16 Sept 2012

shout Box ကို စာမျက်နှာဘေးမှာထားချင်ရင်



 အပေါ် ပုံကလို shout Box ကိုစာမျက်နှာဘေးမှာ ၀ှက်ထားချင်သူတွေအတွက်ပါ ။

<style type="text/css">
#gb{
position:fixed;
top:50px;
z-index:+1000;
}
* html #gb{position:relative;}

.gbtab{
height:100px;
width:30px;
float:left;
cursor:pointer;
background:url('https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqFOmnHV4UEQduVZldXFnCUusWX90SrjPXVG66y08aUQca_ojVaTdDfVIt0Ji28rkXJjkkOtzxfsmpRg8d2ODsC8frQnxSrP0PUHwD0c-FbqqESG3cHJBYEXHS3KBeob4YQ2Rce-b3BZA/s320/shoutboxdarktrickiezone.png') no-repeat;
}
.gbcontent{
float:left;
border:2px solid #666666;
background:#F5F5F5;
padding:10px;
}
</style>

<script type="text/javascript">
function showHideGB(){
var gb = document.getElementById("gb");
var w = gb.offsetWidth;
gb.opened ? moveGB(0, 30-w) : moveGB(20-w, 0);
gb.opened = !gb.opened;
}
function moveGB(x0, xf){
var gb = document.getElementById("gb");
var dx = Math.abs(x0-xf) > 10 ? 5 : 1;
var dir = xf>x0 ? 1 : -1;
var x = x0 + dx * dir;
gb.style.right = x.toString() + "px";
if(x0!=xf){setTimeout("moveGB("+x+", "+xf+")", 10);}
}
</script>
<div id="gb">
<div class="gbtab" onclick="showHideGB()">
</div>
<div class="gbcontent">
<!-- BEGIN CBOX - www.cbox.ws - v001 -->
<div id="cboxdiv" style="text-align: center; line-height: 0">
<div><iframe frameborder="0" width="265" height="400" src="http://www7.cbox.ws/box/?boxid=491303&amp;boxtag=5de9yk&amp;sec=main" marginheight="2" marginwidth="2" scrolling="auto" allowtransparency="yes" name="cboxmain7-491303" style="border:#F6F3E0 1px solid;" id="cboxmain7-491303"></iframe></div>
<div><iframe frameborder="0" width="265" height="75" src="http://www7.cbox.ws/box/?boxid=491303&amp;boxtag=5de9yk&amp;sec=form" marginheight="2" marginwidth="2" scrolling="no" allowtransparency="yes" name="cboxform7-491303" style="border:#F6F3E0 1px solid;border-top:0px" id="cboxform7-491303"></iframe></div>
</div>
<!-- END CBOX --><div style="text-align:right">
<a href="http://mmcrazyboy.blogspot.com/2012/07/shout-box.html" target="_blank"><small>Tutorial Here</small></a>
<a href="javascript:showHideGB()">
<img src="http://mackie.wapsite.me/images/Delete.png"/>
</a>
</div>
</div>
</div>
<script type="text/javascript">
var gb = document.getElementById("gb");
gb.style.right = (30-gb.offsetWidth).toString() + "px";
</script>
အသုံးပြုပုံက
Html/Java 
မှာပါ ။
အနီရောင် နဲ့ တားထားတဲ့ ဟာတွေကို သင့်စိတ်ကြိုက်ပြုပြင်ပါ ။
အပြာရောင် နဲ့ C Box က ကျွန်တော့်ရဲ့ CBox code ပါ အဲနေရာမှာ မိမိတို့ ကုဒ်တွေအစားးထိုးပေးကြပါ..
အဆင်ပြေပါစေ..


သည်ဆိုဒ်လေး ဖြစ်ဖို့ ကျနော် စိတ်ကူးယဉ်ခဲ့တာ ကြာပါပြီဗျာ.. စုဆောင်းထားသမျှလေးတွေနဲ့ ကြိုးစားထူထောင်လိုက်ပါပြီ။ ကျနော့်ရဲ့ မြင်ဆရာ kp-3 ကိုအားကျမိလို့ပါ။ အားပေးမှုကိုအစဉ်လေးစားလျှက်ပါ။ တုန်ပြန်မှုလေးတစ်ခုအနေနဲ့...စကားလေးတစ်ခွန်းဘဲ ချန်ခဲ့ရင် ကျေနပ်ပါပြီ။ အောင်အောင်(မကစ) www.ledimyethar.com www.depelyin.co.cc www.aungkyaw.com

အင်တာနက်မရှိသည့်အချိန်တွင် စမ်းသပ်အဆင့်Offline Gmail သုံးစွဲနည်းပေါ့....


Type your sGmail Service အသုံးပြုသူများအတွက် Offline Gmailကို ဇန်နဝါရီလကုန်ပိုင်းတွင် Googleမှ စတင်ဖြန့်ဝေလိုက်ပြီ ဖြစ်သည်။ Offline Gmail ဝန်ဆောင်မှုကို အသုံးပြုခြင်းဖြင့် ဝင်းဒိုးစ်စနစ်တွင်ပါဝင်သော Microsoft Outlookကဲ့သို့ပင် အင်တာနက်ချိတ်ဆက်မှု မရှိသည့်အချိန်တွင်လည်း အီးမေးလ်ဖတ်ခြင်း၊ အီးမေးလ်ရေးသားခြင်းတို့ကို မိမိ၏ကွန်ပျူတာတွင် ဆောင်ရွက်နိုင်မည် ဖြစ်သည်။ ယခင်
Gmail Serviceတွင် Accountတစ်ခုအတွင်းရှိ ဝင်စာ(Inbox mail)၊ ထွက်စာ(Sent mail)နှင့် ပူးတွဲပါဖိုင်များ(Attachment file) စသည်တို့ကို Google Serverများ၌သာ သိမ်းဆည်းထားပြီး အင်တာနက်ချိတ်ဆက်မှု ရှိမှသာလျင် Gmail အသုံးပြု၍ ပြန်လည်ကြည့်ရှုနိုင်သည်။

ယခု Offline Gmail ဝန်ဆောင်မှုကို Email Account တစ်ခုတွင် တပ်ဆင်အသုံးပြုထားပါက အဆိုပါ Accountနှင့် ပတ်သက်သည့် E-mail, Attachment စသည်တို့ကို Gmail Serverတွင်သာမက မိမိကွန်ပျူတာရှိ E-mail Serverတွင်လည်း တစ်ပြိုင်းတည်း downloadလုပ်ပြီး သိမ်းဆည်းပေးသွားမည် ဖြစ်သည်။ ဥပမာအားဖြင့် Gmail သုံးစွဲသူတစ်ဦးသည် အင်တာနက်ချိတ်ဆက်၍ သုံးစွဲနေစဉ် ထိုသုံးစွဲသူ၏ E-mail Accountသို့ ဝင်ရောက်လာသော Inbox mail၊ အခြားသူထံ ပို့လိုက်သော Sent mailနှင့် Attachment fileများ အားလုံးကို ကွန်ပျူတာအတွင်းရှိ Mail Serverတွင်လည်း တစ်ပြိုင်တည်း သိမ်းဆည်းထားနိုင်လိမ့်မည်။ ထို့ကြောင့် Gmail သုံးစွဲသူသည် အကြောင်းတစ်စုံတရာကြောင့် အင်တာနက်မရတော့သည့် အချိန်တွင်လည်း မိမိ၏ မေးလ်များကို ဖတ်ခြင်း၊ အီးမေးလ်များ ရေးသား၍ အဆင်သင့် သိမ်းဆည်းထားနိုင်ပြီး အင်တာနက်ရသည့်အခါ ချက်ချင်းပေးပို့နိုင်ခြင်းများ ဆောင်ရွက်နိုင်မည် ဖြစ်သည်။ Offline Gmail ဝန်ဆောင်မှုမှာ Google၏ Opensource Software တစ်ခုဖြစ်သည့် Google Gearကို အသုံးပြုကာ Google Serverရှိ သုံးစွဲသူ၏ Gmailဆိုင်ရာ အချက်အလက်များကို ကွန်ပျူတာသို့ အလိုအလျောက် download ပြုလုပ်ပေးသည့် စနစ်ဖြစ်ကြောင်း သိရသည်။

