URL encoding က character တွေကိုအင်တာနက်ပေါ်မှာ ရှာဖွေဖို့အကူညီပေးတဲ့ အမျိုးအစား တစ်ခုအနေနဲ့ ပြောင်းပေးပါတယ်။
URL - UniForm Resource Locator
Web browser (ဘရောက်ဆာ) တွေက web server ကစာမျက်နှာတွေကို URL သုံးပြီးခေါ်ပါတယ်။URL ဆိုတာက ဝဘ်စာမျက်နှာ တစ်ခုရဲ့ လိပ်စာဖြစ်ပါတယ်။ ဥပမာ — http://www.soemoeaung.com
URL Encoding
URL တွေက ASCII character-set တစ်ခုကိုပဲသုံးပြီးအင်တာနက်ပေါ်မှာပေးပို့လို့ရပါတယ်။တကယ်လို့ URL တွေမှာ ASCII set မဟုတ် တဲ့ character တွေပါခဲ့ရင် ASCII အမျိုးအစား ကို Brower (ဘရောက်ဆာ) ပြောင်းပေးပါတယ်။
URL encoding က ASCII character မဟုတ် ခဲ့ရင် "%" နဲ့စတဲ့ ၃ စုံပါတဲ့ကိန်းစဉ်တန်းအင်တာနက်လိပ်စာတစ်ခုကို ပြောင်းပေးပါတယ်။
URL တွေမှာ space ပါလို့မရပါဘူး။ URL encoding တွေက ပုံမှန်အားဖြင့်တော့ space တွေကိုအပေါင်းလက္ခဏာနဲ့ အစားထိုးပေးပါတယ်။
URL Encoding ဥပမာများ
Character | URL-encoding |
---|---|
€ | %80 |
£ | %A3 |
© | %A9 |
® | %AE |
À | %C0 |
Á | %C1 |
 | %C2 |
à | %C3 |
Ä | %C4 |
Å | %C5 |
http://www.soemoeaung.com
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက **************************************
0 comments:
Post a Comment