မင်္ဂလာပါ သည်ဆောင်းပါးမှာတော့ ကျွန်တော်တို့ တော်တော် များများသိသင့် သိအပ်တဲ့ အကြောင်းအရာလေးတွေကို ကျွန်တော် လေ့လာ မှတ်သားထားမိခဲ့သော နည်းပညာရှင် Thant Zin Htay ရေးသားဖေါ်ပြခဲ့ဖူးသော GPS နဲ့ GPRS ,AGPS မတူညီမူများဖြစ်ပါတယ်.. သည်နည်းပညာလေးဟာဖြင့် ခုဆို လူတိုင်းနီးပါ အသုံးပြုနေတဲ့ ဖုန်းတွေ ကွန်ပျူတာတွေ အတွက် အထူး
လိုအပ်တဲ့ နည်းပညာလေးဆို မမှားပါဘူး ဒါကြောင့် ကောင်းနိုးရာရာလေးတွေကနေ ပြန်လည် ဖေါ်ပြလိုက်ရခြင်းဖြစ်တာမို့.. လေ့လာမှတ်သား နိုင်ကြပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြန်လည် ဝေမျှ ပေးခြင်းဖြစ်ပါတယ်...
ဒီနေ့လည်း GPS နဲ့ GPRS ,AGPS အကြောင်းကို ကျွန်တော်ရေးပါဦးမယ်။ ဘာလို့ ဒီအကြောင်းကို ရေးတာလည်းဆိုတာကတော့
ကျွန်တော်တို့ ခုနောက်ပိုင်း ကင်မရာ ၀ယ်တဲ့ အချိန် ဖြစ်ဖြစ် ဖုန်းဝယ်တဲ့ အချိန်ဖြစ်ဖြစ် GPS ,AGPSနဲ့ GPRS ဆိုပြီး ပါလာတာတွေ ရှိတယ်။ ဒီ၃ မျိုးမှာ ဘာတွေ ကွာခြားသလို ဘယ်လို စွမ်းဆောင်ရည်တွေ ရှိသလဲဆိုတာကို သိဖို့လူတိုင်းလိုအပ်ပါတယ်။ ဒါကြောင့် ကျွန်တော် သိသလောက် ပြန်လည်မျှဝေပေးချင်ပါတယ်။ စာဖတ်သူများ ရှေ့ဆက်ဖတ်နိုင်ပါတယ်။
ဒါတွေ မပြောခင် စာဖတ်သူတို့ ကင်မရာတို့ ဖုန်းတို့ ၀ယ်တော့မယ်ဆိုရင် အောက်က ပုံလေးထဲ့ကလို နေရာမှာ GPS ,AGPS ,GPRS ပါလာရင် ဘာတွေ သုံးလို့ရတယ်ဆိုတာရယ်. ဘာအကျိုးသက်ရောက်မူ ရှိမယ်ဆိုတာကို စာဖတ်သူ သိရဲ့လားဆိုတာကို စဉ်းစားရပါလိမ့်မယ်..ဒါက သိသင့်တဲ့ အချက်လေးတွေ မို့ပေါ့။
GPS
GPS ဆိုတာကနေ စပါမယ်။ GPS ဆိုတာ ခေတ်မှီတိုးတက်နေတဲ့ နိုင်ငံတော်တွေရဲ့ တပ်မတော်တွေအတွက် ထုတ်လုပ်လာခဲ့တဲ့ system တခုပါ။ GPS ရဲ့ အရှည်ကတော့ Global Positioning System ပါ။ သူက ဘယ်လို အလုပ်လုပ်လည်းဆိုတော့ မြန်မာလို နားလည်လွယ်အောင်ပြောရရင် ဂြိုလ်ပတ်လမ်းပေါ်မှာရှိတဲ့satellites 32 ခုကနေပြီးတော့ တချိန်တည်းမှာပဲ့ information 4 ခုကို သိနိုင်တယ်လို့ဆိုပါတယ်။ GPS မှာ location ကို satellites ကတွက်ပေးသမျှ ကိုယ်သုံးနေတဲ့ device ပေါ်ကို ပြန်ချပေးပါတယ်။ ဒါကတော့ GPS မှာ အလုပ်လုပ်တဲ့ system ကိုဖော်ပြပေးတာ ဖြစ်ပါတယ်။GPS စနစ် တခု အလုပ်လုပ်ဖို့တွက်station ၃ ခု ဒါမှမဟုတ် အထက်ကို လိုအပ်ပါတယ်။
ဒီကြားတည်း ညှပ်ပြောချင်တာက GPS က AGPS ထက် အကွာအဝေး အတိုင်အတာ ရှည်ရှည်သုံးလို့ ရပါတယ်။ ဥပမာ ကားပေါ်. ရထားပေါ် နဲ့ သဘောင်္ပေါ်တွေမှာက အစ တွင်တွင်ကျယ်ကျယ်သုံးနေပါပြီ။ GPS ဆိုတာ positioning service တခုဆိုတာကိုလည်း သတိထားလာခဲ့ပေးပါဦး။ AGPS ကတော့ ဘာတွက်သုံးလည်းဆိုတာကို ဆက်ကြပါဦးစို့..
