မင်္ဂလာပါ..ကျွန်တော် သည်တခါတော့ အားလုံး နှစ်သက်စွာအသုံးပြုနေကြတဲ့ Facebook ဆိုတဲ့ အကြောင်းအရာများစွာထဲက အကြောင်းရာလေးတစ်ခုကို ဖေါ်ပြလိုက်ခြင်ပါတယ်.. ဒါကတော့ သိပြီးသော မိတ်ဆွေများလည်းတော်တော် များမယ်လို့ ကျနော် မျှော်လင့်မိပါတယ်..ဘာကြောင့်လည်းဆိုတော့ အင်တာနက်သုံးစွဲသူ အများစုဟာ သည် Facebook ဆိုတာကိုဘဲ အဓိကထားသုံစွဲနေတဲ့အတွက်ကြောင့် နည်းပညာဆိုင်ရာမှာလည်း တော်တော် များများ စိတ်ဝင်တစားနဲ့ လိုက်စားလေ့လာနေတာ သည် Facebook နဲ့ပါတ်သက်လို့ဘဲ ဖြစ်ပါတယ်...အကောင့်ဘယ်လို ဖွင့်ရမလဲ...ဘယ်လိုထိမ်းသိမ်းရမလဲ..ဘယ်လို ပြုပြင်နိုင်သလဲ... ဘယ်လို တွေကန့်သတ်ထားနိုင်သလဲ စတဲ့စတဲ့ နည်းလမ်းတွေကိုဘဲ တနေ့တနေ့ လာလာမေးနေကြတော့ အများစုစိတ်ဝင်တစားသုံးနေသလို သုံးနေတာကိုလည်း တတ်ကျွမ်းနားလည်ခြင်ကြတယ်လေ... ဒါကြောင့် များစွားသော Facebook နည်းပညာတွေထဲက ရိုးရှင်းပြီး အသုံးဝင်စေမည့် နည်းလမ်းလေးဖြစ်တဲ့....
NickName လို့ခေါ်တဲ့ မူရင်းအမည် အပြင် ကွင်းစ..ကွင်းပိတ် (...) လေးနဲ့ပြသားထားတဲ့ အမည်လေးကို ရေးသားထည့်သွင်းနည်းဘဲဖြစ်ပါတယ်..။
အောက်မှာ ပုံလေးတွေနဲ့တစ်ကွ သေခြာ ရှင်းလင်းဖေါ်ပြလိုက်ပါတယ်နော်...ကဲ လေ့လာကြည့်လိုက်ရအောင်ဗျာ...ဦးစွာအနေနဲ့ မိမိတို့ရဲ့
Facebook Timeline ကိုသွားလိုက်ပါ...
ကွန်ပျူတာ သမားများအတွက်
==============
(၁) Your Timeline ကိုသွားလိုက်ပါ
(၂) About ဆိုတာကို ၀င်လိုက်ပါ
(၃) “ Details About You” ကို နှိပ်ပြီး “ Other Names” ကို နှိပ်ပါ။
(၄) Name Type မှ Drop-Down Arrow နှိပ်ပြီး Nickname ဆိုတာကိုရွေးချယ်ပေးပါ။
Nickname ကို Timeline မှ အမည်ရဲ့ ညာဘက်ဘေးမှာ ကွင်းခတ်ပြီး ပြသပေးနိုင်ဖို့အတွက် “ Show at top of profile “ မှာ အမှန်ခြစ်ပေးပါ။
(၅) မိမိတို့ နှစ်သက်ရာအမည်ကို ရေးလိုက်ပါပြီးတာနဲ့ Save ပေးလိုက်ပါနော်..
ဒါဆို ကျွန်တော်တို့ Facebook မှာ မူလပေးထားတဲ့ နာမည်အပြင် အဲနောက်မှာ ( Aungsanmyint ) ဆိုတဲ့ ကိုယ်ထည့်လိုက်တဲ့ အမည်လေး ထပ်မံရရှိလာပါပြီ...
အောက်မှာ လုပ်နည်း ပုံလေးတွေ ကြည့်လိုက်ပါနော်...
Mobiles Users များအတွက်
===============
လုပ်ဆောင်ချက် နည်းလမ်းတွေကတော့ အတူတူပါဘဲနော်... အောက်မှာလည်းပုံလေးတွေ ပြသထားပါတယ်. ပထမဆုံး ဖုန်းမှာ မိမိတို့ Facebook အကောင့် ၀င်လိုက်ပါနော်... အပေါ်ထောင့်ကမျဉ်းလေးတွေကနေ Account Setting ဆိုတာကိုဝင်ရမှာဖြစ်ပါတယ်.. အဲကနေ General ဆိုတာကို ဆက်ဝင်ပေးလိုက်ပါ... နောက်ထပ်
မိမိတို့ လက်ရှိအမည်နေရာက Name ဆိုတာကို ကလစ်ပြီးဝင်လိုက်ပါ..သည်နေရာမှာ
Other Name ဆိုတဲ့နေရာက “Add or change other names” ကို တစ်ချက်နှိပ်ပါ။
“Add a nickname, a birth name…” ကို တစ်ချက်နှိပ်ပြီး Nickname ထည့်သွင်းနိုင်ပါတယ်။
ကိုယ်လိုခြင်တဲ့အမည် ထည့်သွင်းပြီးတာနဲ့ Save ပေါ့နော်..
iPhone, iPad အသုံးပြုသူများအတွက် Nickname ထည့်သွင်းနည်းဟာ Android နဲ့ တူညီတဲ့အတွက် အသေးစိတ် မရေးသားပေးတော့ပါဘူး။
အားလုံးအားပေးမှုအတွက် အထူးကျေးဇူးတင်ပါတယ်..ကျွန်တော် သိသမျှ နည်းပညာလေးများကိုလည်း ဆက်လက်ဖေါ်ပြရင်း မျှဝေသွားမှာဖြစ်ပါတယ်... ကျွန်တော့်ရဲ့ ဆိုဒ်လေးကို လာလည်လိုပါက
www.aungsanmks.com ကိုလာရောက်နိုင်ပါတယ်..ဖိတ်ခေါ်ပါရစေ..
ဘလော့ခရီးသည်
4 comments:
fbဟတ်နည်းလေးတင်ပေးပါလားဆရာ
သူများဒုက္ခပေးဖို့မဟုတ်ပါဘူးဆရာ
နည်းပညာကိုဝါသနာပါလို့
တတ်ချင်လ်ုပါ
fbဟတ်နည်းလေးတင်ပေးပါလားဆရာ
သူများဒုက္ခပေးဖို့မဟုတ်ပါဘူးဆရာ
နည်းပညာကိုဝါသနာပါလို့
တတ်ချင်လ်ုပါ
fbဟတ်နည်းလေးတင်ပေးပါလားဆရာ
သူများဒုက္ခပေးဖို့မဟုတ်ပါဘူးဆရာ
နည်းပညာကိုဝါသနာပါလို့
တတ်ချင်လ်ုပါ
fbဟတ်နည်းလေးတင်ပေးပါလားဆရာ
သူများဒုက္ခပေးဖို့မဟုတ်ပါဘူးဆရာ
နည်းပညာကိုဝါသနာပါလို့
တတ်ချင်လ်ုပါ
Post a Comment