Offline Gmail Support ဝန်ဆောင်မှုကို မိမိ၏ ကွန်ပျူတာတွင် တပ်ဆင်အသုံးပြုလိုပါက အောက်ပါအဆင့်များအတိုင်း ဆောင်ရွက်နိုင်ပါသည်။

၁။ Gmailသို့ sign-in လုပ်ရပါမည်။

၂။ မိမိ Gmail စာမျက်နှာသို့ ရောက်ပါက “Settings”ကို ရွေးချယ်ပါ။

၃။ “Setting” အောက်မှ “Lab”ဆိုသည့် tabကို ရွေးချယ်ပါ။

၎။ “Lab”စာမျက်နှာတွင် ကဏ္ဍများစွာ ရှိသည့်အနက်မှ အပေါ်ဆုံးရှိ “Offline”ဆိုသည့်ဘေးတွင် “Enable”ကို ရွေးပေးရပါမည်။

၅။ ထို့နောက် “Lab”စာမျက်နှာ အောက်ဆုံးကိုသွား၍ “Save Changes” လုပ်ပါ။

၆။ “Save Changes” လုပ်ပြီးသည့်အခါ မိမိ၏ Gmail စာမျက်နှာရှိ “Settings”၏ဘေးတွင် “Offline 0.1”ဆိုသည့် Linkတစ်ခုကို တွေ့ရပါမည်။

၇။ Offline Gmailကို အသုံးပြုနိုင်ရန် အဆိုပါ Linkမှတဆင့် Google Gearကို လက်ခံအသုံးပြုဖို့ “Allow it to use Gears”ဘေးမှ check boxကို အမှန်ခြစ် ပြုလုပ်ပါ။ “Allow” buttonကို ကလစ်နှိပ်ပါ။

၈။ ထို့နောက် Offline Gmailကို ကွန်ပျူတာတွင် အလွယ်တကူ မြင်တွေ့အသုံးပြုနိုင်ရန် Shortcut Icon ထားလိုသည့် နေရာရွေးချယ်ရပါမည်။ ထို့နောက် “OK” buttonကို ကလစ်နှိပ်လိုက်ပါက Google Serverတွင် သိမ်းဆည်းထားသည့် (၃)နှစ်အောက်သက်တမ်းရှိ မိမိ၏ မေးလ်များနှင့် Attachment fileများ အားလုံးကို ကွန်ပျူတာရှိ E-mail Serverသို့ Download လုပ်ပြီး သိမ်းဆည်းပေးသွားမည် ဖြစ်သည်။ Google၏ Offline Gmailသည် စမ်းသပ်နေဆဲ(Lab Version)အဆင့်တွင်သာ ရှိသေးပြီး မကြာမီ အပြည့်အဝ အသုံးချနိုင်သည့် အဆင့်(Full Version)အဆင့်သို့ မွမ်းမံပြင်ဆင်သွားမည်ဟု သိရသည်။ummary here. [more] Type the rest of your post here.

သည်ဆိုဒ်လေး ဖြစ်ဖို့ ကျနော် စိတ်ကူးယဉ်ခဲ့တာ ကြာပါပြီဗျာ.. စုဆောင်းထားသမျှလေးတွေနဲ့ ကြိုးစားထူထောင်လိုက်ပါပြီ။ ကျနော့်ရဲ့ မြင်ဆရာ kp-3 ကိုအားကျမိလို့ပါ။ အားပေးမှုကိုအစဉ်လေးစားလျှက်ပါ။ တုန်ပြန်မှုလေးတစ်ခုအနေနဲ့...စကားလေးတစ်ခွန်းဘဲ ချန်ခဲ့ရင် ကျေနပ်ပါပြီ။ အောင်အောင်(မကစ) www.ledimyethar.com www.depelyin.co.cc www.aungkyaw.com

Gmail Password , Disable အကြောင်း



အခုဖြေရှင်းပေးနေရတဲ့ပြသနာလေးတွေပါ
တစ်ယောက်လာပီးပြောသွားလိုက် နှစ်ယောက်လာပီးပြောသွားလိုက်နဲ့ နဲ့မလို့ပါ တစ်ယောက်လာပြောပျံပီ အကောင့်သူများခိုးသွားလို့တဲ့ တကယ်တမ်းတော့ ကိုယ့်အကောင့်ကို ဘယ်သူမှမခိုးပါဘူး ခိုးပီးတော့ကောဘာလုပ်မှာလည်း တစ်ချို့ကတော့ ထောက်ချောက်ဆင်တက်ကြတယ် အဲ့ဒါကတော့ Gmail အတုတွေရယ် Mail ထဲဝင်လာတဲ့ Mail ကို Recover လုပ်မလားဆိုတဲ့မေးကို သွားဖွင့်ပီးတော့ UserName နဲ့ Password ကိုထည့်ပေးလိုက်လို့ဖြစ်ပါတယ်
နောက်တစ်ခုကတော့ KeyLogger ကိုစက်ထည်းသွင်းထားလို့ဖြစ်ပါတယ် တကယ်တမ်းတော့ အဲ့ဒါတွေအားလုံးဟာ အလှူလာခံကြတယ်လို့ပဲပြောရမှာပေါ့ (User Name နဲ့ Password အလှူခံသည်)အဲ့လိုအော်ပီးတော့ကိုဝင်လာကြတာပါ


