20 Jul 2015
Task Manager Pro (Task Killer) v2.2.1Apk
ဖုန်းကိုင်းဆောင်ထားတယ်သူတွေအတွက် မရှိမဖြစ်ဆောင်ထားသင့်တဲ့  Task Manager Pro (Full version) version အသစ်v2.2.1ကိုတင်ပေးလိုက်ပါတယ်။ ဖုန်းတွေမှာဆော့ဝဲတွေသွင်းတာများလာရင် သုံးလာများလာရင် စက်ကသုံးရတာနှေးလာတတ်ပါတယ်။အဲဒီလိုမဖြစ်အောင် မိမိစက်ကို အမြဲပေါ့ပါးစေချင်တယ်ဆိုရင်တော့ အခုပေးမယ့် Task Manager Pro ကိုသွင်းထားပြီး Background မှာ run နေတာတွေကို အမြဲရှင်းလင်းပေးနေသင့်ပါတယ်။ဒီကောင်လေးကို ခဏခဏတို့ထိပေးရုံနဲ့ မိမိဖုန်း မြန်ဆန်သွက်လက်လာတာကို မြင်တွေ့ရမှာပါ ..။ဒီ version လေးက Pro version ဖြစ်တာကြောင့် အရင်တုန်းကထွက်ရှိထားတဲ့ task manager ထက်ပိုပြီး function စုံလင်ပြီးပိုကောင်းပါတယ်။ဒီApk လေးကတော့Android O/S : 1.6 အထက်များ ဖုန်းတွေကောင်းမွန်စွာသုံးနိုင်ပါတယ်ဗျာ။အသုံးပြုမယ်ဆိုရင်အောက်မှာဒေါင်ပြီးသုံးနိုင်ပါ တယ်ဗျာ။
 Download Here
Mobiles Phone များကိုလုံခြုံစိတ်ချစေရန် လုပ်ဆောင်သင့်သောနည်းလမ်းများ
အားလုံး မင်္ဂလာပါဗျာ.  သည်တစ်ခါတော့ Mobile နည်းပညာနဲ့ပါတ်သက်လို့ တွေကရှိ မှတ်သားထားတာလေးကို ပြန်လည် ဝေမျှလိုပါတယ်... ကျွန်တော်တို့ ယနေ့ မျက်မှောက်ခေတ်တွင် အသုံးပြုသည့် User များ၏ လိုအပ်ချက်များပေါ် မူတည်၍ ယခင်နှစ်များထက် နည်းပညာပိုင်းဆိုင်ရာများ ပိုမို တိုးတက်လာခဲ့သည်ကို တွေ့ရှိရကြရမှာဖြစ်ပါတယ်။ သည်လိုဘဲ တိုးတက်လာသည်နဲ့အမျှ Mobile Phone များကို အသုံးပြုမူ့များပြား လာသည်ကြတယ်   Hacker များသည် Cyber Crime ဆိုင်ရာလုပ်ဆောင်ချက်များ လုပ်ဆောင်ရန် အတွက်လည်း Mobile Phone များကို ပိုမိုစိတ်ဝင်စားလာကြပါတယ် ။ ဒါကြောင့်လည်း မိမိတို့ရဲ့  Mobile Phone များကိုလည်း လုံခြုံစိတ်ချစွာ အသုံးပြုရန်မှာ အရေးကြီးသော အကြောင်းအရာ တစ်ခု ဖြစ်လာမယ်လို့ မြင်မိပါတယ် ။ အဲသည်လိုဘဲ  လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ရန် အတွက် အသုံးပြုနေသော User များတွင် Mobile Phone နှင့်ပတ်သက်သော အသိပညာ ဗဟုသုတ များရှိနေရန် လိုအပ်ပါတယ် ဒါကလည်း အရေးပါတဲ့ အချက်တခုပါဘဲ။ Mobile Phone အသုံးပြုရာတွင် လုံခြုံစိတ်ချမှုရှိစေရန်အတွက် လိုက်နာသင့်သော အချက်များကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ်......။ ကျွန်တော် တို့ဘလော့ကာတွေ နည်းပညာလေ့လာသေူတွဆိုတာ ကိုယ်တိုင်ဖန်တီးတီထွင်နိုင်စွမ်းမရှိပေမယ့် တွေ့ရှိလေ့လာမိသမျှ နည်းပညာလေးတွေကိုတော့  အများသိစေရန် လေ့လာနိုင်စေရန် ဆိုတဲ့ စိတ်လေးနဲ့ သည်လိုဘဲ
ကောင်းနိုးရာရာလေးတွေကို ပြန်လည် ဝေမျှခံစားတတ်ကြပါတယ်.. ဒါကလည်း ကျွန်တော် ပြန်လည် ဝေမျှထားတဲ့ နည်းပညာတစ်ခုဆိုတာ ပြောခြင်ပါတယ်.. အောက်မှာ ဆက်လက် လေ့လာနိုင်ဖို့ အချက်လက်လေးတွေ စုစည်းထားပါတယ်။
၁။ လုံခြုံစိတ်ချရသော နေရာမှ Application ကိုသာ Install လုပ်ပါ။
Android Application များကို Install လုပ်ရာတွင် Google Play သည် လုံခြုံစိတ်ချရဆုံး နေရာ ဖြစ်ပါသည်။ ထို့ကြောင့် Application များကို Google Play Store ကဲ့သို့ လုံခြုံ စိတ်ချရသော နေရာမှသာ Install လုပ်သင့်ပါသည်။ အကယ်၍များ တခြားနေရာမှ Application ကို Install လုပ်မည် ဆိုလျှင် ထိုနေရာသည် မိမိ Mobile Phone အတွက် မည်မျှလုံခြုံမူ့ ရှိမည်ကို အရင်ဆုံး လေ့လာပြီးမှသာ Application ကို Install ပြုလုပ်သင့်ပါသည်။ ထို့အပြင် ၄င်း Application သည် User Review နှင့် Rating မည်မျှရှိသည် ကိုလည်း ထည့်သွင်း စဉ်းစားပြီး မှသာ Install ပြုလုပ်သင့်ပါသည်။
၂။ Application ကို Install မလုပ်ခင် Permission ကို စစ်ဆေးပါ။
Third-party Application Market များမှ Application ကို Install လုပ်သည့်အခါတွင် Permission လိုအပ်သည့်အတွက် Permission တောင်းလာလျှင် Install ပြုလုပ်မည့် Application နှင့် မသက်ဆိုင်သော Permission များဖြစ်နေလျှင် သေချာစွာ စဉ်းစားသင့်ပါသည်။ (ဥပမာအနေဖြင့်- မိမိ Install ပြုလုပ်မည့် Application သည် Wallpapaer ကဲ့သို့ Application ဖြစ်ပြီး Install ပြုလုပ်သည့် အချိန်တွင် SMS နှင့်ဆိုင်သော Permission ကိုပါ တောင်းလာသည် ဆိုလျှင် သေချာစွာ စဉ်းစားပြီးမှ သာ Permission ကိုပေးပြီး Install ပြုလုပ်သင့်ပါသည်။)
