15 Apr 2019

A+အကြောင်း





မူရင်း ပို့စ်ပိုင်ရှင် Ko Saw Ko Ko  အား လေးစားစွာဖြင့်ပြန်လည်မျှဝေပါသည်

ကွန်ပျူတာ နည်းပညာများ လေ့လာနေကြတဲ့ ညီအကိုမောင်နှများအားလုံးကို
မင်္ဂလာပါလို့ ဦးစွာနှုတ်ခွန်းဆက်လိုက်ပါတယ်

ကျွန်တော် အရင်က ကွန်ပျူတာ ပြုပြင်​တဲ့အကြောင်း
A+ Basic ကိုအခန်းလိုက် အပိုင်းလိုက် တင်ဆက်ပြီးဖြစ်ပါတယ်
အခုလည်း A+ Basic ကနေ A+ Advanced Hardware Components ဆိုတဲ့ ခေါင်းစဉ်အောက်မှာ
သင်ခန်းစာအသစ်အနေနဲ့ အခန်းဆက်တင်ဆက်မှုတွေ
ပြန်လည်စတင်ပါတော့မယ်

ဒီသင်ခန်းစာတင်ဆက်မှုတွေမှာ သိပြီးသား Basic အကြောင်းအရာတွေလည်း ပါနိုင်သလို Advanced ကျကျပြောင်းလဲလေ့လာမှုတွေလည်း ပါလာပါတယ်
သင်ခန်းစာ ဆိုတာထက် ကွန်ပျူတာမှာပါတဲ့ အဓိက Hardware တွေရဲ့အကြောင်းကို Detail ဆန်ဆန် အမှန်တကယ် သိနားလည် လိုသူများအတွက် လေ့လာနိုင်ဖို့ တတ်နိုင်သမျှ ဝေမျှရေးသားပေးခြင်း ဖြစ်ပါတယ် ရေးထားသမျှ အများစုက ကျွန်တော်တတ်သိသလောက်
ပညာနဲ့ အတွေ့အကြုံတွေလည်း ပါသလို Web တွေပေါ်က
Latest Technology တွေထိ လေ့လာသူများအတွက်
စေတနာနဲ့ အချိန်ကုန်သက်သာစေဖို့ရည်ရွယ်ပြီး လွယ်ကူစွာ
နားလည် သဘောပေါက်ဖို့ မြန်မာမှုပြု စုစည်းတင်ဆက်ပေးခြင်း
ဖြစ်ပါတယ်

အကြံပေးချင်တာကတော့ တကယ်နားလည်ချင်ရင် တကယ်ဖတ်ပါ
မရှင်းရင် ကျွန်တော့်ကိုပြန်မေးပါ ဒါက လေ့လာသူတွေကိုကျွန်တော်ပေးတဲ့
အခွင့်အရေးပါ ယူတတ်တာ မယူတတ်တာက လေ့လာသူတွေနဲ့သာ သက်ဆိုင်ပါလိမ့်မယ်

A+
Advanced Hardware Components
Episode - 1

Advanced လို့ပြောပေမယ့် အစကတော့ Basic ကနေ စကြရမှာပါပဲ
ဒါကြောင့် သိပြီးသားတွေဖြစ်နေရင်လည်း ကျော်သွားလိုက်ပါ
မသိသေးသူများနဲ့ စတင်လေ့လာလိုသူများအတွက်သာ ရည်ရွယ်ပါတယ် ...

Computer ဆိုတာ ?
လူတိုင်းကဒီလိုခေါ်လို့ ကွန်ပျူတာလို့ ခေါ်တတ်တာမျိုး မဖြေမိပါစေနဲ့
ကိုယ်တိုင်သိအောင် ဖြေတာမျိုးပဲ ဖြစ်ပါစေ အဲဒီလိုဖြေနိုင်ဖို့အတွက်
အောက်မှာ ကိုယ်တိုင်လေ့လာကြည့်ပါ

