Showing posts with label ကြော်ငြာ. Show all posts
Showing posts with label ကြော်ငြာ. Show all posts

10 Mar 2016

ဘလော့ခရီးသည် နှင့် မိတ်ဆွေများ တွေ့ဆုံပွဲ


ပြည်တော်ပြန် ဘလော့ခရီးသည် နှင့် မိတ်ဆွေများ တွေ့ဆုံပွဲ
===========================================
( please share this post for all frds )
မင်္ဂလာပါ.. ကျနော် မလေးရှားနိုင်ငံကနေ အပြီးပြန်လာခိုက် ရန်ကုန်မှာ
မိတ်ဆွေများနှင့် တွေ့ဆုံခြင်ပါတယ်.. မိတ်ဆွေများဆီကိုလည်း တဦးချင်း လည်ပါတ်ဖို့ဆိုတာကလည်း အချိန်နဲ့ အဆင်မပြေတာ ကြောင့်... ညီကို မောင်နှမ များ ကိုတိုင်ပင်ပြီး ခုလို တွေကဆုံ ပွဲလေး လုပ်လိုက်ရခြင်း ဖြစ်ပါတယ်...အွန်လိုင်းမှာ ခင်မင် ကြတဲ့ မိတ်ဆွေအပေါင်းကိုလည်း အရမ်းတွေ့ခြင်တာ ကြောင့်ပေါ့....
တက်ရောက်တွေ့ဆုံနိုင်သောမိတ်ဆွများ ဖိတ်ခေါ်လိုက်ပါတယ်.. မည်သူမဆိုပါ... တွေ့ခြင်လွန်းလို့ပါ....
မိတ်ဆွေများအတွက် တခမ်းတနားမဟုတ်ပေမယ့်... အမှတ်တရလေး ဖြစ်အောင် ဘလော့ခရီးသည် LOGO အကျီလေးတွေ လက်ဆောင်အဖြစ် ပေးအပ်သွားပါမယ်... အမှတ်တရပေါ့ဗျာ....
အားလုံးလာကြတဲ့ အခါလည်း မိမိတို့ မှာ ရှိတဲ့ DATA-SOFTWARE-MOVIES စတာလေးတွေ ကို အချင်းချင်း ပြန်လည် ဝေမျှ ဖလှယ် ကြဖို့
ကူညီသယ်ဆောင်လာပေးကြပါလို့ မေတ္တာရပ်ခံပါရစေ....
အစီစဉ်......။ ။
26-3-2016 SAT နေ့နံနက် ( ၉ ) နာရီမှာ စတင်ဆုံဆည်းလိုပါတယ်...
မနက်စောစောလေးပေါ့နော်...
နေရာကတော့..............
ယုဇနဥယာဉ်မြို့တော်
အခန်း ( 101 ) ဘလောက် (A)

မှာ စီစဉ်ထားပါတယ်..ခမျာ...
ဖုန်း..........
09-797113667
09-260912230 

တို့ကို ဆက်သွယ် နိုင်ပါတယ်....
ခင်မင်လေးစားစွာဖြင့်
ဘလော့ ခရီးသည်

21 Jan 2016

SAVE YOUR MONEY ( BTC ကို ရောင်း/၀ယ် ပြုလုပ်ချင်သူများအတွက် )


SAVE YOUR MONEY =================
BTC ကို ရောင်း/၀ယ် ပြုလုပ်ချင်သူများ၊ paypal ထဲရှိငွေအား လဲလှယ်လိုသူများ ဈေးနှုန်းချိုသာစွာဖြင့် စိတ်တိုင်းကျ ၀ယ်ယူရရှိနိုင်ပါပြီ။

ယခုပို့စ်အား Share သူများအားလုံးကို btc ပမာဏ 0.0001 ပို့ပေးပါ့မယ် .. bitcoin wallet address ပေးရုံပါပဲ .. ကျွန်တော့် comment box မှာ မိမိရဲ့ wallet address ရိုက်ထည့်ခဲ့ပြီး မိမိရဲ့ wall မှာ share ပေးပါ .. ဒါမှမဟုတ်လည်း ကျွန်တော့်ကို share လုပ်သူရဲ့ wallet address ကို message ပို့ပေးလိုက်ပါ ..ချက်ချင်းလှမ်းလွှဲပေးလိုက်ပါမယ်။

20 Jul 2015

♪ မိုဘိုင်းဖုန်းပြုပြင်ခြင်း နည်းပညာရပ်များကို လက်တွေ့ပိုင်း ဦးစားပေးပြီး သင်ကြားလိုသူများအတွက် ♫


မိုဘိုင်းဖုန်း ပြုပြင်နည်း နည်းပညာရပ်များဖြင့် အသက်မွေးဝမ်းကြောင်း ပြုရန် စဉ်းစားနေသူများ ၊ Software , Hardware Technician တစ်ယောက် အဖြစ် ရပ်တည်ရန် ဆန္ဒ ရှိသူများနှင့် တစ်ပိုင်တစ်နိုင် မိုဘိုင်းဖုန်း ဆိုင် ဖွင့်လှစ်လိုသူများ အတွက် …. လက်တွေ့ သင်ခန်းစာများ ကိုသာ ဦးစားပေးပြီး ဘ၀ အာမခံချက် အပြည့်အ၀ ပေးနိုင်တဲ့ မိုဘိုင်းဖုန်း သင်တန်းကျောင်း လေး တစ်ခုကို မိတ်ဆက်ပေးပါရစေ ….. ။

ကျွန်တော်တို့ The Last Mobile Service & Training Centre မှာ ဖုန်းနဲ့ ပတ်သတ်ပြီး အဓိက အားဖြင့်  Software , Hardware ၂ မျိုး ကို သင်ကြားပေးပါတယ် … ။

Software ပိုင်းအတွက် လက်ရှိ မြန်မာနိုင်ငံမှာ လူကြိုက်များ ရေပန်း အစားဆုံး ဖြစ်တဲ့ Android OS နဲ့ iOS အပိုင်း ၂ ပိုင်းလုံး ကို သင်ကြားပေးပါတယ်… ။ Android အပိုင်း အတွက် လူသုံးအများဆုံး Brand တွေ ဖြစ်တဲ့ Samsung , Sony , HTC , Huawei , Lenovo , Coolpad အစရှိတဲ့ ဖုန်းတွေ အပြင် ကို ခု နောက်ပိုင်း တစ်ဟုန်ထိုး အောင်မြင်လာတဲ့ Vivo , Oppo , Xiaomi (mi) , SingTech, MyPhone အစရှိတဲ့ ဖုန်းတွေ အကုန်လုံး နဲ့ နယ်ဘက်တွေမှာ အသုံးများတဲ့ China Clone ဖုန်းတွေ ဖြစ်တဲ့ Samsung Clone ဖုန်းတွေ ၊ Sony Clone ဖုန်းတွေ က အစ Firmware ပြန်တင်တာ ၊ Root ဖောက်တာ ၊ မြန်မာဖောင့် ထည့်တာ ၊ Pattern , Password Lock ဖြည်တာတွေ အကုန်လုံးကို ထည့်သွင်းသင်ကြားပေးပါတယ် …. ။


