30 Jun 2013

Wireless Network သို့မဟုတ် Bluetooth ဆိုသည်မှာ

 




bluetooth ဆိုသည်မှာ Personal Area Network (PANS)တွင်သုံးတဲ့power အသုံးပြုမှု နည်းသည့် Short Range အကွာဝေးWireless နည်းပညာတစ်ခုဖြစ်ပါတယ်။Bluetooth ၏Short Range Wireless ကို အစ ပြုခဲ့တာ က
Swedish Telecom မှဖြစ်ပါတယ်။Bluetooth Technology မတူညီသောပစ္စည်းများကြား တွင် ပေါင်းစည်းအလုပ် လုပ် ပေးနိုင်ရန် လုပ်ဆောင်ခဲ့ကြပါတယ်။


Bluetooth Network

Bluetooth Network များသည် 2.45GHz ရှိသောRadio Frequencyကို အသုံးပြုထားသောကြောင့် Wifi Network, Cordless Phone,Microwave Ovenများတွင်အသုံးပြုသောFrequency နှင့်ဆ တူပင်ဖြစ်ပါ တယ်။ Bluetoothပစ္စည်းများကိုမီတာ (၃၂ပေ) အတွင်း တွင်သာအသုံးပြုနိုင် Data Rate မှာ 300kbps ရရှိမည်ဖြစ်သည်။နံရံများကို ပါ ကျော်ဖြတ် သွားနိုင်သောကြောင့် မိမိပို့ ချင်သောDevice ရှိရာ အလွယ်တကူပို့နိုင်။ Bluetooth ပစ္စည်း တစ်ခုနှင့်တစ်ခုချိတ်ဆက်မိဖို့ရန်အတွက် High Level Protocols ဟုခေါ်သော Profiles များလိုအပ်ပါတယ်။

 

ဥပမာ- Mobile Phoneနှင့်Audio Headset တို့အချင်းချင်း ဆက်သွယ်နိုင်ရန်Headsetကိုသုံးဖို့လိုအပ်ပါတယ်။ Digital Camera မှဓါတ်ပုံကိုBluetoothနှင့်ထုတ်ရန်Printer နှင့် လှမ်းချိတ်တဲ့အခါ Printer Headset ကိုသုံးရ။ ထိုနည်းတူSmart Phone ,PDA, Camera,Computer များတွင် ဖိုင်အချင်းချင်းဖလှယ်ကြသောအခါ တွင် File Transfer Profiles ကိုသုံးရပါတယ်။


Bluetooth Network များသည် Ad Hoc Network များဖြစ်သည်။Bluetooth ပစ္စည်းများသည် Bluetooth Network Range အတွင်းမှပစ္စည်းများကိုအလိုအလျောက် သိရှိနိုင်သည်။ Ad Hoc Network ဆိုသည်မှာ အလွယ် တကူသယ်ယူသွားနိုင်သောWireless Network တစ်ခုပင်ဖြစ်သည်။ Bluetoothပစ္စည်းများသည် တစ်ခုနှင့် တစ်ခု Bridge လုပ်ကာချိတ်ဆက်တက်ကြပါတယ်။


Bluetooth Network သည် Static မဟုတ်ပဲ Dynamic ဖြစ်သည်။ Bluetoothသုံးရာတွင် privacy နှင့် security မှာ အရေးပါသည်။ Authentication ဆိုတာdata ဖလှယ်သည့်အခါ ခွင့်တောင်းသည့်သဘောဖြစ်ပါတယ်။ဥပမာ-Bluetoothဖြင့်ဓါတ်ပုံပို့ရာတွင် အခြားတစ်ဖက်မှ လက်ခံ မလား ဟူသောအပိုင်းသည်
(Authentication) ပင်ဖြစ်သည်။Data ပမာဏ များများ ဖလှယ်ရမည်ဆိုရင်တော့Authentication နှင့်မလုံလောက်တော့ပဲ Trust Relationship ဟုခေါ်သောpairing ပါလိုအပ်လာပါတယ်။


pair လုပ်ချင်သူဘက်မှ အခြားသူ ၏ PIN(Personal Identification Number)ကို ရိုက်ထည့်ပေးရသည်။ထိုအခါ တခြားဘက်မှလက်ခံ ရရှိပြီး PIN မှန်လျှင်၎င်းပစ္စည်း (2)ခု pairဖြစ်သွားမည်ဖြစ်သည်။

