19 Jul 2013

Windows 7 မှ Drivers များကို Windows 8 မှာ မဝင်၊ ဝင်အောင် Driver Force ရိုက်ထည့်နည်း


30 Dec 12, 01:12 AM
thannaing: ကိုလွင်မင်းဗိုလ်ရေ အကုညီ တခုလောာက်တောင်းချင်လို့ပါ ကျွန်တော့်စက်မှာ ဝင်ဒိုး8တင်လိုက်တာ မြန်မာစာတွေလည်း ပြောင်းတိပြောင်းပြန်တွေ ပေါ်နေတယ် အင်တာနက်လည်း သုံးလို့မရေတော့ဘုး သီချင်းလည်း နာထောင်လိုမ၇တော့ဘူး driver့
30 Dec 12, 01:17 AM
thannaing: driver ခွေထည်းပြီး အင်စတောလုပ်တော့လည်း ဝင်းဒိုး၈ကို မရဘူး ဝင်းဒိုး၇ဘဲရတယ် ပြောပြီးအင်စတော လုပ်လို့မရဖြစ်နေတယ် အစ်ကို အဲဒါ ဘယ်လိုလုပ်ရလဲဆိုတာ ကျေးဇူးပြုပြီးဖြေပေးပါအုံးနော် ကျေးဇူးအထူးတင်လျှက်ပါ
30 Dec 12, 10:52 AM
လွင်မင်းဗိုလ်: မြန်မာစာတွေ ပြောင်းပြန်ဖြစ်တယ် ဆိုတာကတော့ W8မှာ မြန်မာစာဖေါင့်ပါပြီးသားမို့ Zawgyi-One ထည့်ပြီး ဖေါင့်ပြောင်းပေးမှသာ မြန်မာစာအမှန်ပေါ်မှာပါ.။ အားလုံးပဲအဆင်ပြေကြပါစေ.
ဒီနည်းလေးက Windows Vista ခေတ်က စက်တွေကို Windows 7 ပြောင်းတင်ပေးတဲ့ အခါမှာ အတော်လေး အသုံးဝင်ခဲ့တဲ့ နည်းလေးပါ..။ အခု Windows 7 တင်ထားတဲ့ စက်တွေကို Windows 8 ပြောင်းတင်တဲ့အခါမှာလည်း ဒီနည်းနဲ့ပဲ အဆင်ပြေတာ များပါတယ်..။ တချို့စက်တွေမှာတော့ မရတတ်ပါဘူး..။ Driver Backup လုပ်ထားတဲ့ ဖိုင်ပေါ်မှာ မူတည်ပြီး လိုအပ်တဲ့ Drivers ကို Force ရိုက်ထည့်တဲ့အခါ Install ဝင်တဲ့အခါ ရှိသလို encountered a problem installing စာသားမျိုးနဲ့ မရတဲ့အခါလည်း ရှိခဲ့ပါတယ်..။ အဲ့လိုမျိုး Force ရိုက်ထည့်လို့မှ မရရင်တော့ Fresh ဖြစ်တဲ့ Drivers တွေကို မူရင်းဝဘ်ဆိုဒ်တွေမှာ သွားပြန်ဒေါင်းယူပြီး Install ထည့်လိုက်ရင်တော့ ရသွားပါတယ်..။ Windows 7 ရဲ့ Drivers တွေကို Windows 8 မှာလည်း အသုံးပြုလို့ ရတာမို့.. အောက်မှာပြထားတဲ့ ပုံလေးတွေက ကျနော့်သူငယ်ချင်းစက်ကို Windows 8 Pro တင်ပေးပြီးတဲ့အခါ VGA Graphic Driver လိုနေလို့.. Windows 7 မှ Drivers Backup လုပ်ထားတဲ့ ဖိုင်ထဲကနေ ရိုးရိုး Install နဲ့ မဝင်လို့ Force ရိုက်ပြီးထည့်ထားတဲ့ ပုံလေးတွေပါ..။ အရင်စက်တလုံးမှာ တင်ပေးခဲ့တဲ့ Windows 8 Enterprise ဗါးရှင်းမှာတော့ Drivers တွေ မပျောက်ပဲ အားလုံးပုံမှန် အလုပ်လုပ်ပါတယ်..။ အခု Windows 8 Pro ဗါးရှင်းမှာတော့ VGA Graphic တခုပျောက်သွားလို့ ဒီ Force ရိုက်နည်းနဲ့ ထည့်မှ အဆင်ပြေသွားပါတယ်..။ ဒီလို Windows 7 မှ Drivers တွေ Windows 8 မှာ Install ထည့်လို့ အဆင်မပြေသေးတဲ့သူများ ဒီအောက်က ပုံလေးတွေနဲ့ စာတွေပါ သေချာလေ့လာပြီး လုပ်ပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်..။ လိုအပ်တဲ့သူများ အောက်မှာ ဆက်ကြည့်လိုက်ပါဗျာ..။
အရင်ဆုံး ဒီအောက်မှာ ပြထားတဲ့ ပုံကတော့ VGA Graphic Driver ပျောက်နေလို့ Sleep မပေါ်တာပါ..။  ဒီလိုအပ်နေတဲ့ Driver ကို Windows 7 မှာ Driver Backup လုပ်ထားတဲ့ ဖိုင်ထဲကနေ အခု Windows 8 ထဲကို Force ရိုက်ပြီး ပြန်ထည့်မှာပါ..။ ဒီပုံက Windows 7 ကပုံမဟုတ်ပါဘူး..။ Windows 8 မှာ Start Menu ပေါ်အောင်လို့ အရင်လက တင်ပေးခဲ့တဲ့ KJ - Windows 8 Activator ထဲက Start Menu ဆော့ဝဲလ်နဲ့ လုပ်ထားတာပါ..။