သင်တန်းနဲ့ တွဲပြီး Service ဆိုင်ပါ ဖွင့်ထားတာကြောင့် နေ့စဉ် ကြုံတွေ့နေရတဲ့ Software Error များကိုလည်း Customer များ လာပြတဲ့ ဖုန်းများ နဲ့ တွဲပြီး နေ့စဉ် သင်ကြားပေးပါတယ် … ။ Customer များ လာပြတဲ့ Software Error ဖြစ်တဲ့ ဖုန်းများ ကိုပါ တွဲဖက် သင်ကြားပေးရင်း ဘယ် Error မျိုးကို ဘယ်လောက် ထိ လက်ခ တောင်းယူပုံ တောင်းယူနည်းက အစ တွဲပြီး သင်ကြားပေးတဲ့ အတွက် မိမိ ကိုယ်တိုင် ဆိုင်ပြန်ဖွင့်သည့် အချိန် (သို့) Software နဲ့ ပတ်သတ်ပြီး အလုပ် ပြန်လုပ်တဲ့ အချိန် မှာ အရာအားလုံး ဟာ လွယ်ကူသွားပါလိမ့်မယ် …. ။

ဖုန်းနဲ့ ပတ်သတ်တဲ့ Software Error များကို သင်ကြားပေးရင်း ဖုန်း ပြင်ဖို့ အတွက် လိုအပ်တဲ့ Computer အခြေခံ နဲ့ တစ်ခြား သိသင့်တဲ့ Computer နဲ့ ပတ်သတ်တဲ့ General Knowledge များကိုပါ ထည့်သွင်းသင်ကြားပေးပါတယ် … ။

Software သမားများ အတွက် နောက်ထပ် ငွေရပေါက် ဖြစ်တဲ့ Facebook Account ဖွင့်တာ Lock ဖြည်တာတွေ အပြင် ၊ အခြား အကောင့်တွေ ဖြစ်တဲ့ Gmail , Viber , WeChat , Line , Skype အစရှိတဲ့ အကောင့်တွေ အကုန်လုံး ဖွင့်နည်းတွေ ကိုလည်း သင်ကြားပေးပါတယ် …. ။

သင်တန်းပြီးသွားတဲ့ သင်တန်းသားတွေ အတွက်လည်း တိကျ သေချာစွာ စီစဉ်ပြီး ထည့်ပေးထားတဲ့ Data များကိုလည်း တစ်ခါတည်း ထည့်ပေးလိုက်မှာ ဖြစ်ပါတယ် …. ။ ဖုန်း Model တစ်မျိုးစီ တိုင်း အတွက် တိကျ သေချာစွာ မှတ်သားထားတဲ့ Folder တစ်ခုချင်းစီရဲ့ အောက်မှာ လုပ်ပုံ လုပ်နည်း က အစ မြန်မာလို တစ်ဖုံ ၊ အင်္ဂလိပ် လို တစ်သွယ် ရေးမှတ်ပြီး ထည့်ပေးထားတာကြောင့် Service ပြုလုပ်ရမှာလည်း လွယ်ကူ လျှင်မြန်စွာနဲ့ ပြုလုပ် နိုင်ပါလိမ့်မယ် …. ။


ဖုန်းနဲ့ပတ်သတ်တဲ့ Data တွေ အပြင် ကို နောက်ထပ် ၀င်ငွေ ရစေနိုင်တဲ့ အသုံးဝင်မဲ့ တစ်ခြား သော Data တွေကိုလည်း တစ်ခါတည်း ထည့်သွင်းပေးပါတယ် …. ။

ကျွန်တော်တို့ သင်တန်းရဲ့ Software သင်ကြားမှု အပိုင်း ကို မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ် … ။

ဆိုင်တစ်ဆိုင်ရဲ့ အဓိက လိုအပ်ချက်ဖြစ်တဲ့ Hardware ပိုင်း အတွက် ကိုလည်း Software ပိုင်း နည်းတူ အပြည့်အ၀ ပံ့ပိုးပေးပြီး သင်ကြားမှုတွေ ပြုလုပ်ပေးပါတယ် …. ။

Customer လာအပ်တဲ့ ဖုန်းများ ကို ကိုယ်တိုင် ကိုယ်ကျ ပြုပြင်ရင်း လိုအပ်တဲ့ ပစ္စည်း အစိတ်အပိုင်းက အစ Spare Parts ဆိုင်မှာ ကိုယ်ကိုယ်တိုင် သွားရောက် ၀ယ်ယူရမှာပါ …. ။ Customer လာပြင်တဲ့ ဖုန်း ရဲ့ Error ဖြစ်တဲ့ အပိုင်းကို ကိုယ်ကိုယ်တိုင် စစ်ဆေး ၊ Spare Parts ပိုင်းကို ကိုယ်တိုင် သွားဝယ်ရင်း ၊ ဈေးနှုန်း ကိုလည်း ကိုယ်တိုင် ကိုယ်ကျ Customer ဆီက တိုက်ရိုက် ပြောဆိုပြီး တောင်းယူပုံ တောင်းယူ နည်းက အစ သင်ကြားပြသပေးပါတယ် …. ။

နောက်ဆုံးပေါ် မှန်ဖြုတ်စက် ကို အသုံးပြုပြီး တန်ဖိုးကြီး ဖုန်းများ အတွက် အပေါ်မှန် ဖြုတ်လဲ နည်းက အစ ကိုယ်တိုင် ကိုယ်ကျ လုပ်နည်းများ ကိုလည်း သင်ကြားပြသပေးပါတယ် … ။

ရေစို ပါဝါပျောက်တဲ့ ဖုန်းတွေ ၊ Touch မရတာတွေ ၊ LCD မလင်းတာတွေ ၊ စကား ပြောတာ မကြားရတာတွေ နဲ့ တစ်ခြား Error အမျိုးမျိုး အတွက်လည်း အချိန်တို အတွင်းမှာ Error လမ်းကြောင်း လိုက်နိုင်ဖို့ အတွက် လည်း အဓိက ထားပြီး သင်ကြားမှု ပေးပါတယ် …. ။

ခု နောက်ဆုံး ဖုန်းတွေ မှာ အဖြစ်များနေတဲ့ EMMC လဲနည်းက အစ သင်ကြားပြသမှုတွေ ပေးပါတယ် …. ။
Hardware သင်ကြားမှု အပိုင်းတွေပါ …. ။

အထက်ပါ အတိုင်း သင်ကြားမှု ပြည့်ပြည့်စုံစုံ နဲ့ ထောက်ပံ့ ပေးထားတဲ့ အတွက် သင်တန်းပြီးတာနဲ့ ချက်ခြင်း Software , Hardware Technician တစ်ယောက် အဖြစ် ရပ်တည် နိုင်သည် အထိ သင်ကြားမှု တွေကို ချမှတ်ပေးပါတယ် …. ။ ( သင်တန်းသား ဘက်က လိုလို ချင်ချင်နဲ့ လိုက်လံ သင်ယူဖို့တော့ အရေးကြီးပါတယ် …. ။ )
သင်တန်းကြေး အနေနဲ့ က Software ၂ သိန်း ၊ Hardware ၃ သိန်း နဲ့ နှစ်မျိုးပေါင်း အတွက် ၅ သိန်း သတ်မှတ်ထားပါတယ် … ။

Software , Hardware နှစ်မျိုးလုံး တက်မဲ့ နယ်က ကျောင်းသားများ အတွက်လည်း အဆောင် အခမဲ့ စီစဉ် ထားရှိပေးပါတယ် … ။