ကိုယ့်က သွားလှူလိုက်တော့ ပါသွားတာပေါ့လေ ဟိဟိ ပြောတဲ့လူတွေများလာတော့လည်း မရေးမဖစ်ရေးမှရတော့မှာမလို့ ရေးပါတော့မယ် ။
အကောင့်ကပျောက်တာမဟုတ်ပါဘူး ခိုးခံရတာလည်းမဟုတ်ပါဘူး သူငယ်ချင်းကိုယ်တိုင်က လိုက်လိုက်လဲလဲ ပေးမိလိုက်တာပါ
အဲ့ဒါကို သူငယ်ချင်းကိုတိုင်က မသိလိုက်တာပါ တစ်ချို့တွေကပိတ်ဖို့မေ့ခဲ့ကြတာပါ Gmail ပိတ်ဖို့မေ့ခဲ့ရင်တော့ဖြင့်(သို့မဟုတ်)Remember ပေးထားတာပဲဖြစ်ဖြစ် Browser ထဲမှကျန်ခဲ့တက်ပါတယ်
Gtalk ပိတ်ဖို့မေ့သွားရင်တော့ ယူတဲ့သူကလွယ်လွယ်နဲ့တော့ ယူလို့မရပါဘူး ဒါပေမယ့်ယူလို့ရပါတယ် Password See Software တွေရယ် Gtalk Password Recover Software တွေကိုအသုံးပြုရပါတယ် Password See Software ကိုအသုံးပြုမယ်ဆိုရင်ဖြင့် တစ်ခါ တစ်ခါ ကွန်နရှင်ကျခဲ့ရင် Gtalk ကအော်တိုပြန်အောက်သွားပါတယ် UserName နဲ့ Password ပြန်ပေါ်လာပါတယ် အဲ့အချိန်မှာ Password See Software တစ်ခုခုကို Gtalk ပေါ်မှာထောက်လိုက်တာနဲ့ Password ကိုတွေ့ရပါတယ် ကွန်နရှင်မကျမချင်းထိုင်စောင့်ပီးတော့ ယူမှရမှာပေါ့လို့ စဉ်းစားမိပါလိမ့်မယ် ဒါပေမယ့် My Network Place ကနေ Disable ပေးလိုက်ရင် ကွန်နရှင်ကျတာနဲကတူတူပါပဲ နောက်တစ်ခုကို Gtalk Proxy ကို မရှိတဲ့ Proxy တစ်ခုခုရှောက်ထည့်လိုက်ရင်လည်း ကွန်နရှင်ကျသွားတာနဲ့အတူတူပါပဲ
Gtalk Password Recover Software ကိုသုံးတာကတော့ အဲ့ Software တွေမှာ Scan ဖတ်တာပါပါတယ် လောလောဆယ်ဖွင့်ထားတဲ့ Gtalk အကောင့်က Password ကို Scan ဖတ်ပီးတော့ယူသွားပါတယ် အဲ့ဒါကတော့ပိုလွယ်တာပေါ့ တစ်ချို့ဆိုရင် ကြိုတင်စည်စဉ်လာကြတယ်လေ အဲ့ Software လေးတွေကို Portable Version အဖြစ်ပြောင်းလဲလာပါတယ် ပီးတော့ ကွန်ပျူတာနားမှာ စတစ်လေးထိုးပီးတော့ ယူသွားယုံပဲပေါ့ ဒါကသူငယ်ချင်းကိုယ်တိုင်လှူခဲ့လို့ပါ ဟိုတစ်ယောက်ကလည်း ဒါနမြောက်အောင်ယူသွားတာပေါ့လေ ဒါပေမယ့် အဲ့ရန်တွေကို ကြိုတင်ကာကွယ်ဖို့ အောက်မှာမှော်မှော်ရေးပေးမယ်နော် အဲ့ဆိုရင် အေးဆေးပဲ ခဏလှူလိုက်မယ် ပီးတော့ပြန်ယူမယ် မီးကိုကစားကမကောင်းဘူးလို့တော့ပြောခြင်တယ်နော် ဘာကြောင့်လည်းဆိုတော့ ကိုယ့်ထပ်တော်တဲ့သူ တက်တဲ့သူတွေ အများအပြားရှိသလို ကိုယ်လောက်မတက်ခဲ့ရင်လည်း ရှောက်ဆဲခဲ့ မေးတွေရှောက်ဖြတ်ခဲ့ရယ် ဘယ်လိုလုပ်မလည်း ပီးတော့ အကောင့်ကို ပြန်မရခဲ့ရင်မှော်မှော်ကတော့ တော့တာဝန်ယူဘူးနော် တစ်ချို့တွေက မဆင်မခြင်ဖွင့်လိုက်တာပါ ဥပမာနေရာနှစ်ခု ကိုတစ်ပြိုင်တည်းဖွင့်သလိုဖြစ်သွားတာပေါ့ freedom Software လေးကိုသုံးဖူးကြရင်တော့သိမှာပါ ဒါပေမယ့် တစ်ချို့က Freedom ကိုသုံးပီးပတ်မသွားပါဘူး ဒါကြောင့်နောက်လူက လာပီးသူ့အကောင့်ကို ဖွင့်လိုက်တာနဲ့ Disable ဖြစ်ရောလေ ဘာကြောင့်လည်းဆိုတော့ Freedom ကသူများနိုင်ငံ proxy ကိုသုံးတာပါ ဥပမာ US Proxy ကိုသုံးတယ်ထား User တစ်ယောက်က တခြားဆိုင်မှာ မြန်မာ Proxy နဲ့သုံးလာပါတယ် ပီးတော့ ဒီဆိုင်မှာ US Proxy ကိုသုံးမိလိုက်တယ် အဲ့တော့ဘာဖြစ်သွားလည်း အဲ့အကောင့်က ခုနက မြန်မာမှာ အခုချက်ခြင်းပဲ US ကိုရောက်နေတယ် ဆိုတော့ Google Server ကမယုံတင်ကာဖြစ်ပီးတော့ ဖြတ်လိုက်တာပေါ့ အဲ့ဒါနဲ့ အကောင့်လေးက ပျက်သွားရောပေါ့ အကယ်၍ သုံးခြင်တယ်ဆိုရင်ပေါ့ Proxy နှစ်ခု အပြောင်းအလဲလုပ်မယ်ဆိုရင် အနည်းဆုံး နှစ်နာရီခြားပါ ပီးတော့ Gmail အတုနဲ့တွေ့လိုက်ရင်တော့ Password ပါသွားတာပေါ့ တကယ်တမ်းတော့ Gmail မှာ Password ကအဓိကလုံခြုံရေးစနစ်မဟုတ်ပါဘူး လုံခြုံရေးစနစ်အဓိက သုံးခုရှိပါတယ် အောက်မှာပြောပြသွားပါမယ် Gmail Password ပျောက်သွားလို့ Gmail အကောင့်တစ်ခုဆုံးရှုံးသွားပီလို့မထင်လိုက်ပါနဲ့ ပြန်ယူလို့ရပါတယ် ပြန်ယူနည်းသုံးနည်းရှိပါတယ် အဲ့ဒါကိုလည်းပြောပြပါမယ် Disable ဖြစ်သွားခဲ့ရင်တော့ 24 နာရီစောင့်ကြည့်လိုက်ပါ ပီးရင် ပြန်ဖွင့်ကြည့်ပါမရလျှင် နောက်ဆုံးတစ်နည်းတော့ကျန်ပါသေးတယ် ရမရတော့အာမမခံပါဘူး ဘာကြောင့်လည်းဆိုတော့ မှော်မှော် စမ်းတာ တစ်ချို့အကောင့်တွေ ပြန်မရခဲ့ပါဘူး တစ်ချို့အကောင့်တွေတော့ လွယ်လွယ်နဲ့ပြန်ရပါတယ် ကဲသင်ခန်းစာလေးစလိုက်ရအောင်
Gmail Recover လုပ်ထားပါ
ဘာကြောင့်လည်းဆိုတော့ Password ပြန်ယူရာမှာ Recover မလုပ်ထားပါက ပြန်ယူလို့ရမယ်မဟုတ်ပါ အဲ့ဒါကြောင့်အရင်ဆုံးကာကွယ်နည်းကို ပြေပြပါမယ် အခြားမေးတွေ အကောင့်တွေမှာလည်း Recover ဆိုတာရှိကြပါတယ် သူ့နည်းနဲ့သူပေါ့ Gmail Recover လုပ်နည်းသုံးနည်းကိုပြောပြပါမယ် အဲ့ဒါတွေက တကယ်တမ်းတော့ အကောင့်စလုပ်ကတည်းကလုပ်ထားရမှာပါ ဒါပေမယ့် အကောင့်ရှိပီးသားသူတွေအတွက် အရင်ရေးပေးပါမယ် ဘာကြောင့်လည်းဆိုတော့ အကောင့်အသစ်လုပ်ရန်အလွန်ခတ်ခဲသွားပီဖြစ်သောကြောင့်ဖြစ်သည်
Gmail Recover လုပ်နည်း
အခြား Gmail အကောင့်နှင့် Recover လုပ်တာဖြစ်ပါတယ် ဒါပေမယ့် အကောင့်နှစ်ခုရှိတဲ့သူများအတွက်ပိုအဆင်ပြေပါတယ် ဘာကြောင့်လည်းဆိုတော့ လူ့စိတ်ကမျောက်စိတ်လိုပဲလေ သူများအကောင့်ကို Recover ပေးထားမိရင် ဖြတ်လိုက်ပါ အဲ့ Recover ပေးခံထားရတဲ့အကောင့်ပိုင်ရှင်က သူငယ်ချင်းတို့အကောင့်ကို အချိန်မရွှေး တစ်ရေးနိုးထပီးတော့ Password ကိုပြောင်းပစ်လို့ရပါတယ် အကောင့်နှစ်ခုပိုင်ထားသူများကတော့ အကောင့်အချင်းချင်း Recover ပေးထားလို့ရပါတယ် အဲ့ဒါအဆင်ပြေတာပေါ့ Gmail ကိုအရင်ဖွင့်လိုက်ပါ ပီးရင် Setting >> Accounts and Import >> Google Account Settings ကိုနှိပ်လိုက်ပါ အဲ့ဆို အောက်ကပုံအတိုင်းပေါ်လာမှာဖြစ်ပါသည်
 
