ဒီတစ်ခါတော့ လက်ဆောင်ပေးလို့ရတဲ့ အရာလေးလုပ်ပြပါမယ်။ ဖန်လုံးထဲက မင်းသမီးလေးပေါ့ဗျာ။သည်နည်းပညာလေးကို ရိုးရိုးလေးမှ ရေးသားထားပြီး ဖိုတိုရှော့ဝါသနာရှင်များအတွက် ပြန်လည်ဝေမျှလိုက်ခြင်းဖြစ်ပါတယ်..အောက်မှာ စလိုက်ရအေင်..
File > New နဲ့ width: 600 pxel, Height: 600 pxel လောက်နဲ့ ပေ့တစ်ခုလောက်ယူလိုက်ပါ။ ပြီးရင်တော့ Set foreground color: #282a2b နဲ့ Rectangular marquee tool နဲ့ ကွန်တော်ပုံနဲ့ပြထားသလို ဆွဲလိုက်ပါ။ Layer>New>layer ယူပြီးဆွဲရမှာနော်။
File > New နဲ့ width: 600 pxel, Height: 600 pxel လောက်နဲ့ ပေ့တစ်ခုလောက်ယူလိုက်ပါ။ ပြီးရင်တော့ Set foreground color: #282a2b နဲ့ Rectangular marquee tool နဲ့ ကွန်တော်ပုံနဲ့ပြထားသလို ဆွဲလိုက်ပါ။ Layer>New>layer ယူပြီးဆွဲရမှာနော်။
(၂) Edit>Transform>wap နဲ့ အောက်ဖက်သို့အနည်းငယ်ဆွဲချပါ။ ပုံမှာပြထားပါတယ်။
(၃) နောက်ထပ် Layer>New>layer ယူပါ။ Set foreground color: #282a2b နဲ့ Elliptical marquee tool နဲ့ ကွန်တော်ပုံနဲ့ပြထားသလို အ၀ိုက်ကလေးတစ်ခုဆွဲလိုက်ပါ။
(၄) နောက်ထပ် Layer>New>layer ယူပါ။ Set foreground color: #282a2b နဲ့ Rectangular marquee tool နဲ့ ကွန်တော်ပုံနဲ့ပြထားသလို ဆွဲလိုက်ပါ။
(၅) Edit>Transform>wap နဲ့ အောက်ဖက်သို့အနည်းငယ်ဆွဲချပါ။ ပုံမှာပြထားပါတယ်။
(၆) နောက်ထပ် Layer>New>layer ယူပါ။ Set foreground color: #5eb7e4 နဲ့ Elliptical marquee tool နဲ့ ကွန်တော်ပုံနဲ့ပြထားသလို အ၀ိုင်းတစ်ခုဆွဲလိုက်ပါ။ ပြီးရင်ယူထားတဲ့အရောင်ကိုဖြည့်လိုက်ပါ။
(၇) ပြီးရင် အရောင်ဖြည့်ပြီးသာအ၀ိုင်းရဲ့အောက်ခြေလောက်မှာ Elliptical marquee tool သုံးပြီးတော့ စလက်ရှင်တစ်ခုဆွဲလိုက်ပါ။ ပြီးရင် Select>Inverse နဲ့ စလက်ကိုပြောင်းပြန်လုပ်လိုက်ပါ။
(၈) နောက်တော့ Tool box က Eraser tool နဲ့ အောက်ကပိုနေတဲ့အပိုင်းလေးတွေကိုဖျက်ပြစ်လိုက်ပါ။ ဒီလိုလုပ်ခြင်းအားဖြင့် မလိုအပ်တဲ့အပိုင်းတွေမဖျက်မိအောင်ကာကွယ်တဲ့သဘောပါ။ စလက်ကိုတော့ Ctrl+D သုံးပြီးဖျောက်လိုက်လို့ရပါတယ်။
(၉) ကျွန်တော်တို့ အောက်ခံခုံအဖြစ်အသုံးပြုထားတဲ့ လေယာက (၃) ခုဖြစ်နေတယ်နော်။ အဲ့ဒီလေယာ (၃) ခုလုံးကို Ctrl+E သုံးပြီးပေါင်းလိုက်ပါ။ ပြီးရင်တော့ Tool box က Dodge tool နဲ့ Hightlights :35 လောက်ထားပြီး Shade အရောင်ပြေးလေးဖြစ်အောင်ဆွဲပေးလိုက်ပါ။ အလယ်က ထင်ရှား အောင် ဆွဲပေးပါ။ ဘေးဘက်မှာ နည်းနည်း လျော့ဆွဲပါ။