သင်တန်းချိန်တွေ အနေနဲ့ …
“Software ပိုင်း ဆို ”
မနက် ၉ နာရီ ခွဲ ~ ၁၁ နာရီ ခွဲ ( 9 : 30 ~ 11 : 30 )
နေ့လည် ၁၂ နာရီ ခွဲ  ~ နေ့လည် ၂ နာရီ ခွဲ ( 12 : 30 ~ 2 : 30 )
ညနေ ၃ နာရီ ခွဲ  ~ ညနေ ၅ နာရီ ခွဲ ( 3 : 30 ~ 5 : 30 )
ည ၆ နာရီ ~ ည ၈ နာရီ ( 6 : 00 ~ 8 : 00 )
ထိ တစ်နေ့ကို ၂ နာရီနဲ့ အချိန် ၄ ချိန် ခွဲပေးထားပါတယ် … ။
 “Hardware  ပိုင်း အတွက် ”
မနက် 9 နာရီ ~ နေ့လည် ၁၂ နာရီ ( 9 : 00 ~ 12 : 00 )
နေ့လည် ၁၂ နာရီ ခွဲ ~ ညနေ ၃ နာရီ ခွဲ ( 12 : 30 ~ 3 : 30 )
ညနေ ၄ နာရီ ~ ည ၇ နာရီ  ( 4 : 00 ~ 7 : 00 )
ထိ တစ်နေ့ ၃ နာရီ နဲ့ ၃ ချိန် ခွဲပေးထားပါတယ် …. ။
သင်တန်းအပ်မယ်ဆိုရင်တော့ ကြိုပြီး ဖုန်းဆက်ပေးရပါမယ် ။ ကြိုပြီး သင်တန်းအပ်ရပါမယ် ။ တစ်မျိုးစီ ကို စရံ ငါးသောင်းနဲ့ ၂ မျိုး အတွက် စရံ တစ်သိန်း အရင် ပေးသွင်းရပါမယ် …. ။ ( နယ်သမားများ အနေနဲ့ကတော့ ဘဏ် ကနေ တစ်ဆင့် ငွေလွှဲပြီး သင်တန်းကြိုတင် အပ်နှံနိုင်ပါတယ် …. ။ )
တစ်ခြား သိလိုတာတွေ အတွက် ကိုလည်း ဖုန်း ဆက်ပြီး စုံစမ်း မေးမြန်းနိုင်ပါတယ် …. ။

The Last Mobile
Service & Training Centre
တိုက် (၁) ၊ အခန်း (၀၀၃) ၊ ပါရမီ အိမ်ရာ ၊ (၁၆) ရပ်ကွက် ၊ ရန်ကုန် - အင်းစိန် လမ်းမကြီး နှင့် ပါရမီ လမ်းထောင့် (ဘုရားလမ်း မီးပွိုင့် အနီး ) ၊ လှိုင်မြို့နယ် ၊ ရန်ကုန် ။
၀၉-၃၃၈၀၅၅၈၁ ၊ ၀၉-၃၃၈၀၅၅၉၁
http://www.facebook.com/thelast2014


14 Jun 2015

♪ မိုဘိုင်းဖုန်း ပြုပြင်ခြင်း အတတ်ပညာ ဖြင့် သင့်ဘ၀ နောင်ရေး ခိုင်မာချင်ပါသလား ♫


The Last Mobile Service & Training Centre မှ Software Trainer ကိုထက်ဇော် နှင့်တွေ့ဆုံခြင်း

မေး - မင်္ဂလာပါ အကိုရေ … ။

ဖြေ - ဟုတ်ကဲ့ မင်္ဂလာပါ ခင်ဗျာ …  ။
မေး - ပထမဦးဆုံး အနေနဲ့ အစ်ကို့ရဲ့ The Last Mobile Service & Training Centre  တည်နေရာနဲ့ သင်တန်းကျောင်း အကြောင်းကို ပြောပြပေးပါဦး ။

ဖြေ - သင်တန်းကျောင်းက တိုက် (၁) ၊ အခန်း (၀၀၃) ၊ ပါရမီအိမ်ရာ ၊ (၁၆)ရပ်ကွက် ၊ ရန်ကုန် - အင်းစိန် လမ်းမကြီး နှင့် ပါရမီလမ်းထောင့် (ဘုရားလမ်းမီးပွိုင့်အနီးး) ၊လှိုင်မြို့နယ် ၊ ရန်ကုန်မှာပါ ။ ၀၉-၃၃-၈၀-၅၅၈၁ ၊ ၀၉-၃၃-၈၀-၅၅၉၁ ကို ဆက်သွယ်လို့ ရသလို http://www.facebook.com/thelast2014 ဆိုတဲ့ ကျွန်တော်တို့ရဲ့ Page ကနေတစ်ဆင့်လည်း ဆက်သွယ်နိုင်ပါတယ် ။ ကျွန်တော်တို့ သင်တန်း ကို 2014 ခုနှစ်မှာ စတင်ဖွင့်ခဲ့တာ ဖြစ်ပြီး လက်ရှိ အချိန်ထိ သင်တန်းအပတ်စဉ် (၆) ထိဖွင့်လှစ်နိုင်ခဲ့ပါတယ် ။

မေး - အစ်ကို့ရဲ့ သင်တန်းမှာ သင်တန်းသားတွေကို သင်ကြားပေးမှု ပုံစံတွေကရော ဘယ်လိုတွေ ရှိပါလဲ ။

ဖြေ - ကျွန်တော်တို့ သင်တန်းမှာ အဓိက အားဖြင့် လက်တွေ့ပိုင်းကို ပိုပြီး ဦးစားပေးသင်ကြားပေးပါတယ် ။

Software ပိုင်း အတွက် Samsung , Sony , HTC , Huawei စတဲ့ Branded ဖုန်းတွေ အပြင်ကို ခု နောက်ပိုင်း ရေပန်းစား လူကြိုက်များလာတဲ့ Coolpad , Oppo , Hisense စတဲ့ ဖုန်း တွေ အကုန်လုံး နဲ့ တစ်ခြား နာမည် မရှိတဲ့ တရုတ် ဖုန်း China Phone Clone လေးတွေ က အစ Firmware ပြန်တင်တာ ၊ Root ဖောက်တာ ၊ မြန်မာဖောင့် ထည့်တာတွေ အကုန်လုံး ကို အသေးစိတ် သင်ကြားပေးပါတယ် … ။


Apple က ထုတ်တဲ့ iOS ပိုင်း အတွက်လည်း iPhone , iPod , iPad တွေ အသုံးပြုပြီး နောက်ဆုံးပေါ် iPhone 6 , 6Plus ဖုန်းတွေ အထိ ကျွမ်းကျွမ်းကျင်ကျင် ပြုပြင်နိုင်အောင် သင်ကြားပြသပေးပါတယ် … ။

ဖုန်း နဲ့ ပတ်သတ်တဲ့ သင်ခန်းစာတွေ အပြင် Software Technician တစ်ယောက် အတွက် လိုအပ်တဲ့ တစ်ခြားသော Computer နဲ့ ပတ်သတ်တဲ့ ဗဟုသုတ တွေကိုလည်း အလျင်းသင့်သလို ထည့်သွင်းသင်ကြားပေးပါတယ် …. ။ တစ်ခြား ငွေဝင်ပေါက်ဖြစ်တဲ့ Facebook Account ဖွင့်တာ ၊ Lock ဖြည်တာ က အစ သင်ကြား ပေးတာ ဖြစ်လို့ သင်တန်းပြီးတာနဲ့ တစ်ပြိုင်နက် Software ကျွမ်းကျင် ပညာရှင် တစ်ယောက် အဖြစ် ရပ်တည်နေနိုင်ပြီး အသက်မွေး ၀မ်းကြောင်း ပြုနိုင်မှာပါ … ။

Hardware ပိုင်း အတွက်ကိုတော့ …. အဓိက Customer Service အပိုင်းကို အဓိက ထားသင်ကြားပေးပါတယ် … ။ သင်တန်း သင်ကြားနေမှု အပြင် Service ဆိုင် တစ်ဆိုင်မှာ မိမိ ကိုယ်တိုင် အလုပ်ဝင်နေရသလို ခံစားရအောင် Customer Relationship ရရှိအောင် သင်ကြားမှုတွေ ပေးပါတယ် ။

