အချစ်ဆိုတာကို စတင်ခံစားမိတဲ့အချိန်မှာ သူ့ရင်ထဲမှာ တိတ်တခိုးချစ်ခဲ့ရတဲ့ ယောကျားလေး အတွက် သူ့အချစ်ကို သိဖို့ သီချင်းတွေရေးပြီး ကိုယ်တိုင် ဆိုခဲ့တယ်။ သူမစိတ်ဝင်စားတဲ့ ယောကျားလေး သွားနေကျ လမ်းမှာပေါ့လေ။ ဒါပေမယ့် သူ့မှာ ကြိုးစားဖို့က သူများတွေနဲ့ ဆန့်ကျင်ဖက်ပါ။ သူများတွေက နေ့မှာလည်တယ် ညမှာ အိပ်ကြတယ်။ သူ့ခမျာမှာတော့ နေ့ခင်းမှာ အိပ်ပြီး ညကျမှ အပြင်ထွက်ရတဲ့ဘ၀။ သူ့မမှာ နေရောင်ခြည်ကို အထိခံလို့မရတဲ့ ရောဂါတစ်ခုရှိတယ်။ သွေးစုပ်ဖုတ်ကောင်လိုမျိုးပေါ့။ အဲ့ရောဂါကြောင့် နေရောင်ရှိတဲ့ နေ့အချိန်မှာ အခန်းမှာအိပ်ပြီး ညကျမှ ထွက်ပြီး သူကြိုက်နေတဲ့ ကောင်လေးသွားမယ့် လမ်းနားမှာ သီချင်းဆိုခဲ့တယ်။ ကံကောင်းစွာနဲ့ပဲ ကောင်လေးရဲ့ အချစ်ကို ရခဲ့တယ် .. အရမ်းချစ်ခဲ့တယ်။ ကံဆိုးတာက ဒီမိန်းကလေးမှာ ကုသလို့ မရနိုင်တဲ့ ရောဂါရှိတာပါပဲ ... အဲ့တော့ သူ့တို့နှစ်ယောက် ဘ၀ဟာ ဘယ်လို ဖြတ်သန်းကြမလဲ။ အရမ်းကို ရင်နင့်ဖွယ်ရာ Romantic ဆန်တဲ့ကားလေးပါ။ သူတို့ဘ၀ ဘယ်လို အဆုံးသတ်မှာလဲဆိုတာ...............???????
ဇာတ်ကားအမည် ၊ A Moment to Remember
ဒါရိုက်တာအမည် ၊
John H. Lee
အရည်အသွေး ၊ အကြည်
စာတန်းထိုးသူ ၊ MMF
Download လုပ်ရန် (Mediafire) button ကိုနှိပ်ပါ ..
Download & Watch လုပ်ရန် (Pcloud) button ကိုနှိပ်ပါ
Movie ကြည့်ရန် (VidBull) button ကိုနှိပ်ပါ.
Posted in:
0 comments:
Post a Comment