HTML Form များနဲ့ Input
HTML Form တွေကို အသုံးပြုသူတွေရဲ့ ကွဲပြားတဲ့ Input တွေအတွက်သုံးပါတယ်။
HTML Form များ
HTML Form ဆိုတာက အချက်အလက်တွေကို ဆာဗာ Server ဆီသယ်ဖို့ သုံးတဲ့အရာပါ။
Form တစ်ခုမှာ text field တွေ၊ checkboxe တွေ၊ radio-button တွေ၊ submit button တွေနဲ့တခြား input element တွေပါတတ်ပါတယ်။ select List တွေ၊ textarea တွေ၊ fieldset တွေ၊ legend နဲ့ label element တွေလည်းပါတတ်ပါတယ်။ <Form> tag က HTML Form အတွက်ဖြစ်ပါတယ်။
<Form>
input element များ
</Form>
HTML Form များ - Input Element
Form ရဲ့ အရေးအပါဆုံးအပိုင်း ကတော့ Input element ဖြစ်ပါတယ်။
Input element တွေကို အသုံးပြုသူတွေ ရွေးချယ်တဲ့၊ ပေးတဲ့ အချက်အလက် အချက်အလက်တွေ ရွေးဖို့ သုံးပါတယ်။
Input element က type attribute ပေါ်မူတည်ပြီး အမျိုးမျိုးဖြစ်နိုင်တယ်။ input element က type text field, checkbox, password, radio button, submit button နဲ့ အခြားအရာတွေ ဖြစ်နိုင်ပါတယ်။
အသုံးအများဆုံး input အမျိုးအစားတွေကို အောက်မှာကြည့်ပါ။
Text Field များ
<input type="text" /> မျဉ်းတစ်ကြောင်းပါတဲ့ အသုံးပြုသူ ရိုက်သွင်းနိုင်တဲ့ input field အဖြစ် သတ်မှတ်ပါတယ်။
<Form>
ပထမအမည် :<input type="text" name="firstname" /><br />
နောက်ဆုံးအမည် :<input type="text" name="lastname" />
</Form>
အပေါ်က HTML code တွေဟာ browser (ဘရောက်ဆာ) မှာအခုလိုပေါ်ပါလိမ့်မယ်
မှတ်ချက် — Form ကသူ့ဖာသာသူဆို မမြင်ရပါဘူး။ သူ့ရဲ့ ပုံမှန် စာသား field ရဲ့ Width က 20 character ဖြစ်ပါတယ်။
Password Field
<input type="password" /> password field အဖြစ် သတ်မှတ်ပါတယ်။
<Form>
လျို့ဝှက်နံပါတ် :<input type="password" name="pwd" />
</Form>
အပေါ်က HTML code တွေဟာ browser (ဘရောက်ဆာ) မှာအခုလိုပေါ်ပါလိမ့်မယ်
မှတ်ချက် — password field ထဲကစာလုံးတွေက အမဲအစက်လုံးလေးတွေလိုပဲမြင်ရမှာပါ။
Radio Button များ
<input type="radio" /> radio button တစ်ခုအဖြစ် သတ်မှတ်ပါတယ်။ Radio button တွေက အသုံးပြုသူတွေကို ရွေးစရာတွေရှိတဲ့အနက် တစ်ခုကိုပဲ ရွေးစေဖို့ သုံးပါတယ်။
<Form>
<input type="radio" name="sex" value="male" /> အမျိုးသား<br />
<input type="radio" name="sex" value="female" /> အမျိုးသမီး
</Form>
အပေါ်က HTML code တွေဟာ browser (ဘရောက်ဆာ) မှာအခုလိုပေါ်ပါလိမ့်မယ်
Checkbox များ
<input type="checkbox" /> checkbox တစ်ခုအဖြစ် သတ်မှတ်ပါတယ်။ Checkbox တွေကအသုံးပြုသူတွေကို ကြိုက်ရာတစ်ခုခု ဖြစ်ဖြစ် အများကြီးဖြစ်ဖြစ် အကုန်လုံးပဲ ဖြစ်ဖြစ် ဘာမှမရွေးပဲ ထားလို့ရအောင်သုံးတာပါ။
<Form>
<input type="checkbox" name="vehicle" value="Bike" /> စက်ဘီးတစ်စီးရှိတယ်<br />
<input type="checkbox" name="vehicle" value="Car" />ကားတစ်စီးရှိတယ်
</Form>
အပေါ်က HTML code တွေဟာ browser (ဘရောက်ဆာ) မှာအခုလိုပေါ်ပါလိမ့်မယ်။
Submit Button
<input type="submit" /> submit ခလုပ်တစ်ခုအဖြစ် သတ်မှတ်ပါတယ်။
submit ခလုပ်က Form ကလာတဲ့ Data တွေကို server ဆီကိုပို့ဖို့သုံးပါတယ်။ Form ရဲ့ Action Attribute ကသတ်မှတ်ထားတဲ့ ပုံစံအတိုင်း Data တွေက သွားရတာဖြစ်ပါတယ်။ action attribute မှာသတ်မှတ်ထားတဲ့ ဖိုင် တွေက လက်ခံတဲ့ input တစ်မျိုးမျိုးနဲ့ဖြစ်တတ်ပါတယ်။
<Form name="input" action="html_Form_action.asp" method="get">
users name :<input type="text" name="users" />
<input type="submit" value="Submit" />
</Form>
အပေါ်က HTML code တွေဟာ browser (ဘရောက်ဆာ) မှာအခုလိုပေါ်ပါလိမ့်မယ်။
အပေါ်က စာသား field မှာစာသားတစ်ချို့ရိုက်ပြီး "Submit" ခလုပ်ကို နှိပ်လိုက်ရင် browser (ဘရောက်ဆာ) ကသင့်ရဲ့ Input ကို "html_Form_action.asp" လို့ခေါ်တဲ့ စာမျက်နှာဆီကိုပို့ပေးမှာဖြစ်ပါတယ်။ အဲဒီ့စာမျက်နှာက သင့်ကိုလက်ခံရရှိကြောင်း ပြန်ပြပါမယ်။
HTML Form Tag များ
Tag | အကြောင်းအရာ |
<Form> | အသုံးပြုတွေရဲ့ input အတွက် HTML Form အဖြစ်သတ်မှတ်ပါတယ်။ |
<input /> | input control အဖြစ် သတ်မှတ်ပါတယ်။ |
<textarea> | multi-line စာသား input control အဖြစ် သတ်မှတ်ပါတယ်။ |
<label> | input element တစ်ခုရဲ့ label အဖြစ် သတ်မှတ်ပါတယ်။ |
<fieldset> | Form ရဲ့ Element တွေအတွက် ပတ်ပတ်လည် border အဖြစ် သတ်မှတ်ပါတယ်။ |
<legend> | fieldset element ရဲ့ခေါင်းစဉ်အဖြစ် သတ်မှတ်ပါတယ်။ |
<select> | select list (drop-down list) တစ်ခုအဖြစ် သတ်မှတ်ပါတယ်။ |
<optgroup> | ရွေးချယ်ထားတဲ့ List ထဲက ဆက်နွယ်နေတဲ့ option တွေရဲ့ အုပ်စုအဖြစ် သတ်မှတ်ပါတယ်။ |
<option> | ရွေးချယ်ထားတဲ့ List ထဲက Option တစ်ခုအဖြစ် သတ်မှတ်ပါတယ်။ |
<button> | ခလုပ်တစ်ခုအဖြစ် သတ်မှတ်ပါတယ်။ |
http://www.soemoeaung.com
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************