ဥပမာ - Customer တစ်ယောက်က ဖုန်း ပြင်ဖို့ လာအပ်ပြီ ဆိုပါစို့ … ။ သူ့ဖုန်းက မှန်ကွဲချင် ကွဲနေမယ် ၊ ဖုန်း ပြောလို့ မကြားရတာလည်း နေမယ် ၊ ဒါမှ မဟုတ် ပါဝါ လုံးဝ မလာတာလည်း ဖြစ်နိုင်တယ် … ။ အဲ့လို Error အမျိုးမျိုး ဖြစ်လို့ လာရောက် ပြုပြင်တဲ့ ဖုန်း တွေ အတွက် လိုအပ်တဲ့ Power IC , EMMC , Touch , LCD , Earpiece , Mic အစရှိတဲ့ အစိတ်အပိုင်း အမျိုးမျိုးအတွက် လိုအပ်တဲ့ Spare Parts ပစ္စည်းတွေကို … Spare Parts ဆိုင်ကို ကိုယ်တိုင် ကိုယ်ကျသွားရောက် စမ်းသပ် ၀ယ်ယူရမှာပါ … ။ ကိုယ် Service ပြုလုပ်တဲ့ ဖုန်း အတွက် Customer နဲ့လည်း တိုက်ရိုက် ပြောဆို ဆက်ဆံရင်း ဘယ် Error ကို ဘယ်လို လက်ခ တောင်းယူပုံ တောင်းယူနည်းက အစ တစ်ခါတည်း သင်ကြား တတ်မြောက်စေမှာပါ … ။


အဲ့ဒါကြောင့် သင်တန်း ပြီးမြောက်ပြီး On Job Training အတွက် အချိန် ထပ်မံ ပေးစရာ မလိုတော့ပဲ သင်တန်းကာလ ၁ လခွဲ အတွင်းမှာပဲ … အားလုံးကို သင်ယူတတ်မြောက်စေနိုင်ပါတယ် ။

မေး - အဲ့ဒါဆို သင်တန်းကာလ အတွင်းမှာကိုပဲ Customer ကို ဗဟိုပြုပြီး သင်တန်းသား အားလုံးကို  လက်တွေ့ပိုင်းတွေပဲ တစ်ခါတည်း သင်ကြားပေးတဲ့ သဘောပေါ့ … ။

ဖြေ - ဟုတ်ပါတယ် … ။ အဲ့ဒီ သဘောပါပဲ …. ။ အဓိက က သင်တန်းသားတွေ ကို သင်တန်းပြီးတာနဲ့ တစ်ပြိုင်နက် ဆိုင်ပြန်ဖွင့်စေချင်လို့ ၊ Technician တစ်ယောက် အဖြစ် ရပ်တည်နိုင်စေဖို့ပါ …. ။

မေး - ဟုတ်ကဲ့ .. ။ သင်တန်းကာလ နဲ့ သင်တန်းကြေး အတွက်ကိုလည်း သိချင်ပါတယ် ။

ဖြေ - ဟုတ်ကဲ့ ။ သင်တန်းကြေး အနေနဲ့ Software ပိုင်းအတွက် ၂ သိန်း ၊ Hardware ပိုင်းအတွက် ၃ သိန်း ၊ နှစ်မျိုးပေါင်း ၅ သိန်း ကျသင့်မှာပါ ။ အဓိက သင်တန်းကာလ အနေနဲ့ တစ်လခွဲသာ ကြာမြင့်မှာပါ ။

ဒါပေမဲ့ Software ပိုင်းအတွက် Computer Basic ပါ စတင် သင်ကြားပေးတာကြောင့် Computer အခြေခံ မရှိတဲ့ သူတွေ အတွက်ကတော့ ရက်နည်းနည်း ပိုပေးရပါလိမ့်မယ် … ။ အနည်းဆုံး ၂ လလောက် ဖြစ်သွားပါလိမ့်မယ်။

မေး - နယ်က တက်မဲ့ သူတွေ အတွက်ကိုရော နေစရာ အဆောင် စီစဉ်ထားရှိပေးလား ဆိုတာလဲ ပြောပြပေးပါဦး ။

ဖြေ - ဟုတ်ကဲ့ … ။ Software , Hardware ၂ မျိုးပေါင်း တက်မယ်ဆိုရင်တော့ နေစရာ အဆောင်ကို အခမဲ့ စီစဉ်ပေးပါတယ် … ။

မေး - သင်တန်းပြီးဆုံးသွားတဲ့ သင်တန်းသားတွေ ကို ဘယ်လို ဆက်လက် ပံ့ပိုးလဲ ဆိုတာလည်း သိချင်ပါတယ်။


ဖြေ - ဟုတ်ကဲ့ ။ သင်တန်းပြီးဆုံးသွားတဲ့ သင်တန်းသားတွေ အတွက် Software ပြုပြင်ရမှာ လိုအပ်တဲ့ Data တွေကို ပံ့ပိုးပေးပါတယ် ။ အသစ်ထွက် Data တွေ အတွက်လည်း သင်တန်းမှာ အချိန်မရွေး လာရောက် ယူနိုင်အောင် စီစဉ် ထားရှိပေးပါတယ် ။ အတွေ့အကြုံ ထပ်မံ ယူချင်တဲ့ သင်တန်းသားတွေ အတွက်ကိုတော့ Service Room တစ်ခု သီးသန့် စီစဉ်ပေးထားပြီး ဆိုင်မှာ လာအပ်တဲ့ ဖုန်းတွေ အကုန်လုံးကို ထပ်မံ ပြုပြင်စေပါတယ် ။ ( အဲ့အချိန်ကျရင်တော့ အဆောင် နေရာ က ကိုယ့်အစီနဲ့ ကိုယ်နေရပါမယ် ) ။ ဆိုင်ပြန်ဖွင့်ချင်တဲ့ သင်တန်းသားတွေ အတွက်ကိုလည်း ဆိုင်တစ်ဆိုင် ဖွင့်ရမှာ လိုအပ်တဲ့ Hardware သုံး ပစ္စည်းတွေကို ကျွန်တော်တို့ကိုယ်တိုင် လိုက်ပြီး ၀ယ်ယူမှုတွေလည်း ပြုလုပ်ပေး ပါတယ် ။

မေး - ဟုတ်ကဲ့ .. ။ အဲ့ဒါဆို အနီးဆုံး နောက်ထပ် တန်းခွဲတွေ ဘယ်တော့ စမလဲ သိချင်ပါတယ် ။

ဖြေ - ဟုတ်ကဲ့ … ။ ဒီလ ၆ လပိုင်းထဲမှာပဲ ၂၅ ရက်နေ့ ကို သင်တန်း အပတ်စဉ် (၇) ရဲ့ Class A ကို  စဖို့ ရှိပါတယ် ။ လောလောဆယ်တော့ Class A က လူပြည့်ခါ နီးပါပြီ ။ Class A မမှီလိုက်တဲ့ သူတွေ အတွက်လည်း Class B ကို ၇ လပိုင်း ၂ ရက်နေ့မှာ ထပ်မံ ဖွင့်လှစ် သင်ကြားပေးမှာ ဖြစ်တာကြောင့် အပတ်စဉ် (၇) မလွတ်စေဖို့ အတွက် အမြန်ဆုံး စာရင်း ပေး အပ်နှံမှပဲ စိတ်ချရတော့မှာပါ …. ။

မေး - အဲ့ဒါဆို အကို့ အနေနဲ့ ဒီ မိုဘိုင်းဖုန်း ပြုပြင် သင်တန်းတွေကို တက်ရောက်မဲ့ ကျောင်းသားတွေ အတွက် ဘာများ ဖြည့်စွက် ပြောကြားချင်ပါသလဲ ။