၃။ မိမိအသုံးပြုထားသော application များကို အမြဲ up-to-date ပြုလုပ်ပါ။
မိမိ Mobile phone တွင် အသုံးပြုထားသော Application များ အားလုံးကို Update ဖြစ်နေစေရန်လည်း အမြဲ အထူးဂရုပြုသင့်သည်။ ထိုကဲ့သို့ Update ဖြစ်နေသော Application ကိုသာ မိမိ Mobile Phone တွင် အသုံးပြုခြင်းဖြင့် အားနည်းချက်များကို အသုံးပြုပြီး အန္တရယ်ပေးနိုင်သော Attacker များ ရန်မှ ကာကွယ်နိုင်မည် ဖြစ်သည်။
၎။ Anti-Virus Software များကို install လုပ်ထားပါ။
မိမိ Mobile Phone ကို ကာကွယ်ရန်အတွက် Anti-Virus Software ကိုလည်း Install လုပ်ထားသင့်ပါသည်။ ထိုကဲ့သို့ Anti-Virus Software များကို Install ပြုလုပ်ထားသည့် အတွက် မိမိ Mobile Phone ဆီသို့ ၀င်ရောက်လာနိုင်သည့် Virus များကို ကာကွယ် ပေးထားနိုင်မည် ဖြစ်သည်။ ထို့အပြင် ၄င်း Anti-Virus Software သည်လည်း အမြဲ Update ဖြစ်နေရန် လိုအပ်ပါသည်။
၅။ မိမိ၏ Mobile phone ကို password (သို့) PIN ထားရှိပါ။
မိမိ၏ Mobile Phone တွင် အရေးကြီးသည့် အချက်အလက်များကို ကာကွယ်ရန် အတွက် Password (သို့) PIN ထားရှိသင့်ပါသည်။ Password ထားရှိရာတွင်လည်း မတူညီသော Program များအတွက် မတူညီသော Password ကိုသာ ထားရှိသင့်ပါသည်။ မိမိ၏ ကိုယ်ရေးကိုယ်တာနှင့် သက်ဆိုင်သော အကြောင်းအရာများကို ရှောင်ဖယ်၍ Password ကို ၈လုံးထက်ပို၍ ထားရှိသင့်ပြီး ၄င်း Password ထဲတွင် နံပါတ်များ၊ အက္ခရာ အကြီးအသေး စာလုံးများ၊ Special Character များကို ထားရှိသင့်ပါသည်။ ထိုကဲ့သို့ ထားရှိသည့် အတွက် အခွင့်မရှိပဲ ယူငင် သုံးစွဲ ခြင်းများကို ကာကွယ် နိုင်မည် ဖြစ်ပါသည်။
၆။ မိမိ၏ Mobile phone ရှိ Data များကို Backup လုပ်ထားပါ။
Smartphone အများစုနှင့် Tablet များတွင် Data ကို အလွယ်တကူ Backup ပြုလုပ်နိုင်သည့် Feature ပါရှိပြီး ဖြစ်ပါသည်။ မိမိ Phone အတွင်းရှိ Data များသည် မတော်တဆ တခုခုကြောင့် ပျောက်ပျက်သွားသည် ဖြစ်စေ၊ မိမိ၏ Phone ပျောက်ဆုံးသွားလျှင် ဖြစ်စေ Data များကို Google Drive ကဲ့သို့ Cloud Service များတွင် Backup ပြုလုပ်ထားခြင်းဖြင့် မိမိ Phone အတွင်းရှိ Data များကို ပြန်လည် ရရှိစေနိုင်မည် ဖြစ်ပါသည်။
၇။Banking နှင့် Shopping Site များကို ၀င်ရောက်ပြီးလျှင် Log Out ထွက်ရန် မမေ့ပါနှင့်။
Banking နှင့် Shopping Site များကို ၀င်ရောက်ပြီးလျှင် Browser ကိုတန်းမပိတ်ပဲ Log Out ထွက်ပြီးမှသာ Browser ကိုပိတ်သင့်ပါသည်။
၈။ Wi-Fi, Location Service များနှင့် Bluetooth များကို အသုံးမပြုလျှင် ပိတ်ထားပါ။
မိမိ အသုံးပြုနေသော Public Wi-Fi connection သည် လုံခြုံမူ့ မရှိလျှင် မိမိ မသိရှိလိုက်ပဲ Attaker များမှ Phone အတွင်းရှိ မိမိ၏ အရေးကြီး အချက်အလက်များကို ရယူသွားနိုင်သည့်အတွက် အသုံးမပြုလျှင် Wi-Fi ကို ပိတ်ထားသင့်ပါသည်။
၉။ Personal Information များကို Phone ထဲတွင် မှတ်သားထားခြင်း ကိုမပြုလုပ်သင့်ပါ။
မိမိ၏ Phone ထဲတွင် Personal Information များကို မှတ်သားထားပါက ဖုန်းပျောက်ဆုံး သွားလျှင် မိမိ၏ အရေးကြီးသော အချက်အလက်များ (ဥပမာ- Password များ၊ Banking Information များ) အားလုံး ကို တခြားသူမှ ရရှိသွားနိုင်မည် ဖြစ်ပါသည်။
၁၀။ Redirect Link ကို အသုံးမပြုပဲ Original Website Link ကိုသာ အသုံးပြုပါ။
Social Media Page များ၊ Banking Website များ၊ Shopping Website များ ကို မိမိဖုန်းကို အသုံးပြု၍ ၀င်ရောက်မည် ဆိုလျှင် Redirect Link များသည် စိတ်ချ ယုံကြည်ရခြင်း မရှိသဖြင့် စိတ်ချယုံကြည်ရသော နဂိုမူရင်း Original Website ကိုသာ သွားရောက် အသုံးပြု သင့်ပါသည်။
အထက်ပါ အချက်များသည် Mobile Phone ကို လုံခြုံစိတ်ချမှုရှိစေရန် လုပ်ဆောင် သင့်သည့် ယေဘုယျအချက်များ ဖြစ်ပါသည်။ 
အားလုံးအဆင်ပြေပါစေလို့ ဆုတောင်းရင်း ကျွန်တော် လေ့လာရှာဖွေ မိသမျှ ကောင်းနိုး ရာရာနည်းလမ်း  နည်းပညာများကို ယခုလိုပြန်လည် ဝေမျှရင်း ဆက်လက် တင်ပြပေးသွားမှာဖြစ်ပါတယ်..