Bluetooth Network လုံခြုံရေး

Bluetooth များတွင် Blue Jacking နှင့် Blue snarling တို့ဖြင့်နှောက်ယှက်မှု များဖြစ် တက်ပါတယ်။ထိုအပြင့် mobile virus  အချို့သည် လည်း Bluetooth Networkမှတဆင့် ပျံ့နှံ့တက်ကြပါတယ်။ထိုသို့ဖြစ် ရခြင်း အကြောင်းကတော့ Bluetooth Network ထဲမှနီးရာပစ္စည်း များ ကု Detect လုပ်ကာ Virus များဝင်ရောက် ပျံ့နှံ့ခြင်းဖြစ်ပါတယ။် ၄င်း Virus များသည် Dataကိုသော်လည်းကောင်း၊ပစ္စည်း ကိုသော်လည်းကောင်း ဖျက်ဆီး တက်ကြပါတယ်။


ဒါကြောင့် Bluetooth Radio နှင့် Discovery Mode တို့ကို ပိတ်ထားရန်လိုအပ်ပါတယ်။ထို့အပြင် Antivirus နှင့် Firewall တို့ကို အသုံးပြုခြင်းဖြင့် လည်း ကာကွယ်သင့်ပါတယ်
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. လိုခြင်တာကို ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.herostown.blogspot.com 
www.ledimyethar.com 
www.ninilayy.com

Window 7 Compatibility Feature အကြောင်းသိကောင်းစရာ (မြန်မာလို)

 


အားလုံးပဲမင်္ဂလာပါခင်ဗျ။ ဒီနေ့တော့ Window 7 Compatibily Feature အကြောင်းသိကောင်းစရာ စာအုပ်လေးတင်ပေးလိုက်ပါတယ်။ ကျွန်တော်တို့ Window XP ကနေ Window 7 ပြောင်းသုံးတဲ့အခါ တစ်ချို့
program တွေက  ကောင်းကောင်းအလုပ်မလုပ်နိုင်ဖြစ်နေပါလိမ့်မည်။ Window 7 မှာ Compatibily mode နဲ့ အဲဒီ့
program တွေကို ပြန်သုံးနိုင်မှာ ဖြစ်ပါတယ်။ Compatibily mode ပြောင်းတာသုံးမျိုးရှိပါတယ်။ အားလုံးပဲ လေ့လာကြည့်လိုက်ပါနော်။ 





Download =>> Link 1/ Link 2/
 


အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. လိုခြင်တာကို ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.herostown.blogspot.com www.ledimyethar.com www.ninilayy.com

Bad Piggies 1.3.0 Full


ဝက်ဆိုးဝက်ညစ် Bad Piggies ဂိမ်းတောင်းထားတဲ့မိတ်ဆွေအတွက်နဲ့ အခြားကစားချင်သူတွေအတွက် တင်ပေးလိုက်ပါတယ်.. ကျွန်တော်မကစားဖူးတော့ ဘယ်လိုကစားရလဲ မစမ်းပေးလိုက်တော့ပါဘူး.. Full Version ဖြစ်၊ မဖြစ်ကိုသာ စမ်းပြီးတင်ပေးလိုက်ပါတယ်..
 Bad Piggies tells how sii "green pigs" is developing a vehicle to carry out the mission using crib material, wheels to pumps. The most interesting of the game Bad Piggies are when you execute the vehicle to be able to run the vehicle you already own plan using the material already available and direct them to their destination safely.

Full Version ဖြစ်အောင် Crack ဖိုင်ထဲက dll ဖိုင်ကို ကော်ပီကူးပြီး C: \ Program Files \ Rovio Entertainment Ltd. \ Bad Piggies \ BadPiggies_Data \ Managed  အောက်မှာ Paste လုပ်ပေးရမှာဖြစ်ပါတယ်ခင်ဗျာ..

အဆင်ပြေပါစေ..

မောင်ပေါက်

Setup Download
Link 1
Link 2
Link 3
Crack Download :
Link 1
Link 2
Link 3



ညီအစ်ကိုမောင်နှမများခင်ဗျာ..အဆင်ပြေတယ်..ကျေးဇူးတင်တယ်ဆိုရင် Comment မရေးချင်နေပါ
တင်ထားတဲ့ကြော်ငြာလေးတွေကိုတော့ ပြန်ခါနီး တစ်ခါလောက်တော့ Click လုပ်သွားပေးကြပါနော်
အားလုံးအတွက် Link မသေနိုင်မယ့် Hosting ၀ယ်ဖို့ ပိုက်ဆံစုနေလို့ပါခင်ဗျာ :-)

အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. လိုခြင်တာကို ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.herostown.blogspot.com www.ledimyethar.com www.ninilayy.com

29 Jun 2013

USB Memory Stick ကို Format ချမရရင်



format usb drive

တစ်ခါတစ်လေ ကိုယ်သုံးနေတဲ့ USB,Memory Card  လေးတွေက အကြောင်းအမျိုးမျိုးကြောင့် ဖိုင်လ်တွေ ထပ်ထည့်လို့ မရတော့တာမျိုး၊ ထုတ်လို့ မရတော့တာမျိုး၊ Format ချမရတာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီလို ပြဿနာမျိုး ကြုံလာခဲ့ရင် ဒီနည်းလမ်းအတိုင်း ဖြေရှင်းပေးနိုင်ပါတယ်...။