ဖြေ - ဟုတ်ကဲ့ … ။ အဓိက က တော့ ဒီ သင်တန်းတွေကို တက်တော့မယ်ဆိုတာနဲ့ အရင်ဆုံး စဉ်းစားဆုံးဖြတ်ပါ … ။ ကို့မိဘ ၊ ကို့ညီအစ်ကို မောင်နှမ က ဒါမှ မဟုတ် တစ်ခြား တစ်ယောက်ယောက်က မင်း ဒီသင်တန်းသွားတက် ကို တက်ရမယ် ဆိုပြီး ဖိအားပေးပြီး တက်ခိုင်းတာမျိး မဖြစ်ပါစေနဲ့ … ။

ကိုယ်ကိုယ်တိုင် ၀ါသနာပါပါစေ ။ ပြီးရင်တော့ ကိုယ်ကိုယ်တိုင် စဉ်းစားပါ ။ ငါ ဘယ်လို အနေအထားမျိုးနဲ့ ရှေ့ဆက်ပြီး ဘ၀ ကို ရပ်တည်မယ်ဆိုတာပါ … ။ ပေးလိုက်ရတဲ့ သင်တန်းကြေးနဲ့ တန်အောင် ဆရာတွေ ဆီက ငါ ဘယ်လိုမျိုး ပညာတွေ ယူမလဲ ဆိုတာကိုပဲ အချိန်ပြည့် ခေါင်းထဲမှာ တွေးနေပါ …။ သင်တန်း ပုံမှန် တက်ပြီး တစ်နေ့ စာ တစ်နေ့ ပုံမှန် လုပ်ပါ …. ။

ဘယ်သင်တန်း မဆို အချိန် တစ်လ ခွဲ ၊ ၂ လလောက် အတွင်းမှာ အပ်ချလောင်း ဆိုပြီး တော့ ဆရာကြီး ဖြစ်အောင် မလုပ်ပေးနိုင်ပါဘူး … ။ မိမိ ကိုယ်တိုင် ၀ါသနာပါပြီး ကြိုးစား လုပ်ကိုင်ဖို့လည်း လိုအပ်ပါတယ် … ။ အသစ်ထွက်တဲ့ Error တွေ အတွက်ကိုလည်း အမြဲ မျက်ခြေ မပြတ် လေ့လာနေရပါမယ် … ။ အဲ့ဒါဆိုရင်တော့ … ကိုယ် လိုချင်တဲ့ ပန်းတိုင် ဖြစ်တဲ့ ဆိုင်ဖွင့်ရင်ပဲ ဖြစ်ဖြစ် ၊ Technician တစ်ယောက် အဖြစ် ရပ်တည် မယ် ဆိုရင်ပဲ ဖြစ်ဖြစ် … ခေါင်းမော့ ရင်ကော့ စွာနဲ့ အများအလယ်မှာ ရပ်တည်နေနိုင်ပါလိမ့်မယ် … ။

မေး - ဟုတ်ကဲ့ … ။ အခုလို ပြည့်ပြည့်စုံစုံ နဲ့ သိလိုသမျှ ကို ဖြေကြားပေးတဲ့ အတွက် ကိုထက်ဇော်ကို ကျေးဇူး အများကြီး တင်ပါတယ် ခင်ဗျာ … ။

ဖြေ - ဟုတ်ကဲ့ … ။ ကျွန်တော်ကလည်း ကျေးဇူး အများကြီး တင်ပါတယ် ခင်ဗျာ … ။

5 Jul 2014

စွယ်စုံစာအုပ်စင် အတွက် ဒိုမိန်းအလှူ ရှင် မိုးညိုသား

မင်္ဂလာပါ  ကျွန်တော့်ရဲ့ စွယ်စုံစာအုပ်စင် လေးအား မနေ့ညကဘဲ ညီလေး တစ်ယောက်ဖြစ်တဲ့  မိုးညိုသား
မှ ဒိုမိန်းကို လှူဒါန်းခဲ့ပါတယ်.. ညီလေး မိုးညိုသားအားအထူးဘဲကျေးဇူးတင်ရှိပါကြောင့် နှင့် လာရောက် အားပေးကြသူအပေါင်းကိုလည်း  လျှင်မြန်လွယ်ကူစွာ ၀င်ရောက်နိုင်ပါပြီဆိုတာ ပြောလိုက်ပါတယ်နော်.  လိပ်စာကတော့... 
ကိုဝင်ရောက်နိုင်ပါပြီနော်..
ဘလော့ခရီးသည်

14 Apr 2014

ဘလော့ခရီးသည် မှ Author/Admin /Member များသို့


မင်္ဂလာပါ ကျနော့်ဆိုဒ်မှာ တင်ပေေးနကြသော မိတ်ဆွေ ဘလော့ကာများကို
တောင်းဆိုပါရစေ ကျနော် မနက်ဖြန် မှစလို့ တပါတ် တိတိ ဒုလ္လဘ ရဟန်းအဖြစ် သာသနာ့ဘောင်တွင် ကုသိုလ်ပြု မည်ဖြစ်ပါသောကြောင့် ကျနော့်ဆိုဒ်လေးအား ဆက်လက် ကူညီကာ နည်းပညာများတင်ပေးကြပါရန် တောင်းဆိုပါရစေ... မိတ်ဆွေများနဲ့ မန်ဘာများကိုလည်း တပါတ်လောက် နည်းပညာမျှဝေခြင်းကို သည်းခံနားလည်ပေးဒကြပါရန်.....
ကျနော် ပြုပြုသမျှသော ဒါနကုသိုလ် ကောင်းမှု အဖို့ဖို့တို့အား
ပြန်လည်ကာအမျှတန်းပေးဝေငှပါတယ်နော်...
လေးစားစွာဖြင့်
အောင်ဆန်း (ခ) ဘလော့ခရီးသည်

4 Apr 2014

ထိုင်း စာသင်ခွေ လေ့ကျင့်နည်း-အသုံးပြုနည်း လမ်းညွှန် ခွေလေးပါ



ဒီနေ့

Thai စာသင်ခွေအသုံးပြုနည်းဗီဒီယိုဖိုင်

☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺

 လေးကိုတင်ပေးလိုက်ပါတယ်ဗျာ အကြောင်းကြောင်းကြောင့် ပိုဒ့်လေးမရေးဖြစ်တာကိုလည်းနားလည်ပေးကြပါနော်အောက်မှာဗီဒီယိုလေးတင်ပေးထားပါတယ်ဗျာ

 

-------------------------------------------------------------------------------------------------------------------------------------- 

ထိုင်းစာသင်ခွေဒေါင်းရန်လင့်>>>  ဒီမှာပါ  <<<

မှတ်ချက်။      ။ ဒီအခွေဒေါင်းပြီးရင် DVDနဲ့Brum ထားပါနော် အခွေက စာသင်လေ့ကျင့်တိုင်း DVD ဒရိုက်ထဲထည့်ထားရမှာပါ။   DVD Drive နာမှာဆိုးသူတွေအတွက်ကတော့ Alcohol ဆော့ဝဲသုံးရမှာပါ   ဒီမှာယူလိုက်ပါ နော်  Alcohol  သုံးနည်းလေးလဲနောက်မှရေးပေးတော့မယ်

အခုအိပ်ချင်နေပြီ အားလုံးအဆင်ပြေပါစေဗျာ။            ။
                                                                                 

17 Mar 2014

GTALK ပိတ်မယ်ဆိုတဲ့ အထူးသတင်း

ယခုအချိန်မှာ gtalk ဖွင့်မရပါ ပိတ်လိုက်ပွင့်လိုက်နဲ့
google ကလဲ GTALK စနစ်ကို ပိတ်မယ်လို့ကြေငြာထားပါတယ်
GMAIL တော့ရဦးမှာပါ 
ကျွန်တော်ရေးမယ်ရေးမယ်နဲ့ အခုမှရေးဖြစ်တာခွင့်လွှတ် ပါ
 သိအောင်ပြောပါတာနော်ဟိဟိ ဘားမှတော့ ဟုတ်ဘူး
မရလဲ စိတ်မကောင်းမဖြစ် ပါနဲ့ဗျာ
နော် တစ်ခြား talk free တွေအများကြီး ပါ
အဆင်မပြေ ခဲ့ရင်ကျွန်တော်တင်ပေးမယ်နော်
အားလုံးကိုလေး စား ပါတယ်နော်