ကွန်ပျူတာဆိုတာ အသိဥာဏ်ရှိတဲ့ လျှပ်စစ်ဦးနှောက်လို့ အကြမ်း
ဘာသာ ပြန်ကြပါတယ် ဟုတ်ပါတယ် အသိဥာဏ်ရှိတာက အသိဥာဏ်ထည့်ထားလို့ပါ အဲဒီအသိဥာဏ်ကို ကွန်ပျူတာဗေဒ အရ Central Processing လို့ခေါ်ပါတယ် တစ်နည်းအားဖြင့်
တွက်ချက်နိုင်စွမ်းရည်ရှိတာမျိုးပါ အဲဒီတွက်ချက်နိုင်စွမ်းရည်နဲ့
များစွာသောညွှန်ကြားမှု အလုပ်တွေ လုပ်ကိုင်ခြင်းကို Task လို့
ခေါ်ပါတယ် ကွန်ပျူတာမှာ တစ်ခုထက်မက များစွာသောအလုပ်အတွက် Multi Tasking ဆိုတဲ့ နည်းပညာနဲ့ တစ်ပြိုင်နက်တည်း လုပ်ဆောင်နိုင်ပါတယ် ဒါကိုနောက်ပိုင်းအခန်းတွေကျ
Advanced ကျကျ ပြန်လည်တင်ဆက်ပါ့မယ်

သူတို့ကိုဘယ်အရာက ထိန်းချုပ်သလဲဆိုရင် Programs လို့ခေါ်တဲ့ Software တွေကပါ ဒါက ကွန်ပျူတာလို့ ဘာကြောင့်ခေါ်ဆိုသလဲဆိုတဲ့ အဓိပ္ပါယ်ပါပဲ ဟုတ်ပြီ ဆက်လေ့လာကြည့်ပါ

Program ဆိုတာ ?
Program ဆိုတာ ဒီအတိုင်းဘာသာပြန်ရင်တော့ အစီအစဉ်ပေါ့
ဥပမာ ကျောင်းကပွဲတစ်ပွဲမှာ ပွဲတစ်ပွဲလုံးပြီးမြောက်ဖို့ ဘာပြီးရင်
ဘာလာဖို့ သူ့အစီအစဉ်နဲ့ အစီစဉ်တကျစီစဉ်မှုပါ

နောက်ပြီး မီးဖိုးချောင်မှာ ဟင်းတစ်ပွဲချက်မယ်ဆိုလည်း
ဘယ်ဟာကိုအရင်ပြုတ် ပြီးရင်ဘယ်ဟာချက် နောက်ဆုံးဘာထည့် ဆိုတာမျိုး အားလုံးတစ်ခါတည်း လုပ်ဖို့မဟုတ်ပဲ ချက်စရာတွေကို သူ့အလှည့်သူ့အချိန်နဲ့ ချက်ပြုတ်ခြင်းပေါ့

ကွန်ပျူတာမှာတော့ Program ဆိုတာ Set of Instruction ဆိုတဲ့ အဓိပ္ပါယ်အတိုင်း လုပ်ဆောင်ချက်တွေကို Program မှာပါတဲ့ Instruction တစ်နည်းအားဖြင့် အမိန့်အတိုင်း
သူ့အလှည့်နဲ့သူ အစီစဉ်တကျ လုပ်ဆောင်ပေးနိုင်တယ်လို့ပဲ သတ်မှတ်နိုင်ပါတယ်

ကွန်ပျူတာ ဘယ်လိုအလုပ်လုပ်သလဲ ?
ကွန်ပျူတာဆိုတာ Electronic ပစ္စည်းတော့ ဟုတ်ပါတယ်
သို့ပေမယ့် ကျွန်တော်တို့ အိမ်မှာမြင်နေရတဲ့ TV တွေ အောက်စက်တွေလို ရိုးရိုးလျှပ်စစ်ပစ္စည်းမဟုတ်ပါဘူး အပေါ်မှာရေးခဲ့သလိုပဲ
အသိဥာဏ်ရှိတဲ့ လျှပ်စစ်ပစ္စည်းလို့ပဲ သတ်မှတ်စေချင်ပါတယ်

ဘယ်လိုအလုပ်လုပ်လဲဆိုတော့
ကျွန်တော်တို့ အသုံးပြုသူတွေရဲ့ ထည့်သွင်းသမျှ အချက်အလက် အလုပ်တွေကိုလက်ခံနိုင်ပါမယ် ဒါကိုအရင်ရေးခဲ့ဖူးတဲ့
အခြေခံ Unit 4 မျိုးအနေနဲ့ဆိုရင် Input Unit ကလုပ်ဆောင်ပါတယ်

နောက်ပြီး လက်ခံလိုက်တဲ့  အလုပ်အကြောင်းအရာတွေကို လုပ်ဆောင်လည်ပတ်တယ် ဒါကိုတော့ Processing Unit ကလုပ်ဆောင်တဲ့အတွက် Processing အပိုင်းပါ

