ကောင်းကင်ပေါ်မှာ ပုံဖေါ်ခြင်း
မင်္ဂလာပါ သည်နေ့ ဖိုတိုရှော့ဆိုင်ရာနည်းပညာထဲက တခုဖြစ်တဲ့ ကောင်းကင်ပေါ်မှာ ပုံရိပ်တွေ ကိုပုံဖေါ်နည်းလေး ကို ရေးသားမျှဝေထားပါတယ်.. သည်နည်းလမ်းလေးဖြင့် facebook လောကမှာလည်း
ယုန်ထင် ကြောင်ထင် ဖြစ်အောင် လုပ်နေကြသူတွေ များကြီးပါ.. ဒါကြောင့် သည်လိုနည်းလမ်းတွေ ရှိတယ်ဆိုတာ သိရလေအောင် နောက် ဖိုတိုရှော့ဝါသနာရှင်တွေအတွက် အသေးစိတ် လေ့လာ မှတ်သားနိုင်အောင် သည်နည်းလမ်းလေးကို ရိုးရိုးလေး ရေးသားတင်ပြထားတာဖြစ်ပါတယ်. အားလုံးအတွက် ပြန်လည် မျှဝေခံစားလိုက်ပါတယ်။
ပထမဆုံး File>New ယူပါ။ Width:500 Pixel, Heigth: 500 Pixel, Resolution: 72, Background contents: Transparent ထားပါ။ အိုကေ
(၁)
Filter>Render>Clouds ပေးလိုက်ပါ။ Tool box မှ Polygonal lasso tool
နဲ့ပုံမှာပြထားသလို ၀ိုက်ဆွဲပါ။ ပြီရင် Select>Feather : 30
လောက်ထားပြီး အိုကေ၊ Select>Inverse နှိပ်။
(၂)
ဘေးသားတွေကို တော့ Delete key နှိပ်ဖျက်ပြစ်ပါ။ Ctrl+D
နှိပ်ပြီးစလက်ဖျောက်လိုက်ပါ။ ပြီရင် Edit>Define brush preset နှိပ်။
ကျလာတဲ့ဘောက်မှာ Cloud 1 အမည်ပေးပြီးအိုကေလိုက်ပါ။
(3) နောက်ထပ် Brush တစ်မျိုးသိမ်းပါဦးမယ်။ Tool box မှ Brush tool
ကိုယူလိုက်ပါ။ ပြီးရင် F5 ကိုနှိပ် လိုက်ပါ။ ကျလာတဲ့ ဘောက်မှာ
ကျွန်တော်ပြထားတဲ့ ဆက်တင်တွေအတိုင်းထားလိုက်ပါ။
(၄) အထက်ပါစက်တင်တွေအတိုင်းပြင်ပြီးသွားရင်တော့ Edit>Define brush preset နှိပ်။ ကျလာ တဲ့ဘောက်မှာ Cloud 2 အမည်ပေးပြီးအိုကေလိုက်ပါ။ ပြီးရင်တော့ Cloud ထည့်ထားတဲ့ပေ့ကို Save မလုပ် ဘဲပိတ်ပြစ်လိုက်ပါ။
(၅) အသုံးပြုမဲ့ဘုရားပုံတော်ကို ဖွင့်လိုက်ပါ။ မရှိသူများဒီမှာဘဲ Save as picture လုပ်ပြီးယူလိုက်ပါ။ ပြီးရင် တော့သော့ပုံပေါ်မှာ ဘယ်ကလစ်နှစ်ချက်အမြန်နှိပ်ပြီး ကျလာတဲ့ဘောက်မှာ အိုကေးပေးပြီးသော့ ဖြုတ်လိုက်ပါ။
(၆) Layer box မှာ create a new layer နှိပ်ပြီးလေယာအသစ်ယူလိုက်ပါ။ Tool box မှ Set foreground color: 192559, Set background color: 91aacb ထားပြီးအိုကေလိုက်ပါ။
(၇) Tool box မှ Gradient tool ယူလိုက်ပါ။ ကျွန်တော်ပုံမှာပြထားတဲ့နေရာမှ Linear gradient ဖြင့် ယူ ထားတဲ့ လေယာအသစ်ပေါ်မှာ အထက်မှအောက်ဘက်သို့ ဆွဲချလိုက်ပါ။