27 Feb 2014

www.myanmarbloggersociety Social ၀က်ဆိုက် ထွက်ရှိ အရင်ဝက်ဆိုက်တွေထက်ကောင်းပါတယ်



http://www.myanmarbloggersociety.net/  ၀က်ဆိုက်အား
အဖြူရောင်အားမာန်အွန်လိုင်း ပရဟိတမှာ လှူတန်းပါတယ်
ဘလော့ ဂါတွေ ပိုစ် တွေ့ ရှယ်မယ် ချက်မယ် ရင်းနီးမှုလေး တွေ ရယူနိုင်ပါတယ်
ကဲ လာလည်မယ်ဆို ရင် 
အောက်ကပုံကုဒ်လေးကိုဆိုက်မှာ ချိတ်ပေး ထားပါဦးဗျာ
ဘလော့ဂါအားလုံး ကိုလေး စားလျှက် (အောင်လေး(နည်းပညာ)
<p><a href="http://www.myanmarbloggersociety.net/" target="_blank"><img src="http://api.ning.com:80/files/RuWbev-xAt8SRdz-vmgWudfOt-5x2f*hhiq862BYLlyM5FkcwDGd5mhWq4VUWYU9fBRnsV5O-Gzh2zP2jH9M7SQx8RLA1*fR/bloggerlogo.png?width=400" width="400" class="align-full" /></a></p>



ထိုသူများအားအက်မင်းပေးရန်စီစဉ်ထားသည်

ဆော့ဝဲမြို့တော်
ဝင်းကမ္ဘာကျော်
MMITHELPER
ဘလော့ခရီးသည်
ပြည်ဘလော်ဂါ
ကိုချင်းလေး
ညီနေမင်း
လွင်မင်းဗိုလ်
အိုင်တီမုဆိုး
MMSD
MMAP
ကိုလတ်(ကျွဲဆင်း)
အမျိုးကောင်းသား
အာကာဖြိုး
Techspace
မောင်(စွယ်စုံကျမ်း)

23 Feb 2014

အဖြူရောင်အွန်လိုင်းပရဟိတ တွင် RADIO ADMIN များအလိုရှိသည်

အဖြူရောင်အွန်လိုင်းပရဟိတအသင်း
အဖြူရောင်အွန်လိုင်းပရဟိတမှ တည်ထောင်လိုက်သော

MYANMAR OLINE RADIO SOCIAL NETWORK
ဝါသနာပါလို့ RADIO လွှင့်ချင်းရင် ဆက်သွယ်ရန် 
EMAIL - apyradio14@gmail.com
ရေဒီယို လွှင့်မည်သူသည် 
လိုင်းကောင်းသူဖြစ်ရပါမယ်
တစ်နေ့ကို အနည်းဆုံး အချိန်ပိုင်း 4 နာရီတာဝန်ယူနိုင်ရပါမယ်

အဖြူရောင်အွန်လိုင်းပရဟိတ မှ အထူးပင်ကျေးဇူးတင်ပါတယ်
ဒီပိုစ့်လေးကိုလဲဖြန့်ပေးပါဦး....
SOCIAL မှာလဲလာရောက်ပိုစ့်တွေတင်နိုင်ပါတယ်ခဗျာ



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************


ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ



လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ



စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ

26 Nov 2013

ချစ်သူများနေ့ အမှတ်တရ သီဆိုထားတဲ့ ညီလေးရဲ့ ပထမခြေလှမ်း

အားပေးကြပါအုံးနော်  ကျွန်တော့်ရဲ့ ချစ်ဆုံး ညီလေး ရဲ့ အနုပညာလောက ခြေလှမ်းသစ်လေးပါ... နောက်
ထွက်လာမယ့် သီချင်းတွေကိုလည်း ဆက်လက် တင်ပြပေးပါ့မယ်... ပရိတ်သတ်ရဲ့ အားပေးမှုတွေနဲ့အတူ
ကြိုးစား ဖြေဖျော်နေမဲ့  ညီလေး.. နိုင်ဇင်အောင်   ဘဲဖြစ်ပါတယ်ဗျာ..

        


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************
ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ
စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ

26 Oct 2013

MMYOS ရေဒီယိုထည့်ထားပေးသော ၀က်ဆိုဒ်များအား ဆာဗာပြောင်းလဲခြင်းကို အသိပေးစာ


MMYOS ရေဒီယိုထည့်ထားပေးသော ၀က်ဆိုဒ်များအား ဆာဗာပြောင်းလဲခြင်းကို အသိပေးစာ မင်္ဂလာပါ ကျွန်တော်တို့ အဝေးရောက်မြန်မာလူငယ်များ ပရဟိတ အဖွဲ့လေးမှ ပြုလုပ်ထားသော အွန်လိုင်းရေဒီယိုလေးကို ဘလော့ဆိုဒ်အတော်များများမှာ တွေ့ရလို့ ၀မ်းသာပါတယ်ခင်ဗျာ။ ကျွန်တော်တို့ရေဒီယိုလေးကလည်း ၂၄နာရီ အချိန်ပြည့် သီချင်းများကို ထုတ်လွှင့်ပေးနေပါတယ် သီချင်းတောင်းလိုသူများအတွက်လည်း dj@mmyos.com ကို အပ်ကာ မိမိတောင်းဆိုလိုသည့် သီချင်းအမည်နဲ့ တောင်းဆိုသည့်အကြောင်းအရာလေး ပြောကာ တောင်းဆိုနိုင်ပါသည် ။ အခု အရေးတကြီး ပြောချင်တာလေးက မိတ်ဆွေတို့ ၀က်ဆိုဒ်မှာ ထည့်ထားသော ရေဒီယို ကုဒ်လေးအား ပြုပြင်ပြောင်းလဲပေးပါရန် မေတ္တာရပ်ခံချင်တာပါခင်ဗျာ ။ မပြောင်းမဖြစ်လို့ ပြောင်းလဲလိုက်ရတာပါ မခဲယဉ်းပါဘူး အခု ပေးလိုက်မယ့် ကုဒ်လေးကို အရင်ကုဒ်လေးမှာ အစားထိုး လိုက်ရုံပါပဲ ခင်ဗျာ ... မိမိတို့ဝက်ဆိုဒ်မှာထည့်ပေးသော ၀က်ဆိုဒ်ပိုင်ရှင်များနှင့် သီချင်းများကို နားဆင်ကြသော မိတ်ဆွေများ အားလုံးကို ကျွန်တော်တို့ MMYOS ရေဒီယိုအဖွဲ့သားများမှ အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။ ရေဒီယိုကုဒ် အသစ်ကို ဒီနေရာ တွင် ရယူနိုင်ပါသည်။ ဒေါင်းနည်းများမသိပါက ဒီမှာ သွားကြည့်ပေးပါခင်ဗျာ

