22 Dec 2012

Html ကုဒ်အကြောင်း ( HTML Basic Form or Frame )


HTML မှာ အခြေခံတည်ဆောက်ပုံရှိတယ်၊ HTML ရဲ့ Frame လို့ခေါ်တယ်၊ HTML Document တစ်ခုကိုရေးတိုင်း HTML Frame ကပါကိုပါရမယ်၊ အောက်မှာ အခြေခံ HTML Frame ကိုတည်ဆောက်ပုံကို တဆင့်စီရှင်းပြမယ်၊

ပထမအဆင့်
ဒီအဆင့်မှာတော့ အခုရေးမှာက HTML Document ဖြစ်ကြောင်း ကိုပြောတဲ့ Document type ဆိုတဲ့ Document အမျိုးအစားကို HTML ကို ဘာသာပြန်မယ့် browser ကသိအောင် မိတ်ဆက်မယ်၊ ဒီအတွက်သုံးတဲ့ သင်္ကေသကတော့ <!DOCTYPE html> ပါ၊ <!DOCTYPE html> သင်္ကေသကို သင်ရေးတဲ့ HTML Document တိုင်းရဲ့ ထိပ်ဆုံးမှာထည့်ပေးရပါတယ်၊ ဒါမှ အဲ့ဒီ့ စာမျက်နှာကို ဘာသာပြန်မယ့် web browser က ဘယ်လို Doucment အမျိုးအစားလဲဆိုတာကိုသိပြီး လွယ်လွယ်ကူကူ ဘာသာပြန်နိုင်မယ်၊

ဒုတိယ အဆင့်           
ဒီအဆင့်မှာတော့ အခုက စလို့ HTML ဖိုင်ကိုစရေးပါပီလို့ကြေငြာ ဖို့အတွက် HTML Tags ကိုထည့်ပေးရမယ်၊ အဖွင့်နဲ့ အပိတ် နှစ်ခုရှိတယ်၊ အောက်မှာ ထည့်ပုံကိုကြည့်၊
<!DOCTYPE html>
<html>

</html>
အထက်မှာတော့ အဖွင့်နဲ့ အပိတ် HTML Tags တွေကိုထည့်လိုက်တယ်၊ အပိတ်မှာ forwards slash (ရှေ့ ကိုစောင်းနေတဲ့ မျဉ်းစောင်း ပါတာကို သတိပြုပါ၊)  <html> နဲ့ </html> တို့ကိုတော့ web borwser က HTML ဖိုင်ကို <html> ဆိုတဲ့ နေရာကစပြီး </html> အထိ အားလုံးက HTML ဖိုင်ဖြစ်ပါတယ်လို့ အသိပေးလိုက်တာ၊ နောက်ပိုင်း ရေးသမျှ HTML Tags တွေကော စာသားတွေကောကိုပါ၊ <html> အဖွင့်နဲ့ </html> အပိတ်တို့ကြားမှာရေးရမယ်၊

တတိယ အဆင့်
ဒီအဆင့်မှာတော့  HTML Doucment ရဲ့ ခေါင်းကြီးပိုင်း ကိုသတ်မှတ်မယ်၊ ခေါင်းကြီးပိုင်းဖြစ်တဲ့ heading ရဲ့ ကိုစားပြု HTML tags က  အဖွင့် <head> နဲ့ အပိတ် </head> တို့ပါ၊  သူတို့ကို <html> နဲ့ </html> တို့ကြားထဲမှာထည့်ရေးရတယ်၊ အောက်မှာကြည့်ပါ၊
<!DOCTYPE html>
<html>
<head>
</head>
</html>
အထက်မှာတော့ ခေါင်းကြီးပိုင်း သတ်မှာတဲ့ HTML tags တွေဖြစ်တဲ့ အဖွင့် <head> နဲ့ အပိတ် </head> တို့ကိုရေးပြီးသွားပါပီ၊ သူတို့ သာလျှင်မက အခြား မည်သည့် HTML Tags တွေကိုမဆို <html> နဲ့ </html> တို့ကြားထဲမှာထည့်ရေးရမယ်၊