ဒီလို Processing လုပ်ကိုင်ထားသမျှတွေကို သိမ်းဆည်းထားမယ်ဆိုရင်လည်း ကွန်ပျူတာထဲမှာရှိတဲ့
Storage Unit တွေက ကျွန်တော်တို့မဖျက်မခြင်း
သိမ်းထားပေးနိုင်ပါသေးတယ် ဒါကို Storage Unit လို့လည်း
ခေါ်ပါတယ်

ဒီလိုမဟုတ်ပဲ အပြင်မှာ ပြန်ထုတ်ကြည့်ဖို့ ရုပ်ပုံဖြစ်စေ အသံ အရုပ်ပိုင်းဖြစ်စေ Final Result တစ်ခုအဖြစ် ပြန်လည်ပြပေးတဲ့ အပိုင်းကိုတော့ Output Unit လို့ခေါ်ပါတယ်
ဒါကကွန်ပျူတာတစ်လုံး ဘယ်လိုလုပ် ဆောင်လဲဆိုတာ
Unit ၄ မျိုးနဲ့လုပ်ဆောင်သွာခြင်းပါ
အောက်မှာ တစ်ချက်ပြန်လေ့လာကြည့်ပါ

1) Input Unit (အသွင်း ယူနစ်)
ပြင်ပမှ Data အချက်အလက်တွေကို ကွန်ပျူတာထဲသို့ အသွင်းယူနစ်ကတစ်ဆင့် ထည့်သွင်းခြင်း
ဖြစ်ပါတယ် ကွန်ပျူတာ Hardware မှာအများဆုံးမြင်တွေ့နိုင်တဲ့ အသွင်းယူနစ်တွေကတော့

Computer keyboard
Digital camera
Image scanner
Joystick
Microphone
Mouse
Trackball
Touchscreen တွေပါ နောက်ထပ်ယူနစ်ကတော့

2) Processing Unit (လုပ်ဆောင်ချက် ယူနစ်)
ဒါကတော့ ပြင်ပမှရလာတဲ့ Data နဲ့ Instruction တွေကို လက်ခံလုပ်ဆောင်ပေးတဲ့ Unit ဖြစ်ပါတယ်
အဓိကလုပ်ဆောင်ပေးတဲ့ Processing Unit ကတော့ CPU ပါ သို့ပေမယ့် System တစ်ခုလုံးကိုခြုံပြီး
Processing Unit အဖြစ်လည်း သတ်မှတ်နိုင်ပါတယ်

3) Storage Unit (သိမ်းဆည်း ယူနစ်)
ဒါကတော့ သွင်းလာတဲ့ Data တွေကို သိမ်းဆည်းပေးတဲ့ ယူနစ်တွေပါ ဥပမာ Hard Disk တွေပါ

4) Output Unit (အထုတ် ယူနစ်)
Input ယူနစ်နဲ့ သွင်းတယ် Processing Unit နဲ့လုပ်ငန်းဆောင်တာတွေလုပ်တယ် နောက်ပြီး
လိုအပ်တဲ့ Data တွေကို Storage Unit မှာ SaVE တယ် သိမ်းဆည်းတယ် ဒါတွေအားလုံးရဲ့
Finalize အဖြစ် Result တွေကို ထုတ်ပြပေးတဲ့ ယူနစ်ပါ

Computer monitor
Printer
PC speaker
Projector
Sound card
Video card  တွေပါ

ဒါတွေကို အရင် A+ Basic တင်တုန်းက ရေးပေးဖူးပါတယ်
( ပြန်လေ့လာချင်ရင် Comment မှာ အရင် A+ Basic ရဲ့ PDF File Download Link ရှိပါတယ် )

Process လေးတစ်ခု ပြီးမြောက်အောင် Run နိုင်ဖို့ Keyboard ကနေဖြစ်ဖြစ် Mouse ကနေဖြစ်ဖြစ် သက်ဆိုင်တဲ့ Data Instruction တွေကိုရိုက်သွင်းရပါတယ် ဒါတွေကဘယ်ကိုရောက်သွားသလဲဆိုရင်
RAM ဆိုတဲ့ Random Access Memory တွေကသယ်ဆောင်ပေးပြီး CPU ဆိုတဲ့ Microprocessor ဆီကို ပို့ပါတယ် CPU ကရောက်လာတဲ့ Data Instruction တွေကို Processing လုပ်အဖြေထုတ်ပြီး RAM တွေကပဲတစ်ဆင့် ပြန်လည်ပို့ဆောင်ပြီး Monitor Screen မှာ ကျွန်တော်တို့ အသုံးပြုသူတွေဆီ ပြသပေးပါတယ် တကယ်လို့ ပြသထားတာတွေကို သိမ်းဆည်းဖို့ပြင်ဆင်မယ်ဆိုရင်လည်း RAM အပေါ်မှာရေးခဲ့တဲ့ Data Instruction တွေကို Storage Unit တွေဖြစ်တဲ့ HDD Hard Disk Drive တွေပေါ်မှာသိမ်းဆည်းဖို့
RAM ကပဲပြန်​လည်​စတင်လုပ်ဆောင်ပေးပါတယ်