(၈) ပြီးရင် Tool box မှ Eraser tool ယူပါ ။ Brush size မှာ အောက်ဆုံးမှာရှိတဲ့ Cloud 1 ကိုယူပါ။ Cloud1 ဘယ်ဟာလဲမသိရင် ကိုယူတဲ့ Brush ပေါ်မှာ မောက်လေးအသာတင်ကြည့်ပါ ။ Name ပြပါတယ်။
(၉) နောက်တော့ ဘုရားပုံလေယာကို အပေါ်တင်လိုက်ပါ။ ပြီးရင် Eraser tool နဲ့ Opacity 56 လောက် ထားပြီး ဘေးကဟာတွေကိုဖျက်ပြစ်လိုက်ပါ။
(၁၀) ဖျက်ပြီးသွားရင် Image>Adjustments>Desaturate ဖြင့်အဖြူအမဲပြောင်းလိုက်ပါ။ ပြီးရင် Image> Adjustments>Brightness/Contrast မှာ Brightness:+100 , Contract: 0 ထားပြီးအိုကေပါ။
(၁၁) Filter>Blur>Gaussian blur မှာ Radius: 2 ထားလိုက်ပါ။
(၁၂) Filter>Blur>Smart blur မှာ Radius: 15 , Threshold: 50.0 ထားပေးပါ။
(၁၃) Filter>Blur>Motion blur မှာ Angle: 0 , Distance: 33 ထားပေးပါ။ ပြီးရင်တော့ Layer box မှ Normal ကို Soft light သို့ပြောင်းပေးလိုက်ပါ။
(၁၄) ကျွန်တော်တို့ Layer အသစ်တစ်ခုထပ်ခေါ်လိုက်ပါ။ အဲ့ဒီလေယာမှာ Tool box မှ Brush tool ကိုယူ လိုက်ပါ။ ဘရပ်ဆိုဒ်ကိုတော့ အောက်ဆုံးမှာ ရှိတဲ့ Cloud 2 ကိုရွေးလိုက်ပါ။
Set foreground color: ffffff ထားပြီးအိုကေလိုက်ပါ။
(၁၅) ပြီးရင်တော့ ယူထားတဲ့လေယာပေါ်မှာ Opacity: 10 လောက်ထားပြီးတိမ်ပုံစံများ ဆွဲလိုက်ပါ။
(၁၆) ကျွန်တော်တို့ Layer အသစ်တစ်ခုထပ်ခေါ်လိုက်ပါ။ အဲ့ဒီလေယာမှာ Brush size အသေးနဲ့
Opacity: 50 လောက်ထားပြီးတိမ်ပုံစံများ ဆွဲလိုက်ပါ။
(၁၇) ဆွဲပြီးသွားရင် Filter>Blur>Motion blur မှာ Angle: 0 , Distance: 100 ထားလိုက်ပါ။
ကဲအထက်ပါအဆင့်များလုပ်ပြီးရင်တော့ ပြည့်စုံပါပြီ ။ တကယ်လို့များတိမ်ပုံစံများထပ်ထည့်ချင်ရင်တော့ (၁၇) အဆင့်အတိုင်း ထပ်ထည့်ပါ။ ကဲ ကောင်းကင်ပေါ်က ဘုရားပုံတော်ကြည့်သွားပါဦး။ သူငယ်ချင်းတို့ လဲ စမ်းသပ်ကြည့်ကြပေါ့နော့် .. သူငယ်ချင်းများအားလုံးဘဲ ကျေနပ်နှစ်သိမ့်လိမ့်မယ်လို့မျှော်လင့်ပါတယ်ဗျာ
နည်းပညာရှင်အားလုံးကိုလေးစားလျှက်ပါ သည်နည်းလမ်းလေးကို လေ့လာခြင်းအားဖြင့် တခုခုရရှိနိုင်ပါစေလို့ မျှော်လင့်ရင်း
ဘလော့ခရီးသည်(နည်းပညာမျှဝေခြင်း)
0 comments:
Post a Comment