အဲ့နားမှာ Your recovery email adresses: နားက Edit ကိုနှပ်ပီး သူငယ်ချင်း Recover လုပ်မယ့်မေးကို ထည့်လိုက်ပါ ပီးရင် Security question ကိုပါပြင်ပါမယ် အောက်နားက Edit ကိုနှိပ်ပီး ကြိုက်တာပြင်လို့ရပါတယ် ဥပမာ မေခွန်းက What is your father's middle name ထားလိုက် အဖြေကို I go to school hehehe 12345 အဲ့လိုရှောက်ဖြေလို့ရပါတယ် အဲ့တော့ မှန်းရခတ်တဲ့ တာပေါ့ အဲ့တော့ပိုလုံခြုံတယ်လေ တစ်ခုကြားဖြတ်ပြောမယ်နော် Gmail Password ပေးမယ်ဆိုရင် မြို့နာမည် တို့ မွေးနေ့တို့ ကိုယ့်နာမည်တို့ကို မပေးတာကောင်းပါတယ် ပီးတော့ နံပါတယ် တွေပေါ့ ဥပမာ တစ်ခုပေးပြမယ်နော် 123hell0he44y749 အဲ့လို ပေါက်တက်ကရပေးတာ ကောင်းပါတယ် Password Creaker Software တွေကို လှည့်စားတဲ့သဘောပေါ့ အဲ့လိုပေးရင် Password Creaker Software တို့ Web Mail hack Software တို့ကကောင်းကောင်းအလုပ်မလုပ်ပေးနိုင်တော့ ပိုပီးလှုံခြုံတာပေါ့လေ ပီးတော့ တစ်လုံးခြင်းအဓိပါယ်ရှိတဲ့စာလုံးတွေ everything အဲ့လိုတွေမပေးသင့်ပါဘူး ဘာကြောင့်လည်းဆိုတော့ Password Creaker Software တစ်ချို့က Dictionary တွေနဲ့တိုက်စစ်လို့ရတယ်လေ အဲ့တော့ ချက်ချင်း Password ကိုသိသွားရောပေါ့ ပြောရင်နဲ့ဘယ်ရောက်သွားလည်းသိဝူး အပေါ်ကပြန်ဖတ်လိုက်ဦးမယ် မှန်မိပီ အကုန်ပီးရင် Save လိုက်ပါ အဲ့ဆိုရင် Recover လုပ်ငန်းပီးဆုံးသွားပါပီ အဲ့ဒါက အကောင့်ကို Recover လုပ်နည်းနှစ်နည်းပါ နောက်တစ်နည်ကတော့ နောက်ပိုစ်တစ်ခုမှာရေးပေးပါမယ် Password ပြန်ယူတဲ့နည်းကောပေါ့ မှော်မှော်မောပီ ဆက်ရန် ဟယ်ဟယ် ကိုရီးယားဇတ်လမ်းတွဲတော့ဟုတ်ဝူးနော် တစ်ခုလောက်တော့ကြော်ဌှာဝင်ထားမှရမယ် Gmail ကိုတစ်ကမ္ဘာလုံးသုံးနေတာပါ သူများနိုင်ငံကဘာမှကိုမဖြစ်ပါဘူး မြန်မာနိုင့်ငံကပဲ ဟက်ခံရတာနဲ့ ဘာနဲ့ညာနဲ့ဆိုတော့ မြန်မာက ဟက်ကာတွေ ခရက်ကာတွေက သူများနိုင်ငံထပ်ပိုတော်တယ်ထင်တယ်နော် အဲ့ဒါလေးပါ ဖြေပေးခဲနော့ ကျန်တာတော့ နောက်ပိုစ်တစ်ခုနဲ့ဆက်ရေးပေးမှာပါ နော်အရင်ပိုစ့်ကအတိုင်း Recover လုပ်ပီးပါက ပြန်ယူလို့ရပါတယ်
ပြန်ယူမယ်ဆိုရင် အရင်ဆုံး Gmail Signin လုပ်မယ့်နေရာကို
သွားလိုက်ပါ ပိးတော့ Signin ၀င်မယ့်အောက်နားလေးမှာ


 
Can't access your account? ဆိုတာလေးကိုနှိပ်လိုက်ပါ
အဲ့နားရောက်ရင် Email address ဆိုတာကို တွေ့ရပါလိမ့်မယ်
သူငယ်ချင်းရဲ့ Gmail address ကိုရိုက်ထည့်လိုက်ပါ ပီးရင်
Submit ကိုနှိပ်လိုက်ပါ
စာလုံးလေးပုံတူရိုက်ခိုင်းတာပေါ်လာပါလိမ့်မယ် ရိုက်ပေးလိုက်ပါ

အဲ့အောက်ရောက်ရင် Email to ******@g*****.com
ဆိုတာက သူငယ်ချင်းရဲ့ password အသစ်ကိုပြောင်းလို့ရမယ့်လင့်ကို Recover
ပေးထားတဲ့မေးထဲသို့ပို့ပေးမှာဖြစ်ပါသည် အဲ့ဒါကို
လစ်ပေးပီးတော့ Continue ကိုနှိပ်လိုက်တာနဲ့ Recover mail
ထဲကိုရောက်သွားပါလိမ့်မယ် ဒုတိယတစ်ကြောင်း Answer your
security question ကတော့ Password ကို အရင်ပေးထားတဲ့
Security Quertion နဲ့အသစ်ကိုပြောင်းတာဖြစ်ပါတယ်
ကလစ်လေးပေးပီးတော့ Continue ကိုနှိပ်လိုကတာနှင့်
အဖြေထည့်ပေးရမယ့် Box လေးကျလာပါလိမ့်မယ်
ထည့်ပေးပီးတော့ Continue နှိပ်လိုက်တာနဲ့ Password
အသစ်ကိုပြောင်းလို့ရမှာဖြစ်ပါတယ်
တတိယတစ်ကြောင်း အလွန်အရေးကြီးပါသည် သူရဲ့ လုပ်နိုင်စွမ်းရည်တော်တော်မြင့်ပါသည် အဆုံးအထိတော့ဖတ်လိုက်ပါ လို့မှော်မှော်ပြောပါရစေ I no
longer have access to these ဆိုတာလေးကို
ကလစ်လေးပေးပီးတော့ Conitinue ကိုနှိပ်လိုက်ပါ အောက်မှာပြထားတဲ့ Box လေးတစ်ခုကျလာပါလိမ့်မည်