USB Memory Stick ကို ကွန်ပြူတာမှာ တပ်ထားပါ...။
 
 Start > Search box ထဲမှာ   devmgmt.msc  ရေးပြီး  Enter ခေါက်ပါ...
 Disk Drives ဆိုတာလေးကို ကလစ်လိုက်ပါ  အဲဒီမှာ ကိုယ့်ရဲ့ USB Drive ကို တွေ့ပါလိမ့်မယ်။
 USB Device ကို Double Click (or) Right Click  ထောက် Propereties ကိုနှိပ်ပါ။ နောက်ထပ် Box လေးပွင့်လာရင် အပေါ်က MenuTab မှာ Policies ကိုနှိပ်ပြီး  "Optimize for performance" ကို ရွေးပေးလိုက်ပါ။ Window 7 မှာတော့ (“Better performance”) လို့ပေါ်ပါတယ်..။
 

အားလုံးပြီးရင် My Computer ကို ပြန်သွားပြီး USB Drive ပေါ်ကို Right click >  Format ချကြည့်ပါ။ Format ချတဲ့ နေရာမှာ File System ကိုကြည့်လိုက်ရင် NTFS Format Option ကို တွေ့ရပါလိမ့်မယ်။
 USB drive ကို NTFS နဲ့ Format ချလို့ရပါပြီ...။


အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. လိုခြင်တာကို ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.herostown.blogspot.com 
www.ledimyethar.com 
www.ninilayy.com

အင်တာနက်ပေါ်မှာ တစ်နေ့ကိုမိနစ် 30 အချိန်ပေးပြီး ငွေရှာနည်းစာအုပ် Beta Version ( မြန်မာလို ) ထွက်ပါပြီ


မင်္ဂလာပါခင်မျာ..ကနေ့ ဘဲငွေရှာနည်းစာအုပ်ထွက်မယ်ဆိုပြီးကျနော်မနက်ခင်းပိုင်းကတည်းက ကြော်ငြာ
ခဲ့ပါတယ်..အခုညနေ ပိုင်းမှာတော့ စာအုပ်လေးကို Beta Version အနေနဲ့ထုတ်ပေးလိုက်ပါပြီခင်မျာ..
Beta Version ဆိုတာ Error ပါနိုင်တဲ့ အနေအထားဖြစ်ပြီး Error များတွေ့ရှိပါက အချိန်နဲ့တပြေးညီ ပြုပြင်
ပေးပါ့မယ်လို့ ဆိုလိုထားခြင်းဖြစ်ပါတယ်. ဒီနည်းလမ်းကိုနော်ကိုယ်တိုင်လဲ လက်တွေ့လုပ်ဆောင်နေပါ
တယ်..လိုက်ပါလုပ်ဆောင်သူများအဖို့လည်း လုံးဝ (လုံးဝ) ဘေးမဖြစ်စေရဘူးလို့အာမခံပါတယ်ခင်ဗျာ။
ဒီနည်းလမ်းကိုလုပ်ဆောင်မယ်ဆိုရင်တော့ ဇွဲရှိဖို့ နဲ့စိတ်ရှည်သီးခံဖို့လိုအပ်တယ်ဆိုတာ အရင်ဆုံးအသိ
ပေးပါရစေနော်..ကဲ..စာအုပ်လေးတော့တင်ပေးလိုက်ပြီ ပြန်လည်တုံ့ပြန်မှုတွေကို ကြိုဆိုပါတယ်..အားလုံး
ကိုညီအစ်ကိုမောင်နှမရင်းသဖွယ်သဘောထားပြီးအကောင်းဆုံး အတတ်နိုင်ဆုံး ကူညီနေပါတယ်..ဒါကြောင့်
ဝေဖန်အကြံပြုရာမှာ ညစ်ညမ်းကွန်မန့်များ ရေးသားခြင်းကို ကျေးဇူးပြုပြီးမပြုလုပ်ကြပါနဲ့ခင်မျာ.ကျနော်သိ
တာတတ်တာလေးကို ဝေမျှပေးချင်တဲ့စိတ်လေးဘဲရှိပါတယ်..အဆင်မပြေမှုများ မေးမြန်းစရာများရှိပါက
ဒီဆိုဒ်လေးရဲ့ CBox မှာရေးသားနိုင်ခဲ့သလို..စာအုပ်ထဲမယ်ပါတဲ့ Email သို့လည်း ဆက်သွယ်မေးမြန်းနိုင်
ကြပါတယ်ခင်မျာ..ကဲ..အားလုံးဘဲ..စာအုပ်လေး ဒေါင်းနိုင်ကြပါပြီခင်မျာ။