ဒီနေရာမှာ ဖြည့်စွက်ပြီး တစ်ခုပြောပြချင်တာက
RAM နဲ့ HDD ရဲ့ကွာခြားချက် အနည်းအကျဉ်းပါ
*နောက်လာမယ့် အပိုင်းတွေမှာတော့ Advance ကျကျ *သေချာအသေးစိတ်ရှင်းပြမှာပါ

RAM ဆိုတာက Random Access Memory ဆိုတဲ့အတိုင်း ယာယီမှတ်ဥာဏ်လို့ပဲ သတ်မှတ်နိုင်ပါတယ်
ဥပမာ RAM ပေါ်မှာရှိနေတဲ့ Data Instruction တွေကို စက်ဖွင့်ထားတဲ့အချိန်အတွင်းမှာသာ တည်ရှိတာပါ
တစ်နည်းအားဖြင့် RAM ကို Volatile Memory လို့လည်း ခေါ်ဆိုနိုင်ပါတယ် ယာယီမှတ်ဥာဏ်အဖြစ်ပါ

HDD Hard Disk Drive ပေါ်မှာသိမ်းဆည်းလိုက်တဲ့
Data ကတော့ HDD မပျက်မခြင်း သိမ်းဆည်းသမျှ
စက်ပိတ်လိုက်လည်း တည်ရှိနေပါသေးတယ်
သူ့ကိုတော့ Non-Volatile memory လို့ခေါ်နိုင်ပါတယ်
ဆိုလိုချင်တာက RAM ကစက်ပိတ်လိုက်ရင် Data တွေကို
Handle မလုပ်နိုင်ပေမယ့် HDD ကတော့ Permanent
Storage အဖြစ် Handle လုပ် သိမ်းဆည်းနိုင်ပါတယ်

ကမ္ဘာပေါ်မှာရှိတဲ့ နည်းပညာရပ်ဝန်းပေါင်းစုံက ကွန်​ပျူတာကို အဓိပ္ပါယ်အမျိုးမျိုးဖွင့်ဆိုပေမယ့် နားလည်မှုပိုင်းဆိုင်ရာအရ
အမျိုးမျိုး အဓိပ္ပါယ်ဖွင့်ကြတာရှိပါတယ် သို့ပေမယ့်
သဘောတရားကတော့ အတူတူပါပဲ ဆက်လေ့လာကြည့်ရအောင်

Computer ကို ရုပ်ပိုင်းဆိုင်ရအရ ဘယ်လိုဖွဲ့စည်းထားသလဲ ?
အခုမှစလေ့လာမယ့်သူတွေအတွက် ပြောပြရရင် ရှင်းပါတယ်
ကွန်ပျူတာကို မြင်နိုင်ပြီး ထိတွေ့ကိုင်တွယ်နိုင်တဲ့ Hardware နဲ့
မြင်ရပေမယ့် ထိတွေ့ကိုင်တွယ်မရတဲ့ Software ဆိုတဲ့
အပိုင်း၂ပိုင်းနဲ့ အမြင်အားဖြင့် ဖွဲ့စည်းထားပါတယ်

လူတွေမှာလိုပြောရရင် ရုပ်နဲ့နာမ် လိုပါပဲ
ရုပ်က Hardware အဖြစ်
ပုတယ် ပိန်တယ် ဖြူတယ် မည်းတယ် အစရှိသလို ပုံပြလို့ရတဲ့သဘော
( သွားတော့မထိနဲ့ပေါ့ ကျွန်တော်ပါ အမှုပတ်ကုန်လိမ့်မယ်
သဘောတရား ယှဉ်ပြတာပါ )

နာမ်ဆိုတာကတော့ Software အဖြစ်
ဥပမာ မောင်ဖြူ မောင်နီ ဘယ်သူဆိုပြီးသတ်မှတ်တဲ့
သဘောနဲ့ပါ ဟုတ်ပြီ အောက်မှာထပ်ကြည့်လိုက်ပါ