ဘလော့ခရီးသည် ( မျှဝေသူ )
www.aungsanmks.com
Reference:
http://resources.infosecinstitute.com/importance-of-security-in-mobile-platforms/
Open Source CMS များ၏ အားသာချက်များနှင့် အားနည်းချက်များ
မင်္ဂလာပါ ကျွန်တော် သည်ဆောင်းပါးလေးမှာ ရေးသားမျှဝေလိုတာကတော့ Open Source CMS များ၏ အားသာချက်များနှင့် အားနည်းချက်များအကြောင်းဘဲ ဖြစ်ပါတယ်.. သည်အကြောင်းများကို 
 http://whichcmstochoose.com/
http://www.techterms.com/ တို့ကို အခြေခံပြီးပြန်လည် ရေးသားထားခြင်းဖြစ်ပါတယ်။
ယနေ့ခေတ် Website ရေးသားရာတွင် ပိုမိုလွယ်ကူစွာရေးသားနိုင်ရန် ရည်ရွယ်၍ Website Content ကို Manage ပြုလုပ်နိုင်သည့် CMS ဟုခေါ်သော Content Management System ကို အသုံးပြု၍ ရေးသားလာကြပါတယ်။ CMS ကိုအသုံးပြုခြင်းဖြင့် Website ၏ Content ကို လိုအပ်သလို Create ပြုလုပ်နိုင်ခြင်း၊ Editပြုလုပ်နိုင်ခြင်း နှင့်Publish ပြုလုပ်နိုင်မည် ဖြစ်ပါတယ်။ ထိုကဲ့သို့ CMS များကို အသုံးပြုရာတွင် အသုံးများသော Open Source CMS များထဲမှ WordPress, Joomla နှင့် Drupal တို့၏ အားသားချက်များနှင့် အားနည်းချက်များအကြောင်းကို ဖော်ပြသွားမှာ ဖြစ်ပါသည်။
ပထမဦးဆုံးအနေဖြင့် Wordpress ၏ အားသားချက်များနှင့် အားနည်းချက်များ အကြောင်းကို ဖော်ပြသွားမည် ဖြစ်ပါတယ်။
   Wordpress ၏ အားသာချက်မတွေကတော့ 
(၁) Wordpress CMS ကိုအသုံးပြုရန်အတွက် PHP (သို့မဟုတ်) HTML knowledge များစွာရှိရန်မလိုအပ်ပဲ လွယ်ကူစွာ အသုံးပြုနိုင်ခြင်း 
(၂) Content Management System (CMS) ကို စတင်လေ့လာ အသုံးပြုမည့် သူများအတွက် လေ့လာရလွယ်ကူခြင်း၊
(၃) Wordpress CMS အတွက် Template မြောက်များစွာကို free ရယူနိုင်ခြင်း၊
(၄) မိမိ၏ Website ကို ပိုမိုစိတ်ဝင်စားလာစေရန် အတွက် Rich Site Plugin မြောက်မြားစွာကို Free ရရှိနိုင်ခြင်း။
(၅) Wordpress ၏ Template နှင့် Plugin function များကိုလည်း လွယ်ကူစွာ အသုံးပြုနိုင်ခြင်း၊ တို့ဖြစ်ဘဲ ဖြစ်ပါတယ်။
   Wordpress ၏ အားနည်းချက်များအနေနဲ့ကတော့ 
(၁)Wordpress တွင် Plugins များစွာရရှိနိုင်သောကြာင့် Plugins များစွာကို အသုံးပြုထားလျှင် မိမိ၏ Website ကို နှေးသွားစေနိုင်ခြင်း။
(၂)Wordpress တွင် Design ကိုဖန်တီးနိုင်ရန်အတွက် CSS language ကိုသိထားရန် လိုအပ်ခြင်း။
(၃) Table’s များကို Format ပြုလုပ်ရန်နှင့် Graphic image များကို Modify ပြုလုပ်ရာတွင် Wordpress CMS သည်အခြား CMS များထက် ပိုမို၍ ခက်ခဲခြင်း။
(၄) Wordpress CMS သည်အမြဲတမ်း ပြောင်းလဲခြင်းများ ဖြစ်ပေါ်နေသောကြောင့် regular updates ပြုလုပ်ရန် လိုအပ်ခြင်းတို့ တို့ဖြစ်ပါတယ်။
   ဆက်လက်၍ Joomla CMS ၏ အားသာချက်များတွေပြောရမယ်ဆိုရင် 
(၁) Joomla CMS သည် free နှင့် Open Source ဖြစ်ခြင်း။
(၂) အခြား CMS ဖြစ်သော Wordpress ထက်ပို၍ Powerful နှင့် Robust ဖြစ်ခြင်း။
(၃) Developer များအတွက် Web Content ကို manage နှင့် update ပြုလုပ်ရန် လွယ်ကူခြင်း။
(၄) Multiple User Authentications များကို ထောက်ပံပေးနိုင်ခြင်း(Multiple User များမှ Website ကို access ပြုလုပ်ခြင်း နှင့် Web Content ကို update ပြုလုပ်ခြင်းများကို System ၏ Performance ကိုမထိခိုက်စေပဲ တပြိုင်နက်တည်းပြုလုပ်နိုင်ခြင်း။
   Joomla CMS ၏ အားနည်းချက်များကတော့ 
(၁) သင်ယူရခက်ခဲခြင်း။
(၂) Joomla CMS တွင်အသုံးပြုထားသော JavaScript နှင့် CSS များ၏ Size ကြီးမားသောကြောင့် Loading Time ကြာမြင့်ခြင်း။
(၃) Joomla CMS ၏ Plugins များနှင့် Extensions များမှာ free မရခြင်း။
