17 Apr 2019

WannaCry Ransomware ၏ ကြောက်စရာကောင်းသော အန္တရာယ် အကြောင်းနှင့် ကာကွယ်နည်း

WannaCry Ransomware တိုက်ခိုက်ခြင်းခံရပါက....
အကျိုးသက်ရောက်ပုံနှင့် ကာကွယ်နည်းများ.....
သတင်းဆောင်းပါး အပြည့်အစုံပါ.....
.
.
WannaCry Ransomware ၏ ကြောက်စရာကောင်းသော အန္တရာယ် အကြောင်းနှင့် ကာကွယ်နည်း
.
.
ယခုတစ်လော ကမ္ဘာတဝှမ်းမှာ ရေပန်းစားနေသည့် တိုက်ခိုက်ခြင်း နည်းလမ်းကို ဖော်ပြရပါဆိုလျှင် WannaCry ဟု အမည်ပေးထားသော Ransomware ဖြင့် တိုက်ခိုက်ခြင်း နည်းလမ်း ဖြစ်သည်။ Ransomware သည် Malware အမျိုးအစားပေါင်း များစွာထဲမှ တစ်ခုဖြစ်သည်။ Ransomware သည် ကွန်ပြူတာအတွင်းသို့ ဝင်ရောက်သွားပါက ငွေကြေးပမာဏ တစ်ခုကို တောင်းခံမည်ဖြစ်သည်။ Ransomware ၏ အဓိကလုပ်ဆောင်ပုံမှာ ကွန်ပြူစာစံနစ် အတွင်းပိုင်းရှိ ဝင်းဒိုး (Windows) ရှိသော အပိုင်း၏ ရှေ့ပိုင်းတွင် နေရာယူလိုက်ပြီး ဝင်းဒိုး (Windows) အား ပိတ်ပင်တားဆီးထားခြင်း ဖြစ်သည်။ Ransomware ဝင်ရောက်သွားပါက ကွန်ပြူတာမျက်နှာပြင်တွင် အခြားသော လုပ်ငန်းဆောင်တာများကို မြင်တွေ့ရမည် မဟုတ်ဘဲ တိုက်ခိုက်သူများမှ ဖန်တီးထားသော မျက်နှာပြင်ကိုသာ မြင်တွေ့ရမည်ဖြစ်သည်။ ကွန်ပြူတာအား Restart ပြန်လည်စတင်ခြင်း လုပ်ငန်းများကို လုပ်ဆောင်သော်လည်း တိုက်ခိုက်သူများ ဖန်တီးထားသော မျက်နှာပြင်သည် ပျောက်ကွယ်သွားမည် မဟုတ်ပေ။ ထို မျက်နှာပြင်အား ဖယ်ရှားခြင်ပါက BTC (Bitcoin) ဟုခေါ်သာ အင်တာနက် ငွေကြေး နံပါတ်အတွင်းသို့ သတ်မှတ်ထားသည့် ငွေကြေးပမာဏတစ်ခု ပေးသွင်းရမည် ဖြစ်သည်။ ထိုသို့ ပေးသွင်းမှ အဆိုပါ မျက်နှာပြင်အား ဖယ်ရှားနိုင်သည့် Software သို့မဟုတ် Code များကို တိုက်ခိုက်သူများမှ ပေးပို့မည် ဖြစ်သည်။
.