ကျနော် အောက်ကပုံအတိုင်း Windows 7 မှာ သွားနည်းအတိုင်း Manage ကနေ Driver တွေရှိတဲ့နေရာကို ဝင်လိုက်ပါတယ်..။ windows 8 မှာ Windows 7 Start Menu ထည့်မထားတဲ့သူများကတော့ အောက်ကဒုတိယပုံအတိုင်း ဝင်သွားလိုက်ပါ..။



Computer Management ထဲကို ရောက်ရင် အောက်ကပုံအတိုင်း မိမိတို့စက်ရဲ့ Drivers တွေ လိုအပ်တဲ့ နေရာကို သွားပြီး အောက်ကပုံအတိုင်း Right Click ထောက်ပြီး Update Driver Software နေရာကို ကလစ်လိုက်ပါ..။


အောက်ကပုံတွေအတိုင်း ဆက်နှိပ်သွားလိုက်ပါ..။ ဒါက ရိုးရိုး Install ထည့်ပြထားတာပါ..။ ရိုးရိုးထည့်တာ မဝင်လို့ အောက်ဆုံးက ပုံတွေမှာ Force ရိုက်ပြီး ပြန်ထည့်ပြထားပါတယ်..။


Browse ကနေ Driver Backup လုပ်ထားတဲ့ ဖိုင်ထဲကို ဝင်လို့ရအောင် ညွှန်ပြပေးလိုက်ပါ..။ ပြီးရင်တော့ Next ကိုနှိပ်ပါ..။



အပေါ်က ပုံကတော့ ရိုးရိုးထည့်တာ မရလို့ encountered a problem installing စာသားနဲ့ ဖေါ်ပြလာပါတယ်..။ အဲ့ဒီတော့ ကျနော်တို့ နောက်ပြန်ဆုတ်ပြီး အောက်ကပုံအတိုင်း Force ရိုက်ထည့်ဖို့ အတွက် ဆက်လုပ်ပါတယ်..။




အပေါ်ပုံ Have Disk >> Browse ကနေ ဝင်ပြီး ကျနော်သိမ်းထားတဲ့ Driver Backup ဖိုင်ရှိတဲ့ထဲမှ ဒီလိုအပ်နေတဲ့ Driver ကို အောက်ကပုံလေးတွေအတိုင်း တဆင့်ချင်းစီ ဝင်ပြီး သူပြထားတဲ့ ဖိုင်လေးကို ဝင်ရွေးပေးလိုက်ပါ..။ ဒီနေရာမှာ တခုရှိတာက မိမိတို့စက်ရဲ့ လိုအပ်နေတဲ့ Driver နာမည်ကို သေချာသိဖို့တော့ လိုပါတယ်.. ဒီပုံမှာဆိုရင် ကျနော်လိုနေတာက VGA Graphic Driver ဖြစ်တဲ့အတွက် Display ဖိုင်ထဲမှာ ဝင်ယူပါတယ်..။ တကယ်လို့ မိမိတို့ လိုအပ်တဲ့ Driver က Bluetooth အတွက်ဆိုရင် Bluetooth ဆိုတဲ့ ဖိုင်ထဲမှာ ဝင်ယူပါ..။ ဝါယာလက်စ် အတွက်ဆိုရင် Net ဆိုတဲ့ဖိုင်ထဲမှာ ရှိပါတယ်..။ ဒါကြောင့်မို့ မိမိတို့စက်ရဲ့ လိုအပ်တဲ့ Driver ကို ဘယ်ဖိုင်ထဲမှာ ဝင်ယူရမယ်ဆိုတာ သိထားဖို့အတွက် ဒီနေရာမှာ ဖေါ်ပြပေးလိုက်တာပါ..။ ဆက်ကြည့်ပါဗျာ..