(၄) Joomla CMS သည် Great CMS ဖြစ်သည့်အတွက် Hacker များသည် Joomla CMS ၏ အားနည်းချက်များကို အမြဲရှာဖွေ၍ attack ပြုလုပ်ရန် ကြိုးစားနေခြင်း တို့ဖြစ်ပါတယ်။
   နောက်ဆုံး CMS ဖြစ်သည့် Drupal CMS ၏ အားသာချက်များကတော့ 
(၁) Drupal CMS တွင် functionalities များစွာပါဝင်ပါသည်။ (ဥပမာအားဖြင့်- Advance Menu Management, Graphics Modification toolနှင့် User Management များကို ပြုလုပ်နိုင်ခြင်း)
(၂) Drupal CMS တွင် Administrator မှ User Accounts များCreate ပြုလုပ်ခြင်း နှင့် ၄င်း User များ၏ Permission များကိုပါ ပြုလုပ်ပေးနိုင်ခြင်း။
(၃) Drupal homepages တွင် supporting များစွာ ရရှိနိုင်ခြင်း။ (discussion board, chart, mailing list) 
(၄) Drupal CMS အတွက် Plugin ပေါင်းများစွာ free ရရှိနိုင်ခြင်း တို့ဖြစ်ပါသည်။
Drupal CMS ၏ အားနည်းချက်များမှာ အောက်ပါတို့ဖြစ်ပါသည်။
(၁) Drupal CMS သည် user-friendly Platform မျိုးမဟုတ်ပဲ လေ့လာရခက်ခဲခြင်း။
(၂) Advance Knowledge ရှိမှသာ installation နှင့် modification အတွက် အဆင်ပြေခြင်း။ စသည်တို့ဖြစ်သည်။
WordPress, Joomla နှင့် Drupal တို့၏ Comparison ကို အောက်ပါပုံဖြင့် ဖော်ပြထားပါတယ်။
အထက်တွင် Open source Popular Content Management System (CMS) ဖြစ်သော WordPress, Joomla နှင့် Drupal နှင့်ပတ်သက်သော အကြောင်းတို့ကို ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ (CMS) နှင့် ပတ်သက်သော အကြောင်းများကို ဆက်လက်၍ ဖော်ပြသွားမည်ဖြစ်ပါတယ်။
အားပေးမှုအတွက် အထူးဘဲကျေးဇူးတင်ရှိပါကြောင်း..  
References:
http://whichcmstochoose.com/
http://www.techterms.com/
♪ မိုဘိုင်းဖုန်းပြုပြင်ခြင်း နည်းပညာရပ်များကို လက်တွေ့ပိုင်း ဦးစားပေးပြီး သင်ကြားလိုသူများအတွက် ♫
မိုဘိုင်းဖုန်း ပြုပြင်နည်း နည်းပညာရပ်များဖြင့် အသက်မွေးဝမ်းကြောင်း ပြုရန် စဉ်းစားနေသူများ ၊ Software , Hardware Technician တစ်ယောက် အဖြစ် ရပ်တည်ရန် ဆန္ဒ ရှိသူများနှင့် တစ်ပိုင်တစ်နိုင် မိုဘိုင်းဖုန်း ဆိုင် ဖွင့်လှစ်လိုသူများ အတွက် …. လက်တွေ့ သင်ခန်းစာများ ကိုသာ ဦးစားပေးပြီး ဘ၀ အာမခံချက် အပြည့်အ၀ ပေးနိုင်တဲ့ မိုဘိုင်းဖုန်း သင်တန်းကျောင်း လေး တစ်ခုကို မိတ်ဆက်ပေးပါရစေ ….. ။
ကျွန်တော်တို့ The Last Mobile Service & Training Centre မှာ ဖုန်းနဲ့ ပတ်သတ်ပြီး အဓိက အားဖြင့်  Software , Hardware ၂ မျိုး ကို သင်ကြားပေးပါတယ် … ။
Software ပိုင်းအတွက် လက်ရှိ မြန်မာနိုင်ငံမှာ လူကြိုက်များ ရေပန်း အစားဆုံး ဖြစ်တဲ့ Android OS နဲ့ iOS အပိုင်း ၂ ပိုင်းလုံး ကို သင်ကြားပေးပါတယ်… ။ Android အပိုင်း အတွက် လူသုံးအများဆုံး Brand တွေ ဖြစ်တဲ့ Samsung , Sony , HTC , Huawei , Lenovo , Coolpad အစရှိတဲ့ ဖုန်းတွေ အပြင် ကို ခု နောက်ပိုင်း တစ်ဟုန်ထိုး အောင်မြင်လာတဲ့ Vivo , Oppo , Xiaomi (mi) , SingTech, MyPhone အစရှိတဲ့ ဖုန်းတွေ အကုန်လုံး နဲ့ နယ်ဘက်တွေမှာ အသုံးများတဲ့ China Clone ဖုန်းတွေ ဖြစ်တဲ့ Samsung Clone ဖုန်းတွေ ၊ Sony Clone ဖုန်းတွေ က အစ Firmware ပြန်တင်တာ ၊ Root ဖောက်တာ ၊ မြန်မာဖောင့် ထည့်တာ ၊ Pattern , Password Lock ဖြည်တာတွေ အကုန်လုံးကို ထည့်သွင်းသင်ကြားပေးပါတယ် …. ။