Download => Link 1 / Link 2 / Link 3 / Link 4



အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. လိုခြင်တာကို ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.herostown.blogspot.com www.ledimyethar.com www.ninilayy.com

28 Jun 2013

Window 7 Ultimate SP1 ISO x86 and x64 bit Download (Official Direct Download Links)



Window 7 အခွေကို လိုချင်နေတဲ့ သူငယ်ချင်းများအတွက် အဆင်ပြေအောင် direct links လေးတွေမျှဝေ
 ပေးလိုက်ပါတယ်။ မူရင်းလင့်ကနေ ဒေါင်းယူရမှာဖြစ်တဲ့အတွက် အောက်က လင့်လေးတွေကို တစ်ချက်
နှိပ်ပြီးဒေါင်းယူနိုင်ပါတယ်။ ရလာတဲ့ ISO ဖိုင်ကို အခွေကူးဖို့အတွက် စက်ထဲကို DVD အခွေလွတ် တစ်ချပ်
ထည့်လိုက်ပါ။ ISO  ဖိုင်ကို double click နှိပ်လိုက်တာနဲ့ Nero ထည့်ထားပြီးသား စက်များကတော့ Nero တန်းတက်လာပါလိမ့်မယ်။ Nero ကိုတော့ လူတိုင်းထည့်ထားပါတယ်နော်။   Boot တက်ဖို့အတွက် Verify Disc Data ဆိုတဲ့နေရာမှာ အမှန်ခြစ်ကလေးပေးပြီး ကူးပေးပါ။ အောက်မှာ လိုအပ်တာကိုဒေါင်းနိုင်ပါပြီခင်ဗျာ။ Full version ဖြစ်ဖို့အတွက် window loader လေးပါတင်ပေးထားပါ
တယ်။ကွန်နက်ရှင်ကောင်းသူများကတော့ဒေါင်းယူထားသင့်ပါတယ်။Resume download လည်းရပါတယ်။ ကျွန်တော်ကိုယ်တိုင် စမ်းပြီးပါပြီ ။ တစ်နေ့ နည်းနည်း ဒေါင်းပေါ့ဗျာ။ အားလုံးအဆင်ပြေကြပါစေဗျာ။

 
Download  Window 7 Ultimate SP1 - U ISO x86 (32bit) 2.38G

Download Window 7 Ultimate SP1  - U ISO x64 (64bit) 3.09G

Download Window Loader v-2.00 =>> Link 1/ Link 2
 
   
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. လိုခြင်တာကို ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.herostown.blogspot.com www.ledimyethar.com www.ninilayy.com

Facebook Account ကို Confirm Code မတောင်းအောင်ဖွင့်နည်း




အခုရက်ပိုင်းအတွင်း Facebook အကောင့်အသစ်ဖွင့်တိုင်း Email Confirmation လုပ်လိုက်တာနဲ့
တစ်ခါတည်း အကောင့်ကာ လော့ကျသွားတာတွေ ကြားနေရပါတယ် ..
ဒါနဲ့ ကျွန်တော်လည်း သာမာန်အတိုင်းပဲ Facebook အကောင့်အသစ်တစ်ခုကို ဖွင့်ကြည့်လိုက်တာ
တကယ်ပဲ Email အတည်ပြုပြီးတဲ့အဆင့်မှာပဲ Fake Name သုံးထားလို့ ဘာညာဆိုပြီး
လော့ကျသွားပါတယ် .. ပြန်ရချင်ရင်တော့ နိုင်ငံခြားက အသိတစ်ယောက်ရဲ့ အကူအညီကိုယူပြီး
သူ့ဖုန်းနံပါတ်ကိုထည့်ပေး FB က Text Message ပို့ပေးခဲ့တဲ့ ကုဒ်ကို ထည့်ပေးနိုင်ရင်တော့ ရကောင်းရနိုင်ပါတယ် ..

အလုပ်လည်း ရှုပ်သလို .. ရနိုင်မယ်မရနိုင်ဘူးလည်း မသေချာ .. နောက်ထပ် လော့ကျနိုင်ခြေ
ဘယ်လောက်နီးစပ်မစပ်လည်း မသေချာဆိုတော့ .. အကောင့်ဖွင့်ကတည်းက
လော့မကျအောင်ဖွင့်နိုင်မယ် နည်းလမ်းတွေကို အမျိုးမျိုးစမ်းသပ်ကြည့်တော့ ဒီနည်းလေးကို
သွားတွေ့ပါတယ် .. ဒီနည်းလမ်းအတိုင်း အကောင့်သုံးလေးခုကို ဖွင့်ကြည့်တာ အားလုံးအဆင်ပြေပြေနဲ့
အောင်မြင်တာကို တွေ့ရပါတယ် ..
အကောင့်သစ်အတွက် ဘာမှမလုပ်ခင် Browser မှာရှိတဲ့ History တွေ Cookies တွေကို ရှင်းထားလိုက်ပါ