AGPS
AGPS ကတော့ mobile phones တွေနေရာတခုတည်းကနေပဲ့ Data Link တွေကို ရနိုင်ဖို့တွက်ရည်ရွယ်ထားတာပါ။ AGPS ကလည်း GPS လိုပဲ့ Location ရှာတဲ့ နေရာမှာ အသုံးပြုလို့ရတယ်ဆိုပေ့မယ့် သူမှာ extra charges တွေ လိုအပ်ပါတယ် ။ ဘာလို့လည်းဆိုတော့ data link တွေကို ရဖို့ပါပဲ့။unlimited data plan ကို ရရှိထားတဲ့ လူတစ်ယောက်တွက် AGPS က အသုံးဝင်ပေ့မယ် unlimited data plan မဟုတ်တဲ့ တခုဆိုရင်တော့ mobile phone company က ချပေးထားတဲ့ amount အပေါ်မှာ မူတည်ပြီးပဲ သုံးလို့ရပါလိမ့်မယ်။ အဲ့တာတွေ ပြောပြီး မေ့တော့မလို့ AGPS ဆိုတာ assistance Global Positioning Systemကိုပြောတာပါ။AGPS မှာတော့ကြားခံ assistance server တခု ရှိပါတယ်။ ဒီ server တွေကနေတဆင့် မိမိရောက်ရှိနေတဲ့ location ကို ပြန်တွက်ပေးပါတယ်။server ကြားတည်းက ခံတယ်ဆိုလို့ GPS ထက် location တွက်ချက်နုန်းနှေးသွားတယ်တော့ မထင်လိုက်နဲ့နော် AGPS က GPS ထက်ပိုမြန်ပါတယ်။
GPRS (General Packet Radio Service)
ကဲ့ ဒီကောင်လေးကတော့ ဒီ ၃ ခုထဲ့မှာ ကွဲထွက်လာတယ်လို့ ဆိုရမှာပဲ့ အပေါ်က GPS ရော AGPS ရောက Location ရှာတဲ့နေရာမှာ သုံးပေ့မယ့် ဒီကောင်လေးကတော့ email တွေ multimedia messaging တွေနဲ့ အင်တာနက် browser တွေအတွက်ပဲ့ ဖြစ်ပါတယ်။ နောက်ထပ် ကွဲတာတွေ ထပ်ကြည့်ပါဦးနော်... ဘာတွေများလဲဗျ..
ဟုတ်ကဲ့ ကျွန်တော် ဆက်ပြောပြပါဦးမယ်။ GPRS က Data service တခုပါပဲ.။ ဒီထက်ပိုတာက video calls service တွေထက် 2G telecommunication networks ကို အထောက်ကူပေးတဲ့ technology လိုဆိုပါတယ်။နောက်ပြီး GPRS ဆိုတာ 2G technologies ရဲ့ အစိတ်အပိုင်းတခုပါပဲ့။နဲ့နဲ ဟောင်းတဲ့ အထဲထဲမှာ ပါနေပြီလို့လည်း ဆိုလို့တော့ရတာပေါ့ 2G ဆိုတာကို :P နောက်ပိုင်းတော့ 3G က GPRS နေရာကို အစားထိုး ၀င်ရောက်ခဲ့တာပါပဲ့။GPRS ရဲ့ သိသာထင်ရှားပြီး ကွဲထွက်လာတဲ့ အချက်က cellular towers တွေနဲ့ အလုပ်လုပ်တာပါပဲ့။tower မရှိတဲ့နေရာဆိုရင် အလုပ်မလုပ်တော့ဘူးလို့ ဆိုလို့ရပါတယ်။ တခုတော့ ရှိတယ်နော် GPS လိုတော့ stations ၃ခု မလိုပါဘူး။ တခုတည်းရှိယုံနဲ့ အလုပ်လုပ်ပါတယ်။
ကဲ ဒီတော့ ကျွန်တော် GPS နဲ့ ယှဉ်ပြီးပဲ့ ၃ ခုလုံးကို အနှစ် ပြန်ချုပ်ပြီး နိုင်းယှဉ်ပြပေးလိုက်ပါတယ်။
GPS Vs AGPS အနှစ်ချုပ်ကွာခြားချက်..