Source: http://www.aungkyaw.net/2013/10/mmyos.html
www.aungkyaw.net မှ ပြန်လည်မျှဝေသည်
MMYOS ရေဒီယိုထည့်ထားပေးသော ၀က်ဆိုဒ်များအား ဆာဗာပြောင်းလဲခြင်းကို အသိပေးစာ မင်္ဂလာပါ ကျွန်တော်တို့ အဝေးရောက်မြန်မာလူငယ်များ ပရဟိတ အဖွဲ့လေးမှ ပြုလုပ်ထားသော အွန်လိုင်းရေဒီယိုလေးကို ဘလော့ဆိုဒ်အတော်များများမှာ တွေ့ရလို့ ၀မ်းသာပါတယ်ခင်ဗျာ။ ကျွန်တော်တို့ရေဒီယိုလေးကလည်း ၂၄နာရီ အချိန်ပြည့် သီချင်းများကို ထုတ်လွှင့်ပေးနေပါတယ် သီချင်းတောင်းလိုသူများအတွက်လည်း dj@mmyos.com ကို အပ်ကာ မိမိတောင်းဆိုလိုသည့် သီချင်းအမည်နဲ့ တောင်းဆိုသည့်အကြောင်းအရာလေး ပြောကာ တောင်းဆိုနိုင်ပါသည် ။ အခု အရေးတကြီး ပြောချင်တာလေးက မိတ်ဆွေတို့ ၀က်ဆိုဒ်မှာ ထည့်ထားသော ရေဒီယို ကုဒ်လေးအား ပြုပြင်ပြောင်းလဲပေးပါရန် မေတ္တာရပ်ခံချင်တာပါခင်ဗျာ ။ မပြောင်းမဖြစ်လို့ ပြောင်းလဲလိုက်ရတာပါ မခဲယဉ်းပါဘူး အခု ပေးလိုက်မယ့် ကုဒ်လေးကို အရင်ကုဒ်လေးမှာ အစားထိုး လိုက်ရုံပါပဲ ခင်ဗျာ ... မိမိတို့ဝက်ဆိုဒ်မှာထည့်ပေးသော ၀က်ဆိုဒ်ပိုင်ရှင်များနှင့် သီချင်းများကို နားဆင်ကြသော မိတ်ဆွေများ အားလုံးကို ကျွန်တော်တို့ MMYOS ရေဒီယိုအဖွဲ့သားများမှ အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။ ရေဒီယိုကုဒ် အသစ်ကို ဒီနေရာ တွင် ရယူနိုင်ပါသည်။ ဒေါင်းနည်းများမသိပါက ဒီမှာ သွားကြည့်ပေးပါခင်ဗျာ

Source: http://www.aungkyaw.net/2013/10/mmyos.html
www.aungkyaw.net မှ ပြန်လည်မျှဝေသည်


မင်္ဂလာပါ ကျွန်တော်တို့ အဝေးရောက်မြန်မာလူငယ်များ ပရဟိတ
အဖွဲ့လေးမှ ပြုလုပ်ထားသော အွန်လိုင်းရေဒီယိုလေးကို
ဘလော့ဆိုဒ်အတော်များများမှာ တွေ့ရလို့ ၀မ်းသာပါတယ်ခင်ဗျာ။
ကျွန်တော်တို့ရေဒီယိုလေးကလည်း ၂၄နာရီ အချိန်ပြည့်
သီချင်းများကို ထုတ်လွှင့်ပေးနေပါတယ် သီချင်းတောင်းလိုသူများအတွက်လည်း
dj@mmyos.com ကို အပ်ကာ မိမိတောင်းဆိုလိုသည့် သီချင်းအမည်နဲ့
တောင်းဆိုသည့်အကြောင်းအရာလေး ပြောကာ တောင်းဆိုနိုင်ပါသည် ။
အခု အရေးတကြီး ပြောချင်တာလေးက မိတ်ဆွေတို့ ၀က်ဆိုဒ်မှာ
ထည့်ထားသော ရေဒီယို ကုဒ်လေးအား ပြုပြင်ပြောင်းလဲပေးပါရန်
မေတ္တာရပ်ခံချင်တာပါခင်ဗျာ ။ မပြောင်းမဖြစ်လို့ ပြောင်းလဲလိုက်ရတာပါ
မခဲယဉ်းပါဘူး အခု ပေးလိုက်မယ့် ကုဒ်လေးကို အရင်ကုဒ်လေးမှာ အစားထိုး
လိုက်ရုံပါပဲ ခင်ဗျာ ... မိမိတို့ဝက်ဆိုဒ်မှာထည့်ပေးသော
ဝက်ဆိုဒ်ပိုင်ရှင်များနှင့် သီချင်းများကို နားဆင်ကြသော မိတ်ဆွေများ
အားလုံးကို ကျွန်တော်တို့ MMYOS ရေဒီယိုအဖွဲ့သားများမှ 
အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။
ရေဒီယိုကုဒ် အသစ်ကို  ဒီနေရာ တွင် ရယူနိုင်ပါသည်။

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************

ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ
စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ

1 Sept 2013

အားလုံးဘဲ မလေးရှားရောက် မိတ်ဆွေတို့ ကူညီပေးကြပါရန်

မလေးမှား မှ မိတ်ဆွေအပေါင်းတို့အား အကူညီတောင်းလိုပါတယ်... ယခုပုံပိုင်ရှင် ကျနော် နဲ့ ညီကိုတော်စပ်သူ  မောင်ငြိမ်းစိုးဦး   သည်..ကျနော် နှင့် လွန်ခဲ့သော  ၄..လလောက်ကတည်းက  တကြိမ်ဘဲ အဆက်သွယ်ရလိုက်ပါတယ်... အဲတုန်းကလည်း သူ ပြန်ဆက်သွယ်ပါမယ်လို့ပြောခဲ့ပါတယ်..
နောက်နောင် များမှာ ယနေ့အချိန်ထိ  အဆက်သွယ်မရခဲ့ပါဘူးးး.... သူနေတာကတော့ ဆူဘန်း  ဘက်မှာပါ   နောက်တော့ ဘယ်လို ဆက်သွယ်ရမှန်းတောင် မသိတော့လောက်အောင်ပါဘဲ  လိုက်ရှာဖို့ဆိုတာကလဲ   ခေတ်ကာလအခြေနေက သိတဲ့အတိုင်းဘဲ ဗျာ.. ကျနော် နေတာက ကွမ်တမ်းဆိုတော့ အရမ်းးဝေးလွန်းးတယ်... သူနေတဲ့ လိပ်စာအတိအကျလည်း ပြောမထားတော့ ခက်တယ်... ခုလုံးလုံးပျောက်နေသလိုဖြစ်နေပါတယ်... အဲအတွက်... သည်ပုံပိုင်ရှင်အား
တွေက ရှိခဲ့ပါက အမြတ်ဆုံး အကြောင်းကြားပေးကြပါရန် မေတ္တာ ရပ်လိုက်ပါရစေ....

