အားလုံးမင်္ဂလာပါ ကျွန်တော်ဒီနေ့တင်ပေးလိုက်တာကတော့ တောင်းထားတဲ့ညီငယ်လေးတွေ အတွက်ကော မသိသေးတဲ့ဘော်ဘော်တွေ အတွက်ပါPSD ဖိုင်အသုံးပြုနည်းနှင့်(PNG)ဖိုင်အဖြင့်ပြောင်းခြင်း လေးကိုနားလည်ထားသလောက် တင်ပေးလိုက်ပါတယ် ကျွန်တော်တို့တွေ တင်ပေးလိုက်တဲ့ (psd) မသုံးတက်တွေတဲ့ ညီငယ်တွေရှိနေတာတွေ့နေရပါတယ် (psd) ဆိုတာ အလွယ်ပြောရရင် အပုံတွေကို အချိန်မရွေး ပြန်ပြု ပြင်နိုင်တဲ့ ဖိုင်ပေါ့ ဒီတော့ ကျွန်တော်တို့တင်ပေးလိုက်တဲ့ ဖိုင်တွေထဲ မှာ ကြိုက်တာတွေကော မကြိုက်တာတွေကောရောနေမှာပါ ဒါကြောင့် ကြိုက်တွေကိုရွေးယူပြီး (png) နဲ့ ပြန်သိမ်းနိုင်ပါတယ် (png) ဖိုင်ကတော့ ဖြတ်ထားတဲ့ဖိုင်တွေကို နောက်တစ်ခါ အသုံးလိုရင် နလွယ်ဖြတ်ပြီးသားလေးသုံးနိုင်အောင်သိမ်းတာပါ။ ဒီတော့ ကျွန်တော့်တွေ (psd) ဖိုင်ထဲကလိုတာတွေ ယူပြီး (png) နဲ့ ဘယ်လိုသိမ်းမလဲ ကို vdo နဲ့ အတူ အောက်မှာ လိုက်လုပ်ကြည့်ရအောင်နော်။
အရင်ဆုံးအနေနဲ့ မိမိသုံးနေတဲ့ photoshop ဆော့ဝဲလ်လေးဖွင့်လိုက်ပါ ပြီးရင် ကိုဒေါင်းပြီးသိမ်းထားတဲ့ (psd) ဖိုင်လေးကို file>open မှ တဆင့်သွားပါတွေ့ရင်ကလစ်ပြီး open နိုပ်ပါ။ အပုံမှာပြထားတဲ့အတိုင်းပါနော် ok....
(2)အောက်ကပထမပုံမှာပြထားတာတွေ နံပါတ်နဲ့ ရှင်းပြပေးထားပါတယ် သေချာကြည့်ပါ၊ အရင်ဆုံးကိုယ်လုပ်ဖို့အတွက် ဖိုင်တစ်ခုအသစ်လုပ်ရမှာပါ ဒီတော့ file>new ကိုသွားပါ ၊ ဘောက်လေးကျလာမှာပါ ကျလာရင် ကိုယ်လိုချင်သလောက်ဆိုက်ချိန်ပါ ပြီးရင် ok ပေါ့ ၊ အောက်ပထမပုံမှာပြထားသလို ကျွန်တောကတော့ ၄=၆ နဲ့ လုပ်လိုက်ပါတယ် ၊(၂)ပုံလေးတစ်ချတ်ကြည်ရအောင် အလျှား နဲ့ အနံ ကကိုလိုသလို မရဖြစ်သွားတယ်ပေါ့ ကျွန်တော်ရှင်းအောင်မြန်မာလိုပြောပြရတာ ကျွန်တော်လို အင်္ဂလိပ်စာမရတဲ့သူတွေအတွက်ပါနော် ၊ ဆက်ကြည့်ရအောင် ဒီတော့ဘာမှပူစရာမလိုပါဘူး ပြောင်းလို့ရပါတယ် ၊( image> image Rotation ) မှာ ကိုလိုချင်သလိုပြောင်းနိုင်ပါတယ်နော် ပြောင်းကြည့်ပါ ၊(၃) ပုံမှာပြထားသလို ကျွန်တော်လိုချင်သလိုရပါပြီ အဖြူရောင် ကားချတ်လေး (၄) ပုံမှာ(၁)မျှာပြထားတာက ကိုပြင်ဖို့လုပ်ထားတဲ့(PSD) ဖိုင်လေးပေါ့ ကိုထည့်ထားတဲ့ (PSD)ဖိုင်ဘယ်နေရာမှာရှိရှိ ကလစ်နိုပ်ပေးလိုက်ပါ၊(၂)ပြထားတာအသစ်လုပ်ထားတဲ့မျက်နှာပြင်ပါ(၃)များကိုနည်းနည်းရှင်းပြပေးပါမယ် မျက်လုံးပုံစံလေးတွေတွေ့မှာပေါ့ စမ်းပြီး နိုပ်ကြည်ပါ နိုက်လိုက်တဲ့နေရာကပုံပြောက် သွားတာတွေ့ရမှာပါ ၊ ကိုယ်လိုချင်တဲ့ပုံဘယ်ဟာလဲသိချင်ရင်ပါ နောက်တစ်ခုက မျက်လုံးလေးတွေမပိတ်ဘဲ ကျွန်တော်ပြထားသလိုနေရာတစ်ခုချင်းဆီ ကလစ်ပြီး အပုံပေါ်မောက်ထောက်ပြီးရွေ့လို့လဲရပါတယ် သိရတာပေါ့ တွေ့ရင်ယူးဖို့ copy ပါ ကီးဘုပ်ပေါ်မှ ctrl+a အရင်နိုပ်ပါ ကိုယ်ယူမယ့်နေရာမှာကလစ်တာ အပြာရောင်လေးပေါ်နေမှာပါ ctal+r နိုပ်ပြီးရင် ဆက်ပြီး ctrl+c လေးနိုပ်ပေးလိုက်နော် ပြီးရင် ခုဏလုပ်ထားတဲ့ new ဖိုင်နေရာသွားပါ ရောက်ရင် CTRL+V လေးနိုပ်ပေးလိုက်ပါ ရောက်သွားမှာပါ၊