 
ဒါဟာနောက်ဆုံးမျှော်လင့်ချက်ပါပဲ
အပေါ်နည်းတွေမအောင်မြင်ခဲ့ဘူး ဆိုရင် ဒီနည်းလေးကတော့
အောင်မြင်မှာပါ မအောင်မြင်တော့ သူငယ်ချင်းမေးလေးကို
လွတ်သာလွတ်လိုက်တော့ပေါ့နော် တစ်ခုရှိပါတယ် Disable
ဖြစ်သွားတဲ့မေး တစ်ချို့ကို သည်နည်းလေးနဲ့ယူလို့ရနိုင်ပါတယ် အကယ်၍ မကျလာခဲ့ဘူးဆိုရင်တော့
ဒါလေးက အဲ့ပိုစ်ကို သွားမယ့်လင့်လေးပါ နှိပ်လိုက်ပါ
အဲ့ဒါမှမကျလာသေးဘူးဆိုရင် 24 နာရီစောင့်ရမှာဖြစ်ပါသည် အမှန်တစ်ကယ်က ကထမနည်းကို စမ်းပီးရင် 24 နာရီးစောင့်ပီးမှာ ဒုတိယနည်းကို စမ်းပါ ဒုတိယနည်းနဲ့ တတိယနည်းလည်း 24 နာရီခြားပါ မခြားခဲ့ဘူးဆိုရင် ကံဆိုးရင် တော့ မေးလေးက disable ဖြစ်သွားတက်ပါတယ် အဲ့ဆိုရင်တော့ မေးကို ဆုံးရှုံးသွားမှာဖြစ်ပါတယ်
ပထမဆုံးက ကိုယ်သူငယ်ချင်းရဲ့မေးတစ်ခုခုကို ခနငှားပီးတော့ An
email adress we can use to contact you*
ဆိုတဲ့အကွက်လေးထဲမှာ ထည့်လိုပ်ပါ အဲ့မေးကို သူက Password
ပြောင်းမယ့် လင့်ကိုပို့ပေးမှာဖြစ်ပါသည် ပီးရင် အောက်နားလေးက
I am unable to reset my password ဆိုတာလေးကို
ကလစ်ပေးလိုက်ပါ ပီးရင်အောက်ကိုဆက်ဆင်းသွားပါ Product
information အောက်နားက Do you use Gmail with this
account?* ဆိုတဲ့နေရာမှာ Yes ကိုရွှေးပေးလိုက်ပါ ပီးရင်
အောက်နားမှာ အကွက်လေးတွေထပ်ထွက်လာပါလိမ့်မယ်
အဲ့နားမှာ ကိုပျောက်သွားတဲ့မေးလိပ်စာကိုထည့်လိုက်ပါ ပီးလျှင် အောက်နားမှာ Do you have a verification code? ဆိုတာလေးပေါ့ အဲ့ဒါကအကောင့်လုပ်ကတည်းက recover mail ပေးပီးတော့ လုပ်ထားမှရပါတယ် အဲ့ကုတ်လေးကို သိရင်တော့ ထည့်ပေးလိုက်ပေါ့ မသိရင်လည်း ထားခဲ့လို့ရပါတယ် ပီးလျှင် Email adresses of up to five frequently emailed contacts: ဆိုတဲ့နေရာမှာ ကိုယ့်အကောင့် လုပ်တုန်းက ထိပ်ဆုံ အပ်တဲ့သူ သို့မဟုတ် ထိပ်ဆုံးမေးပို့ တဲ့သူ တစ်ယောက်ရဲ့ အကောင့်ကို ထည့်ပေးရမှာဖြစ်ပါတယ်
ပီးရင် Other account information ဆိုတာလေးကိုဖြေရပါမယ်
Account creation date* အကောင့် လုပ်ခဲ့တဲ့ လနဲ့နှစ်ကို ထည့်ပေးလိုက်ပါ ပီးရင် Last successful login date ဆိုတာက နောက်ဆုံး ဖွင့်ခဲ့တဲ့နေ့ကို ထည့်ပေးရပါမယ် အတိအကျထည့်ပေးရပါမယ် မသိရင်တော့ ထားခဲ့လိုက်ပါ ပီးရင် password အဟောင်းကို last password you remember* အဲ့အကွက်လေးထဲမှာထည့်ပေးလိုက်ပါ ပီးရင် Submit ကိုနှိပ်လိုက်ပါ နည်းနည်းလေးကြာရင်တော့ သင် ထိပ်ဆုံးမှာထည့်ထားတဲ့မေးထဲကို Password အသစ်ပြောင်းမယ် လင့်လေးရောက်လာပါလိမ့်မယ် အဲ့မှာပြောင်းလိုက်ရင် အဆင်ပြေသွားပါပီ ဒီနည်းလေးက ကိုယ့်အကောင့် အခိုးခံရသူတွေအတွက် လုပ်ရတာအဆင်ပြေပါတယ် ဘာလို့လည်းဆိုတော့ ကိုယ်ပဲသိနိုင်တဲ့အချက်အလက်တွေပဲဖြစ်လို့ပါ ဒါလေးကိုမှတ်ထားလိုက်ပါ တစ်ချို့တွေက အကောင့်ကို ခိုးပီးတော့ recover mail ပြင်လိုက်မယ် sercurity question တွေပြင်လိုက်မယ်ဆိုရင် တော့ မရတော့ဘူး ဆိုပီးစိတ်ဓာတ်တော့မကျလိုက်ပါနဲ့ ဒီတတိယနည်းကို ကောင်းကောင်း သိထားမယ်ဆိုရင် ကြိုက်တဲ့ ဟက်ကာလာ ကြိုက်တဲ့ ခရပ်ကာလာ ဘာမှကိုကြောက်စရာမလိုဘူး ဘာလို့လည်းဆိုတော့ သူတို့က ဒါတွေကိုမမပြင်နိုင်တာ ပြင်နိုင်တဲ့ ခရပ်ကာဆိုရင်တော့တစ်မျိုးပေါ့လေ ဒါပေမယ့် သူတို့ပြင်သည်ထားအုံး လုပ်လို့ရပါသေးတယ် ပြသနာမရှိပါဘူး Gmail Password မေ့ခြင်းနှင့် အခိုးခံရခြင်း အန္တရာယ်မှ လွတ်ကင်းနိုင်ကြပါစေ လို့ ဆုတောင်းရင်း ... အိပ်ပျော်သွားပါပီ ဟိဟိ

 ဦးဦးမှော်ဆ၇ာ

အကောင့်ဟောင်းထဲကသူငယ်ချင်းတွေကို အကောင့်သစ်ထဲထည့်မယ်


အခု ပြောမှာက mail အကောင့် အဟောင်းထဲက လူတွေ အကုန်လုံးကို အကောင့်အသစ်ထဲကို အကုန်လုံး ပေါင်းထည့်ချင်တယ်ဆိုရင်တော့ တစ်ယောက်ချင်း စီ ပြန်ပြီး လိုက်အပ်နေစရာ မလိုပါဘူး ။ အကောင့်တစ်ခု က သူငယ်ချင်း အကုန်လုံးကို နောက်အကောင့် တစ်ခုကို ပြောင်းထည့်တာပေါ့ ။

အရင်ဆုံး gmail ထဲကို ၀င် ။(အကောင့်အဟောင်းနော်) ။ အခု နောက်ပိုင်း mailက style တစ်မျိုး ပြောင်းသွားတော့ mail ရဲ့ ဘယ်ဘက် အပေါ်ထောင့် composemail , inbox တို့ အပေါ်မှာ Contact ဆိုပြီး ရှိပါတယ် ။ အဲ့ထဲကို ၀င် .. ။

အဲ့ဒါဆိုရင် အဲ့မှာ ကိုယ့်သူငယ်ချင်းတွေ အားလုံး ပေါ်လာပါလိမ့်မယ် ။အဲ့နေရာမှာ More Action ဆိုတဲ့ နေရာလေးကို နှိပ် ပြီးရင် export ... ။အဲ့လို export လုပ်လိုက်ရင်တော့ google က ဒေါင်းလုပ် ဖိုင်လေး တစ်ခု ပေးပါလိမ့်မယ် ။ သူ့ အလိုလို .csv file ကို ရွေးပြီးသားမို့ ဒေါင်းလုပ်လုပ်လိုက်ပါ ။ တစ်နေရာရာမှာ save လိုက်ပေါ့ ။

ပြီးရင် ပြောင်းထည့်ချင်တဲ့ အကောင့် အသစ်ထဲကို ၀င် .. ။ ခုန က အဆင့်တွေအတိုင်းပြန်သွား ။ ပြီးရင် More Action ထဲမှာ Import ကို နှိပ် .. ။ပြီးရင် ခုန က ဒေါင်းလုပ် လုပ်ထားတဲ့ google.csv file ကို ရွေးပေးလိုက်ရင်
မိမိရဲ့ အကောင့်အဟောင်းထဲက သူငယ်ချင်းတွေ အားလုံး အကောင့်အသစ်ထဲကိုတစ်ဦးချင်းစီ လိုက်အပ်နေစရာမလိုတော့ပဲ ရောက်ရှိသွားပါလိမ့်မယ် ။
လိုအပ်တဲ့ နည်းပညာလေးပါနော်  ဖူးစာရှင်လေးမှ  တွေ့လို့ ပြန်လည် မျှဝေ လိုက်တာပါ
စေတနာများစွာဖြင့်
ဒီပဲယင်းသားလေး
အောင်အောင်(မကစ) 