မြင်ရပြီး ထိတွေ့ကိုင်တွယ်မရတဲ့ Software ဆိုတာ ?
Monitor Screen လိုမျိုးပေါ်မှာ စာရိုက်တာတွေကအစ
ပေါ်နေသမျှရုပ်ပုံနဲ့ လုပ်ဆောင်ချက် အားလုံးဟာ Software လို့ပဲ အကြမ်းအားဖြင့် သတ်မှတ်နိုင်ပါတယ်

အခု လေ့လာသူတွေ
အသုံးပြုနေတဲ့ ဖုန်းမှန်ပြင်ပေါ်က ပေါ်နေသမျှအားလုံး
ဥပမာ Facebook, Viber, Game အစရှိတာတွေအားလုံးက Software တွေပါပဲ ဖြစ်ပေါ်နေတာတွေ မြင်ရတယ် သို့ပေမယ့်
 လက်တွေ့ကျကျ ထိတွေ့ ကိုင်တွယ်မရတဲ့အရာတွေပါပဲ

ကွန်ပျူတာမှာဆိုရင်တော့ Monitor Screen ပေါ်မှာပေါ်နေတဲ့ Microsoft Word တို့ Excel အစရှိတဲ့ Software, Program နဲ့ Application, Game တွေကို သတ်မှတ်ခေါ်ဆိုနိုင်ပါတယ်

မြင်ရသလို ထိတွေ့ကိုင်တွယ်ရတဲ့ Hardware ဆိုတာ ?
တစ်စုံတစ်ယောက်က Keyboard လို့ပြောလိုက်တာနဲ့
စာရိုက်လို့ရတဲ့ Keyboard ကိုထိတွေ့ကိုင်တွယ်ရနိုင်တာကို
Hardware လို့ခေါ်ဆိုနိုင်ပါတယ်
ဆိုလိုချင်တာက လက်တွေ့ကိုင်တွယ်ပြနိုင်တဲ့အရာဝတ္ထုအဖြစ်နဲ့ပါ
လေ့လာသူတွေ လက်ထဲမှာရှိနေတဲ့ ဖုန်းမှာ အထဲက Circuit တွေအားလုံးက Hardware တွေပါပဲ
ဘာလို့လဲဆိုတော့ ထိတွေ့ကိုင်တွယ်ရနိုင်လို့ပါ

Hardware နဲ့ Software ဘယ်လိုဆက်စပ်သလဲ ?
Hardware နဲ့ Software ဆက်စပ်မှုကတော့ အပြန်အလှန်ပါလို့ပဲ ပြောရပါမယ်
Hardware တစ်ခုကိုလည်ပတ်စေဖို့
သက်ဆိုင်ရာ Software လိုအပ်သလို
Software တစ်ခု Run နိုင်ဖို့လည်း
သက်ဆိုင်ရာ Hardware လိုအပ်ပါတယ်

ဥပမာ ကျွန်တော်တို့ ကွန်ပျူတာမှာ ရုပ်ရှင်တစ်ခုဖွင့်ကြည့်ချင်တယ်ဆို
ပထမဆုံး ရုပ်ရှင်ဖိုင်ဖွင့်ဖို့ Software တစ်ခုလိုမယ်
ဒုတိယ ရုပ်ပုံမြင်ရဖို့ Monitor ဆိုတဲ့ Hardware လိုမယ် ဒီလိုပါ
တတိယ အသံကြားရဖို့လည်း Speaker ဒါမှမဟုတ်
Headset တစ်ခုခုလိုမယ် ဒါလည်း Hardware ပါပဲ
အခုလောက်ဆို Hardware နဲ့ Software ဆက်စပ်မှုကို
နားလည်မယ်လို့ ထင်ပါတယ် ဒါဆိုကွန်ပျူတာဘယ်နှမျိုးရှိလဲ ဆက်လက်သိချင်ရင်

ကွန်ပျူတာ ဘယ်နှမျိုးရှိသလဲ ?
ဒီမေးခွန်းက လူအမျိုးမျိုး အဖြေအမျိုးမျိုးပေးကြပါတယ် အခြေခံမှာကျွန်တော်ရေးပြတုန်းက ကွန်ပျူတာကို အသုံးအားဖြင့်
Desktop, Laptop နဲ့ Server ကွန်ပျူတာလို့ ၃မျိုးရေးပြခဲ့ပါတယ်

အခု Advanced အနေနဲ့ရေးပြရရင်တော့
ပိုသိဖို့လိုတဲ့အတွက်
ပိုလေ့လာဖို့
ပိုဖော်ပြလိုက်ပါတယ်
ဟုတ်ပြီလေ့လာကြည့်ပါဦး