သင်တန်းနဲ့ တွဲပြီး Service ဆိုင်ပါ ဖွင့်ထားတာကြောင့် နေ့စဉ် ကြုံတွေ့နေရတဲ့ Software Error များကိုလည်း Customer များ လာပြတဲ့ ဖုန်းများ နဲ့ တွဲပြီး နေ့စဉ် သင်ကြားပေးပါတယ် … ။ Customer များ လာပြတဲ့ Software Error ဖြစ်တဲ့ ဖုန်းများ ကိုပါ တွဲဖက် သင်ကြားပေးရင်း ဘယ် Error မျိုးကို ဘယ်လောက် ထိ လက်ခ တောင်းယူပုံ တောင်းယူနည်းက အစ တွဲပြီး သင်ကြားပေးတဲ့ အတွက် မိမိ ကိုယ်တိုင် ဆိုင်ပြန်ဖွင့်သည့် အချိန် (သို့) Software နဲ့ ပတ်သတ်ပြီး အလုပ် ပြန်လုပ်တဲ့ အချိန် မှာ အရာအားလုံး ဟာ လွယ်ကူသွားပါလိမ့်မယ် …. ။
ဖုန်းနဲ့ ပတ်သတ်တဲ့ Software Error များကို သင်ကြားပေးရင်း ဖုန်း ပြင်ဖို့ အတွက် လိုအပ်တဲ့ Computer အခြေခံ နဲ့ တစ်ခြား သိသင့်တဲ့ Computer နဲ့ ပတ်သတ်တဲ့ General Knowledge များကိုပါ ထည့်သွင်းသင်ကြားပေးပါတယ် … ။
Software သမားများ အတွက် နောက်ထပ် ငွေရပေါက် ဖြစ်တဲ့ Facebook Account ဖွင့်တာ Lock ဖြည်တာတွေ အပြင် ၊ အခြား အကောင့်တွေ ဖြစ်တဲ့ Gmail , Viber , WeChat , Line , Skype အစရှိတဲ့ အကောင့်တွေ အကုန်လုံး ဖွင့်နည်းတွေ ကိုလည်း သင်ကြားပေးပါတယ် …. ။
သင်တန်းပြီးသွားတဲ့ သင်တန်းသားတွေ အတွက်လည်း တိကျ သေချာစွာ စီစဉ်ပြီး ထည့်ပေးထားတဲ့ Data များကိုလည်း တစ်ခါတည်း ထည့်ပေးလိုက်မှာ ဖြစ်ပါတယ် …. ။ ဖုန်း Model တစ်မျိုးစီ တိုင်း အတွက် တိကျ သေချာစွာ မှတ်သားထားတဲ့ Folder တစ်ခုချင်းစီရဲ့ အောက်မှာ လုပ်ပုံ လုပ်နည်း က အစ မြန်မာလို တစ်ဖုံ ၊ အင်္ဂလိပ် လို တစ်သွယ် ရေးမှတ်ပြီး ထည့်ပေးထားတာကြောင့် Service ပြုလုပ်ရမှာလည်း လွယ်ကူ လျှင်မြန်စွာနဲ့ ပြုလုပ် နိုင်ပါလိမ့်မယ် …. ။
ဖုန်းနဲ့ပတ်သတ်တဲ့ Data တွေ အပြင် ကို နောက်ထပ် ၀င်ငွေ ရစေနိုင်တဲ့ အသုံးဝင်မဲ့ တစ်ခြား သော Data တွေကိုလည်း တစ်ခါတည်း ထည့်သွင်းပေးပါတယ် …. ။
ကျွန်တော်တို့ သင်တန်းရဲ့ Software သင်ကြားမှု အပိုင်း ကို မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ် … ။
ဆိုင်တစ်ဆိုင်ရဲ့ အဓိက လိုအပ်ချက်ဖြစ်တဲ့ Hardware ပိုင်း အတွက် ကိုလည်း Software ပိုင်း နည်းတူ အပြည့်အ၀ ပံ့ပိုးပေးပြီး သင်ကြားမှုတွေ ပြုလုပ်ပေးပါတယ် …. ။
Customer လာအပ်တဲ့ ဖုန်းများ ကို ကိုယ်တိုင် ကိုယ်ကျ ပြုပြင်ရင်း လိုအပ်တဲ့ ပစ္စည်း အစိတ်အပိုင်းက အစ Spare Parts ဆိုင်မှာ ကိုယ်ကိုယ်တိုင် သွားရောက် ၀ယ်ယူရမှာပါ …. ။ Customer လာပြင်တဲ့ ဖုန်း ရဲ့ Error ဖြစ်တဲ့ အပိုင်းကို ကိုယ်ကိုယ်တိုင် စစ်ဆေး ၊ Spare Parts ပိုင်းကို ကိုယ်တိုင် သွားဝယ်ရင်း ၊ ဈေးနှုန်း ကိုလည်း ကိုယ်တိုင် ကိုယ်ကျ Customer ဆီက တိုက်ရိုက် ပြောဆိုပြီး တောင်းယူပုံ တောင်းယူ နည်းက အစ သင်ကြားပြသပေးပါတယ် …. ။
နောက်ဆုံးပေါ် မှန်ဖြုတ်စက် ကို အသုံးပြုပြီး တန်ဖိုးကြီး ဖုန်းများ အတွက် အပေါ်မှန် ဖြုတ်လဲ နည်းက အစ ကိုယ်တိုင် ကိုယ်ကျ လုပ်နည်းများ ကိုလည်း သင်ကြားပြသပေးပါတယ် … ။
ရေစို ပါဝါပျောက်တဲ့ ဖုန်းတွေ ၊ Touch မရတာတွေ ၊ LCD မလင်းတာတွေ ၊ စကား ပြောတာ မကြားရတာတွေ နဲ့ တစ်ခြား Error အမျိုးမျိုး အတွက်လည်း အချိန်တို အတွင်းမှာ Error လမ်းကြောင်း လိုက်နိုင်ဖို့ အတွက် လည်း အဓိက ထားပြီး သင်ကြားမှု ပေးပါတယ် …. ။
ခု နောက်ဆုံး ဖုန်းတွေ မှာ အဖြစ်များနေတဲ့ EMMC လဲနည်းက အစ သင်ကြားပြသမှုတွေ ပေးပါတယ် …. ။
Hardware သင်ကြားမှု အပိုင်းတွေပါ …. ။
အထက်ပါ အတိုင်း သင်ကြားမှု ပြည့်ပြည့်စုံစုံ နဲ့ ထောက်ပံ့ ပေးထားတဲ့ အတွက် သင်တန်းပြီးတာနဲ့ ချက်ခြင်း Software , Hardware Technician တစ်ယောက် အဖြစ် ရပ်တည် နိုင်သည် အထိ သင်ကြားမှု တွေကို ချမှတ်ပေးပါတယ် …. ။ ( သင်တန်းသား ဘက်က လိုလို ချင်ချင်နဲ့ လိုက်လံ သင်ယူဖို့တော့ အရေးကြီးပါတယ် …. ။ )
သင်တန်းကြေး အနေနဲ့ က Software ၂ သိန်း ၊ Hardware ၃ သိန်း နဲ့ နှစ်မျိုးပေါင်း အတွက် ၅ သိန်း သတ်မှတ်ထားပါတယ် … ။
