ဝင်းဒိုးကို AOMEI ဖြင့် Backup & Restore လုပ်နည်းပါ။
(AOMEI Backupper အသုံးပြုနည်း)
Backup မလုပ်မှီ လုပ်ဆောင်သင့်သော အချက်များ
မိမိ အမြဲတမ်းသုံးလေ့ရှိသော Software များ
အားလုံးစုံအောင်သွင်းထားပါ။
Phone Services ဆရာများ ဖြစ်လျှင်
Driver များအားလုံးအဆင်ပြေအောင်
လုပ်ထားပါ။ Software Setting, PC Setting အစရှိသည်တို့ကို
မိမိအသုံးပြုလေ့ရှိသော ပုံစံများပြောင်းလဲထားပါ။
အကောင်းဆုံးကတော့
3/4 ရက်ပုံမှန်အတိုင်းအသုံးပြုပြီး မိမိနဲ့ အသားအကျဆုံး အနေအထား ဖြစ်အောင်လုပ်ပါ။
စိတ်တိုင်းကြပြင်ဆင်ပြီးပြီဆိုလျင် PC ဖြင့် Download ဆွဲထားသော Data များ
မလိုအပ်သော (C:)ထဲမှ Data များအားလုံးကို Delete လုပ်ထားပါ။ (Backup File Size သေးအောင်)
Backup လုပ်ခြင်းပြီးပါပြီ။
Restore ပြန်လုပ်ခြင်း
Enable Universal Restore ဆိုတာ ဘယ်အချိန်မှာသုံးလဲ ပြောရပါမယ်။
လက်ရှိရွေးခြယ်ထားတဲ့ Backup ဖိုင်ဟာ ဘယ် PC or Laptop ကယူထားသလဲ။
ဆိုကြပါစို့ စက် A ကယူထားတဲ့ Backup ဖိုင်ကို စက် A မှာပဲ Restore လုပ်မယ်ဆိုတဲ့
အနေ အထားမျိုးမှာ (Mother Board တူတာကို အဓိကပြောချင်တာပါ။) Enable Universal Restore ကို အမှန်ခြစ်ထားစရာမလိုပါဘူး။
အမှန်ခြစ်မိခဲ့ရင် Mother Board Driver တွေ Graphic
Driver တွေပြန် Install လုပ်ပေးရပါလိမ့်မယ်။
စက် A ယူထားတဲ့ Backup ဖိုင်ကို စက် B မှာ
Restore လုပ်မယ်ဆိုရင် မဖြစ်မနေ
Enable Universal Restore ကို အမှန်ခြစ်ထားရပါမယ်။
(Mother Board မတူတာကို အဓိကပြောချင်တာပါ။)
အမှန်မခြစ်ခဲ့မိရင် Windows တက်လာမှာ မဟုတ်တော့ပါ။ (Chipset Series အမျိုးအစားတူရင်တော့တက်ပါလိမ့်မည်။)
Downoad
Hide or report this
Photo.Crd
0 comments:
Post a Comment