ပထမဆုံး nolockfacebook@gmail.com ဆိုတဲ့ Gmail အကောင့်အသစ်တစ်ခုဖွင့်လိုက်ပါတယ် .. ပီးတော့
ဖွင့်ထားတဲ့ အကောင့်သစ်ရဲ့ Gmail ကို Sing Out မလုပ်ဘဲဒီအတိုင်းဖွင့်ထားပါတယ်.. ပြီးရင်

Facebook  အကောင့်သစ်စဖွင့်ဖို့ Sign Up လုပ်ပါတယ်.

First name Last name နေရာတွေမှာ အင်္ဂလိပ်နံမည်တွေ ထည့်ပေးပါတယ် .. (ကျွန်တော့်တို့ မြန်မာနံမည်တွေက
အနောက်နိုင်ငံတွေရဲ့ နံ့မည်တွေနဲ့ တည်ဆောက်ပုံမတူလို့ Fake Name အဖြစ် Facebook က ယူဆတတ်လို့ပါ )

ကျန်တဲ့အချက်တွေကိုတော့ တတ်နိုင်သမျှ Email အကောင့်ထဲကအချက်တွေနဲ့ တူအောင် ထည့်ပေးပါ ..
မွေးသက္ကရာဇ်ထည့်တဲ့နေရာမှာ တစ်ခုသတိထားရမှာက လက်ရှိအချိန်ထိ 18 နှစ်နဲ့အထက်ဖြစ်အောင် တွက်ချက်ပြီး ထည့်ပေးပါ .. ( 13 နှစ်ကျော်ရင်လည်း ရပေမယ့် တစ်ခါတစ်ခါ Error တက်တတ်လို့ပါ . )
ကျန်တာတွေကိုတော့ ပုံမှန်အတိုင်းပဲ ထည့်ပေးသွားပါ ..
နိုင်ငံကလည်း လက်ရှိ အဲဒီ Browser ကဖတ်ထားတဲ့ နိုင်ငံ ( မြန်မာနိုင်ငံကဖွင့်တာဆို Myanmar ဆိုတာလေး ပြနေမှာကိုပြောတာ)

ပြီးရင် နောက်တစ်ဆင့်ရောက်တဲ့အခါ .. Find Friends ကို မနှိပ်ပဲ Skip လုပ်လိုက်ပါ ..
( Find Friends လုပ်လိုက်ရင် အခြားသော အကောင့်တွေကို လိုက်ချိတ်တာဖြစ်လို့ Spam ရဲ့ လမ်းကြောင်းနဲ့ သွားတူနေလို့ပါ .. )

နောက်တစ်ဆင့်မှာတော့ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ထည့်ပေးရပါမယ် ..
School မှာ အင်္ဂလိပ်လို ကျောင်းတစ်ကျောင်းရိုက်ထည့် အဲဒီအခါ Facebook က သူ့ရဲ့ Database ထဲမှာရှိတဲ့ ကျောင်းကို Result ထုတ်ပေးလာလိမ့်မယ် .. သူဖေါ်ပြလာတဲ့ ကျောင်းတွေထဲကမှ ကိုယ်ကြိုက်တာကို ရွေးနှိပ်လိုက်ပါ .. ( ကိုယ်ထည့်ချင်တာကို ထည့်လိုက်တာမဟုတ်ပါဘူး .. Facebook က သိထားတဲ့ကျောင်းကိုပဲ ရွေးထည့်ပေးလိုက်တာပါ )

University နဲ့ အောက်က အကွက်တွေမှာလည်း ဒီအတိုင်းပဲ .. Facebook က ဖေါ်ပြပေးတဲ့ နံမည်တွေကိုပဲ ရွေးပေးလိုက်ပါ .. ( အဲဒါတွေက နောက်မှ ပြင်လည်းရတယ်လေ )
နောက်တစ်ဆင့်မှတော့ Profile ပုံကို Upload တင်ပေးရမှာပါ .. ဒီအဆင့်ကို မကျော်ပဲ ပုံတစ်ပုံတင်ပေးလိုက်ပါ .. ဒါတွေပြီးလို့ Save and continue ကိုနှိပ်လိုက်ရင်
Friends အပ်ခိုင်းတဲ့ အဆင့်ဝင်လာပါတယ် .. ဒီအဆင့်မှာတော့ သူငယ်ချင်း နှစ်ယောက်လောက်ကို Friend Request လုပ်လိုက်ပါ ....

