖော်ပြပါမည်
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။
www.aungsanmks.blogspot.com
www.ledimyethar.com
www.ninilayy.com
RAT (သို့) Trojan ဆိုတာဘာလဲ
အကယ်၍ များ ခြား Computer တစ်ခုရဲ့ IP address/ Computer Name တွေကို သိမယ်ဆိုရင် ကိုယ်လိုသလို ချုပ်ကိုင်လို့ ရတယ်ဆိုတာကို Hacker's Secret ဆိုတဲ့ black hand book ကိုဖတ်ဖူးသူတိုင်း သိနိုင်ပါတယ်။ ကျနော့်ဆီမှာ အဲဒီစာအုပ်က ဖျက်တဲ့အထဲပါသွားလို့ နောက်မှပဲပြန်ရှာပြီးတင်ပေးပါ့မယ်...။ ကဲ...Trojan Tool   တွေကို ကြည့်လိုက်ကြရအောင်....
RAT (သို့) Trojan ဆိုတာဘာလဲ
RAT ဆိုတာ remote acess trojan (သို့) remote administrator tool တစ်ခုဖြစ်ပါတယ်။
RAT (သို့) Trojan တစ်ခုနဲ့ သင်ဘာတွေ လုပ်နိုင်ပါသလဲ
သင်ဟာ ဒီ programတွေကို အသုံးပြု၍ အဝေးမှာနေပြီး informationတွေ၊ file တွေ၊ device တွေကို target computer ဆီမှ ရယူနိုင်ပါတယ်။
TRANSMISSION'S UD RAT V1
http://minus.com/ltWgOQfie2SW3
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။
www.aungsanmks.blogspot.com
www.ledimyethar.com
www.ninilayy.com
Website & Accounts Hacking With Dork ( EBook - မြန်မာလို )
Dork ဆိုတဲ့ သဘောတရားလေးကို နည်းနည်းလောက်ပြောပြပါမယ်.. အခု Website  တွေ Accounts တွေ
ကို Hack လုပ်တယ်ဆိုတာ များသောအားဖြင့် Dork တွေနဲ့ လုပ်ကြတာများပါတယ်.. Dork ဆိုတာ
Hacking ရဲ့အခြေခံသဘောတရားဖြစ်သလို အမြင့်ပိုင်းတွေအထိ အခုထိ သုံးနေရတဲ့ နည်းလမ်းလဲ ဖြစ်
ပါတယ်..ဥပမာ ကျနော်တို့ ကုလား Website တွေကိုဖျက်တယ်ဆိုရင်.. ကုလားတွေရဲ့ Website တွေကို
တစ်စုတစ်စည်းထဲ အားနည်းချက်ကိုရရှိဖို့ Dork တွေကိုသုံးကြပါတယ်..အားနည်းတဲ့ကုလားဆိုက်ကတော့
မြန်မာ Hacker တွေရဲ့ သမတာကိုခံရတော့တာပါဘဲ :-) Hacking လောကမှာတော့ Dork သုံးတာကို
Dork တက်ရမ်းတယ်.. Dork တက်ရမ်းတယ်လို့ပြောကြပါတယ်..ကဲ..အခု Dork နဲ့ တက်ရမ်းပုံစာအုပ်လေး
ကျနော့်ညီငယ်လေး မင်းစိုးရာဇာက ပေးပို့လိုက်တဲ့အတွက် Hacking လေ့လာနေသူ ညီအစ်ကိုများအ
တွက် တင်ပေးလိုက်ပါပြီခင်မျာ
Download=> Link 1 / Link 2
www.mmithelper.com (Myanmar IT Helper / Full Version
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.aungsanmks.blogspot.com 
www.ledimyethar.com 
www.ninilayy.com
ဘလော့မှာ Related Posts လေး အလွယ်ထည့်နည်း
Blog တွေမှာ Visitor တွေကို အဆင်ပြေစေမယ့်
Widget တွေအနက်က တစ်ခုဖြစ်တဲ့ Related Posts
ထည့်နည်းလေးကို မျှဝေပေးချင်ပါတယ် ..