စတုတ္ထအဆင့်
ဒီအဆင့်မှာတော့ ခေါင်းစဉ်ကိုတပ်မယ်၊ ခေါင်း ကြီးပိုင်းနဲ့ ခေါင်းစဉ်နဲ့ မတူပါဘူး၊  ခေါင်းစဉ် Title တပ်ဖို့အတွက် သုံးရတဲ့ HTML Tags ကတော့ အဖွင့် <title> နဲ့ အပိတ် </title> တို့ပဲဖြစ်ပါတယ်၊ ခေါင်းစဉ် Tags တွေကိုတော့ ခေါင်းကြီးပိုင်း Tags  တွေဖြစ်တဲ့ <html> နဲ့ </html> တို့ရဲ့ ကြားမှာထည့်ရပါတယ်၊ အောက်မှာကြည့်ပါ၊
<!DOCTYPE html>
<html>
<head>
<title>My Web page </title>
</head>
</html>
အထက်က ကုတ်မှာ ခေါင်းစဉ်ဖြစ်တဲ့ My Web Page ကို ခေါင်းစဉ် tags တွေဖြစ်တဲ့ <title> နဲ့ </title> ရဲ့ကြားမှာထည့်ထားတာကိုတွေ့ရမယ်၊ ခေါင်းစဉ် နဲ့ ပတ်သတ်တဲ့ Element ကိုတော့ ခေါင်းကြီးပိုင်း Tags တွေဖြစ်တဲ့ <head> နဲ့ </head> တို့ရဲ့ ကြားမှာ ထားကိုထားရမယ်၊
ပဉ္စမ အဆင့်
ဒီအဆင့်ကတော့ သင်ရဲ့ ၀က်ဆိုက်တစ်ခုလုံးကိုပေါ်စေတဲ့ အပိုင်းပါ၊ သင်မြင်တွေ့နေရတဲ့ ၀က်ဆိုက်မှန်သမျှက ဒီအစိတ်အပိုင်းက နေလာပါတယ်၊ သူ့ကိုတော့ body လို့ခေါ်တယ်၊ သူ့ကိုရေးရာမှာ အသုံးပြုတဲ့ HTML Tags ကတော့ အဖွင့် <body> နဲ့ အပိတ် </body> တို့ပါ၊ သူတို့ကိုတော့ ခေါင်းကြီးပိုင်း       Tag  ရဲ့ အဆုံးဖြစ်တဲ့ </head> ရဲ့ အောက်မှာထည့်ပါတယ်၊ အောက်မှာကြည့်ပါ၊
<!DOCTYPE html>
<html>
<head>
<title>My Web Page </title>
</head>
<body>
</body>
</html>
အထက်က HTML ဖိုင်မှာ <body> နဲ့ </body>  တို့ကို ခေါင်းကြီးပိုင်း Tag အဆုံးဖြစ်တဲ့ </head> ရဲ့နောက်မှာထည့်လိုက်ပါပီ၊ နောက်ပိုင်းသင့် ၀က်ဆိုက်ရဲ့ စာမျက်နှာမှာ ပေါ်လိုသမျှ စာသား ပုံ လင့် ဇယား မှန်သမျှကို အဲ့ဒီ့ <body> အဖွင့်နဲ့ </body> အပိတ်တို့ကြားမှာရေးပါတယ်၊
အထက်က ကုတ်တွေရဲ့ အဖွင့် <body> နဲ့ အပိတ် </body> တို့ကြားမှာ စာတစ်ကြောင်းလောက်ထည့်လိုက်မယ်၊ ထည့်မယ့်စာကြောင်းကို Paragraph စာပိုဒ် အနေနဲ့ထည့်မယ်၊ အောက်မှာကြည့်ပါ၊
<!DOCTYPE html>
<html>
<head>
<title>My Web Page </title>
</head>
<body>
<p> Howddy Buddy! This is my Site </p>
</body>
</html>
အထက်က  HTML Document ကို Run လိုက်ရင်အောက်ပါအတိုင်းစာမျက်နှာကိုရေရှိပါမယ်၊

