Ethical Hacker ဆိုတာ ဟက်ကင်းနည်းပညာကိုစိတ်ဝင်စားနေသူတိုင်းသိကြမယ်ထင်ပါတယ်။Ethicဆိုတာ ကတော့ လူ့ကျင့်ဝတ်နဲ့အညီ၊ဥပေဒေဘောင်တွင်းကလို့ဆိုလိုတာပါ။ဒီတော့ Ethical Hacker ဆိုတာတရားဝင် ဟက်ကာပေါ့နော်။သူရဲ့အလုပ်က Website တွေ Network တွေရဲ့လုံခြုံရေးအားနဲချက်ကိုရှာဖွေပေးတဲ့ သူ ၊ပြန် လည်ကောင်းမွန်အောင်လုပ်ဆောင်ပေးသူ၊Black hat ဟက်ကာများရဲ့တိုက်ခိုက်မှုမခံရခင်ကိုယ်တိုင် ဆိုက်တစ်ခု ကိုဟက်ပြီးပြင်ဆင်သင့်တာတွေပြင်ဆင်၊လုံခြုံရေးအားနဲချက်တွေရှာပြုပြင်စသည်ကောင်းရာမွန်ရာကောင်း ကျိုးပြု လုပ်သောဟက်ကင်းနည်းပညာရှင်များဖြစ်ပါတယ်။
ယနေ့ခေတ်လူငယ်များကတော့ဟက်ကာဖြစ်ချင်နေကြတာပါခင်ဗျ။ဆိုက်တစ်ခုကိုဟက်ချင်တယ်။ဖျက်ချင် တယ်။ဂျီမေးလ်အကောင့်တွေဖေါက်မယ်။အဲလိုမျိုးတတ်ချင်နေကြလေတော့ရင်လေးစွာနဲ့ဒီ Ethical Hacking စာတိုပေစလေးကိုဘလော့အမျိုးမျိုးမှရှာဖွေပြီးဘာသာပြန်တင်ပေးလိုက်ပါတယ်။တချို့နေရာများမှာနားမရှင်းခဲ့ မှားနေခဲ့သော်ဘာသာပြန်ညံ့ သောကျနော်မောင်သားလေး၏အသုံးမကျမှုသာဖြစ်ပါကြောင်း။
What is Ethical Hacker?
ဒါအပေါ်မှာရှင်းပြပြီးပြီး skip တယ်။
Types Of Ethical Hacking ….၂မျိုးကွဲသောသမာဓိဟက်ခြင်းWhite Box နဲ့ Black Box ရှိပါတယ်။ White box ဆိုတာက ကိုယ်ကဆိုက်တစ်ခုကိုဖေါက်တော့မယ်ဆိုရင်အဲဒီအက်မင် ကကူညီပြီး ဆိုက်အသုံးပြုခွင့်၇ဖို့ Admin Access တွေ၊ Admin Tools တွေကိုပေးသုံးတာမျိုးပါ။ဒီတော့ကိုယ်ကအက်မင်ဖြစ်ပြီဆိုတော့ လိုက်စစ် ချင်တာစစ်ဖို့လွယ်သွားတာပေါ့လေ။ကျနော်က ဆိုက်အက်မင်ဆိုတော့ သူ့ ကိုအက်မင်အဖြစ်ပေးလိုက်
What is Ethical Hacker?