- GPS က satellites တခုတည်းပေါ်မှာ တွက်ချက်ပေ့မယ့် AGPS ကတော့ satellites နဲ့ assistance server အားထားပြီး အလုပ်လုပ်ပါတယ်။
- AGPS receiver တွေက mobile device တွေတွက် အဓိကထားသလို GPS ကတော့ standalone devices တွေတွက်ပါ။
- AGPS တွက်ချက်နူန်းက GPS ထက် location ရှာတာ ပိုမြန်ပါတယ်။
- အပေါ်မှာ ပြောဖို့ မေ့သွားတယ်ဗျာ.. AGPS ထဲ့မှာ တခုကျန်နေတာလေးကို ဒီနေရာမှာပဲ့ ဖြည့်ပြောသွားပါဦးမယ်။ AGPS က certain situations တွေမှာ GPS ထက်ပိုပြီး ယုံကြည်စိတ်ချရပါတယ်။
- GPS က Free ဆိုပေ့မယ့် AGPS မှာတော့ additional charges ဒါမှမဟုတ် extra charges တွေ လိုအပ်ပါတယ်။ ဒါတွေကိုတော့ ဖုန်းကုမဏ္ဍီတွေကနေ ရောင်းချပါတယ်။
GPS vs GPRS အနှစ်ချုပ် ခြားနားချက်..
- GPS ကpositioning service တခုလို့ ဆိုပေ့မယ့် GPRS ကတော့ mobile phones တွေမှာသုံးတဲ့ Data Service တခုပါ။
- GPS က ကမာပေါ်မှာ ရှိတဲ့ location တွေကို ရှာပေးနေတဲ့ အရာ... GPRS ကတော့ emails,နဲ့ browse တွေအတွက် ပါပဲ့။
- GPS က satellites တွေ စုထားတဲ့ ဒါမှမဟုတ် အများစုနဲ့ အလုပ်လုပ်နေတာ ဖြစ်ပေ့မယ် GPRS မှာတော့ terrestrial tower ( အမြင့် မျှော်စင်လို့ သတ်မှတ်လို့ရသလို တောင်စွန်တောင်ဖျားမှာ ထောင်ထားသောလို့လည်း သတ်မှတ်လို့ရပါတယ်။) ဒါမှမဟုတ် cellular towers တွေ နဲ့ အလုပ်လုပ်ပါတယ်။ ပြောချင်တာတော့ ကန့်သတ်ချက်က ဒီ tower တွေ ရှိတဲ့ နယ်မြေအတွင်းပဲ့ အသုံးပြုလို့ရပါမယ်လို့ ဆိုလိုရပါတယ်။
- GPS ကအလုပ်လုပ်ဖို့တွက် stations ၃ ခု လိုနေချိန်မှာတော GPRS က station တခုပဲ့လိုပါတယ်။
- GPS က ကောင်းကင်ကို မြင်ရတဲ့ ဘယ်နေရာမဆို အလုပ်လုပ်နေချိန်မှာတော့ GPRS က limit တွေ ပြည့်နေတဲ့ tower တွေနဲ့ အလုပ်လုပ်ပါတယ်။
အားလုံးအဆင်ပြေကြပါစေနော်.. သည်နည်းပညာလေးကိုတော့ Thant Zin Htay ကရေးသားဖေါ်ပြထားတာကို ကျွန်တော် ဗဟုသုတ ဖြစ်စေဖို့ ပြန်လည် ဝေမျှ ခံစားလိုက်ရခြင်းဖြစ်ပါတယ်
ဘလော့ခရီးသည် ( မျှဝေသူ )
www.aungsanmks.com