Software , Hardware နှစ်မျိုးလုံး တက်မဲ့ နယ်က ကျောင်းသားများ အတွက်လည်း အဆောင် အခမဲ့ စီစဉ် ထားရှိပေးပါတယ် … ။
သင်တန်းချိန်တွေ အနေနဲ့ …
“Software ပိုင်း ဆို ”
မနက် ၉ နာရီ ခွဲ ~ ၁၁ နာရီ ခွဲ ( 9 : 30 ~ 11 : 30 )
နေ့လည် ၁၂ နာရီ ခွဲ  ~ နေ့လည် ၂ နာရီ ခွဲ ( 12 : 30 ~ 2 : 30 )
ညနေ ၃ နာရီ ခွဲ  ~ ညနေ ၅ နာရီ ခွဲ ( 3 : 30 ~ 5 : 30 )
ည ၆ နာရီ ~ ည ၈ နာရီ ( 6 : 00 ~ 8 : 00 )
ထိ တစ်နေ့ကို ၂ နာရီနဲ့ အချိန် ၄ ချိန် ခွဲပေးထားပါတယ် … ။
 “Hardware  ပိုင်း အတွက် ”
မနက် 9 နာရီ ~ နေ့လည် ၁၂ နာရီ ( 9 : 00 ~ 12 : 00 )
နေ့လည် ၁၂ နာရီ ခွဲ ~ ညနေ ၃ နာရီ ခွဲ ( 12 : 30 ~ 3 : 30 )
ညနေ ၄ နာရီ ~ ည ၇ နာရီ  ( 4 : 00 ~ 7 : 00 )
ထိ တစ်နေ့ ၃ နာရီ နဲ့ ၃ ချိန် ခွဲပေးထားပါတယ် …. ။
သင်တန်းအပ်မယ်ဆိုရင်တော့ ကြိုပြီး ဖုန်းဆက်ပေးရပါမယ် ။ ကြိုပြီး သင်တန်းအပ်ရပါမယ် ။ တစ်မျိုးစီ ကို စရံ ငါးသောင်းနဲ့ ၂ မျိုး အတွက် စရံ တစ်သိန်း အရင် ပေးသွင်းရပါမယ် …. ။ ( နယ်သမားများ အနေနဲ့ကတော့ ဘဏ် ကနေ တစ်ဆင့် ငွေလွှဲပြီး သင်တန်းကြိုတင် အပ်နှံနိုင်ပါတယ် …. ။ )
တစ်ခြား သိလိုတာတွေ အတွက် ကိုလည်း ဖုန်း ဆက်ပြီး စုံစမ်း မေးမြန်းနိုင်ပါတယ် …. ။
The Last Mobile
Service & Training Centre
တိုက် (၁) ၊ အခန်း (၀၀၃) ၊ ပါရမီ အိမ်ရာ ၊ (၁၆) ရပ်ကွက် ၊ ရန်ကုန် - အင်းစိန် လမ်းမကြီး နှင့် ပါရမီ လမ်းထောင့် (ဘုရားလမ်း မီးပွိုင့် အနီး ) ၊ လှိုင်မြို့နယ် ၊ ရန်ကုန် ။
၀၉-၃၃၈၀၅၅၈၁ ၊ ၀၉-၃၃၈၀၅၅၉၁
http://www.facebook.com/thelast2014
Facebook ဆိုင်ရာစာအုပ်လေးများ
ထိုင်းနံပါတ်နဲ့အလွယ်တကူဖွင့်နည်း 
Gmailနဲ့တစ်ခုတည်းနဲ့Facebookအကောင့်များစွာဖွင့်နည်း
Facebook ဆော့လ်ဝဲမှတဆင့်
Facebookအကောင့်နည်းလမ်းမှန်မှန်ဖွင့်နည်း (ဖုန်းနံပါတ်မလို) 
နာမည်တစ်လုံးတည်းနဲ့ Facebook.                           အကောင့်ဖွင့်နည်း
ဖုန်း Settings မှာအလွယ်တကူ Gmail ဖွင့်နည်း 
Gmail ဖွင့်နည်းနောက်တစ်နည်း 
Gmail လျောက်နည်း
Mail.ru လျောက်နည်း
Add Fri ပိတ်နည်း
Add Friend ပိတ်နည်း
မိမိသူငယ်ချင်စာရင်းကိုမိမိတစ်ဦးတည်းမြင်သာ
အောင်ပိတ်ထားနည်း 
Facebook မှာ Fri စာရင်းပိတ်ထားမယ် 
ကိုယ် Add ထားတဲ့ Fri စာရင်းတွေကိုကြည့်/ဖျက်မယ်
Message Box ပိတ်နည်း 
မိမိ Wall မှာ Message Box တစ်ခုပဲထားမယ်
Mail ဖျောက်ထားနည်း 
ဖုန်းနံပါတ်ဖျောက်ထားနည်း
မိမိလိုင်းပေါ်ရောက်နေတာ Fri တွေမသိအောင်
Tag တွဲလို့မရအောင်
Tag ပိတ်ထားနည်း 
မိမိ Wall မှာ Hidden လုပ်ထားတဲ့ Post တွေကို
ပြန်ဖော်နည်း 
Like လုပ်ထားတဲ့ Page ကို တခြား Friများမတွေ့
အောင်ပြုလုပ်နည်း
Like လုပ်ထားတဲ့ Page တွေမတွေ့အောင်
လုပ်နည်း 
Facebook အကောင့်ဖျက်နည်း 
Facebookအကောင့်ဖျက်သိမ်းနည်းနှင့် ခဏတာ
၁၄ရက်ပိတ်နည်း 
Group ပြုလုပ်နည်းစာအုပ်
Group Chat Box ပြုလုပ်နည်း 
မိမိဝင်ထားတဲ့ Group မှထွက်နည်း 
Page ပြုလုပ်နည်းစာအုပ်
Page ဖျက်နည်းစာအုပ်ဒေါင်းရန်
Facebook Password မေ့နေလျင်ပြန်ယူနည်း 
Gmail Password မေ့နေရင်ပြန်ယူနည်း 
Gmail Password ချိန်းနည်း
Gmail အကောင့်ကို ဖုန်းနံပါတ်နဲ့ထပ်ဆင့်ခံကာ
ကွယ်နည်း 
Facebook အကောင့် Hack ခံထားရတယ်ဆိုရင် 
Gmail နဲ့ Password သိတာတောင် Facebook Account ကို Hack မရအောင်လုပ်နည်း 
Facebook အကောင့်ဘာကြောင့် Lock ကျရ
သလဲ
Photo Lock ဖြေရှင်းနည်း (ပထမပိုင်း) 
Photo Lock ဖြေရှင်နည်း (ဒုတိယပိုင်း) 
Photo Lock ဖြည်ရှင်းနည်း
ဖုန်းနံပါတ်Lockကျရင်ဖြေရှင်းနည်း 
Next Plus ဖုန်းနံပါတ်ယူနည်းစာအုပ်
Next Plus apk ဒေါင်းနည်း
Text Plus apk မှာဖုန်းနံပါတ်ယူနည်းစာအုပ်