ဒါအပေါ်မှာရှင်းပြပြီးပြီး skip တယ်။
Types Of Ethical Hacking ….၂မျိုးကွဲသောသမာဓိဟက်ခြင်းWhite Box နဲ့ Black Box ရှိပါတယ်။ White box ဆိုတာက ကိုယ်ကဆိုက်တစ်ခုကိုဖေါက်တော့မယ်ဆိုရင်အဲဒီအက်မင် ကကူညီပြီး ဆိုက်အသုံးပြုခွင့်၇ဖို့ Admin Access တွေ၊ Admin Tools တွေကိုပေးသုံးတာမျိုးပါ။ဒီတော့ကိုယ်ကအက်မင်ဖြစ်ပြီဆိုတော့ လိုက်စစ် ချင်တာစစ်ဖို့လွယ်သွားတာပေါ့လေ။ကျနော်က ဆိုက်အက်မင်ဆိုတော့ သူ့ ကိုအက်မင်အဖြစ်ပေးလိုက်
ရင်မြန်မြန်ဆန်ဆန်ပဲသူစစ်ခွင့်၊၀င်ခွင့်ထွက်ခွင့်ရသွားတာပေါ့ဗျာ..။Black Box ကတော့အချိန်ကြာပါ တယ် …အဲဆိုက်အက်မင်တွေကသူတို့ဆိုက်ကိုအက်မင်အဖြစ်ပေးမသုံးတော့ကိုယ့်ဘာသာ အက်မင်ဖြစ်အောင်ဖေါက်ရပြီပေါ့..သိပ်ခက်ပါတယ်…အချိန်လဲကြာတယ်အောင်မြင်မှု၇ဖို့ဆိုတာလဲခက်ပါ
တယ်။သိပ်တော်တဲ့ဟက်ကာတွေကတော့ဖေါက်နိုင်ပါတယ်။
တချို့ဆိုမတတ်ပဲနဲ့ပွပေါက်တိုးတတ်ကြသေးတယ်…။
ဖေါက်ပုံဖေါက်နည်းခေါင်းစဉ်ကြီး ၂ခု
ဖေါက်ပုံဖေါက်နည်းခေါင်းစဉ်ကြီး ၂ခု
၁. Vulnerability Test (ယိုပေါက်ရှာဖွေစမ်းသပ်)
၂.Full Peneration Test (ဆိုက်ကိုရအောင်ထိုးဖေါက်)
ပေါ့ ဒီမှာ Vulnerability ဆိုတာဟက်ကာလောကမှာသိပ်ကိုအသုံးများပါတယ်။နက်ဝက်တစ်ခု၊၀က်ဆိုက်တစ်
ခုရဲ့ယိုပေါက်ကိုရှာဖွေတာမျိုးပါ။သူကယိုပေါက်ရှာမယ်။ပျော့ကွက်ကိုပိုင်ပိုင်နိုင်နိုင်ရှာမယ်ဆိုတာပါပဲ။ရှာရုံ
အဆင့်ပါ။သိပ်ကြောက်ဖို့ကောင်းတာတစ်ခုက ဆရာ့ဆရာဟက်ကာကြီးများ ရဲ့ဆိုက်တွေမှာ ဆိုက်အမျိုးအစား
တွေရဲ့  Vulnerability (ယိုပေါက်) ကိုဖေါ်ပြထားကြပါတယ်။ဥပမာဗျာ Joomla 1.8 ဗားရှင်းရဲ့ယိုပေါက်တို့
မောင်ဖီဒိုလုပ်နေတဲ့ Wordpress CMS ရဲ့ vulnerability တို့ကိုဝေေ၀ဆာဆာပြထားတတ်ပါတယ်။အဲလိုဆိုက်
မျိုးတွေမပြောတော့ဖူး Black Hat တွေဖြစ်ကုန်မှာစိုးလို့ :P.ဒါ့အပြင်ဆော့ဝဲတစ်ခုရဲ့အားနဲချက်ယိုပေါက်များ
ကိုပြောပြကြပါသေးတယ်။Vulnerability ကိုသိရင် သူနဲ့ပါတ်သတ်တဲ့ဆက်ဖေါက်နိုင်မယ့် Exploit တွေပါ
အဆင်သင့်ကိုရှိပါတယ်။သွားရည်မကျကြပါနဲ့။အက်သစ်ကယ်ဟက်ကာဆိုတာ အဲလိုမျိုးယိုပေါက်ကိုရှာဖွေ
ရတာပါ။ဟက်ကာတွေကြားမှာ Vulnerability အသစ်တစ်ခုတွေ့ ရင် 0 day လို့ခေါ်ပါတယ်။အဲဟက်ကာ
ကတော့ကြားထဲမှာမျက်နှာပွင့်လို့ …။ကြိုးစားရင်ခင်ဗျားတို့လဲဖြစ်နိုင်ပါတယ်နော်
Peneration test ဆိုတာကတော့ထိုးဖေါက်ဝင်ရောက်တာပါ။ဘလက်ဟက်ကာတွေလိုပေါ့။ဒါပေမယ့်ဖျက်ဆီး၊ ပျက်စီးစေလို့မရဖူးဖမ်းခံရမယ်နော် :P…။အဲဒီမှာ ၂ ဖွဲ့ ကွဲသွားသည် ဘယ်လိုလဲဆိုတော့ကိုယ့် system လုံခြုံရေးအတွက် ခံစစ်ပြင်ရသူတွေနဲ့၊ သူများ systemကို ထိုးဖေါက်ဝင်နိုင်အောင် တိုက်စစ်ဆင်ရသူတွေရယ်ဆိုပြီး အုပ်စု နှစ်စုကွဲထွက်လာပြန်ပါတယ်။ဒါပေမယ့် အဲဒီ နှစ်စုစလုံးဟာ OODA Loop နဲ့ လည်ပတ်ရတာတွေချည်းပါပဲ။
OODA Loop ဆိုတာကတော့ ...