အပေါ်ပုံနဲ့ အောက်ပုံအတိုင်း .inf ဆိုတဲ့ ဖိုင်နာမည်လေးက File name နေရာမှာ ပေါ်နေပါလိမ့်မယ်..။ ကျနော်က Display ဖိုင်ထဲကနေ ဒီ .inf ဖိုင်လေးကို ဝင်ယူရမှာပါ..။ များသောအားဖြင့် တခုပဲ ပေါ်တတ်ပါတယ်..။ တချို့စက်တွေမှာ ၂ခု၊၃ခု ပေါ်ခဲ့ရင်တော့ တခုချင်းစီ အလှည့်ကျ လိုက်ရွေးပေးလိုက်ပါ..။ ဆိုလိုတာက ၃ခုပေါ်ခဲ့ရင် အပေါ်ဆုံးတခုကနေ စပြီး အရင်ယူထည့်ကြည့်ပါ..။ မရရင် ဒုတိယတခု ထပ်ယူပြီးထည့်ပါ..။ မရသေးရင် တတိယ တခု ထပ်ယူထည့်ပါ..။ အဲ့လိုမျိုးကို ဆိုလိုတာပါ..။ ဒီမှာတော့ ဖိုင်လေး တခုပဲ ပေါ်တဲ့ အတွက် အဲ့ဒီတခုကိုပဲ ကလစ်ပြီး ယူထည့်ပေးလိုက်ပါတယ်..။ အောက်ကပုံအတိုင်းပါ..။


မိမိကလစ်လိုက်တဲ့ ဖိုင်လေးက အပေါ်ပုံအတိုင်း File name နေရာမှာ ဝင်သွားပြီဆိုမှ Open >> OK ဆက်နှိပ်ပေးပါ..။



အပေါ်ပုံအတိုင်း Next ပေးလိုက်ရင်တော့ အောက်ကပုံအတိုင်း Installing လုပ်ပါလိမ့်မယ်..။ ခဏစောင့်နေပေးလိုက်ပါ..။


အောက်ကပုံအတိုင်း Successfully ဆိုရင်တော့ Close ပေးလိုက်ပါ.. ပြီးရင်ပေါ်လာတဲ့ ဘောက်စ်ထဲမှာ ဆက်ပြီး Yes ပေးလိုက်ပါ..။ စက်ပိတ်ပြီး ပြန်ပွင့်လာရင်တော့ ကျနော် Force ရိုက်ထည့်လိုက်တဲ့ VGA Graphic Driver အောင်မြင်စွာနဲ့ စက်ထဲ Install ဝင်သွားပါပြီ..။


စက်ပြန်တက်လာရင်တော့ ဂရပ်ဖစ် Driver ဝင်သွားလို့ အလုပ်လုပ်နေပြီ ဖြစ်တဲ့အတွက် အောက်မှာ ပြထားတဲ့ ပုံလေးအတိုင်း Sleep စာသားလေး ပေါ်လာပါပြီ..။ ဂရပ်ဖစ် ဝင်သွားတဲ့ အတွက် ဂိမ်းတွေလည်း ကစားလို့ ရသလို၊ Desktop မှာ ပုံမှန်မဖြစ်သေးတဲ့ Icon တွေလည်း ပုံမှန်ပြန်ဖြစ်သွားပါပြီ..။ 


အပေါ်က အောက်ဆုံးပုံအတိုင်း Drivers တွေရှိတဲ့ နေရာ သွားပြန်ဝင်ကြည့်လိုက်ရင်တော့ Drivers တွေအစုံ ဝင်သွားပြီဖြစ်လို့ အဝါချောင်းလေးတွေလည်း မရှိတော့ပါဘူး..။ Display နေရာက ဂရပ်ဖစ်လည်း ပုံမှန်ပြန်ဖြစ်သွားပြီမို့ မူရင်း Driver နာမည်လေးပါ ပြန်ပေါ်လာပါပြီ..။ Drivers တွေ Force ရိုက်ထည့်နည်းကို ဒီပိုစ့်လေးနဲ့ အတူ အားလုံးပဲ လုပ်တတ်လောက်ပါပြီ..။ အားလုံးပဲ အဆင်ပြေကြပါစေ..။
လွင်မင်းဗိုလ်မှ

အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. လိုခြင်တာကို ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.herostown.blogspot.com 
www.ledimyethar.com 
www.ninilayy.com

0 comments:

တင်ထားသမျှ ခေါင်းစဉ်များ

2Step Verification (5) A+အကြောင်း (1) Activator (9) Adobe CS3 Master Collection (1) Adobe Premiere Pro CS6 အသုံးပြုနည် (1) Adobe Software (12) Android application (1987) Android Game (710) AndroidPhoneဆိုင်ရာ (4) Antivirus (1) Apowersoft ApowerEdit v1.4.7.22 Build 04042019 (1) AVAST! Cleanup Premium 2019 version 19.1 Build 7085 (1) Blog Slider (8) Blogger Button (5) Blogger Comment (17) Blogger Ebooks (1) Blogger Hack (54) Blogger Loading Style (6) Blogger Mouse (1) Blogger Template (44) Blogger Tips (77) Blogger Widget (152) Blogs Html (63) Blogs Post (86) Blogs Tab Menu (53) Blogဆိုင်ရာ (1) Bowser ဆိုင်ရာ (21) Brothers in Arms® 3 v1.4.7c Mod Data [Unlimited Money] (1) Buddha မြန်မာစာတန်းထိုး (53) Burning Software (34) Burning Tools (47) C-Box (10) Canon LBP 6000 Original Driver (1) Canon LBP 6030 Original Driver & Installation Guide (1) CCleaner 5.56.7144 (Business / Professional / Technician) Multilingual Portable (1) CD/DVD ဆိုင်ရာများ (30) Cleanner-Speed (68) Computer Autoplay ပိတ်ထားနည်း (1) Computer Partationခွဲနည်း (1) Computer ဆိုင်ရာ (189) Computerဆိုင်ရာ (33) Converter (73) Desing Card (10) Display အလုပ်မလုပ်သော ပြဿနာဖြေရှင်းနည်းများ (1) Domain (3) Download Manager (42) Drive SnapShot v1.46.0.18213 (1) Driver Software (46) DVD-Cloner Platinum 2019 v16.30 Build 1446 [x86/x64] (1) DVDFab v11.0.2.4 [x86/x64] (1) Easy Translator version 14.0.0 (1) Ebooks (405) Errorဖြေရှင်းနည်း (1) Eset Smart Security 12.1.34.0 (x86/x64) (1) Facebook (152) Folder Lock (17) Fonts များစုစည်းမှု (6) Foxit PhantomPDF (1) Game (47) Game PC (32) Glary Utilities PRO version 5.117.0.142 (1) Gmail-Gtalk (70) GoogleChome &InternetDownloadmananger (1) Hacking (81) How To Download (6) Html (51) Internet Download Manager (18) InternetDownloadmananger(IDM) (1) IP Hider Software (6) Java Script (11) KhineMaster (1) KMS/2038 & Digital & Online Activation Suite v6.9 (1) MAGIX SOUND FORGE Pro 13 v.13.0.0 Build 46 (1) Marquee Technique (14) Media Player (31) MI Play store Apk (1) Microsoft Office (21) Mobile Legends Bang Bang Installer .exe Pc Version (1) Motors ( မော်တာများ )အကြောင်း (1) Movie (95) My Pdf (35) Myanmar Font (9) Myanmar Typing Software (1) MZW Solftware (1) NetGuide Journal (63) Network Software (7) New Blogs (15) Notကာကွယ်ခြင်းနည်း (1) ONEKEY PDF Convert to Word 4.0 REPACK (1) Partition Software (7) Password Recovery Software (1) paypal နှင့် ဆိုင်သော (5) PC GAMES (17) PC recovery (13) PC Software (203) PC Speed Up (32) PC-Clean Software (73) PDF (4) PDF Editor (10) Photo Editor Software (65) PHOTO SHOP (သင်တန်း)သီးသန့် (44) Photo Slideshow (12) photoshop background အလန်းများ (6) photoshop PNG ဖိုင်များရှာရန် (14) Photoshop Software (36) Photoshop ဆိုင်ရာ (51) Player (8) PrinterDriver (2) Programming (16) Pyidaungsu font (1) Read More (9) Recent Posts Widget (23) Recover Software (46) Recovery (33) Refresh and Restoreအကြောင်း (1) Reset (1) SAMSUNG One UI ဖုန်းတွေအတွက် မြန်မာဖောင့် (1) Screen Video Recorder (37) Search Box (6) Security Software (36) Sidebar Widget (71) SkyNet လိုင်းအသစ်ထည့်နည်း (1) SkynetBinfile (1) Slideshow Movie Maker (7) Social Widget (19) SOFTWARE (588) Software For Blogs (17) Software များအသုံးပြုနည်း (2) Softwares တွေအတွက် Serial no (or) Key တောင်းလျှင် ဖြေရှင်းနည်း (1) Speed Up Internet (13) TeamViewer version 14.2.2558.0 (Repack & Portable) (1) TTA Pie Myanmar (1) Unicode ေ​ြေပာင်းနည်း (1) Uninstaller Software (25) Upload (6) USB ဖြင့်ဝင်းဒိုးတင်နည်း (4) USB ကြိုးကနေ Virus မဝင်အောင် ကြိုတင် ကာကွယ်နည်း (1) Usb-Memory (19) Video Converter (29) Video Editing (76) Video Editor (1) Video Recorder (12) Virus ဆိုင်ရာ (86) WannaCry Ransomware ၏ အန္တရာယ် အကြောင်းနှင့် ကာကွယ်နည်း (1) Web Design ရေးဆွဲနည်း (5) Webcam Camera Software (11) Website ရေးနည်း (3) Wifi ဆိုင်ရာ (32) Win Update v1.4 (1) Window-10 ဆိုင်ရာ (2) Window-7 ဆိုင်ရာ (32) Window-xp ဆိုင်ရာ (2) window8ဆိုင်ရာ (19) Windows 10 Factory Reset ချနည်း (1) Windows 10 Backup & Restore လုပ်နည်း (1) Windows 10 ကွန်ပျူတာမှာမြန်မာစာတိကျမှန်စွာထည့်နည်း (1) Windows Activator (18) windows loader များ (10) Windows Manager Software (23) Windows Themes (24) Windows တင်နည်းများ (6) WinRAR 5.70 (Fully) (1) WinRar Full Version (12) WinRAR V3.80 Beta Version (1) WinToBootic နှင့် USB ထဲ Install လုပ်နည်း (7) WinUtilities Professional Edition Tool (1) Wordpress Tips (3) Write-Protected ကို ဖြုတ်နိုင်မယ့်နည်းနှစ်သွယ် (1) Zawgyi နဲ့ Unocode ဘာကွာလဲ (1) ကွန်ပျူတာ User Account Picture အကြောင်းများ (1) ကွန်ပျူတာဆိုင်ရာ (1) ကွန်ပျူတာပတ်ဝပ်ပြောင်းမရအောင်လုပ်နည်း (1) ကွန်ပျူတာရဲ့ Storage က HDD လား? SSD လား? စစ်ဆေးနည်းများ (1) ကွန်ပျူတာဟန်းနေရင်ဖြေရှင်းနည်း (1) ကျွနုပ်နှင့် ပရဟိတအလှူ (9) ကာမသိဒ္ဓိကျမ်း (1) ချက်နည်းပြုတ်နည်း (1) နည်းပညာဆိုင်ရာ (2) နည်းလမ်းများ (6) ပန်ကာပြုပြင်နည်း (1) ဖိုင်ဖြေနည်းများ (8) ဗဟုသုတ (6) ဗားရှင်းအသစ်ထွက်ရှိလာတဲ့ Facebook (နှင့်) Messenger (1) ဘာသာစကား ၉၁ မျိုးထိ ပါဝင်တဲ့ Easy Translator (1) ဘာသာရေးစာအုပ်များ (9) မိမိဆိုက်ကိုကော်ပီကူးမရအောင် ပိတ်ထားနည်း (1) ပြည်ထောင်စု ဖောင့် လက်ကွက် နှင့် စာရိုက်နည်း (1) မြန်မာစာမှန်အောင်လုပ်နည်း (1) မြန်မာဆိုတာ (1) ဝင်းဒိုးကို AOMEISoftware ဖြင့် Backup & Restore လုပ်နည်း (1) သင့် Laptop ကို မြန်ဆန်အောင်လုပ်ပေးမယ့် အချက် ၇ ချက (1) အင်တာဗျူးအစီစဉ် (2) အပျိုလမ်းညွှန် (1) အသံဇာတ်လမ်း (19) အခြေခံကွန်ပျူတာ Pdf (1) ဦးဇာနည်နည်းလမ်းများ (7) ဆော့ဝဲ ပြဿနာဖြေရှင်းနည်း (1) ကြော်ငြာ (13) ဟောပြောပွဲ (15)

မန်ဘာဝင်လို့အားပေးကြပါ