Ransomware များဖြင့် တိုက်ခိုက်မှူ့သည် ယခုနောက်ပိုင်း အများဆုံး မြင်တွေ့ရသော တိုက်ခိုက်မှူ့ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် Ransomware များဖြင့်တိုက်ခိုက်ခြင်းသည် အကျိုးအမြတ်ပမာဏ အမြောက်အများအား လျှင်မြန်စွာ ရနိုင်သောကြောင့် ဖြစ်သည်။ Ransomware မိသွားသည့်အခါ ကွန်ပြူတာမျက်နှာပြင်သည် တိုက်ခိုက်သူတို့ ဖန်တီးပြုလုပ်ထားသော မျက်နှာပြင်သာ မြင်တွေ့ရမည် ဖြစ်သည်။ ထိုအခြေအနေမျိုးတွင် ဝင်းဒိုး (Windows) အား ပြန်လည် Installation တပ်ဆင်ခြင်း ပြုလုပ်မှသာလျှင် အဆိုပါ Ransomware အား ဖယ်ရှားနိုင်မည် ဖြစ်သည်။ ကွန်ပြူတာ တွင် ဖိုင်များ သိမ်းဆည်း သိုလှောင်ထားနိုင်သော အပိုင်းခွဲများ ဖြစ်သည့် Drives များစွာရှိသည်။ ထို အပိုင်းများစွာ ထဲမှ အပိုင်း စီ Drive C သည် Windows System ဝင်းဒိုး စံနစ် တပ်ဆင်ထားသော အပိုင်း ဖြစ်သည်။ ဝင်းဒိုး (Windows) ကို ပြန်လည် Installation တပ်ဆင်သောအခါ ထို အပိုင်း စီ Drive C တစ်ခုလုံးအား ဖျစ်ဆီးပစ်ပြီးမှ ဝင်းဒိုး အသစ် (Windows) အား ပြန်လည် Installation တပ်ဆင်နိုင်မည် ဖြစ်သည်။ ဝင်းဒိုး (Windows) အား Installation တပ်ဆင်ခြင်း ပြုလုပ်မည်ဆိုပါက အပိုင်း စီ Drive C တွင် သိမ်းဆည်းထားသော အချက်အလက်များအား အခြားသော အပိုင်းများတွင် ပြောင်းလဲ သိမ်းဆည်းရမည်ဖြစ်သည်။ သို့မှသာ ဝင်းဒိုး (Windows) အား Installation တပ်ဆင်ခြင်း ပြုလုပ်သည့်အချိန်တွင် အပိုင်း စီ Drive C အား ဖျက်ဆီးသည့်အခါ အရေးကြီးသော စာရွက်စာတမ်းများ ဖိုင်များ မပျောက်ပျက်စေမှာ ဖြစ်ပါတယ်။
.
Ransomware ဝင်ရောက်သွားသည့်အခါ အဆိုပါ Ransomware အား ငွေပေးချေခြင်းဖြင့် လည်းကောင်း ၊ ဝင်းဒိုး (Windows) အား ပြန်လည် Installation တပ်ဆင်ခြင်းဖြင့် လည်းကောင်း ဖယ်ရှားနိုင်ပေသည်။ ဝင်းဒိုး (Windows) အား ပြန်လည် Installation တပ်ဆင်ရန်အတွက် အပိုင်း စီ Drive C အား ဖျက်ဆီးပစ်ရန်လည်း လိုအပ်မည် ဖြစ်သည်။ ဝင်းဒိုး (Windows) အား ပြန်လည် Re-Installtion စတင်ခြင်း လုပ်ငန်းများ မပြုလုပ်ခင် အပိုင်း စီ Drive C တွင် သိမ်းဆည်းထားသော အရေးကြီး စာရွက်စာတမ်းများအား အခြားသော အပိုင်းများအတွင်းသို့ ပြောင်းလဲ သိမ်းဆည်းရမည် ဖြစ်သည်။ ဒီနေရာမှာ အခြေအနေတစ်ခု ရှိပါတယ်။ အကယ်၍ အသုံးပြုသူမျာသည် ဝင်းဒိုး (Windows) ရှိနေသည့် Drive C တွင် အခြားသော အရေးကြီးသော ဖိုင်များ ရှိနေပါက အပိုင်း