Observe
Orient
Decide နဲ့
Act ဆိုတာတွေပါပဲ။ မြန်မာလိုဆိုရင်တော့
လေ့လာ၊ ဦးတည်၊ ဆုံးဖြတ်၊ ဆောင်ရွက် ဆိုသလိုလေးပေါ့
Black hacker တစ်ယောက်အတွက် OODA Loop ဟာ ...
Observe = Discover
Orient = Verify
Decide = Select Tool
Act = Exploit ဖြစ်ပေမယ့် ..
(Exploit ဆိုတာယိုပေါက်ပေါ်မူတည်ပြီးဟက်ရတဲ့ကုတ်သို့မဟုတ် Tools တို့ဘာတို့ပါ)
Ethical Hacker တစ်ယောက်အတွက်ကတော့ OODA Loop ဟာ ...
Observe = Monitor
Orient = Detect
Decide = Verify
Act = Block/Clean/ Patch ဖြစ်ပါတယ်။ဘလော့လုပ်သင့်တာလုပ်။ပြင်သင့်တာပြင်ပေါ့
ဘယ်ဟက်ကာဖြစ်ဖြစ်အောက်ပါအတိုင်းအစဉ်လိုက်ကြိုးစားရတာချည်းပဲဖြစ်ပါ၏။
1.Footprinting
2.Scanning
3.Penetrate, external
4.Enumerate
5.Penetrate, internal
6.Escalate, protect
7.Pillage
8.Get interactive
9.Expand influence
10.Cleanup/maintenance
ဒီအဆင့်တွေတစ်ခုမှမသိပဲနဲ့ကွက်တိဒက်တိရသွားတဲ့ဟက်ကာမျိုးတွေ၊အဆင်သင့်တာလေးပေါ်မူတည်ပြီး
အချို့အဆင့်တွေကျော်သွားတဲ့ဟက်ကာတွေ၊ဒီအချက်တွေထက်ကြိုးစားနေ(မရလို့)တဲ့ဟက်ကာတွေရှိပါတယ်။
1. Footprinting ဆိုတာကိုတော့ Information Gathering လို့လဲခေါ်ကြပါသေးတယ်။
ကိုယ့်တားဂက်ရဲ့ Information တွေကို ရှာဖွေစုဆောင်းရတာပါပဲ။ နည်းအမျိုးမျိုးနဲ့ ရှာဖွေစုဆောင်းရတာပါ။
တစ်ခါတစ်လေ လူတွေဆီကစုရတာမျိုးတောင်ရှိပါသေးတယ်။
2. Scanning ဆိုတာကတော့ IP, Port, Services တွေနဲ့ Vulnerability တွေကို ရှာဖွေတာပါ။
3. Penetrate, external ဆိုတာကတော့ အပြင်ခြံစည်းရိုးကိုဆွဲဟ သလိုမျိုးပါပဲ။
Firewall ကိုကျော်တာမျိုး၊ Modem တို့ Router တို့ကို ဖေါက်ဝင်တာမျိုး၊ အဖြူရောင်နယ်မြေမှာ စည်းကမ်းချိုးဖေါက်တာမျိုးပေါ့။
4. Enumerate ဆိုတာကတော့ user list, password, share name တွေ NetBios Name တွေကို ရှာတာမျိုပေါ့။
5. Penetrate, internal ဆိုတာကတော့ ခြံစည်းရိုးဖြဲဝင်ပြီး အိမ်ထဲကိုပါ ထပ်ဝင်သလို တားဂက်ရဲ့ network ထဲကိုပါထပ် ထိုးဖေါက်ဝင်တာမျိုးကိုဆိုလိုတာပါ။