Related Posts တွေမျိုးစုံရှိပါတယ် ..
Thumbnail လေးတွေနဲ့အတူ ဆက်စပ်ပို့စ်တွေကို
ဖော်ပြပေးတဲ့ Widget မျိုးလေးတွေရှိသလို ရိုးရိုးရှင်းရှင်းနဲ့
ပို့်စ်ခေါင်းစဉ်လေးတွေကိုပဲ ဖော်ပြပေးတဲ့ Widget လေးတွေပေါ့
ကျွန်တော်ကတော့ ကွန်နက်ရှင်လုံးဝမကောင်းတဲ့ အရပ်ဒေသမှာ နေတဲ့လူဖြစ်လို့
အတတ်နိုင်ဆုံး ဘလော့ရဲ့ Loading Time ကို လျှော့ချချင်တာဖြစ်တဲ့အတွက်
ပုံလင့်တွေချိတ်နေချိန်လေးသက်သာအောင် ရိုးရိုးတန်းတန်းပဲ ပို့စ်ခေါင်းစဉ်လေးတွေကိုပဲ
ဖော်ပြပေးတဲ့ Related Posts Widget ကို သဘောကျပါတယ် ..
ကဲ .. အခု ကျွန်တော့်ဘလော့မှာ သုံးထားတဲ့ Related Posts လေး ထည့်သွင်းပုံကို
မျှဝေပေးပါ့မယ် ..
အရင်ဆုံး Blogger မှာ Login ၀င်လိုက်ပြီပေါ့ ..
Template ကိုသွားပါ ..
HTML ကို ပြင်ရမှာမို့ အမှားအယွင်းတစ်စုံတစ်ရာအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့
ညာဖက်အပေါ်ဒေါင့်နားလေးက Backup/Restore template ကို နှိပ်ပြီး ပွင့်လာတဲ့ထဲက
Download Full template ကိုနှိပ်ပြီး ကိုယ့်ရဲ့ Template ကို ဒေါင်းယူထားလိုက်ပါဦး ..
ပြီးရင် Edit HTML ကိုနှိပ်ပါ ..
ပြီးရင် </head> ဆိုတာကို ရှာပါ ..
အလွယ်တကူရှာချင်ရင် HTML ကုဒ်တွေရဲ့ အပေါ်ဆုံးစာကြောင်းမှာ ကလစ်တစ်ချက်နှိပ်ပြီး
Ctrl ကီးနဲ့ F ကီးကို တွဲနှိပ်လိုက်ရင် ညာဖက်အပေါ်ဒေါင့်နားမှာ Search box လေးပေါ်လာပါမယ်
အဲဒီထဲမှာ ကိုရှာချင်တာကို ရိုက်ထည့်ပြီး Enter နှိပ်လိုက်ပါ .. ကိုယ်ရှာတဲ့ စာလုံးကို အရောင်လေးခြယ်ပြီး ပြန်လာပါလိမ့်မယ် ..
</head>ကိုတွေ့ပြီဆိုရင်တော့ သူရဲ့ အပေါ်မှာ ( အပေါ်မှာ နေရာလွတ်မရှိရင်လည်း
</head> ရဲ့ရှေ့မှာ ကလစ်တစ်ချက်နှိပ်ပြီး Enter နှိပ်လိုက်ရင် </head> က အောက်တစ်ကြောင်းဆင်းသွားတာမို့ အပေါ်မှာ နေရာလွတ်ဖြစ်သွားပါမယ် ..
ကဲ .. ရပြီဆိုရင် </head> ရဲ့အပေါ်မှာ အောက်ကကုဒ်တွေကို ကော်ပီကူးပြီး ထည့်ပေးလိုက်ပါ ..