အထက်က ပုံကတော့ ရေးခဲ့တဲ့ ကုတ်တွေကို Run လိုက်ရင်ရမယ့် Web page ပါ၊ (ပုံကတော့ သေးအောင်ချုံ့ထားတာ)၊ အစိမ်းရောင် မြားပြထားတဲ့ နေရာကတော့ သင်ကုတ်တွေရေးတုံးက ခေါင်းစဉ်နေရာမှာ <title>My Web page</title> လို့ရေးခဲ့တဲ့အပိုင်းကို ကိုစားပြုတဲ့ ခေါင်းစဉ်စာသားပါ၊ Web browser က ဘာသာပြန်ပြီးခေါင်းစဉ်ရှိရမယ့် နေရာဖြစ်တဲ့ မြားစိမ်းပြထားတဲ့ နေရာကိုပို့လိုက်တာ။ ဒီတော့ အဖွင့် <title> နဲ့ အပိတ် </title> တို့ကြားမှာ ဘာရေးရေး တကယ့် ၀က်ဆိုက်မှာ ဖွင့်ကြည့်ရင် အဲ့ဒီ့ရေးထားတဲ့ စာသားတွေပေါ်မယ့်နေရာက အစိမ်းရောင်မြားပြထားတဲ့နေရာပါ၊
အနီရောမြားပြထားတဲ့နေရာကတော့ သင့်ဝက်ဆိုက် ရဲ့နာမည်ပေါ်မယ့်နေရာပါ၊ ဥပမာ 72coder.com က သင့်ဝက်ဆိုက်နာမည်ဆိုရင် အဲ့ဒီ့ အနီရောင်မြားပြထားတဲ့နေရာမှာ 72coder.com လို့ပေါ်နေမယ်၊ အခုတော့ ကွန်ပြူတာထဲမှာပဲ Run ထားတဲ့ အတွက် ကွန်ပြူတာထဲရှိ HTML Document သိမ်းထားတဲ့နေရာကိုပဲပြနေပါတယ်၊
အနက်ရောင်မြားပြထားတဲ့ နေရာ (အဲ့ဒီ့အဖြူရောင်မျက်နှာပြင်တစ်ခုလုံး) ကတော့ သင် HTML Frame ကိုရေးတုန်းက အဖွင့် <body> နဲ့ အပိတ် <body> ကြားမှာ ရေးခဲ့တဲ့ Howddy Buddy! This is my site ဆိုတဲ့စာသားပေါ်နေမယ့်နေရာပါ၊ သင် အဖွင့် <body> နဲ့ အပိတ် </body> တို့ကြားထဲမှာဘာပဲရေးရေး အဲ့ဒီ့ မြားအနက်ရှိတဲ့ အဖြူရောင်မျက်နှာပြင်မှာပေါ်မှာပါ၊
ဒီသင်ခန်းစာကိုသေချာနားလည်အောင် လေ့လာပါ
                                                                  ref: http://www.72coder.com/

အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..

<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
 
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။
လယ်တီမြေသား www.ledimyethar.com
ဘလော့ခရီးသည် http://aungsanmks.blogspot.com/
ဓမ္မနှင့်စာပေနန်းတော် http://ninilayy.blogspot.com/

0 comments:

