HTML မှာ Code အဖြစ်ပါနေတဲ့ အသုံးပြုနေတဲ့ Character တွေကို Browser (ဘရောက်ဆာ) မှာပေါ်ချင်ရင် character entitie တွေသုံးရမှာဖြစ်ပါတယ်။ HTML Entitie များတစ်ချို့တဲ့ character တွေဟာ HTML မှာ code ပုံစံနဲ့ရှိပြီးဖြစ်ပါတယ်။"ထက်ငယ်သင်္ကေတ" (<) နဲ့ "ထက်ကြီးသင်္ကေတ" (>) တွေက သင်ရေးတဲ့ စာထဲမှာ တိုက်ရိုက်ထည့်ရေးလို့မရပါ။ သူတို့တွေက HTML code အမျိုးအစားထဲမှာပါနေလို့ဖြစ်ပါတယ်။ browser (ဘရောက်ဆာ) တွေက အဲဒါတွေထည့်ရေးရင် Tag တွေလို့ပဲ သတ်မှတ်လိုက်မှာဖြစ်ပါတယ်။ အဲလိုမျိုး character တွေကို ပေါ်ချင်ရင်၊ character entitie တွေကို HTML source code ထဲမှာ ထည့်ရေးရမှာဖြစ်ပါတယ်။ Character entity ကိုအောက်ပါကြည့်ပါ။ ထက်ငယ်သင်္ကေတ (<) ကိုရေးချင်ရင် < ဒါမှ မဟုတ် < ကိုရေးရမှာဖြစ်ပါတယ်။ မှတ်ချက် — entity number တွေအစား entity name တွေကိုသုံးခြင်းရဲ့ အားသာချက်ကတော့၊ မှတ်မိဖို့လွယ်တာ ဖြစ်ပါတယ်။ ဒါပေမယ့်၊ အားနည်းချက်ကတော့ browser (ဘရောက်ဆာ) အားလုံးက entity name အားလုံးကို support မလုပ်ပါဘူး။ (entity number တွေကိုတော့ အတိအကျ support ပေးပါတယ်)။ Non-breaking SpaceHTML မှာအသုံးတွေတဲ့ character entity ကတော့ non-breaking space ( ) ဖြစ်ပါတယ်။Browser (ဘရောက်ဆာ) တွေက သာမန်အားဖြင့် code ထဲမှာရေးထားတဲ့ space တွေကို ထည့်တွက်မှာ မဟုတ်ဘူး။ HTML စာမျက်နှာ ရေးတဲ့အချိန်မှာ စာသားထဲမှာ space ၁ဝ ခုထည့်ထားခဲ့ရင် browser (ဘရောက်ဆာ) ကစာမျက်နှာအနေနဲ့ပေါ်ရင် space ၉ ခုကို ဖြုတ်ပြီး ၁ ခုပဲပြမှာပါ။ တကယ်လို့ ၁ဝ ပေါ်ချင်ရင်တော့ character entity ကိုထည့်ရမှာဖြစ်ပါတယ်။ အသုံးဝင်သော HTML Character Entitie များမှတ်ချက် — Entity name တွေက case sensitive ဖြစ်ကြပါတယ်။ အကြီးအသေးလွဲလို့မရပါ။
|
http://www.soemoeaung.com
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************
0 comments:
Post a Comment