 <!--RelatedPostsStarts--><style>
#related-posts {
float : left;
width : 540px;
margin-top:20px;
margin-left : 5px;
margin-bottom:20px;
font : 11px Verdana;
}
#related-posts .widget {
list-style-type : none;
margin : 5px 0 5px 0;
padding : 0;
}
#related-posts .widget h2, #related-posts h2 {
color : #940f04;
font-size : 20px;
font-weight : normal;
margin : 5px 7px 0;
padding : 0 0 5px;
}
#related-posts a {
color : #7AA1C3;
font-size : 11px;
text-decoration : none;
}
#related-posts a:hover {
color : #F49F04;
text-decoration : underline;
}
#related-posts ul {
border : medium none;
margin : 10px;
padding : 0;
}
#related-posts ul li {
display : block;
background : url(&quot;https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5xt2kjefl-9k79ILX5lON2I66qabnVcxkot1S2Ymf1-BmVudHOvSkPQ7razBskOHIuoiY8mScpbEIEGiXt9_oCo3Q5y9PykXDUV8NZS0EfmYWdXbqDzT_9uMliStnpzrwZz9uNL4RhHg/s400/related-post.png&quot;) no-repeat 0 0;
padding-top : 0;
padding-right : 0;
padding-bottom : 2px;
padding-left : 20px;
margin-bottom : 5px;
line-height : 2em;
border-bottom:1px dotted #cccccc;
}
</style>
<script language='JavaScript'>//<![CDATA[
var relatedTitles = new Array();
var relatedTitlesNum = 0;
var relatedUrls = new Array();
function related_results_labels(json) {
for (var i = 0; i < json.feed.entry.length; i++) {
var entry = json.feed.entry[i];
relatedTitles[relatedTitlesNum] = entry.title.$t;
for (var k = 0; k < entry.link.length; k++) {
if (entry.link[k].rel == 'alternate') {
relatedUrls[relatedTitlesNum] = entry.link[k].href;
relatedTitlesNum++;
break;
}
}
}
}
function removeRelatedDuplicates() {
var tmp = new Array(0);
var tmp2 = new Array(0);
for(var i = 0; i < relatedUrls.length; i++) {
if(!contains(tmp, relatedUrls[i])) {
tmp.length += 1;
tmp[tmp.length - 1] = relatedUrls[i];
tmp2.length += 1;
tmp2[tmp2.length - 1] = relatedTitles[i];
}
}
relatedTitles = tmp2;
relatedUrls = tmp;
}
function contains(a, e) {
for(var j = 0; j < a.length; j++) if (a[j]==e) return true;
return false;
}
function printRelatedLabels() {
var r = Math.floor((relatedTitles.length - 1) * Math.random());
var i = 0;
document.write('<ul>');
while (i < relatedTitles.length && i < 20) {
document.write('<li><a href="' + relatedUrls[r] + '">' + relatedTitles[r] + '</a></li>');
if (r < relatedTitles.length - 1) {
r++;
} else {
r = 0;
}
i++;
}
document.write('</ul>');
}
//]]>
</script><!--RelatedPostsStops-->
ပြီးရင် <div class='post-footer-line post-footer-line-3' /> ဆိုတာကို ထပ်ရှာပါ ..
( Search Box မှာ တစ်ခါတစ်ခါ ကုဒ်အားလုံးထည့်ရှာလို့မရရင် တစ်လုံးချင်း လျှော့လျှော့သွားပြီး လိုက်ရှာပါ )
တွေ့ပြီဆိုရင် သူရဲ့အောက်ကိုတစ်ကြောင်းချင်း ဆင်းကြည့်ပါ
</div>
</div>
အဲဒီလိုဆုံးနေတဲ့နေရာရဲ့ အောက်တစ်ကြောင်းမှာ အောက်ကကုဒ်တွေကို ကော်ပီကူးထည့်ပေးလိုက်ပါ ..