6. Escalate, protect ဆိုတာကတော့ လက်ရှိရောက်နေတဲ့ အနေအထားထက် ပိုပြီးမြင့်အောင် ပိုပြီးခိုင်အောင် လုပ်တာမျိုးကိုဆိုလိုတာပါ။ ဥပမာပြေရရင် လက်ရှိထိုးဖေါက်ဝင်ထားမှုအရ သာမန် user level အဖြစ်နဲ့ တားဂက်ရဲ့ network ထဲကို ရောက်နေပေမယ့်၊ admin level access မျိုးကိုရအောင် လုပ်ယူတာမျိုးကိုပြောတာပါ။
7. Pillage ဆိုတာကတော့ ထပ်ခိုးပြန်တာပါပဲဗျား။ နည်းအမျိုးမျိုးသုံးပြီး information တွေ ရသလောက်ထပ်ယူ တာမျိုးကို ဆိုလိုတာပါပဲ။ဥပမာပြောရရင် ခရက်ဒစ်ကပ် နံပါတ်တွေ၊ လျှို့ဝှက်အချက်အလက်တွေ အဲဒါမျိုးတွေကို ရသလောက် ကဲ့ယူပြန်တာမျိုးပါပဲ။
8. Get interactive ဆိုတဲ့အဆင့်ကတော့ အခုဝင်လာပြီခဲ့တဲ့ system ကိုနောက်ထပ်လာရင်လွယ်ဖို့ အခြေချ တာမျိုးကိုခေါ်တာပါ။ဥပမာပြောရရင် remote shell လို့ခေါ်ကြတဲ့ အဝေးကနေလှမ်းဝင်နိုင်တဲ့ file manager ဆန်ဆန် ဟာမျိုးကို ဆင်ပစ်ခဲ့တာပါပဲ။ခဏခဏပြန်လာလိုရအောင်လုပ်တာပါပဲ။
9. Expend Influence ဆိုတာကတော့ အမှတ်(၈)ကို ထပ်ပြီးလုပ်တာမျိုးပါပဲ။ ကိုယ့်သြဇာ ခိုင်အောင်ထပ် ထပ်ပြီးလုပ်နေပြန်တာပေါ့။
ဥပမာပြောရရင် ... system ထဲအနှံ့သွာူးပြီး ဟိုနေရာသည်နေရာ၊ အလွယ်မမြင်နိုင်မယ့်နေရာမျိုးတွေမှာ နောက်ဖေးပေါက်တံခါးဖွင့်
ပေးမယ့်ဟာလေးတွေကို system file နာမည်လိုလိုဘာလိုလို ထင်ရတဲ့ နာမည်မျိုးတွေနဲ့ချထားခဲ့မယ်။ ဒီတစ်ခုကိုတွေ့သွားရင်
နောက်တစ်ခုနဲ့ဝင်ဖို့ စီစဉ်မယ်...ဒါမျိုးပေါ့။ အတွေ့အကြုံကသင်သွားမှာပါ။
10. Cleanup/maintenance ဆိုတာကတော့ ၀င်ထားတဲ့ system ထဲက log file တွေဘာတွေမှာ ကိုယ့်ရဲ့ ခြေရာလက်ရတွေကိုပြန်ရှင်းခဲ့တာမျိုးကိုဆိုလိုတာပါပဲ။ ပြီးတော့ ကိုယ်လုပ်ခဲ့တာတွေကို ပြန်စစ်ရဦးမယ်လေ။
အပိုင်း - ၂မှာပြန်ဆုံမယ်။
Credit : WYTU THARLAY
EC council,Tweety Coaster,Internet
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
www.aungsanmks.blogspot.com
www.ledimyethar.com
www.ninilayy.com