Text Plus apk ဒေါင်းရန်
UK ဖုန်းနံပါတ်ယူနည်း 
ID Lock ကျရင်ဖြေရှင်းနည်း 
အကောင့်ကို Report တင်ဖို့
Page ကို Report တင်ဖို့
Report တင်ချင်ရင်လေ့လာဖို့
ရက် ၆၀ မပြည့်ပဲနာမည်ချိန်းနည်း 
ရက် ၆၀ မပြည့်ပဲနာမည်ချိန်းနည်း  
နာမည်ပျောက်ဖွင့်ဖို့ခမာကီးဘုတ်
*********************************************
Fb ပေါ်က မ လာတာပါခင်ဗျာ ။ကျနော်က ခုမှ
အသစ်မို့လို့ စာအရေးအသားမပြေပြစ်ရင် ခွင့်လွတ်ပါ ခင်ဗျာ ။ ဆြာ မဟုတ်ပါဘူးဗျ သိသ
လောက်လေးတင်တာပါ ။
တင်ထားသမျှ ခေါင်းစဉ်များ
2Step Verification (5) A+အကြောင်း (1) Activator (9) Adobe CS3 Master Collection (1) Adobe Premiere Pro CS6 အသုံးပြုနည် (1) Adobe Software (12) Android application (1987) Android Game (710) AndroidPhoneဆိုင်ရာ (4) Antivirus (1) Apowersoft ApowerEdit v1.4.7.22 Build 04042019 (1) AVAST! Cleanup Premium 2019 version 19.1 Build 7085 (1) Blog Slider (8) Blogger Button (5) Blogger Comment (17) Blogger Ebooks (1) Blogger Hack (54) Blogger Loading Style (6) Blogger Mouse (1) Blogger Template (44) Blogger Tips (77) Blogger Widget (152) Blogs Html (63) Blogs Post (86) Blogs Tab Menu (53) Blogဆိုင်ရာ (1) Bowser ဆိုင်ရာ (21) Brothers in Arms® 3 v1.4.7c Mod Data [Unlimited Money] (1) Buddha မြန်မာစာတန်းထိုး (53) Burning Software (34) Burning Tools (47) C-Box (10) Canon LBP 6000 Original Driver (1) Canon LBP 6030 Original Driver & Installation Guide (1) CCleaner 5.56.7144 (Business / Professional / Technician) Multilingual Portable (1) CD/DVD ဆိုင်ရာများ (30) Cleanner-Speed (68) Computer Autoplay ပိတ်ထားနည်း (1) Computer Partationခွဲနည်း (1) Computer ဆိုင်ရာ (189) Computerဆိုင်ရာ (33) Converter (73) Desing Card (10) Display အလုပ်မလုပ်သော ပြဿနာဖြေရှင်းနည်းများ (1) Domain (3) Download Manager (42) Drive SnapShot v1.46.0.18213 (1) Driver Software (46) DVD-Cloner Platinum 2019 v16.30 Build 1446 [x86/x64] (1) DVDFab v11.0.2.4 [x86/x64] (1) Easy Translator version 14.0.0 (1) Ebooks (405) Errorဖြေရှင်းနည်း (1) Eset Smart Security 12.1.34.0 (x86/x64) (1) Facebook (152) Folder Lock (17) Fonts များစုစည်းမှု (6) Foxit PhantomPDF (1) Game (47) Game PC (32) Glary Utilities PRO version 5.117.0.142 (1) Gmail-Gtalk (70) GoogleChome &InternetDownloadmananger (1) Hacking (81) How To Download (6) Html (51) Internet Download Manager (18) InternetDownloadmananger(IDM) (1) IP Hider Software (6) Java Script (11) KhineMaster (1) KMS/2038 & Digital & Online Activation Suite v6.9 (1) MAGIX SOUND FORGE Pro 13 v.13.0.0 Build 46 (1) Marquee Technique (14) Media Player (31) MI Play store Apk (1) Microsoft Office (21) Mobile Legends Bang Bang Installer .exe Pc Version (1) Motors ( မော်တာများ )အကြောင်း (1) Movie (95) My Pdf (35) Myanmar Font (9) Myanmar Typing Software (1) MZW Solftware (1) NetGuide Journal (63) Network Software (7) New Blogs (15) Notကာကွယ်ခြင်းနည်း (1) ONEKEY PDF Convert to Word 4.0 REPACK (1) Partition Software (7) Password Recovery Software (1) paypal နှင့် ဆိုင်သော (5) PC GAMES (17) PC recovery (13) PC Software (203) PC Speed Up (32) PC-Clean Software (73) PDF (4) PDF Editor (10) Photo Editor Software (64) PHOTO SHOP (သင်တန်း)သီးသန့် (44) Photo Slideshow (12) photoshop background အလန်းများ (6) photoshop PNG ဖိုင်များရှာရန် (14) Photoshop Software (35) Photoshop ဆိုင်ရာ (51) Player (8) PrinterDriver (2) Programming (16) Pyidaungsu font (1) Read More (9) Recent Posts Widget (23) Recover Software (46) Recovery (33) Refresh and Restoreအကြောင်း (1) Reset (1) SAMSUNG One UI ဖုန်းတွေအတွက် မြန်မာဖောင့် (1) Screen Video Recorder (37) Search Box (6) Security Software (36) Sidebar Widget (71) SkyNet လိုင်းအသစ်ထည့်နည်း (1) SkynetBinfile (1) Slideshow Movie Maker (7) Social Widget (19) SOFTWARE (588) Software For Blogs (17) Software များအသုံးပြုနည်း (2) Softwares တွေအတွက် Serial no (or) Key တောင်းလျှင် ဖြေရှင်းနည်း (1) Speed Up Internet (13) TeamViewer version 14.2.2558.0 (Repack & Portable) (1) TTA Pie Myanmar (1) Unicode ေ​ြေပာင်းနည်း (1) Uninstaller Software (25) Upload (6) USB ဖြင့်ဝင်းဒိုးတင်နည်း (4) USB ကြိုးကနေ Virus မဝင်အောင် ကြိုတင် ကာကွယ်နည်း (1) Usb-Memory (19) Video Converter (29) Video Editing (76) Video Editor (1) Video Recorder (12) Virus ဆိုင်ရာ (86) WannaCry Ransomware ၏ အန္တရာယ် အကြောင်းနှင့် ကာကွယ်နည်း (1) Web Design ရေးဆွဲနည်း (5) Webcam Camera Software (11) Website ရေးနည်း (3) Wifi ဆိုင်ရာ (32) Win Update v1.4 (1) Window-10 ဆိုင်ရာ (2) Window-7 ဆိုင်ရာ (32) Window-xp ဆိုင်ရာ (2) window8ဆိုင်ရာ (19) Windows 10 Factory Reset ချနည်း (1) Windows 10 Backup & Restore လုပ်နည်း (1) Windows 10 ကွန်ပျူတာမှာမြန်မာစာတိကျမှန်စွာထည့်နည်း (1) Windows Activator (18) windows loader များ (10) Windows Manager Software (23) Windows Themes (24) Windows တင်နည်းများ (6) WinRAR 5.70 (Fully) (1) WinRar Full Version (12) WinRAR V3.80 Beta Version (1) WinToBootic နှင့် USB ထဲ Install လုပ်နည်း (7) WinUtilities Professional Edition Tool (1) Wordpress Tips (3) Write-Protected ကို ဖြုတ်နိုင်မယ့်နည်းနှစ်သွယ် (1) Zawgyi နဲ့ Unocode ဘာကွာလဲ (1) ကွန်ပျူတာ User Account Picture အကြောင်းများ (1) ကွန်ပျူတာဆိုင်ရာ (1) ကွန်ပျူတာပတ်ဝပ်ပြောင်းမရအောင်လုပ်နည်း (1) ကွန်ပျူတာရဲ့ Storage က HDD လား? SSD လား? စစ်ဆေးနည်းများ (1) ကွန်ပျူတာဟန်းနေရင်ဖြေရှင်းနည်း (1) ကျွနုပ်နှင့် ပရဟိတအလှူ (9) ကာမသိဒ္ဓိကျမ်း (1) ချက်နည်းပြုတ်နည်း (1) နည်းပညာဆိုင်ရာ (2) နည်းလမ်းများ (6) ပန်ကာပြုပြင်နည်း (1) ဖိုင်ဖြေနည်းများ (8) ဗဟုသုတ (6) ဗားရှင်းအသစ်ထွက်ရှိလာတဲ့ Facebook (နှင့်) Messenger (1) ဘာသာစကား ၉၁ မျိုးထိ ပါဝင်တဲ့ Easy Translator (1) ဘာသာရေးစာအုပ်များ (9) မိမိဆိုက်ကိုကော်ပီကူးမရအောင် ပိတ်ထားနည်း (1) ပြည်ထောင်စု ဖောင့် လက်ကွက် နှင့် စာရိုက်နည်း (1) မြန်မာစာမှန်အောင်လုပ်နည်း (1) မြန်မာဆိုတာ (1) ဝင်းဒိုးကို AOMEISoftware ဖြင့် Backup & Restore လုပ်နည်း (1) သင့် Laptop ကို မြန်ဆန်အောင်လုပ်ပေးမယ့် အချက် ၇ ချက (1) အင်တာဗျူးအစီစဉ် (2) အပျိုလမ်းညွှန် (1) အသံဇာတ်လမ်း (19) အခြေခံကွန်ပျူတာ Pdf (1) ဦးဇာနည်နည်းလမ်းများ (7) ဆော့ဝဲ ပြဿနာဖြေရှင်းနည်း (1) ကြော်ငြာ (13) ဟောပြောပွဲ (15)
မန်ဘာဝင်လို့အားပေးကြပါ