<!--RELATED-WIDGET-STARTS-->
<b:if cond='data:blog.pageType == &quot;item&quot;'>
<div id='related-posts'>
<font color='#7AA1C3' face='Arial' size='3'><b>Related Posts: </b></font><font color='#ffffff'><b:loop values='data:post.labels' var='label'><data:label.name/><b:if cond='data:label.isLast != &quot;true&quot;'>,</b:if><b:if cond='data:blog.pageType == &quot;item&quot;'>
<script expr:src='&quot;/feeds/posts/default/-/&quot; + data:label.name + &quot;?alt=json-in-script&amp;callback=related_results_labels&amp;max-results=4&quot;' type='text/javascript'/></b:if></b:loop> </font>
<script type='text/javascript'> removeRelatedDuplicates(); printRelatedLabels();
</script>
</div></b:if>
<!--RELATED-WIDGET-STOPS-->
ကုဒ်တွေထဲက ကျွန်တော် အနီရောင်နဲ့ခြယ်ထားတဲ့ 4 ဆိုတာလေးက Related Posts စုစုပေါင်း ဘယ်လောက်ပြရမယ်လို့ သတ်မှတ်ထားတာပါ ..အတိုးအလျှော့ကို ပြုပြင်ပေးလို့ရပါသေးတယ်
ကော်ပီကူးထည့်ပေးလိုက်တဲ့ကုဒ်တွေရဲ့အောက်မှာ </b:includable> ဆိုတာလေးကိုတွေ့ရင် ကုဒ်ထည့်တာမှန်ပါတယ် (အောက်ကပုံမှာ ကြည့်ပါ)
ကုဒ်တစ်ချို့အနီရောင်ပြောင်းသွားရင်တော့ ကုဒ်ထည့်တဲ့နေရာ မှားပါတယ် ..
ကုဒ်ထည့်တာမမှန်ရင် အပေါ်နားလေးက Preview Template ကို နှိပ်ကြည့်လိုက်လို့ ဘလော့ပွင့်လာနိုင်တယ်ဆိုရင် ကုဒ်ထည့်တာမှန်ပါတယ် .. ကုဒ်ထည့်တာမှားရင်တော့ Error ဖြစ်တဲ့နေရာကို ပြပါလိ့မယ်
အဲဒီအခါ ဘာမှမလုပ်တတ်ရင် ဘယ်ဖက်အပေါ်ဒေါင့်နားလေးက Back ကိုနှိပ်လိုက်ပါ .. Save မလုပ်ရသေးကြောင်း Box တက်လာရင် Ok ကိုနှိပ်ပေးလိုက်ပါ
ဒါဆိုရင် Template ဟာ အရင်အတိုင်း ပြန်ဖြစ်သွားမှာပါ .. ပြီးမှ အစကနေ ပြန်ဝင်ပေါ့ ..
ကဲ .. အားလုံးအဆင်ပြေပြေနဲ့ ပြီးသွားပြီဆိုရင်တော့ Save Template ကို နှိပ်ပေးလိုက်ရုံပေါ့ ..
ပြီးသွားရင်တော့ View Blog ကနေ ကိုယ့်ဘလော့ကို ၀င်ပြီး Post တစ်ခုကိုနှိပ်ကြည့်လိုက်ပေါ့ ..
