သိရှိပြီးသားသူတွေအတွက်ပါဝူးနော်...မသိရှိသေးသောသူများအတွက်ပါ
ကျွှန်တော်ပိုစ်မတင်တာလဲကြာသွားပါပြီ
ဆိုဒ်တွေထဲမွှေနှောက်ရင်းကြိုက်တာလေးတွေ့လာလို့မျှဝေပေးတာပါ
Windows on/off မှာ မိမိနှစ်သက်ရာ သီချင်းလေးတွေနဲ့ ဖွင့်ချင် ပိတ်ချင်ရင်
Windows 7 On /Off မှာ မိမိတို့ နေ့စဉ်ကြားနေကျ အသံလေးတွေ ရိုးအီနေပြီလား။ ဒါဆိုရင်တော့ မိမိကြိုက်နှစ်သက်ရာ သီချင်းသံတွေနဲ့ အစားထိုး ပြောင်းလဲလို့ရပါတယ်။ ပြောင်းပုံ ပြောင်းနည်းလေးကလည်း လွယ်ပါတယ်။ လုပ်ကြည့်ကြရအောင် …အားလုံးအဆင်ပြေအောင်လို့
အတတ်နိုင်ဆုံးပြုလုပ်ပုံလေးတွေကိုပုံလေးတွေနဲ့ရှင်းပြပေးထားပါတယ်...ပျော်ရွှင်ကြပါစေနော်
၁။ Run Box (windows + R) ကိုဖွင့်ပါ။
၂။ Run Box ထဲမှာ mmsys.cpl ကို ရိုက်ထည့်ပြီး OK သို့မဟုတ် Enter ခေါက်ပါ။
၃။ ကျလာတဲ့ Box ထဲက Sounds ကို ကလစ်ပါ။
၎။ ထို Box ထဲကမှ Sound Scheme: အောက်မှာ Windows Default ကို ရွေးပါ။
၅။ တစ်ဆက်တည်း Program Events: အောက်မှာ Windows Logon / Windows Logoff ကို ရွေးချယ် (Select) ပေးပါ။ (ဒီနေရာမှာ မိမိ ပြင်ဆင်လိုသော အခြားအသံပိုင်းဆိုင်ရာများကိုလည်း ရွေးချယ်နိုင်ပါတယ်)
၆။ Browse နေရာကနေ မိမိပြောင်းလဲလိုသော သီချင်း သံစဉ်များကို ထည့်ပါ။ (မိမိအသုံးပြုသောသီချင်း မှန်မမှန် Play Buttom (Test) နေရာကို ကလစ်၍ ပြန်လည် စစ်ဆေးနိုင်ပါတယ်)
၇။ Apply – Ok လုပ်ပါ။
၈။ ပြီးစီးပြီဆိုရင် Restart ချကြည့်လိုက်ပါ။ Windows Off သို့မဟုတ် Windows On တွင် သင်အသုံးပြုလိုက်သော သီချင်းသံလေး ကြားရပါလိမ့်မယ်။
ပုံလေးတွေနဲ့တစ်ကွ တင်ပေးထားတဲ့အတွက် လုပ်ရတာ လွယ်ကူမှာပါ။ တစ်ခုတော့ ရှိပါတယ်။ ကိုယ်အသုံးပြုတဲ့ သီချင်းဟာ wav Format ဖြစ်ရပါမယ်။ MP3 , AAC , AMR , MMf , M4A , M4R စတဲ့ အသံဖိုင်တွေတော့ အသုံးပြုလို့ ရမှာမဟုတ်ပါဘူး။ ကိုယ့်မှာ wav အသံဖိုင်မရှိဘူးဆိုရင် Format Factory လို Converter တစ်ခုခုနဲ့ ပြောင်းလဲနိုင်ပါတယ်။ကိုကို..မမ..ညီငယ်..ညီမငယ်တို့စက်ထဲမှာလဲ
Conveter တစ်ခုခုတော့ရှိနေမယ်လို့မျော်လင့်မိပါတယ်..အဲ့ဒါကြောင့်မတင်ပေးတော့ပါဘူးနော်
အကယ်လို့များလိုချင်ပါတယ်ဆိုရင်ဖြင့်..ကွန်မန့်မှာတောင်းဆိုနိုင်ပါတယ်။
ကဲ … ကလိတာမှ ဝါသနာပါတယ်ဆိုတဲ့သူတွေ ကလိကြရအောင်လားဗျာ
အားလုံးပဲ အဆင်ပြေကြပါစေ... လွမ်းဦးမောင်(မြောင်းမြသားလေး)
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.aungsanmks.blogspot.com
www.ledimyethar.com
www.ninilayy.com
1 comments:
အစ်ကို ကျွန်တော့်မှာ ဝင်းဒိုးအသစ်တင်ထားတာပါ။ format factory မရှိသေးပါဘူး။ ကျွန်တော်လိုချင်ပါတယ်။ အစ်ကို ဘလော့က နည်းပညာ တွေနဲ. ဆော့ဝဲတွေကို ယူနေပါတယ်။ အစ်ကို့ ဘလော့ကို တွေ.တာ မကြာသေးပါဘူး။ ကျွန်တော်က အွန်လိုင်း အတွေ့ အကြုံ နဲ့ ပတ်သတ်ပြီးတော့ ဘာမှ မသိတဲ့ လူသစ်တစ်ယောက်ပါ။ကျမ်းမာ၊ ချမ်းသာ ပါစေ။ ကျေးဇူးတင်ပါတယ။်
Post a Comment