တင်ထားသမျှ ခေါင်းစဉ်များ

2Step Verification (5) A+အကြောင်း (1) Activator (9) Adobe CS3 Master Collection (1) Adobe Premiere Pro CS6 အသုံးပြုနည် (1) Adobe Software (12) Android application (1987) Android Game (710) AndroidPhoneဆိုင်ရာ (4) Antivirus (1) Apowersoft ApowerEdit v1.4.7.22 Build 04042019 (1) AVAST! Cleanup Premium 2019 version 19.1 Build 7085 (1) Blog Slider (8) Blogger Button (5) Blogger Comment (17) Blogger Ebooks (1) Blogger Hack (54) Blogger Loading Style (6) Blogger Mouse (1) Blogger Template (44) Blogger Tips (77) Blogger Widget (152) Blogs Html (63) Blogs Post (86) Blogs Tab Menu (53) Blogဆိုင်ရာ (1) Bowser ဆိုင်ရာ (21) Brothers in Arms® 3 v1.4.7c Mod Data [Unlimited Money] (1) Buddha မြန်မာစာတန်းထိုး (53) Burning Software (34) Burning Tools (47) C-Box (10) Canon LBP 6000 Original Driver (1) Canon LBP 6030 Original Driver & Installation Guide (1) CCleaner 5.56.7144 (Business / Professional / Technician) Multilingual Portable (1) CD/DVD ဆိုင်ရာများ (30) Cleanner-Speed (68) Computer Autoplay ပိတ်ထားနည်း (1) Computer Partationခွဲနည်း (1) Computer ဆိုင်ရာ (189) Computerဆိုင်ရာ (33) Converter (73) Desing Card (10) Display အလုပ်မလုပ်သော ပြဿနာဖြေရှင်းနည်းများ (1) Domain (3) Download Manager (42) Drive SnapShot v1.46.0.18213 (1) Driver Software (46) DVD-Cloner Platinum 2019 v16.30 Build 1446 [x86/x64] (1) DVDFab v11.0.2.4 [x86/x64] (1) Easy Translator version 14.0.0 (1) Ebooks (405) Errorဖြေရှင်းနည်း (1) Eset Smart Security 12.1.34.0 (x86/x64) (1) Facebook (152) Folder Lock (17) Fonts များစုစည်းမှု (6) Foxit PhantomPDF (1) Game (47) Game PC (32) Glary Utilities PRO version 5.117.0.142 (1) Gmail-Gtalk (70) GoogleChome &InternetDownloadmananger (1) Hacking (81) How To Download (6) Html (51) Internet Download Manager (18) InternetDownloadmananger(IDM) (1) IP Hider Software (6) Java Script (11) KhineMaster (1) KMS/2038 & Digital & Online Activation Suite v6.9 (1) MAGIX SOUND FORGE Pro 13 v.13.0.0 Build 46 (1) Marquee Technique (14) Media Player (31) MI Play store Apk (1) Microsoft Office (21) Mobile Legends Bang Bang Installer .exe Pc Version (1) Motors ( မော်တာများ )အကြောင်း (1) Movie (95) My Pdf (35) Myanmar Font (9) Myanmar Typing Software (1) MZW Solftware (1) NetGuide Journal (63) Network Software (7) New Blogs (15) Notကာကွယ်ခြင်းနည်း (1) ONEKEY PDF Convert to Word 4.0 REPACK (1) Partition Software (7) Password Recovery Software (1) paypal နှင့် ဆိုင်သော (5) PC GAMES (17) PC recovery (13) PC Software (203) PC Speed Up (32) PC-Clean Software (73) PDF (4) PDF Editor (10) Photo Editor Software (65) PHOTO SHOP (သင်တန်း)သီးသန့် (44) Photo Slideshow (12) photoshop background အလန်းများ (6) photoshop PNG