သည်ဆိုဒ်လေး ဖြစ်ဖို့ ကျနော် စိတ်ကူးယဉ်ခဲ့တာ ကြာပါပြီဗျာ.. စုဆောင်းထားသမျှလေးတွေနဲ့ ကြိုးစားထူထောင်လိုက်ပါပြီ။ ကျနော့်ရဲ့ မြင်ဆရာ kp-3 ကိုအားကျမိလို့ပါ။ အားပေးမှုကိုအစဉ်လေးစားလျှက်ပါ။ တုန်ပြန်မှုလေးတစ်ခုအနေနဲ့...စကားလေးတစ်ခွန်းဘဲ ချန်ခဲ့ရင် ကျေနပ်ပါပြီ။ အောင်အောင်(မကစ) www.ledimyethar.com www.depelyin.co.cc www.aungkyaw.com

sign out လုပ်ဖို့မေ့ခဲ့တဲ့ အကောက်ကို အခြားစက်ကနေ လှမ်းပိတ်နည်း


ကိုယ့်အကောင့် တစ်ခုခု ဆိုင်ဘာကဖီးမှာ ဖြစ်ဖြစ် အခြားစက်တစ်ခုခု မှာ ဖြစ်ဖြစ် မေ့ပြီး မထွက်ခဲ့မိဘူးလား ...........စိတ်မပူပါနဲ့ ပြသနာရှိရင် အဖြေရှိပါတယ် အခုတင်ပြပေးမယ်နည်းလေးကတော့ ထွက်ဖို့မေ့ခဲ့တဲ့ အကောင့်တစ်ခုခုကို အခြားစက်တစ်လုံးကနေ လှမ်းပိတ်တဲ့နည်းပါ
ကဲစမယ်နော်
မေးလ်ထဲ ပြန်ဝင်လိုက်ပါ

sign out gmail remotely

ဒီပုလေးအတိုင်း ပြထားတဲ့အတိုင်း Details ဆိုတာလေးကို ကလစ်လိုက်ပါ

Gmail Activity Information
sign out all other sessions ဆိုတာလေးကိုကလစ်ပေးလိုက်ပါ
နောက်
အရေးပါတဲ့နည်းလမ်းလေးတခုပါ  ဖူးစာရှင်လေးမှ ကူးယူကာပြန်လည် မျှဝေလိုက်ပါတယ်
ဒီပဲယင်းသားလေး
အောင်အောင်(မကစ)

G-talk အတွင်မှ virus သိကောင်းစရာ



အခု gtalk virus တစ်မျိုးပေါ်နေတယ်၊ virus က ကိုယ့် friend နဲ့ပြောနေတုန်း၊ သူ့ box ထဲကနေ (iew my webcam (private secured connection using privateCam) http://
- - - - - - - - - - - - .exe) ဆိုပြီး အပြာရောင်စာတမ်းနဲ့ပေါ်လာတယ်၊ (မှတ်ချက်။ အထဲကစာသားတွေကိုတော့မဖေါ်ပြပါဘူး၊ virus တွေထပ်ပြန့်မှာစိုးလို့ပါ၊ ရှေ့နောက်စကားလုံးတွေပဲနမူနာပြလိုက်ပါတယ်) အဲဒီ့စာကြောင်းကို click နှိပ်လိုက်ရင်virus တွေက ကွန်ပျူတာနဲ့ ကိုယ် gtalk account ထဲကို ၀င်ပြီး ဖျက်ဆီးပါတယ်၊ အ၀င်ခံရတဲ့ account နဲ့ computer က သူနဲ့ပြောတဲ့ gtalk friend တွေဆီကို autochatting လုပ်ပြီး
အခုနစာသားတွေထပ်ပို့ပြီးပြန့်နှံ့အောင်လုပ်ပါတယ်၊ ဆိုးကျိုး တွေနဲ့ ဖျက်ဆီးအားကိုတော့အတိအကျ မသိသေးပါဘူး ။ ထပ်သိရင်ပြောပါမယ်။ (အဓိက အချက်ကတော့။ အဲဒါကို click မနှိပ်ဖို့ပါပဲ) နီးစပ်ရာသူငယ်ချင်းတွေကိုလဲ တဆင့်ပြောပေးပါ။သူ့ ရဲ့ ကူးစက်တဲ့ပုံစံက ဒီလိုဗျ... သူက ကိုယ့်ရဲ့ နစ်ထဲမှာရှိတဲ့သူက ကိုယ့်ကိုလှမ်း chat တဲ့ပုံစံမျိုး နဲ့ အောက်ပါအတိုင်း စာပိုဒ် ၃ ခုခွဲပြီး ၃ ခါခွဲတက်လာတယ် မြန်လဲမြန်တယ်ဗျ...
၁ ။ asl please
I am 23 Female, Delhi (India)
and you?
၂ ။ Now search your google in a HYBRID\DYNAMIC way -http://h1.ripway.com/mygoogle0/index.html
၃ ။ View my private cam via secured connection -http://h1.ripway.com/db0/privateCam.exe
အဲလို စာတက်လာပြီး သူ့လင့်ကို နှိပ်မိရင် Download ချက်ခြင်းကျလာတယ်။ Run လိုက်ပြီ ဆိုတာနဲ့ အောက်အတိုင်း ဖြစ်လာပါရောဗျာ...။
၁။ Gtalk နဲ့ Yahoo messenger သူ့ဟာသူ တက်လာပြီး နစ်ဖွင့်လို့ရအောင် ကာဆာ ချပေးလိမ့်မယ်။(စက်မှာ run မထားဘူး မရှိဘူး ဆိုရင်တော့ မတက်ဘူးပေါ့)
၂။ နစ်ဖွင့်လိုက်မိရင် အဲဒီနစ် အပေါ်ဆုံးက လူသုံးယောက်ကို အပေါ်မှာ ကျနော် ရေးပြခဲ့တဲ့ အတိုင်း ကတုံ၊ ကတုံ နဲ့ အလိုလို သူ့ဟာသူ ရိုက်ပြီး ပြောနေလိမ့်မယ်။ အဲဒီ အချိန်မှာ စက်ဟန်းနေတယ်။ ဘာမှ လုပ်လို့ မရဘူး။ ၂ မိနစ်နီးပါး ကြာပြီးရင် ပြန်ငြိမ်သွားမယ်။ ၅ မိနစ်မှာ တစ်ကြိမ်လောက် ဖြစ်နေလိမ့်မယ်။(တစ်ခြားနစ်ကို မိမိ ကိုယ်တိုင် ကာဆာချပြီး စကားပြောမနေဘူးဆိုရင် အဲဒီ နစ်သုံးခုကိုပဲ ထပ်ခါထပ်ခါ တက်နေမှာဖြစ်ပါတယ်။ )
၃။ gtalk တွေ၊ Yahoo တွေ exit လုပ်ပြီး connection ဖြုတ်ထားလိုက်ရင်တောင် နစ်ဖွင့်ဖို့အတွက် messenger တွေ လာလာပေါ်ပေးနေလိမ့်မယ်။
၎။ task manager, registry editor, Folder Options စတာတွေ ကတော့ ဗိုင်းရပ်တို့ ထုံးစံအတိုင်း ခေါ်လို့မရဘူးဖြစ်နေလိမ့်မယ်။
၅။ Drive တွေကို ဘယ်လိုမှ ဖွင့်လို့မရတော့ပါဘူး။

အဲဒီပုံစံနဲ့  Virus စပြီးကူးတော့တာပါပဲ.....
rabbitphyu(wint: (life is beauty ) ဆိုတဲ့mail ၀င်လာရင် Delete လုပ်လိုက်ပါ လုံးဝ(လုံးဝ)မဖွင့်ကြည့်ပါနဲ့ သူငယ်ချင်းတို့ password ခိုးသွားလိမ့်မယ်....
ဒါသူ့ ရဲ့  gmail Address (rabbitphyu@gmail.com) ... ဆော်လေးဆိုပြီး သွား click မလုပ်လိုက်နဲ့ နော်.....
ကျွန်တော်လဲမကြုံဖူးသေးဘူး...ဒါပေမယ့်...
သတိထားမိတော့..ကောင်းတာပေါ့.....

