ဒီနည်းကတော့ သိတဲ့သူတော်တော်များပါတယ်ခင်ဗျာ ခုမသိသေးတဲ့သူငယ်ချင်းများအတွက် တင်ပေးလိုက်တာပါ။ မနက်က ကွန်ပျူတာသုံးဒါ အကောင်းကြီးရှိသေးတယ် ညကျဖွင့်တော့ error ဒါတတ်ပြီး window ပြန်တင်ရမှာက ကြာတယ်လေ system image လည်းရိုက်မထားတော့ ပိုစိတ်ညစ်သွားရမှာလေ အမြန်ဆုံး
အကောင်းအနေအထားလေးကို ပြန်ခေါ်လို့ရမဲ့နည်းလမ်းလေးပါ။ လေတွေရှည်မနေတော့ပါဘူး စလိုက်ကြမယ်နော်။start ကိုနှိပ် All Programs ထဲက Accessories >> System Tools >> System Restore ကိုနှိပ်လိုက်ပါ့မယ်။
ပြီးရင် next ပေါ့။
Computer က auto ပေးထားတဲ့ရက်စွဲတွေကို မကြိုက်လို့ ထပ်ရွှေးခြယ် ချင်တယ် ဆိုရင်တော့ ဘယ်အောက်ခြေနားမှာရှိတဲ့ show more restore points ဆိုတာလေးကို ရွှေးပြီး ရက်စွဲအလိုက် မိမိကွန်ပျူတာက အကောင်းအခြေအနေမှာ ရှိတဲ့ရက်စွဲလေးကို ရွေးပြီး next နှိပ်လိုက်ပါ။
finish သာနှိပ်လိုက်ပါ။
သူ့အလိုလို restore ပြန်လုပ်ပါလိမ့်မယ် ကွန်ပျူတာ restart ကျပါ့မယ် ပြန်တတ်လာရင်လည်း လိုအပ်တဲ့ဖိုင်တွေ အလိုလို အင်စတောပြန်လုပ်ပြီး ပြီးသွားပါပြီဖြစ်လို့ စိတ်ချလက်ချအသုံးပြုလို့ရပါပြီခင်ဗျာ။
သူငယ်ချင်းအားလုံးကို အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။
0 comments:
Post a Comment