(၁၀) ပြီရင်အရောင်ဖြည့်ထားတဲ့ အပြာရောင်အ၀ိုင်းလေယာကို Ctrl+J နဲ့လေယာထပ်ပွားလိုက်ပါ။ ပြီရင် ပွားလိုက်တဲ့လေယာအပေါ်မှာ Ctrl key ကိုဖိပြီးတော့ ကလစ်တစ်ချက်နှိပ်လိုက်ပါ။ စလက်အဖြစ်ရပါလိမ့် မယ်။ စလက်ရရင်တော့ Set foreground color: #666460 အရောင်နဲ့ဖြည့်လိုက်ပါ။ စလက်ကိုတော့ ဖျက်မပစ်ပါနဲ့ဦး။
(၁၁) Layer> Layer style>Blending Option ကိုနှိပ်ပါ။ ကျလာတဲ့ဘောက်မှာ ကျွန်တော် စက်တင်တွေ ပြထားပါတယ်နော်။ Inner Shadow ယူပါ။ Blend moode: Linear dodge, Opacity:45 Angle: (-54), Distance: 15, Choke:0, Size: 35, Noise: 0, Set color of shadow:#ffffff ပေးလိုက် ပါ။ ပြီးရင်တော့ Ok လိုက်ပေါ့ဗျာ။
(၁၂) လေယာဘောက်က Blend moode မှာ Normal ကနေ Overlay ပြောင်းပေးပါ။
(၁၃) Filter>Render>Lens flore နှိပ်ပါ။ Brightness: 100, Lens type: 50-300m Zoom ထားပေးပါ။
(၁၄) Filter>Distort>Polar coordinates မှာ Polar to Rectangular ထားပေးပါ။ ပြီးရင် အောက်ကမူ ရင်းလေယာနဲ့ Ctrl+E သုံးပြီးပေါင်ပေးပါ။
(၁၅) ပေါင်းထားတဲ့လေယာကို Ctrl+J သုံးပြီးလေယာတစ်ခုထပ်ပွားပေးပါ။
(၁၆) ပွားထားတဲ့လေယာကို Ctrl key ကိုဖိပြီးတော့ Click တစ်ချက်နှိပ်လိုက်ပါ။ စလက်အနေနဲ့ရပါလိမ့် မယ်။ စလက်ရရင် Set foreground color: #ffffff ထားပြီး၊ Tool box မှ Brush tool ယူပါ။ ပြီးရင် အနား ဖွာတဲ့ဘရပ်ဆိုက်ဒ်ယူပေးပါ။ Opacity: 44 လောက်ထားပြီး အောက်ခြေမှာ နှင်းပုံစံလေးတွေ ဆွဲပေးပါ။ စိတ်ရှည်ဖို့တော့ လိုမယ်နော်။ ကျွန်တော်ပုံနဲ့ပြထားပါတယ်။
(၁၇) မင်းသမီးပုံအသင့်ဖြတ်ထားတာလေးကို ဖန်လုံးအပေါ်ဆွဲထည့်လိုက်ပါ။ လေယာဘောက်က Blend moode မှာ Normal ကနေ Overlay ပြောင်းပေးပါ။
သူငယ်ချင်း Final ပုံလေးကိုကြည့်လိုက်ဦးနော် လန်းတယ်မဟုတ်လား ............
တတ်လို့၊ တော်လို့ရယ်တော့ မဟုတ်ရပါဘူးဗျာ။ မသိသေးတဲ့သူများ ဒီနေရာကလေးကနေ
တစ်ခုခု သိသွား ပါစေဆိုတဲ့ စေတနာလေးကြောင့်ပါဗျာ။ ပညာရှင်အားလုံးကို
လေးစားလျက်ပါ။ အားလုံးဘဲ ပျော်ရွင် ချမ်းမြေ့ပါစေလို့ ဆုတောင်းရင်း
ဘိုင့်ဘိုင်နော်.........