နောက်တစ်ဆင့်မှာတော့ ကိုယ့်ရဲ့ Home ကို ရောက်သွားပါမယ် .. အဲဒီမှာ Search Box ထဲကနေ .. ကိုယ့်ရဲ့ တစ်ခြားအကောင့်တစ်ခု ကို ရှာပြီး Add ပါ .. အဲဒီအကောင့်ကိုလည်း စက်တစ်လုံးကနေ Log in ၀င်ထားပြီး  Friend Request လုပ်တာကို ချက်ချင်းပဲ Confirm လုပ်ပေးလိုက်ပါ ..
အဲဒီအဆင့်ပြီးမှ ကိုယ့်ရဲ့ Gmail ကို ပြန်သွားပါ .. ( Facebook ရဲ့ အပေါ်မှာ ပေါ်နေတဲ့ Go to your gmail ကို မနှိပ်ပဲ ဒီအတိုင်းပဲ Gmail tab ကို သွားလိုက်တာပါ )

Gmail ထဲမှာ Facebook ကပို့ပေးလိုက်တဲ့ စာနှစ်စောင်ထဲက ပိုစောတဲ့စာ ( အောက်မှာရှိတဲ့စာ) ကိုဖွင့်ပြီး
Complete Sign Up ကို မနှိပ်ပဲ သူပေးထားတဲ့ လင့်ကိုပဲ နှိပ်လိုက်ပါ ..
နောက်ထပ် Tab အသစ်နဲ့အတူ Facebook ပွင့်လာပါမယ် ..

Email Confirm ဖြစ်တဲ့အကြောင်း တက်လာပြီဆိုရင် အရင် facebook ရဲ့ Tab ကို ပိတ်လိုက်ပါ ..
လက်ရှိရောက်နေတဲ့ Facebook ရဲ့ Home မှာပဲ Status လေးတစ်ခုလောက် ရေးပြီး တင်ပေးလိုက်ပါ ..

ဒါဆိုရင် .. အကောင့်တစ်ခုဟာ လော့မကျပဲ အဆင်ပြေပြေ အောင်မြင်သွားပါပြီ

ဒီနည်းလမ်းတစ်ခုလုံးမှာ ကျွန်တော် အသုံးချသွားတာက Browser တွေမှာ မှတ်သားထားလေ့ရှိတဲ့ Cookies ဆိုင်ရာ သီအိုရီအချို့ပါ .. ( ဒါကြောင့် Tab တွေကို မပိတ်ပဲ ထားခိုင်းတာပါ )




 ယူကျု ကနေကြည့်လိုပါက   သည်မှာ   သွားပြီးကြည့်နိုင်ပါတယ်....

Credit=> အိုင်တီမုဆိုး

အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. လိုခြင်တာကို ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.herostown.blogspot.com 
www.ledimyethar.com 
www.ninilayy.com

Facebook ကချက်ထားတဲ့ Chat History တွေကို ကြည့်ကြမယ်


 ဟလို....မင်္ဂလာပါနော်... သည်နည်းလေးကတော့  Facebook ကချက်ထားတဲ့  Chat History တွေကို
ဘယ်လို ပြန်ကြည့်နိုင်မလဲဆိုတဲ့နည်းလမ်းလေးပါ..ဒါလေးကို  လိုခြင်သူများရှိ ရစေဖို့ မျှဝေလိုက်ပါတယ်..
ပထမဆုံး  မိမိတို့ facebook ဖွင့်တဲ့ ဘောက်ဆာ မှာတော့ Add On လေးတစ်ခုတော့လိုပါမယ်...
အဲအတွက်    သည်နေရာလေးကို     သွားလိုက်ပါနော်...

ခုလိုလေး တွေ့ရမယ်.. Add to Firefox ကိုကလစ်လိုက်ပါ... ဒေါင်းနေပါပြီ..
ခဏကြာတာနဲ့ ဘောက်လေးနဲ့ Install လုပ်ဖို့ခိုင်းးလာမယ်  လုပ်ပေးလိုက်ပါ..
ပြီးတာနဲ့  ဘောက်ဆာကို  Restart ချပေးလိုက်ပါနော်..

