ကွန်ပျူတာတစ်လုံးကို ဦးနှောက်များများနဲ့ အလုပ်လုပ်ခိုင်းချင်ရင်တော့ ဒီနည်းလေးနဲ့ ပြောင်းပေးလိုက်ပါ..။ ကွန်ပျူတာဟာ ဦးနှောက်များများနဲ့ အလုပ်လုပ်ရတဲ့အတွက် စက်ကို ပိုမိုမြန်ဆန်စေပါတယ်..။
တချို့စက်တွေမှာ ဦးနှောက်နှစ်လုံး၊ ဦးနှောက်လေးလုံး ပါကြပေမယ့် တချို့စက်တွေမှာတော့ ဦးနှောက်တစ်လုံးပဲ ပါပါတယ်..။ မိမိကွန်ပျူတာမှာ ရှိသလောက်ကိုပဲ ယူလို့ရမှာဖြစ်ပါတယ်..။ နောက်ထပ် အပိုထည့်ချင်လို့တော့ မဖြစ်နိုင်ပါဘူး...။ လုပ်နည်းလေးကတော့ အောက်ကပုံလေးတွေ အတိုင်းပါပဲ..။ windows + R နဲ့ အရင်ဆုံး Run Box ကို ဖွင့်ရပါမယ်..။ msconfig စာသားကို ရိုက်ထည့်ပါ.. ပြီးရင် OK နှိပ်ပါ.. ဒါမှမဟုတ် Enter ခေါက်ပါ..။ ပေါ်လာမယ့် ဘောက်စ်ထဲမှာ အောက်ကပုံလေးတွေအတိုင်း ဆက်လုပ်ပေးလိုက်ပါ..။ပုံလေးကိုသေခြာ ကြည့် လိုက်ပါ နံပါတ်စဉ်တိုင်း သွားရမှာ ဖြစ်ပါတယ်... အလွယ်လေးပါနော်...
(၁) ကွန်ပျူတာကနေ Window + R ကိုကလစ်လိုက်ပါ run box ခေါ်တာပေါ့နော်... ဘောက်လေးကျလာတာနဲ့ ဘောက်ထဲမှာ msconfig ဆိုပြီးထည့် အိုကေပါ။
(၂) ဇယားတစ်ခုကျလာမယ်... ကျလာတဲ့ ဇယား ရဲ့ အပေါ်က Boot ဆိုတာကိုကလစ်လိုက်ပါ
အဲမှာ အောက်နားက Advance Option ဆိုတာကို ဆက်ကလစ်လိုက်ပါ... ဘောက်တခုကျမယ်..
(၃) ကျလာတဲ့ဘောက်လေးထဲက Number of Processes ကို အမှန်ခြစ်ပေးပါ...သူ့မှာ ပါတဲ့ နံပါတ်တွေကို ကလစ်ကြည့်ပါ ၁...၂...၃...၄.. စသဖြင့်ပါမယ်.. အများဆုံးပါတဲ့ နံပါတ်ကို ထားလိုက်ပါ။
(၄) ok ပေးလိုက်ပါတော့... အိုကေ ပြီးးတာနဲ့ နောက်ဆုံးးအေနနဲ့...
(၅) Apply ကိုကလစ်ပါ နောက် ok ကလစ်လိုက်ပါ ဒါဆို ပြီးဆီးအောင်မြင်ပါပြီ
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. လိုခြင်တာကို ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
0 comments:
Post a Comment