HTML ဆိုတာက Web ပေါ်က အကျယ်ပြန့်ဆုံး markup language ဖြစ်ပါတယ်။ HTML မှာ စာသားတွေ၊ graphic တွေ၊ လင့်ခ်တွေ၊ input Form တွေ၊ frame တွေနဲ့ ဇယားစတာတွေကို ကိုယ်လိုသလို သုံးလို့ရပါတယ်။ စာသား ဖိုင်နဲ့ မှာသိမ်းထားနိုင်ပြီး ဘယ် browser (ဘရောက်ဆာ) နဲ့ကြည့်ကြည့် အဆင်ပြေပါတယ်။
HTML ကအဓိကအသက်ကတော့ Tag တွေဖြစ်ပါတယ်၊ ဒါတွေကပဲ content တွေကို ဘယ်လို လုပ်ပါဆိုပြီး ညွှန်ကြားပါတယ်။

HTML အကြောင်းသိပါပြီ၊ နောက်ဘာဆက်သိဖိုလိုမလဲ?
CSS
CSS ကို ဝဘ်စာမျက်နှာ အများကြီးက style နဲ့ layout တွေကို တစ်နေရာထဲကနေ ထိန်းသိမ်းဖို့သုံးပါတယ်။
CSS နဲ့ဆိုရင် ရေးသားခြင်း Formatting အားလုံးကို HTML document ကနေဖြုတ်ပစ်လိုရပါတယ်။ သပ်သပ်ဖိုင်နဲ့ထားလို့ရပါတယ်။
CSS နဲ့ layout အားလုံးကို စုပြင်လို့ရပေမယ့် document ရဲ့ content တွေကိုတော့ ဘာမှပြင်ပေးမှာ မဟုတ်ပါဘူး။

JavaScript
JavaScript နဲ့သင့်ဆိုဒ် ကိုပိုပြီး ဆွဲဆောင်မှုရှိအောင် လုပ်နိုင်ပါတယ်။
ရိုးရိုး Content ကိုပဲပြဖို့ဆိုရင် static ဝဘ်ဆိုဒ် အဆင်ပြေပေမယ့် dynamic ဝဘ်ဆိုဒ် ကတော့ ကြည့်ရှု့သူနဲ့ ဆက်သွယ်နိုင်ပါတယ်။ data ထည့်လို့ရတယ်။
JavaScript ကအင်တာနက်ပေါ်ကအသုံးများဆုံး scripting language ဖြစ်ပြီးတော့ browser (ဘရောက်ဆာ) တော်တော်များများနဲ့လည်း အဆင်ပြေပါတယ်။

http://www.soemoeaung.com
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************
ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ
စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ
0 comments:
Post a Comment