သည်ဆိုဒ်လေး ဖြစ်ဖို့ ကျနော် စိတ်ကူးယဉ်ခဲ့တာ ကြာပါပြီဗျာ.. စုဆောင်းထားသမျှလေးတွေနဲ့ ကြိုးစားထူထောင်လိုက်ပါပြီ။ ကျနော့်ရဲ့ မြင်ဆရာ kp-3 ကိုအားကျမိလို့ပါ။ အားပေးမှုကိုအစဉ်လေးစားလျှက်ပါ။ တုန်ပြန်မှုလေးတစ်ခုအနေနဲ့...စကားလေးတစ်ခွန်းဘဲ ချန်ခဲ့ရင် ကျေနပ်ပါပြီ။ အောင်အောင်(မကစ) www.ledimyethar.com www.depelyin.co.cc www.aungkyaw.com

ပုံစံတွေပြောင်းသွားတဲ့ gmail ကို အရင်လို ပြန်လိုနေသူတွေအတွက်ပါ


မေးလ်တိုင်တော့ မဖြစ်ပါဘူး တချို.မေးတွေပြောင်းနေသလို. မပြောင်းတဲ့မေးတွေလည်းရှိပါတယ်

gmail မှာ အရင်လို မဟုတ်တော့လို. စိတ်ညစ်နေတဲ့ သူတွေအတွက်ပါ
ကျတော်ဒီလိုပဲ gmail မှာ အပြောင်းအလဲတွေဖြစ်နေတော့ တစ်ယောက်ယောက်က ကျတော်မေးလ်ကို
သိလို.၀င်ကလိထားတယ် ထင်ခဲ့တယ် နောက်တော့ ကျတော်သူငယ်ချင်းတွေက
ကျတော်တို.ဆိုင်မှာလာသုံးကျတော့မှ သိတာ သူငယ်ချင်းတွေ အကိုရေး မေးလ်ဘာဖြစ်နေတာလဲမသိဘူး

CHAT gmail ၀င်လို.မရဘူး ဟ မင်းမှာလည်း ချက်လို.မရဘူးဖြစ်နေလား အေးငါ့မှာလဲ
ဘယ်လိုလုပ်ရမှန်းကိုမသိဘူးဖြစ်နေတယ် အဲဒါနဲ. နောက်တစ်ယောက်လာ သူငယ်ချင်းတော်တော်များများ
အဲလိုတွေမေးနေကြတော့ ကျတော် ရဲ.သူငယ်ချင်းတစ်ယောက်ကလဲ ပြာပြာနဲ.လာခဲ့ပြန်တယ် ဘဲကြိး လုပ်ပါအုံးတဲ့ ဘာလည်းလို.ပေါ့ ကျတော်အကောင့် ဘယ်လိုဖြစ်နေလည်းမသိဘူး ကျတော် gmail ကနေချက်လို.မရဘူးတဲ့ ဒါနဲ. ကျတော် ပြန်ရှာကြည့်လိုက်တာ အားလုံးကိုအဆင်ပြေသွားတယ်
ဝင်ပုံဝင်နည်းတော့ ကျတော်အောက်မှာ ပြထားပေးမယ်
gmail ကအရင်လိုမဟုတ်ပဲ ပြောင်းလဲနေတဲ့ပုံပါ ကျတော်ပြထားပေမယ်
အားလုံးအဆင်ပြေမှာပါ
ဒါက gmail အသစ်ပြောင်းသွားတဲ့ပုံလေးပါ


ဒီကနေ ၀င်လိုက်မယ် မျှားပြထားတဲ့နေရာကို click နှိပ်လိုက်ပါ

ဒီမှာက settings အ၀ိုင်းလေးကနေ click ထောက်လိုက်ပါ
Revert to the old look temporarily ဆိုတာလေးရှိတယ် အဲက နေသွားလိုက်ပါ

ဒါကနောက်တမျိုး သွားရမယ့်ပုံလေးပါ
Revert to the old look temporarily လေးကို click နှိပ်လိုက်ရုံပါပဲ

ကဲဒါကအရင်အတိုင်းပြန်ရသွားတဲ့ ပုံလေးဖြစ်ပါတယ်

သိသူကျော်သွားပေါ့ မသိသေးသူအတွက်ရည်ရွယ်ပြိးတင်လိုက်တာပါ
အားလုံးအဆင်ပြေပါစေ..

Gtalkမှာသေခန်းပြတ်blockနည်း


talk ကနေ မိမိနှင့် အဆင်မပြေသူကို မိမိဘက်က Block သို့ Remove လုပ်လိုက်ရင် မိမိဘက်ကသာ သူ့ကိုမမြင်ရတော့ပေမယ့် မိမိ Block သို့ Remove လုပ်လိုက်တဲ့သူရဲ့ Gtalk မှာတော့ မိမိနာမည်ရှိနေသေးတဲ့အတွက် သူ့ဘက် Chat လို့ရပါသေးတယ်။ ကိုယ့်ဘက်က Block လိုက်တယ်ဆိုပေမယ့် သူ့ရဲ့ Gtalk List မှာ ရှိနေဦးမှာပါ.။ အဲ့ဒီလိုမျိုးတွေ မဖြစ်ရအောင် အပြီးအပိုင် သံယောဇဉ်ဖြတ်မယ်ဆိုရင်တော့ ဒီနည်းလေးအတိုင်းပြုလုပ်လို့ရပါတယ်။

ပထမဦးဆုံး Gmail ကို ဖွင့်ပါး။ ပြီးရင် Contacts ကို ရှာပြီး Click နှိပ်လိုက်ပါ။ အဲ့ဒီအခါ Contacts Box ကျလာရင် မိမိ Delete လုပ်ချင်သော Account ကို ရွေးပြီး အမှန်ခြစ်ကာ Delete contact ကို click နှိပ်လိုက်ပါ။ တကယ်ဖျက်မှာလားလို့မေးတဲ့ Box ကျလာရင် OK ကို နှိပ်လိုက်ပါ။ ဒါဆို မိမိမဆက်သွယ်လိုသူကို အပြီးအပိုင် သံယောဇဉ်ဖြတ်လိုက်လို့ရသွားပါပြီ။ သူ့ရဲ့ Gtalk မှာလည်း မိမိအမည် မရှိတော့သလို သူ့ Gtalk မှာလည်း ကိုယ့်အမည် ကျန်ရှိတော့မည် မဟုတ်တော့ပါ။