Advance ဆိုတော့ Micro Computer အကြောင်းကနေ
သိသင့်တာလေးတွေ စလေ့လာကြည့်ရအောင်

1) Micro Computer
1970 ခုနှစ်ဝန်းကျင်က Micro ဆိုတဲ့အတိုင်း သေးတယ်တဲ့ ကွန်ပျူတာအမျိုးအစားဖြစ်သလို Display Panel မပါဝင်ပါဘူး
CPU, Memory နဲ့ Input/Output IO Unit ​တွေနဲ့တည်​​ဆောက်
ထားတဲ့ Single PCB (Single Printed Circuit Board) Computer လေးတစ်ခုပါပဲ

1977 ခုနှစ်မှာတော့ Home Computer အိမ်သုံးအနေနဲ့
Display ပါတွဲရက်ချိတ်သုံးနိုင်ပြီး Second Generation ကွန်ပျူတာမျိုးဆက်အဖြစ် သမိုင်းတွင်ခဲ့ပါတယ်

ဗဟုသုတအနေနဲ့ ခေတ်ဟောင်းက Microprocessor သုံး Microcomputer List တွေကို ဝေမျှပေးလိုက်ပါတယ်
(မှတ်ထားဖို့တော့မလိုပါဘူး သမိုင်းက List တစ်ခုကိုရှာထားတာကို သိနိုင်ဖို့ Share ပေးတာပါ)

Intel SIM8-01  Intel 8008  1972
MOS Technology KIM-1  MOS Technology 6502  1975
Motorola MEK6800D2  Motorola 6800  1976
Rockwell AIM-65  6502
Synertek SYM-1  6502  1978
Intel SDK-85 Intel 8085
SCELBI  Intel 8008  1974
Mark-8  Intel 8008  1974
MITS Altair 8800  Intel 8080  1975
COSMAC ELF  RCA 1802  1976
Apple I  MOS Technology 6502  1976
Nascom, Nascom 1  Zilog Z80  1977
Nascom 2  Z80  1979
Telmac 1800  RCA 1802  1977
Newbear 77-68  Motorola 6800  1977
Heathkit H8  8080  1977
Heathkit H11  LSI-11  1977
Netronics ELF II  RCA 1802  1977
Quest SuperELF  RCA 1802
System 68  Motorola 6800  1977
PSI comp 80  Z80  1979
Acorn System 1  6502  1979
Tangerine Microtan 65  6502  1979
Compukit UK101  6502  1979
Sinclair's ZX80  Z80  1980
Sinclair ZX81  Z80  1981
MicroBee  Zilog Z80  1982

ဖြည့်စွက်ပြောရရင် နောက်ထပ် Microprocessor သုံး CPU နဲ့ အသုံးချမှုအလိုက် ခွဲထွက်ထုတ်လုပ်ထားတဲ့ ကျောင်းသုံး သီးသန့် Computer တွေကိုလည်း List လုပ်ထားပါသေးတယ်

Altair 8800
Apple I and also Replica 1
Applix 1616
Compukit UK101
Dick Smith Super-80 Computer
Elektor Junior Computer
Elektor TV Computer
Ferguson Big Board
Galaksija
Heathkit H8
Heathkit H11
Heath ET-100
Kenbak-1
KIM-1
LNW-80
MK14
Mark-8
Micro-Professor MPF-I
Nascom 1 and Nascom 2
Newbear 77-68
Processor Technology SOL 20
PSI Comp 80
SCELBI
Sinclair ZX80 kit
Tangerine MICROTAN 65
TEC-1
Commodore SuperPET/SP9000
IQ 151
LINK 480Z
Tiki 100
TIM-011
Unisys ICON တို့ပဲဖြစ်ပါတယ် အခုလောက်ဆို
A+ Advanced Hardware Components ရဲ့ Epidsode 1
ကိုဒီမှာခဏနားခွင့်ပြုပါ နောက်အပိုင်းတွေမှာ ဆက်လာမယ့် သင်ခန်းစာတွေက တဖြည်းဖြည်းနဲ့ Advanced level ကို ​ရောက်လာတော့မှာပါ

ကျွန်တော့်ရဲ့ ပညာဒါနပြု ဝေမျှမှုလေးက
တကယ်လိုအပ်လို့ လေ့လာသူတွေအတွက်
သဲတစ်ပွင့်စာပဲ အကျိုးရှိရှိ ပင်ပန်းရကျိုးနပ်စေပါတယ်
လေးစားစွာဖြင့်