ဘလော့ခရီးသည်
ဆက်သွယ်ရန်... 
017 9262193

တင်ထားသမျှ ခေါင်းစဉ်များ

2Step Verification (5) A+အကြောင်း (1) Activator (9) Adobe CS3 Master Collection (1) Adobe Premiere Pro CS6 အသုံးပြုနည် (1) Adobe Software (12) Android application (1987) Android Game (709) AndroidPhoneဆိုင်ရာ (4) Antivirus (1) Apowersoft ApowerEdit v1.4.7.22 Build 04042019 (1) AVAST! Cleanup Premium 2019 version 19.1 Build 7085 (1) Blog Slider (8) Blogger Button (5) Blogger Comment (17) Blogger Ebooks (1) Blogger Hack (54) Blogger Loading Style (6) Blogger Mouse (1) Blogger Template (44) Blogger Tips (77) Blogger Widget (152) Blogs Html (63) Blogs Post (86) Blogs Tab Menu (53) Blogဆိုင်ရာ (1) Bowser ဆိုင်ရာ (21) Brothers in Arms® 3 v1.4.7c Mod Data [Unlimited Money] (1) Buddha မြန်မာစာတန်းထိုး (53) Burning Software (34) Burning Tools (47) C-Box (10) Canon LBP 6000 Original Driver (1) Canon LBP 6030 Original Driver & Installation Guide (1) CCleaner 5.56.7144 (Business / Professional / Technician) Multilingual Portable (1) CD/DVD ဆိုင်ရာများ (30) Cleanner-Speed (68) Computer Autoplay ပိတ်ထားနည်း (1) Computer Partationခွဲနည်း (1) Computer ဆိုင်ရာ (189) Computerဆိုင်ရာ (33) Converter (73) Desing Card (10) Display အလုပ်မလုပ်သော ပြဿနာဖြေရှင်းနည်းများ (1) Domain (3) Download Manager (42) Drive SnapShot v1.46.0.18213 (1) Driver Software (46) DVD-Cloner Platinum 2019 v16.30 Build 1446 [x86/x64] (1) DVDFab v11.0.2.4 [x86/x64] (1) Easy Translator version 14.0.0 (1) Ebooks (405) Errorဖြေရှင်းနည်း (1) Eset Smart Security 12.1.34.0 (x86/x64) (1) Facebook (152) Folder Lock (17) Fonts များစုစည်းမှု (6) Foxit PhantomPDF (1) Game (47) Game PC (32) Glary Utilities PRO version 5.117.0.142 (1) Gmail-Gtalk (70) GoogleChome &InternetDownloadmananger (1) Hacking (81) How To Download (6) Html (51) Internet Download Manager (18) InternetDownloadmananger(IDM) (1) IP Hider Software (6) Java Script (11) KhineMaster (1) KMS/2038 & Digital & Online Activation Suite v6.9 (1) MAGIX SOUND FORGE Pro 13 v.13.0.0 Build 46 (1) Marquee Technique (14) Media Player (31) MI Play store Apk (1) Microsoft Office (21) Mobile Legends Bang Bang Installer .exe Pc Version (1) Motors ( မော်တာများ )အကြောင်း (1) Movie (95) My Pdf (35) Myanmar Font (9) Myanmar Typing Software (1) MZW Solftware (1) NetGuide Journal (63) Network Software (7) New Blogs (15) Notကာကွယ်ခြင်းနည်း (1) ONEKEY PDF Convert to Word 4.0 REPACK (1) Partition Software (7) Password Recovery Software (1) paypal နှင့် ဆိုင်သော (5) PC GAMES (17) PC recovery (13) PC Software (203) PC Speed Up (32) PC-Clean Software (73) PDF (4) PDF Editor (10) Photo Editor Software (64) PHOTO SHOP (သင်တန်း)သီးသန့် (44) Photo Slideshow (12) photoshop background အလန်းများ (6) photoshop PNG ဖိုင်များရှာရန် (14) Photoshop Software (35) Photoshop ဆိုင်ရာ (51) Player (8) PrinterDriver (2) Programming (16) Pyidaungsu font (1) Read More (9) Recent Posts Widget (23) Recover Software (46) Recovery (33) Refresh and Restoreအကြောင်း (1) Reset (1) SAMSUNG One UI ဖုန်းတွေအတွက် မြန်မာဖောင့် (1) Screen Video Recorder (37) Search Box (6) Security Software (36) Sidebar Widget (71) SkyNet လိုင်းအသစ်ထည့်နည်း (1) SkynetBinfile (1) Slideshow Movie Maker (7) Social Widget (19) SOFTWARE (588) Software For Blogs (17) Software များအသုံးပြုနည်း (2) Softwares တွေအတွက် Serial no (or) Key တောင်းလျှင် ဖြေရှင်းနည်း (1) Speed Up Internet (13) TeamViewer version 14.2.2558.0 (Repack & Portable) (1) TTA Pie Myanmar (1) Unicode ေ​ြေပာင်းနည်း (1) Uninstaller Software (25) Upload (6) USB ဖြင့်ဝင်းဒိုးတင်နည်း (4) USB ကြိုးကနေ Virus မဝင်အောင် ကြိုတင် ကာကွယ်နည်း (1) Usb-Memory (19) Video Converter (29) Video Editing (76) Video Editor (1) Video Recorder (12) Virus ဆိုင်ရာ (86) WannaCry Ransomware ၏ အန္တရာယ် အကြောင်းနှင့် ကာကွယ်နည်း (1) Web Design ရေးဆွဲနည်း (5) Webcam Camera Software (11) Website ရေးနည်း (3) Wifi ဆိုင်ရာ (32) Win Update v1.4 (1) Window-10 ဆိုင်ရာ (2) Window-7 ဆိုင်ရာ (32) Window-xp ဆိုင်ရာ (2) window8ဆိုင်ရာ (19) Windows 10 Factory Reset ချနည်း (1) Windows 10 Backup & Restore လုပ်နည်း (1) Windows 10 ကွန်ပျူတာမှာမြန်မာစာတိကျမှန်စွာထည့်နည်း (1) Windows Activator (18) windows loader များ (10) Windows Manager Software (23) Windows Themes (24) Windows တင်နည်းများ (6) WinRAR 5.70 (Fully) (1) WinRar Full Version (12) WinRAR V3.80 Beta Version (1) WinToBootic နှင့် USB ထဲ Install လုပ်နည်း (7) WinUtilities Professional Edition Tool (1) Wordpress Tips (3) Write-Protected ကို ဖြုတ်နိုင်မယ့်နည်းနှစ်သွယ် (1) Zawgyi နဲ့ Unocode ဘာကွာလဲ (1) ကွန်ပျူတာ User Account Picture အကြောင်းများ (1) ကွန်ပျူတာဆိုင်ရာ (1) ကွန်ပျူတာပတ်ဝပ်ပြောင်းမရအောင်လုပ်နည်း (1) ကွန်ပျူတာရဲ့ Storage က HDD လား? SSD လား? စစ်ဆေးနည်းများ (1) ကွန်ပျူတာဟန်းနေရင်ဖြေရှင်းနည်း (1) ကျွနုပ်နှင့် ပရဟိတအလှူ (9) ကာမသိဒ္ဓိကျမ်း (1) ချက်နည်းပြုတ်နည်း (1) နည်းပညာဆိုင်ရာ (2) နည်းလမ်းများ (6) ပန်ကာပြုပြင်နည်း (1) ဖိုင်ဖြေနည်းများ (8) ဗဟုသုတ (6) ဗားရှင်းအသစ်ထွက်ရှိလာတဲ့ Facebook (နှင့်) Messenger (1) ဘာသာစကား ၉၁ မျိုးထိ ပါဝင်တဲ့ Easy Translator (1) ဘာသာရေးစာအုပ်များ (9) မိမိဆိုက်ကိုကော်ပီကူးမရအောင် ပိတ်ထားနည်း (1) ပြည်ထောင်စု ဖောင့် လက်ကွက် နှင့် စာရိုက်နည်း (1) မြန်မာစာမှန်အောင်လုပ်နည်း (1) မြန်မာဆိုတာ (1) ဝင်းဒိုးကို AOMEISoftware ဖြင့် Backup & Restore လုပ်နည်း (1) သင့် Laptop ကို မြန်ဆန်အောင်လုပ်ပေးမယ့် အချက် ၇ ချက (1) အင်တာဗျူးအစီစဉ် (2) အပျိုလမ်းညွှန် (1) အသံဇာတ်လမ်း (19) အခြေခံကွန်ပျူတာ Pdf (1) ဦးဇာနည်နည်းလမ်းများ (7) ဆော့ဝဲ ပြဿနာဖြေရှင်းနည်း (1) ကြော်ငြာ (13) ဟောပြောပွဲ (15)

မန်ဘာဝင်လို့အားပေးကြပါ