အဲဒီပို့စ်ရဲကအောက်မှာ Related Posts လေးတွေ ပေါ်နေတာကို တွေ့နိုင်ပါပြီ
အဆင်ပြေကြပါစေဗျာ
နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.aungsanmks.blogspot.com 
www.ledimyethar.com 
www.ninilayy.com
တင်ထားသမျှ ခေါင်းစဉ်များ
2Step Verification (5) A+အကြောင်း (1) Activator (9) Adobe CS3 Master Collection (1) Adobe Premiere Pro CS6 အသုံးပြုနည် (1) Adobe Software (12) Android application (1987) Android Game (710) AndroidPhoneဆိုင်ရာ (4) Antivirus (1) Apowersoft ApowerEdit v1.4.7.22 Build 04042019 (1) AVAST! Cleanup Premium 2019 version 19.1 Build 7085 (1) Blog Slider (8) Blogger Button (5) Blogger Comment (17) Blogger Ebooks (1) Blogger Hack (54) Blogger Loading Style (6) Blogger Mouse (1) Blogger Template (44) Blogger Tips (77) Blogger Widget (152) Blogs Html (63) Blogs Post (86) Blogs Tab Menu (53) Blogဆိုင်ရာ (1) Bowser ဆိုင်ရာ (21) Brothers in Arms® 3 v1.4.7c Mod Data [Unlimited Money] (1) Buddha မြန်မာစာတန်းထိုး (53) Burning Software (34) Burning Tools (47) C-Box (10) Canon LBP 6000 Original Driver (1) Canon LBP 6030 Original Driver & Installation Guide (1) CCleaner 5.56.7144 (Business / Professional / Technician) Multilingual Portable (1) CD/DVD ဆိုင်ရာများ (30) Cleanner-Speed (68) Computer Autoplay ပိတ်ထားနည်း (1) Computer Partationခွဲနည်း (1) Computer ဆိုင်ရာ (189) Computerဆိုင်ရာ (33) Converter (73) Desing Card (10) Display အလုပ်မလုပ်သော ပြဿနာဖြေရှင်းနည်းများ (1) Domain (3) Download Manager (42) Drive SnapShot v1.46.0.18213 (1) Driver Software (46) DVD-Cloner Platinum 2019 v16.30 Build 1446 [x86/x64] (1) DVDFab v11.0.2.4 [x86/x64] (1) Easy Translator version 14.0.0 (1) Ebooks (405) Errorဖြေရှင်းနည်း (1) Eset Smart Security 12.1.34.0 (x86/x64) (1) Facebook (152) Folder Lock (17) Fonts များစုစည်းမှု (6) Foxit PhantomPDF (1) Game (47) Game PC (32) Glary Utilities PRO version 5.117.0.142 (1) Gmail-Gtalk (70) GoogleChome &InternetDownloadmananger (1) Hacking (81) How To Download (6) Html (51) Internet Download Manager (18) InternetDownloadmananger(IDM) (1) IP Hider Software (6) Java Script (11) KhineMaster (1) KMS/2038 & Digital & Online Activation Suite v6.9 (1) MAGIX SOUND FORGE Pro 13 v.13.0.0 Build 46 (1) Marquee Technique (14) Media Player (31) MI Play store Apk (1) Microsoft Office (21) Mobile Legends Bang Bang Installer .exe Pc Version (1) Motors ( မော်တာများ )အကြောင်း (1) Movie (95) My Pdf (35) Myanmar Font (9) Myanmar Typing Software (1) MZW Solftware (1) NetGuide Journal (63) Network Software (7) New Blogs (15) Notကာကွယ်ခြင်းနည်း (1) ONEKEY PDF Convert to Word 4.0 REPACK (1) Partition Software (7) Password Recovery Software (1) paypal နှင့် ဆိုင်သော (5) PC GAMES (17) PC recovery (13) PC Software (203) PC Speed Up (32) PC-Clean Software (73) PDF (4) PDF Editor (10) Photo Editor Software (65) PHOTO SHOP (သင်တန်း)သီးသန့် (44) Photo Slideshow (12) photoshop background အလန်းများ (6) photoshop PNG ဖိုင်များရှာရန် (14) Photoshop Software (36) Photoshop ဆိုင်ရာ (51) Player (8) PrinterDriver (2) Programming (16) Pyidaungsu font (1) Read More (9) Recent Posts Widget (23) Recover Software (46) Recovery (33) Refresh and Restoreအကြောင်း (1) Reset (1) SAMSUNG One UI ဖုန်းတွေအတွက် မြန်မာဖောင့် (1) Screen Video Recorder (37) Search Box (6) Security Software (36) Sidebar Widget (71) SkyNet လိုင်းအသစ်ထည့်နည်း (1) SkynetBinfile (1) Slideshow Movie Maker (7) Social Widget (19) SOFTWARE (588) Software For Blogs (17) Software များအသုံးပြုနည်း (2) Softwares တွေအတွက် Serial no (or) Key တောင်းလျှင် ဖြေရှင်းနည်း (1) Speed Up Internet (13) TeamViewer version 14.2.2558.0 (Repack & Portable) (1) TTA Pie Myanmar (1) Unicode ေ​ြေပာင်းနည်း (1) Uninstaller Software (25) Upload (6) USB ဖြင့်ဝင်းဒိုးတင်နည်း (4) USB ကြိုးကနေ Virus မဝင်အောင် ကြိုတင် ကာကွယ်နည်း (1) Usb-Memory (19) Video Converter (29) Video Editing (76) Video Editor (1) Video Recorder (12) Virus ဆိုင်ရာ (86) WannaCry Ransomware ၏ အန္တရာယ် အကြောင်းနှင့် ကာကွယ်နည်း (1) Web Design ရေးဆွဲနည်း (5) Webcam Camera Software (11) Website ရေးနည်း (3) Wifi ဆိုင်ရာ (32) Win Update v1.4 (1) Window-10 ဆိုင်ရာ (2) Window-7 ဆိုင်ရာ (32) Window-xp ဆိုင်ရာ (2) window8ဆိုင်ရာ (19) Windows 10 Factory Reset ချနည်း (1) Windows 10 Backup & Restore လုပ်နည်း (1) Windows 10 ကွန်ပျူတာမှာမြန်မာစာတိကျမှန်စွာထည့်နည်း (1) Windows Activator (18) windows loader များ (10) Windows Manager Software (23) Windows Themes (24) Windows တင်နည်းများ (6) WinRAR 5.70 (Fully) (1) WinRar Full Version (12) WinRAR V3.80 Beta Version (1) WinToBootic နှင့် USB ထဲ Install လုပ်နည်း (7) WinUtilities Professional Edition Tool (1) Wordpress Tips (3) Write-Protected ကို ဖြုတ်နိုင်မယ့်နည်းနှစ်သွယ် (1) Zawgyi နဲ့ Unocode ဘာကွာလဲ (1) ကွန်ပျူတာ User Account Picture အကြောင်းများ (1) ကွန်ပျူတာဆိုင်ရာ (1) ကွန်ပျူတာပတ်ဝပ်ပြောင်းမရအောင်လုပ်နည်း (1) ကွန်ပျူတာရဲ့ Storage က HDD လား? SSD လား? စစ်ဆေးနည်းများ (1) ကွန်ပျူတာဟန်းနေရင်ဖြေရှင်းနည်း (1) ကျွနုပ်နှင့် ပရဟိတအလှူ (9) ကာမသိဒ္ဓိကျမ်း (1) ချက်နည်းပြုတ်နည်း (1) နည်းပညာဆိုင်ရာ (2) နည်းလမ်းများ (6) ပန်ကာပြုပြင်နည်း (1) ဖိုင်ဖြေနည်းများ (8) ဗဟုသုတ (6) ဗားရှင်းအသစ်ထွက်ရှိလာတဲ့ Facebook (နှင့်) Messenger (1) ဘာသာစကား ၉၁ မျိုးထိ ပါဝင်တဲ့ Easy Translator (1) ဘာသာရေးစာအုပ်များ (9) မိမိဆိုက်ကိုကော်ပီကူးမရအောင် ပိတ်ထားနည်း (1) ပြည်ထောင်စု ဖောင့် လက်ကွက် နှင့် စာရိုက်နည်း (1) မြန်မာစာမှန်အောင်လုပ်နည်း (1) မြန်မာဆိုတာ (1) ဝင်းဒိုးကို AOMEISoftware ဖြင့် Backup & Restore လုပ်နည်း (1) သင့် Laptop ကို မြန်ဆန်အောင်လုပ်ပေးမယ့် အချက် ၇ ချက (1) အင်တာဗျူးအစီစဉ် (2) အပျိုလမ်းညွှန် (1) အသံဇာတ်လမ်း (19) အခြေခံကွန်ပျူတာ Pdf (1) ဦးဇာနည်နည်းလမ်းများ (7) ဆော့ဝဲ ပြဿနာဖြေရှင်းနည်း (1) ကြော်ငြာ (13) ဟောပြောပွဲ (15)
မန်ဘာဝင်လို့အားပေးကြပါ