မင်္ဂလာပါ သည်နည်းလမ်းလေးကတော့ ကျွန်တော် တို့ ဖိုင်တွေ apk တွေကို upload တင်ပြီး လင့်ပြန်ပေးလို့ရတဲ့ Drop Box ဆိုတဲ့ အကောင့်လေးမှာ မိမိတို့ဝင်ထားတဲ့အီးမေးကို 2Step ခံတဲ့နည်းလမ်းလေးဘဲဖြစ်ပါတယ်... AppBpx 2Step နည်းလမ်းကိုလည်း ကျွန်တော် ရေးသားထားခဲ့ပြီးဖြစ်ပါတယ်.. သည်နည်းလးမ်းလေးကို စနစ်တကျ ပုံလေးတွေ ထုတ်ပေးထားတဲ့ ညီလေး ၀သုန် ကိုကျေးဇူးတင်ပါတယ်.. လိုအပ်သူများ သိရှိစေရန် အတွက် ပြန်လည် ဝေမျှ ခံစားလိုက်ရခြင်းဖြစ်ပါတယ်... အောက်မှာ ပုံလေးတွေနဲ့ တစ်ကွ ဖြေရှင်း ပြသထားပါတယ်..လေ့လာလိုက်ပါနော်...။
ပထမဆုံးအနေနဲ့ မိမိတို့ ဖုန်းမှာဖြစ်စေ ကွန်ပျူတာမှာဖြစ်စေ ဘောက်ဆာ တခုခုကနေပြီးတော့
www.dropbox.com ကိုဝင်လိုက်ပါနော်.. ရောက်တာနဲ့ မိမိတို့ အီးမေး-ပါတ်ဝပ် ၀င်ပေးလိုက်ပါ..
နောက်ဆက်လက်ပြီး Desktop version ဆိုတာကလစ်ပေးလိုက်ပါ..ပြီးတာနဲ့ step 4 ပုံအတိုင်း Setting ကိုဝင်လိုက်ပါ။
ဆက်လက်ပြီးတော့ step 5 မှာပြထားသလို Security ကနေ Enable ကိုကလစ်ပေးပါ။ နောက်တော့ Getstart ဆိုတာကလစ်ပြီး စတင်လို့ရပါမယ်..။
ဆက်လက်ပြီး မိမိတို့ အကောင့် dropbox အကောင့်ပေါ့ သူ့ရဲ့ပါတ်ဝပ်ထည့်ပေးပါ.. နောက် Use Text Message ဆိုတာကို ရွေးချယ်ရမှာဖြစ်ပါတယ်.. အိုကေ Next နဲ့ဆက်သွားလိုက်ပါ။
နောက်ထပ် မိမိတို့ ကုဒ်ယူမဲ့ ဖုန်းနံပါတ် ကြိုက်တဲ့ ကဒ်ကိုအသုံးပြု နိုင်ပါတယ် ကုဒ်ချပေးပါမယ်.. ထည့်ပေးလိုက်ပါ...ပြီးတာနဲ့ ကုဒ်လာတဲ့ နံပါတ်ကို ယူထည့်ပေးပြီး ဆက်သွားလိုက်ပါ...
ဖုန်းနံပါတ်ထည့် ရပါမယ် ပေးလာတဲ့ ကုဒ်နံပါတ်တွေကို မှတ်သားထားလိုက်ပါနော်..
နောက်ဆုံးအဆင့်ကတော့ DONE ဆိုတာကလစ်တာနဲ့ မိမိတို့လုပ်ဆောင်ချက် ပြီးဆုံးပါပြီ...
နည်းပညာလေးတွေကို အဆင်သင့်သလို အမြဲ ဝေမျှ ခံစားသွားပါမယ်.. အားပေးမှုအတွက် အထူးကျေးဇူးတင်ရှိပါတယ်... ဘလော့ကာဆိုင်ရာနည်းပညာများကို သီးသန့် လေ့လာလိုပါက
http://bloggerguidee.blogspot.com/ ကိုဝင်ရောက်နိုင်ပါတယ်..
ဘလော့ခရီးသည်
0 comments:
Post a Comment