တင်ထားသမျှ ခေါင်းစဉ်များ

2Step Verification (5) A+အကြောင်း (1) Activator (9) Adobe CS3 Master Collection (1) Adobe Premiere Pro CS6 အသုံးပြုနည် (1) Adobe Software (12) Android application (1987) Android Game (709) AndroidPhoneဆိုင်ရာ (4) Antivirus (1) Apowersoft ApowerEdit v1.4.7.22 Build 04042019 (1) AVAST! Cleanup Premium 2019 version 19.1 Build 7085 (1) Blog Slider (8) Blogger Button (5) Blogger Comment (17) Blogger Ebooks (1) Blogger Hack (54) Blogger Loading Style (6) Blogger Mouse (1) Blogger Template (44) Blogger Tips (77) Blogger Widget (152) Blogs Html (63) Blogs Post (86) Blogs Tab Menu (53) Blogဆိုင်ရာ (1) Bowser ဆိုင်ရာ (21) Brothers in Arms® 3 v1.4.7c Mod Data [Unlimited Money] (1) Buddha မြန်မာစာတန်းထိုး (53) Burning Software (34) Burning Tools (47) C-Box (10) Canon LBP 6000 Original Driver (1) Canon LBP 6030 Original Driver & Installation Guide (1) CCleaner 5.56.7144 (Business / Professional / Technician) Multilingual Portable (1) CD/DVD ဆိုင်ရာများ (30) Cleanner-Speed (68) Computer Autoplay ပိတ်ထားနည်း (1) Computer Partationခွဲနည်း (1) Computer ဆိုင်ရာ (189) Computerဆိုင်ရာ (33) Converter (73) Desing Card (10) Display အလုပ်မလုပ်သော ပြဿနာဖြေရှင်းနည်းများ (1) Domain (3) Download Manager (42) Drive SnapShot v1.46.0.18213 (1) Driver Software (46) DVD-Cloner Platinum 2019 v16.30 Build 1446 [x86/x64] (1) DVDFab v11.0.2.4 [x86/x64] (1) Easy Translator version 14.0.0 (1) Ebooks (405) Errorဖြေရှင်းနည်း (1) Eset Smart Security 12.1.34.0 (x86/x64) (1) Facebook (152) Folder Lock (17) Fonts များစုစည်းမှု (6) Foxit PhantomPDF (1) Game (47) Game PC (32) Glary Utilities PRO version 5.117.0.142 (1) Gmail-Gtalk (70) GoogleChome &InternetDownloadmananger (1) Hacking (81) How To Download (6) Html (51) Internet Download Manager (18) InternetDownloadmananger(IDM) (1) IP Hider Software (6) Java Script (11) KhineMaster (1) KMS/2038 & Digital & Online Activation Suite v6.9 (1) MAGIX SOUND FORGE Pro 13 v.13.0.0 Build 46 (1) Marquee Technique (14) Media Player (31) MI Play store Apk (1) Microsoft Office (21) Mobile Legends Bang Bang Installer .exe Pc Version (1) Motors ( မော်တာများ )အကြောင်း (1) Movie (95) My Pdf (35) Myanmar Font (9) Myanmar Typing Software (1) MZW Solftware (1) NetGuide Journal (63) Network Software (7) New Blogs (15) Notကာကွယ်ခြင်းနည်း (1) ONEKEY PDF Convert to Word 4.0 REPACK (1) Partition Software (7) Password Recovery Software (1) paypal နှင့် ဆိုင်သော (5) PC GAMES (17) PC recovery (13) PC Software (203) PC Speed Up (32) PC-Clean Software (73) PDF (4) PDF Editor (10) Photo Editor Software (64) PHOTO SHOP (သင်တန်း)သီးသန့် (44) Photo Slideshow (12) photoshop background အလန်းများ (6) photoshop PNG ဖိုင်များရှာရန် (14) Photoshop Software (35) Photoshop ဆိုင်ရာ (51) Player (8) PrinterDriver (2) Programming (16) Pyidaungsu font (1) Read More (9) Recent Posts Widget (23) Recover Software (46) Recovery (33) Refresh and Restoreအကြောင်း (1) Reset (1) SAMSUNG One UI ဖုန်းတွေအတွက် မြန်မာဖောင့် (1) Screen Video Recorder (37) Search Box (6) Security Software (36) Sidebar Widget (71) SkyNet လိုင်းအသစ်ထည့်နည်း (1) SkynetBinfile (1) Slideshow Movie Maker (7) Social Widget (19) SOFTWARE (588) Software For Blogs (17) Software များအသုံးပြုနည်း (2) Softwares တွေအတွက် Serial no (or) Key တောင်းလျှင် ဖြေရှင်းနည်း (1) Speed Up Internet (13) TeamViewer version 14.2.2558.0 (Repack & Portable) (1) TTA Pie Myanmar (1) Unicode ေ​ြေပာင်းနည်း (1) Uninstaller Software (25) Upload (6) USB ဖြင့်ဝင်းဒိုးတင်နည်း (4) USB ကြိုးကနေ Virus မဝင်အောင် ကြိုတင် ကာကွယ်နည်း (1) Usb-Memory (19) Video Converter (29) Video Editing (76) Video Editor (1) Video Recorder (12) Virus ဆိုင်ရာ (86) WannaCry Ransomware ၏ အန္တရာယ် အကြောင်းနှင့် ကာကွယ်နည်း (1) Web Design ရေးဆွဲနည်း (5) Webcam Camera Software (11) Website ရေးနည်း (3) Wifi ဆိုင်ရာ (32) Win Update v1.4 (1) Window-10 ဆိုင်ရာ (2) Window-7 ဆိုင်ရာ (32) Window-xp ဆိုင်ရာ (2) window8ဆိုင်ရာ (19) Windows 10 Factory Reset ချနည်း (1) Windows 10 Backup & Restore လုပ်နည်း (1) Windows 10 ကွန်ပျူတာမှာမြန်မာစာတိကျမှန်စွာထည့်နည်း (1) Windows Activator (18) windows loader များ (10) Windows Manager Software (23) Windows Themes (24) Windows တင်နည်းများ (6) WinRAR 5.70 (Fully) (1) WinRar Full Version (12) WinRAR V3.80 Beta Version (1) WinToBootic နှင့် USB ထဲ Install လုပ်နည်း (7) WinUtilities Professional Edition Tool (1) Wordpress Tips (3) Write-Protected ကို ဖြုတ်နိုင်မယ့်နည်းနှစ်သွယ် (1) Zawgyi နဲ့ Unocode ဘာကွာလဲ (1) ကွန်ပျူတာ User Account Picture အကြောင်းများ (1) ကွန်ပျူတာဆိုင်ရာ (1) ကွန်ပျူတာပတ်ဝပ်ပြောင်းမရအောင်လုပ်နည်း (1) ကွန်ပျူတာရဲ့ Storage က HDD လား? SSD လား? စစ်ဆေးနည်းများ (1) ကွန်ပျူတာဟန်းနေရင်ဖြေရှင်းနည်း (1) ကျွနုပ်နှင့် ပရဟိတအလှူ (9) ကာမသိဒ္ဓိကျမ်း (1) ချက်နည်းပြုတ်နည်း (1) နည်းပညာဆိုင်ရာ (2) နည်းလမ်းများ (6) ပန်ကာပြုပြင်နည်း (1) ဖိုင်ဖြေနည်းများ (8) ဗဟုသုတ (6) ဗားရှင်းအသစ်ထွက်ရှိလာတဲ့ Facebook (နှင့်) Messenger (1) ဘာသာစကား ၉၁ မျိုးထိ ပါဝင်တဲ့ Easy Translator (1) ဘာသာရေးစာအုပ်များ (9) မိမိဆိုက်ကိုကော်ပီကူးမရအောင် ပိတ်ထားနည်း (1) ပြည်ထောင်စု ဖောင့် လက်ကွက် နှင့် စာရိုက်နည်း (1) မြန်မာစာမှန်အောင်လုပ်နည်း (1) မြန်မာဆိုတာ (1) ဝင်းဒိုးကို AOMEISoftware ဖြင့် Backup & Restore လုပ်နည်း (1) သင့် Laptop ကို မြန်ဆန်အောင်လုပ်ပေးမယ့် အချက် ၇ ချက (1) အင်တာဗျူးအစီစဉ် (2) အပျိုလမ်းညွှန် (1) အသံဇာတ်လမ်း (19) အခြေခံကွန်ပျူတာ Pdf (1) ဦးဇာနည်နည်းလမ်းများ (7) ဆော့ဝဲ ပြဿနာဖြေရှင်းနည်း (1) ကြော်ငြာ (13) ဟောပြောပွဲ (15)

မန်ဘာဝင်လို့အားပေးကြပါ