Credit-KO Saw Ko Ko
S2K Advanced Chip-level Computer Service
Mandalay, Myanmar

0 comments:

တင်ထားသမျှ ခေါင်းစဉ်များ

2Step Verification (5) A+အကြောင်း (1) Activator (9) Adobe CS3 Master Collection (1) Adobe Premiere Pro CS6 အသုံးပြုနည် (1) Adobe Software (12) Android application (1987) Android Game (710) AndroidPhoneဆိုင်ရာ (4) Antivirus (1) Apowersoft ApowerEdit v1.4.7.22 Build 04042019 (1) AVAST! Cleanup Premium 2019 version 19.1 Build 7085 (1) Blog Slider (8) Blogger Button (5) Blogger Comment (17) Blogger Ebooks (1) Blogger Hack (54) Blogger Loading Style (6) Blogger Mouse (1) Blogger Template (44) Blogger Tips (77) Blogger Widget (152) Blogs Html (63) Blogs Post (86) Blogs Tab Menu (53) Blogဆိုင်ရာ (1) Bowser ဆိုင်ရာ (21) Brothers in Arms® 3 v1.4.7c Mod Data [Unlimited Money] (1) Buddha မြန်မာစာတန်းထိုး (53) Burning Software (34) Burning Tools (47) C-Box (10) Canon LBP 6000 Original Driver (1) Canon LBP 6030 Original Driver & Installation Guide (1) CCleaner 5.56.7144 (Business / Professional / Technician) Multilingual Portable (1) CD/DVD ဆိုင်ရာများ (30) Cleanner-Speed (68) Computer Autoplay ပိတ်ထားနည်း (1) Computer Partationခွဲနည်း (1) Computer ဆိုင်ရာ (189) Computerဆိုင်ရာ (33) Converter (73) Desing Card (10) Display အလုပ်မလုပ်သော ပြဿနာဖြေရှင်းနည်းများ (1) Domain (3) Download Manager (42) Drive SnapShot v1.46.0.18213 (1) Driver Software (46) DVD-Cloner Platinum 2019 v16.30 Build 1446 [x86/x64] (1) DVDFab v11.0.2.4 [x86/x64] (1) Easy Translator version 14.0.0 (1) Ebooks (405) Errorဖြေရှင်းနည်း (1) Eset Smart Security 12.1.34.0 (x86/x64) (1) Facebook (152) Folder Lock (17) Fonts များစုစည်းမှု (6) Foxit PhantomPDF (1) Game (47) Game PC (32) Glary Utilities PRO version 5.117.0.142 (1) Gmail-Gtalk (70) GoogleChome &InternetDownloadmananger (1) Hacking (81) How To Download (6) Html (51) Internet Download Manager (18) InternetDownloadmananger(IDM) (1) IP Hider Software (6) Java Script (11) KhineMaster (1) KMS/2038 & Digital & Online Activation Suite v6.9 (1) MAGIX SOUND FORGE Pro 13 v.13.0.0 Build 46 (1) Marquee Technique (14) Media Player (31) MI Play store Apk (1) Microsoft Office (21) Mobile Legends Bang Bang Installer .exe Pc Version (1) Motors ( မော်တာများ )အကြောင်း (1) Movie (95) My Pdf (35) Myanmar Font (9) Myanmar Typing Software (1) MZW Solftware (1) NetGuide Journal (63) Network Software (7) New Blogs (15) Notကာကွယ်ခြင်းနည်း (1) ONEKEY PDF Convert to Word 4.0 REPACK (1) Partition Software (7) Password Recovery Software (1) paypal နှင့် ဆိုင်သော (5) PC GAMES (17) PC recovery (13) PC Software (203) PC Speed Up (32) PC-Clean Software (73) PDF (4) PDF Editor (10) Photo Editor Software (65) PHOTO SHOP (သင်တန်း)သီးသန့် (44) Photo Slideshow (12) photoshop