မင်္ဂလာပါ သည်နေ့ ကျွန်တော် ရေးသားလိုတဲ့ အကြောင်းရာလေးကတော့ ကွန်ပျူတာ မှာ password ထားတဲ့ မိတ်ဆွေတို့အတွက် မိမိတို့ထားတဲ့ ပါတ်ဝပ်ကို တခြားသူတွေ ၀င်ချိန်းလို့မရအောင် ပိုမို ခိုင်မာစေမဲ့ နည်းလမ်းလေးကို ဘဲ ဖြစ်ပါတယ်.. သည်နည်းလမ်းလေးကိုတော့... ကျနော် တွေ့ရှိ သလောက် ပုံလေးတွေနဲ့ ရှင်းလင်း တင်ပြပေးလိုက်ပါမယ်နော်..အောက်မှာ သေခြာလေ့လာလိုက်ပါနော်..
ပထမဆုံးအနေနဲ့ မိမိတို့ ကွန်ပျူတာ search box ကနေဖြစ်စေ Win+R နဲ့ဖြစ်စေ RUN BOX ကိုခေါ်လိုက်ပါနော်.. ကျလာတဲ့ ဘောက်ထဲမှာ gpedit.msc ဆိုတာလေးကို ထည့်ပြီး OK ပေးလိုက်ပါ
အဆင့် ( ၁ ) ပုံမှာတော့ Group Policy Editor ဆိုတဲ့ ဇယားကျလာမှာဖြစ်ပါတယ် အဲထဲကမှ
အပေါ်ပုံမှာ ပြထားတဲ့အတိုင်း User Confguration ဆိုတာကို double ကလစ်ပေးပါ။
အဆင့် ( ၂ ) အနေနဲ့ အပေါ်ကပုံ မှာပြထားသလိုပေါ့ Administrative Templates ဆိုတာကို ဆက်ကလစ်ပေးလိုက်ပါနော် Double ကလစ်ပါ။
အဆင့် ( ၃ ) အနေနဲ့ကတော့ အပေါ်ပုံမှာ ပြထားသလို System ဆိုတာကို Double ကလစ်ပေးပါ။
အဆင့် ( ၄ ) အနေနဲ့ Ctrl+Alt+Del Option ဆိုတာကို ဆက်ကလစ်ပေးလိုက်ပါ။
အဆင့် ( ၅ ) အနေနဲ့ အပေါ်ပုံကိုကြည့်လိုက်ပါ Remove Change Password ဆိုတာကိုကလစ်ပါ။
နောက်ဆုံးအဆင့် အနေနဲ့ အပေါ်ကပုံတိုင်း ဇယားတစ်ခုကျလာမှာ ဖြစ်ပါတယ် အဲထဲမှာပါရှိတဲ့
Enable ဆိုတာကို အမှတ်ပေးပြီး တာနဲ့ အောက်နားက Apply ကိုကလစ်ပါ နောက် OK ပေးလိုက်တာနဲ့
သင့်ရဲ့ လုပ်ဆောင်ချက် ပြီးပါပြီနော်...သည်လိုလုပ်ခြင်းဖြင့် ကွန်ပျူတာရဲ့ Password ဟာမူလထက်ပိုမို ခိုင်မာ မှု ရှိပါပြီ... အဆင်ပြေကြပါစေနော်..
0 comments:
Post a Comment