 ကဲ ဘောက်ဆာ ပြန်ပွင့်လာတာနဲ့  အပေါ်ဘားက Tools ကနေသွားရမှာဖြစ်ပါတယ်...
ဘရောက်ဇာပြန်ပွင့်လာရင် Menubar မှာရှိတဲ့ tool ကိုကလှစ်နှိပ်ပါ၊
Facebook chat history Manager ကိုတွေ့ရပါလိမ့်မယ်၊ Facebook chat history Manager
 ထဲကမှ Get Facebook ID ကိုကလှစ်နှိပ်ပါ၊ ပြီးရင် Close Login Window ကိုနှိပ်လိုက်ရင်
ကိုယ့်အတွက် ID ကိုဖော်ပြပေးပါလိမ့်မယ်၊ မှတ်ထားဖို့လိုပါတယ်၊ Facebook chat history
Manager ထဲက Create Account ကိုရွေးပြီး ကိုယ်ကြိုက်တဲ့ Username နဲ့ Password ကိုပေး
လိုက်ရင် ကိုယ့်ဖေ့စ်ဘုတ်ခ်မှာ ချက်ခဲ့တာတွေကို ပြန်ကြည့်လို့ရမှာပါ။
 အဆင်ပြေပါစေနော်...
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. လိုခြင်တာကို ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.herostown.blogspot.com 
www.ledimyethar.com 
www.ninilayy.com