background အလန်းများ (6) photoshop PNG ဖိုင်များရှာရန် (14) Photoshop Software (36) Photoshop ဆိုင်ရာ (51) Player (8) PrinterDriver (2) Programming (16) Pyidaungsu font (1) Read More (9) Recent Posts Widget (23) Recover Software (46) Recovery (33) Refresh and Restoreအကြောင်း (1) Reset (1) SAMSUNG One UI ဖုန်းတွေအတွက် မြန်မာဖောင့် (1) Screen Video Recorder (37) Search Box (6) Security Software (36) Sidebar Widget (71) SkyNet လိုင်းအသစ်ထည့်နည်း (1) SkynetBinfile (1) Slideshow Movie Maker (7) Social Widget (19) SOFTWARE (588) Software For Blogs (17) Software များအသုံးပြုနည်း (2) Softwares တွေအတွက် Serial no (or) Key တောင်းလျှင် ဖြေရှင်းနည်း (1) Speed Up Internet (13) TeamViewer version 14.2.2558.0 (Repack & Portable) (1) TTA Pie Myanmar (1) Unicode ေ​ြေပာင်းနည်း (1) Uninstaller Software (25) Upload (6) USB ဖြင့်ဝင်းဒိုးတင်နည်း (4) USB ကြိုးကနေ Virus မဝင်အောင် ကြိုတင် ကာကွယ်နည်း (1) Usb-Memory (19) Video Converter (29) Video Editing (76) Video Editor (1) Video Recorder (12) Virus ဆိုင်ရာ (86) WannaCry Ransomware ၏ အန္တရာယ် အကြောင်းနှင့် ကာကွယ်နည်း (1) Web Design ရေးဆွဲနည်း (5) Webcam Camera Software (11) Website ရေးနည်း (3) Wifi ဆိုင်ရာ (32) Win Update v1.4 (1) Window-10 ဆိုင်ရာ (2) Window-7 ဆိုင်ရာ (32) Window-xp ဆိုင်ရာ (2) window8ဆိုင်ရာ (19) Windows 10 Factory Reset ချနည်း (1) Windows 10 Backup & Restore လုပ်နည်း (1) Windows 10 ကွန်ပျူတာမှာမြန်မာစာတိကျမှန်စွာထည့်နည်း (1) Windows Activator (18) windows loader များ (10) Windows Manager Software (23) Windows Themes (24) Windows တင်နည်းများ (6) WinRAR 5.70 (Fully) (1) WinRar Full Version (12) WinRAR V3.80 Beta Version (1) WinToBootic နှင့် USB ထဲ Install လုပ်နည်း (7) WinUtilities Professional Edition Tool (1) Wordpress Tips (3) Write-Protected ကို ဖြုတ်နိုင်မယ့်နည်းနှစ်သွယ် (1) Zawgyi နဲ့ Unocode ဘာကွာလဲ (1) ကွန်ပျူတာ User Account Picture အကြောင်းများ (1) ကွန်ပျူတာဆိုင်ရာ (1) ကွန်ပျူတာပတ်ဝပ်ပြောင်းမရအောင်လုပ်နည်း (1) ကွန်ပျူတာရဲ့ Storage က HDD လား? SSD လား? စစ်ဆေးနည်းများ (1) ကွန်ပျူတာဟန်းနေရင်ဖြေရှင်းနည်း (1) ကျွနုပ်နှင့် ပရဟိတအလှူ (9) ကာမသိဒ္ဓိကျမ်း (1) ချက်နည်းပြုတ်နည်း (1) နည်းပညာဆိုင်ရာ (2) နည်းလမ်းများ (6) ပန်ကာပြုပြင်နည်း (1) ဖိုင်ဖြေနည်းများ (8) ဗဟုသုတ (6) ဗားရှင်းအသစ်ထွက်ရှိလာတဲ့ Facebook (နှင့်) Messenger (1) ဘာသာစကား ၉၁ မျိုးထိ ပါဝင်တဲ့ Easy Translator (1) ဘာသာရေးစာအုပ်များ (9) မိမိဆိုက်ကိုကော်ပီကူးမရအောင် ပိတ်ထားနည်း (1) ပြည်ထောင်စု ဖောင့် လက်ကွက် နှင့် စာရိုက်နည်း (1) မြန်မာစာမှန်အောင်လုပ်နည်း (1) မြန်မာဆိုတာ (1) ဝင်းဒိုးကို AOMEISoftware ဖြင့် Backup & Restore လုပ်နည်း (1) သင့် Laptop ကို မြန်ဆန်အောင်လုပ်ပေးမယ့် အချက် ၇ ချက (1) အင်တာဗျူးအစီစဉ် (2) အပျိုလမ်းညွှန် (1) အသံဇာတ်လမ်း (19) အခြေခံကွန်ပျူတာ Pdf (1) ဦးဇာနည်နည်းလမ်းများ (7) ဆော့ဝဲ ပြဿနာဖြေရှင်းနည်း (1) ကြော်ငြာ (13) ဟောပြောပွဲ (15)

မန်ဘာဝင်လို့အားပေးကြပါ