(၃)ကဲအောက်ပုံမှာရောက်လာတာတွေ့နေရပြီနော် (၁)မျှယးပြထားတာနားမလည်မှာဆိုးလို့ပါ (၂)မျှားက copy လုပ်ပြီးယူလာတဲ့ပုံနေရာပါ (၃) မျှားပြာနေတဲ့နေရာက ကျွန်တော်တို့ အသစ်လုပ်ထားတဲ့ နောက်ခံ အဖြူရောင်မျက်နှာပြင်ပါ ဒီတော့အဖြူရောင်မျက်နှာပြင်ကိုဖြောက်ရမှာပါ ဘယ်လိုဖြောတ်မလဲ ဖြောက်မယ်အဖြူရောင်နေရာမောက်ကလစ်ပါ (၃)မျှားမှာပြထားပါတယ်ပြီးရင် (၄)မျှားပြထားတဲ့နေရာလေးမှာမောက်နဲ့ဆွဲထည့်လိုက်ပါ ပြောက်သွားပါ့မယ် အလွယ် မျက်လုံးနေရာလေးပိက်လိုက်လဲရပါတယ်နော်၊ ကဲပြောက်သွားရင်တော့ (၂)ပုံလေးကလိုတွေ့ရမှာပါ ပြီးရင်ရှေ့သင်ခန်းစာတွေမှာပြခဲ့သလို အပုံကိုလိုချင်သလို ကြီး သေးလုပ်ဖို့ ctrl+t လေးတွ့နိုပ်လိုက်ပါ ပုံမှာပြထားသလိုဘောင်လေးလိုဖြစ်လာမှာပါ ပြီးရင် ပုံကိုဆိုက်မပြတ်စေရန် shift ကီးလေးနိုပ်ထားပြီး ထောင့်တစ်နေရာကနေ ဆွဲလိုက်ပါ လိုခင်တဲ့ပုံရရင် အပေါ်ဘားမှာပြထားတဲ့ အမှန်လေးပြထားတဲ့နေရာကိုနိုပ်ပေးလိုက်ပါနော်
(၄)ပြီးသွားပြီးဆိုတော့ save မယ် save as ဘယ်လိုလုပ်မလဲ လိုက်ကြည့်ရအောင်နော် file>save as ကိုနိုပ်လိုက်ပါ ၊(၂) ပုံမှာပြထားသလိုပြင်ဖို့ဘောက်လေးတက်လာမှာပါ ၊ (၁)မျှားနေရာမှာကဖိုင်နမည်ရေးပါကိုယ်ကြိုက်တဲ့နမည်(၂)မျှားမှာက ဖိုင်းအမျိုးစားရွေးရမှာ ကျွန်တော်တို့တွေအများဆုံးလုပ်တာက ဖိုင် (၃) မျိုးဘဲလုပ်တာများပါတယ်
(၁) (psd) ဖိုင်တွေကို အချိန်မရွေးပြင်ဆင်နိုင်ရန် save တာ
(၂)(jpeg(jpg.gpeg.jpe) ကတော့စိတ်ကြိုက်ဖြစ်သွားလို့ပုံသေ save လိုက်တာပါ
(၃)(png(png) .) ကတော့ဖြက်ထားတဲ့ပုံတွေကို နောက်တစ်ချိန်လိုရင် အလွယ်သကူသုံးဖို့ ဖြတ်ပြီးသိမ်းတာပါ ဒါလေးတွေ အသေးစိတ်တော့နားလည်ထားသင့်ပါတယ် ကျွန်တော်လဲ ဆရာကြီးမဟုပ်ပါဘူးရသလောက်လေးတွေရှင်းပြပေးတာပါမှားတာလေးတွေတော့ရှိနေမှာပါ မှားရင်လဲ့ခွင့်လွက်ပေးပါနော်ဟဲဟဲ...ကဲခုကျွန်တော်တို့က သူများလုပ်ပြီးသားလေးတွေကို တစ်ခုစီ ပြန်လုပ်ပြီး (png)နဲ့ save မှာပါ (၂)မျှားမှာပြထားတဲ့ထောင့်လေးမှာအောက်ကိုပြထားတဲ့မျှားလေးနိုပ်လိုက်တာနဲ့ ကျလာမှာပါ (png) ဆိုတာရွေးပေးပြီး ကိုယ်သိမ်းချင်တဲ့နေရာမှာသိမ်းနိုင်ပါပြီနော်။
အားလုံးဘဲနားလည်ကြမယ်လို့ယုံကြည်ပါတယ် ကျွန်တော်နောက်ပိုစ့်များမှာလဲ အသေးစိတ် tool လေးတွေအကြောင်းလေ့လာရင် ရှင်းပြပေးသွားမှာပါ...အားလုံးအဆင်ပြေပါစေ...
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..photoshow world မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင် ဒီမှာ Like နှိပ်ပါ။ မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။
0 comments:
Post a Comment