xxxxxxxxxxxxxxxxxxxxx
Unicode
စစ်မှုထမ်းဘ၀နဲ့ ဘ၀ကို နိုင်ငံအပေါ် ပေးဆပ်ခဲ့ပြီး တပ်မှထွက်ပြီးသည်အထိ မိမိဘ၀အတွက် ဘာတစ်ခုမှ ဖြစ်မလာတဲ့အခါမှာ ပုံပြင်တစ်ခုသဖွယ် ဖြစ်နေသည့် ရွှေပင့်ဂူဆိုတဲ့ ရွှေလှိုင်ဂူ တစ်ခုကို ယုံကြည်မှုအပြည့်နဲ့ ရှာဖွေနေခဲ့ရင်းက ပြသနာတက်ရင်းကနေ ပြေးလွှားရင်းနဲ့ ရွှေပင့်ဂူရွှေလိုဏ်ဂူကို ရောက်လာခဲ့တယ်။ အဲ့ဒီ့မှာ စနေဂြိုဟ်က အစွမ်းထက်ဂြိုဟ်သားတစ်ယောက်၏ တိုက်ခိုက်မှုကို ခုခံရင်းနဲ့ ဂျွန်ကာတာ တစ်ယောက် ဂြိုဟ်သားကို သေနတ်နဲ့ ပစ်မိရင်း ဂြိုဟ်သား သေဆုံးသွားခဲ့တယ်။ ဂြိုဟ်သားမသေဆုံးခင် သူ့လက်တွင်းက ထူးဆန်းတဲ့ လည်ပတ်တစ်ခုကို အသုံးပြုပြီး စနေဂြိုဟ်ကို ပြန်ဖို့လုပ်နေတုန်း စကားမဆုံးခင် အဲ့ဒီ့လည်ပတ်ကို ဂျွန်ကာတာက ယူမိရာကနေ ကမ္ဘာဂြိုဟ်ကနေ စနေဂြိုဟ်ကို ရောက်သွားခဲ့တယ်။ ရောက်ခါစမှာ ကမ္ဘာဂြိုဟ်ရဲ့ ဆွဲအားနဲ့ သူရဲ့ အရိုးသိပ်သည်းဆ မတူညီမှုတို့ကြောင့် ဂျွန်ကာတာဟာ အမြင့်ကို ခုန်နိုင်တဲ့ လူသားတစ်ယောက် ဖြစ်သွားခဲ့တယ်။ အဲ့နိုင်ငံမှာ မတူညီတဲ့ မျိုးနွယ်စု ၂ ခုရှိတယ်. တစ်ဦးနဲ့တစ်ဦး စစ်ပွဲတွေ ဖြစ်ရင်းကနေ တိုင်းပြည်တွေ လုကြတဲ့အထိ ဖြစ်နေတဲ့ တိုင်းပြည် ၂ ခုထဲမှာ ဘယ်လိုမျိုး ရင်ဆိုင်မလဲ။ ဘာသာစကားနားလည်မှုရအောင် ဘယ်သူကကူညီမှာလဲ။ ကမ္ဘာမြေကိုကော သူပြန်လာနိုင်ပါ့မလား။ အဲ့နိုင်ငံ ၂ နိုင်ငံမှာ ဘယ်နိုင်ငံဖက်က ရည်တည်မှာလဲ။ ထပ်ပြီးတော့ကော ဂျွန်ကာတာ အစွမ်းပိုထက်လာနိုင်မလား ဆိုတာကို ကြည့်ရှုအားပေးကြပါဦး ......

ဇာတ်ကားအမည် ၊ John Carter
ဒါရိုက်တာအမည် ၊ Andrew Stanton
အရည်အသွေး ၊ အကြည်
စာတန်းထိုးသူ ၊ ငြိမ်းစေရာအောင်
0 comments:
Post a Comment