ဖိုင်များရှာရန် (14) Photoshop Software (36) Photoshop ဆိုင်ရာ (51) Player (8) PrinterDriver (2) Programming (16) Pyidaungsu font (1) Read More (9) Recent Posts Widget (23) Recover Software (46) Recovery (33) Refresh and Restoreအကြောင်း (1) Reset (1) SAMSUNG One UI ဖုန်းတွေအတွက် မြန်မာဖောင့် (1) Screen Video Recorder (37) Search Box (6) Security Software (36) Sidebar Widget (71) SkyNet လိုင်းအသစ်ထည့်နည်း (1) SkynetBinfile (1) Slideshow Movie Maker (7) Social Widget (19) SOFTWARE (588) Software For Blogs (17) Software များအသုံးပြုနည်း (2) Softwares တွေအတွက် Serial no (or) Key တောင်းလျှင် ဖြေရှင်းနည်း (1) Speed Up Internet (13) TeamViewer version 14.2.2558.0 (Repack & Portable) (1) TTA Pie Myanmar (1) Unicode ေ​ြေပာင်းနည်း (1) Uninstaller Software (25) Upload (6) USB ဖြင့်ဝင်းဒိုးတင်နည်း (4) USB ကြိုးကနေ Virus မဝင်အောင် ကြိုတင် ကာကွယ်နည်း (1) Usb-Memory (19) Video Converter (29) Video Editing (76) Video Editor (1) Video Recorder (12) Virus ဆိုင်ရာ (86) WannaCry Ransomware ၏ အန္တရာယ် အကြောင်းနှင့် ကာကွယ်နည်း (1) Web Design ရေးဆွဲနည်း (5) Webcam Camera Software (11) Website ရေးနည်း (3) Wifi ဆိုင်ရာ (32) Win Update v1.4 (1) Window-10 ဆိုင်ရာ (2) Window-7 ဆိုင်ရာ (32) Window-xp ဆိုင်ရာ (2) window8ဆိုင်ရာ (19) Windows 10 Factory Reset ချနည်း (1) Windows 10 Backup & Restore လုပ်နည်း (1) Windows 10 ကွန်ပျူတာမှာမြန်မာစာတိကျမှန်စွာထည့်နည်း (1) Windows Activator (18) windows loader များ (10) Windows Manager Software (23) Windows Themes (24) Windows တင်နည်းများ (6) WinRAR 5.70 (Fully) (1) WinRar Full Version (12) WinRAR V3.80 Beta Version (1) WinToBootic နှင့် USB ထဲ Install လုပ်နည်း (7) WinUtilities Professional Edition Tool (1) Wordpress Tips (3) Write-Protected ကို ဖြုတ်နိုင်မယ့်နည်းနှစ်သွယ် (1) Zawgyi နဲ့ Unocode ဘာကွာလဲ (1) ကွန်ပျူတာ User Account Picture အကြောင်းများ (1) ကွန်ပျူတာဆိုင်ရာ (1) ကွန်ပျူတာပတ်ဝပ်ပြောင်းမရအောင်လုပ်နည်း (1) ကွန်ပျူတာရဲ့ Storage က HDD လား? SSD လား? စစ်ဆေးနည်းများ (1) ကွန်ပျူတာဟန်းနေရင်ဖြေရှင်းနည်း (1) ကျွနုပ်နှင့် ပရဟိတအလှူ (9) ကာမသိဒ္ဓိကျမ်း (1) ချက်နည်းပြုတ်နည်း (1) နည်းပညာဆိုင်ရာ (2) နည်းလမ်းများ (6) ပန်ကာပြုပြင်နည်း (1) ဖိုင်ဖြေနည်းများ (8) ဗဟုသုတ (6) ဗားရှင်းအသစ်ထွက်ရှိလာတဲ့ Facebook (နှင့်) Messenger (1) ဘာသာစကား ၉၁ မျိုးထိ ပါဝင်တဲ့ Easy Translator (1) ဘာသာရေးစာအုပ်များ (9) မိမိဆိုက်ကိုကော်ပီကူးမရအောင် ပိတ်ထားနည်း (1) ပြည်ထောင်စု ဖောင့် လက်ကွက် နှင့် စာရိုက်နည်း (1) မြန်မာစာမှန်အောင်လုပ်နည်း (1) မြန်မာဆိုတာ (1) ဝင်းဒိုးကို AOMEISoftware ဖြင့် Backup & Restore လုပ်နည်း (1) သင့် Laptop ကို မြန်ဆန်အောင်လုပ်ပေးမယ့် အချက် ၇ ချက (1) အင်တာဗျူးအစီစဉ် (2) အပျိုလမ်းညွှန် (1) အသံဇာတ်လမ်း (19) အခြေခံကွန်ပျူတာ Pdf (1) ဦးဇာနည်နည်းလမ်းများ (7) ဆော့ဝဲ ပြဿနာဖြေရှင်းနည်း (1) ကြော်ငြာ (13) ဟောပြောပွဲ (15)

မန်ဘာဝင်လို့အားပေးကြပါ