တင်ထားသမျှ ခေါင်းစဉ်များ

2Step Verification (5) A+အကြောင်း (1) Activator (9) Adobe CS3 Master Collection (1) Adobe Premiere Pro CS6 အသုံးပြုနည် (1) Adobe Software (12) Android application (1987) Android Game (709) AndroidPhoneဆိုင်ရာ (4) Antivirus (1) Apowersoft ApowerEdit v1.4.7.22 Build 04042019 (1) AVAST! Cleanup Premium 2019 version 19.1 Build 7085 (1) Blog Slider (8) Blogger Button (5) Blogger Comment (17) Blogger Ebooks (1) Blogger Hack (54) Blogger Loading Style (6) Blogger Mouse (1) Blogger Template (44) Blogger Tips (77) Blogger Widget (152) Blogs Html (63) Blogs Post (86) Blogs Tab Menu (53) Blogဆိုင်ရာ (1) Bowser ဆိုင်ရာ (21) Brothers in Arms® 3 v1.4.7c Mod Data [Unlimited Money] (1) Buddha မြန်မာစာတန်းထိုး (53) Burning Software (34) Burning Tools (47) C-Box (10) Canon LBP 6000 Original Driver (1) Canon LBP 6030 Original Driver & Installation Guide (1) CCleaner 5.56.7144 (Business / Professional / Technician) Multilingual Portable (1) CD/DVD ဆိုင်ရာများ (30) Cleanner-Speed (68) Computer Autoplay ပိတ်ထားနည်း (1) Computer Partationခွဲနည်း (1) Computer ဆိုင်ရာ (189) Computerဆိုင်ရာ (33) Converter (73) Desing Card (10) Display အလုပ်မလုပ်သော ပြဿနာဖြေရှင်းနည်းများ (1) Domain (3) Download Manager (42) Drive SnapShot v1.46.0.18213 (1) Driver Software (46) DVD-Cloner Platinum 2019 v16.30 Build 1446 [x86/x64] (1) DVDFab v11.0.2.4 [x86/x64] (1) Easy Translator version 14.0.0 (1) Ebooks (405) Errorဖြေရှင်းနည်း (1) Eset Smart Security 12.1.34.0 (x86/x64) (1) Facebook (152) Folder Lock (17) Fonts များစုစည်းမှု (6) Foxit PhantomPDF (1) Game (47) Game PC (32) Glary Utilities PRO version 5.117.0.142 (1) Gmail-Gtalk (70) GoogleChome &InternetDownloadmananger (1) Hacking (81) How To Download (6) Html (51) Internet Download Manager (18) InternetDownloadmananger(IDM) (1) IP Hider Software (6) Java Script (11) KhineMaster (1) KMS/2038 & Digital & Online Activation Suite v6.9 (1) MAGIX SOUND FORGE Pro 13 v.13.0.0 Build 46 (1) Marquee Technique (14) Media Player (31) MI Play store Apk (1) Microsoft Office (21) Mobile Legends Bang Bang Installer .exe Pc Version (1) Motors ( မော်တာများ )အကြောင်း (1) Movie (95) My Pdf (35) Myanmar Font (9) Myanmar Typing Software (1) MZW Solftware (1) NetGuide Journal (63) Network Software (7) New Blogs (15) Notကာကွယ်ခြင်းနည်း (1) ONEKEY PDF Convert to Word 4.0 REPACK (1) Partition Software (7) Password Recovery Software (1) paypal နှင့် ဆိုင်သော (5) PC GAMES (17) PC recovery (13) PC Software (203) PC Speed Up (32) PC-Clean Software (73) PDF (4) PDF Editor (10) Photo Editor Software (64) PHOTO SHOP (သင်တန်း)သီးသန့် (44) Photo Slideshow (12) photoshop background အလန်းများ (6) photoshop PNG ဖိုင်များရှာရန် (14) Photoshop Software (35) Photoshop ဆိုင်ရာ (51) Player (8) PrinterDriver (2) Programming (16) Pyidaungsu font (1) Read More (9) Recent Posts Widget (23) Recover Software (46) Recovery (33) Refresh and Restoreအကြောင်း (1) Reset (1) SAMSUNG One UI ဖုန်းတွေအတွက် မြန်မာဖောင့် (1) Screen Video Recorder (37) Search Box (6) Security Software (36) Sidebar Widget (71) SkyNet လိုင်းအသစ်ထည့်နည်း (1) SkynetBinfile (1) Slideshow Movie Maker (7) Social Widget (19) SOFTWARE (588) Software For Blogs (17) Software များအသုံးပြုနည်း (2) Softwares တွေအတွက် Serial no (or) Key တောင်းလျှင် ဖြေရှင်းနည်း (1) Speed Up Internet (13) TeamViewer version 14.2.2558.0 (Repack & Portable) (1) TTA Pie Myanmar (1) Unicode ေ​ြေပာင်းနည်း (1) Uninstaller Software (25) Upload (6) USB ဖြင့်ဝင်းဒိုးတင်နည်း (4) USB ကြိုးကနေ Virus မဝင်အောင် ကြိုတင် ကာကွယ်နည်း (1) Usb-Memory (19) Video Converter (29) Video Editing (76) Video Editor (1) Video Recorder (12) Virus ဆိုင်ရာ (86) WannaCry Ransomware ၏ အန္တရာယ် အကြောင်းနှင့် ကာကွယ်နည်း (1) Web Design ရေးဆွဲနည်း (5) Webcam Camera Software (11) Website ရေးနည်း (3) Wifi ဆိုင်ရာ (32) Win Update v1.4 (1) Window-10 ဆိုင်ရာ (2) Window-7 ဆိုင်ရာ (32) Window-xp ဆိုင်ရာ (2) window8ဆိုင်ရာ (19) Windows 10 Factory Reset ချနည်း (1) Windows 10 Backup & Restore လုပ်နည်း (1) Windows 10 ကွန်ပျူတာမှာမြန်မာစာတိကျမှန်စွာထည့်နည်း (1) Windows Activator (18) windows loader များ (10) Windows Manager Software (23) Windows Themes (24) Windows တင်နည်းများ (6) WinRAR 5.70 (Fully) (1) WinRar Full Version (12) WinRAR V3.80 Beta Version (1) WinToBootic နှင့် USB ထဲ Install လုပ်နည်း (7) WinUtilities Professional Edition Tool (1) Wordpress Tips (3) Write-Protected ကို ဖြုတ်နိုင်မယ့်နည်းနှစ်သွယ် (1) Zawgyi နဲ့ Unocode ဘာကွာလဲ (1) ကွန်ပျူတာ User Account Picture အကြောင်းများ (1) ကွန်ပျူတာဆိုင်ရာ (1) ကွန်ပျူတာပတ်ဝပ်ပြောင်းမရအောင်လုပ်နည်း (1) ကွန်ပျူတာရဲ့ Storage က HDD လား? SSD လား? စစ်ဆေးနည်းများ (1) ကွန်ပျူတာဟန်းနေရင်ဖြေရှင်းနည်း (1) ကျွနုပ်နှင့် ပရဟိတအလှူ (9) ကာမသိဒ္ဓိကျမ်း (1) ချက်နည်းပြုတ်နည်း (1) နည်းပညာဆိုင်ရာ (2) နည်းလမ်းများ (6) ပန်ကာပြုပြင်နည်း (1) ဖိုင်ဖြေနည်းများ (8) ဗဟုသုတ (6) ဗားရှင်းအသစ်ထွက်ရှိလာတဲ့ Facebook (နှင့်) Messenger (1) ဘာသာစကား ၉၁ မျိုးထိ ပါဝင်တဲ့ Easy Translator (1) ဘာသာရေးစာအုပ်များ (9) မိမိဆိုက်ကိုကော်ပီကူးမရအောင် ပိတ်ထားနည်း (1) ပြည်ထောင်စု ဖောင့် လက်ကွက် နှင့် စာရိုက်နည်း (1) မြန်မာစာမှန်အောင်လုပ်နည်း (1) မြန်မာဆိုတာ (1) ဝင်းဒိုးကို AOMEISoftware ဖြင့် Backup & Restore လုပ်နည်း (1) သင့် Laptop ကို မြန်ဆန်အောင်လုပ်ပေးမယ့် အချက် ၇ ချက (1) အင်တာဗျူးအစီစဉ် (2) အပျိုလမ်းညွှန် (1) အသံဇာတ်လမ်း (19) အခြေခံကွန်ပျူတာ Pdf (1) ဦးဇာနည်နည်းလမ်းများ (7) ဆော့ဝဲ ပြဿနာဖြေရှင်းနည်း (1) ကြော်ငြာ (13) ဟောပြောပွဲ (15)

မန်ဘာဝင်လို့အားပေးကြပါ