စီ Drive C အား ဖျက်ဆီးရန် မဖြစ်နိုင်ပါ။ ထိုသို့သော အခြေအနေမျိုးတွင် Ransomware မှ သတ်မှတ်ထားသော ငွေကြေးပမာဏကို ပေးဆောင်ရမည် ဖြစ်သည်။ ဆိုလိုသည်မှာ Ransomware မိသည့်အခါ ထို Ransomware အား ဖယ်ရှားရန် ဝင်းဒိုး (Windows) အား ပြန်လည် Installation တပ်ဆင်ရန် လိုအပ်သည်။ ထိုသို့ ဝင်းဒိုး (Windows) အား ပြန်လည် Installation တပ်ဆင်ရန်အတွက် အပိုင်း စီ Drive C အား ဖျက်ဆီးပစ်ရန်လိုအပ်သည်။ သို့သော် အပိုင်း စီ Drive C အပေါ်တွင် အရေးကြီးသော အချက်အလက်များ ရှိနေသည့်အတွက် Ransomware ဖြင့် တိုက်ခိုက်ခံရလျှင်တောင်မှ ဝင်းဒိုး (Windows) ပြန်လည် Installation တပ်ဆင်ရန်အတွက် အပိုင်း စီ Drive C အား မည်သို့မျှ ဖျက်ဆီးရန် မဖြစ်နိုင်ပါ။ ထို့ကြောင့် အပိုင်း စီ Drive C တွင် သိမ်းဆည်းထားသော အချက်အလက်များ မပျက်စီးစေရန်အတွက် Ransomware မှ သတ်မှတ်ထားသော ငွေကြေး ပမာဏတစ်ခုအား မပေးချင်သော်လည်း ပေးဆောင်ရမည် ဖြစ်သည်။ ဝင်းဒိုး (Windows) အသုံးပြုသော အခြားသော စံနစ်များလည်းရှိသည်။ အချို့သော စံနစ်များသည် Restart ပြန်လည်စတင်ခြင်း လုပ်ငန်းများကို မပြုလုပ်ခင် အချက်အလက်များအား သိမ်းဆည်းထားရန်လိုအပ်သည်။ ထိုကဲ့သို့သော စံနစ်များအား Ransomware တိုက်ခိုက်ခြင်း ခံရပါက Restart ပြန်လည်စတင်ခြင်း လုပ်ငန်းများကို လုပ်ဆောင်ရန်အတွက် စံနစ်အား Installation ပြန်လည် တပ်ဆင်ခြင်း လုပ်ငန်းများကို လုပ်ဆောင်ရန် လိုအပ်သော်လည်း အချက်အလက်များ မသိမ်းဆည်းရသေးသည့်အတွက် Installation ပြန်လည် တပ်ဆင်ခြင်း လုပ်ငန်းများကို မပြုလုပ်နိုင်ပေ။ ထို့ကြောင့် Ransomware များ တိုက်ခိုက်ခြင်း ခံရပါက ငွေပေးချေနေရခြင်း ဖြစ်သည်။ Ransomware များ၏ အဓိကပစ်မှတ်များမှာ Re-Installation ပြန်လည် တပ်ဆင်ခြင်း လုပ်ငန်းများကို အလွယ်တကူ မပြုလုပ်နိုင်သော စံနစ်များအား ဦးတည် တိုက်ခိုက်ခြင်း ဖြစ်သည်။ သို့မှသာ အကျိုးအမြတ်များမည် ဖြစ်သည်။
.
WannaCry Ransomware သည် Email များ ၊ Download Links များ မှတဆင့် ကမ္ဘာတဝှမ်းသို့ ပျံ့နှံ့ခဲ့ပြီး ဖြစ်ပါတယ်။ WannaCry Ransomware ဖြင့် ထိခိုက်ခံရသူများသည် ဖော်ပြထားသော အင်တာနက် ငွေကြေး နံပါတ်ဖြစ်သော Bitcoin သို့ အမေရိကန်ဒေါ်လာ ၃၀၀ ဒေါ်လာ - ၅၀၀ ဒေါ်လာ စသည်ဖြင့် ပေးပို့ရမည် ဖြစ်သည်။ သို့မှသာ WannaCry Ransomware အား ပယ်ဖျက်နိုင်သော Software သို့မဟုတ် Code အား တိုက်ခိုက်သူများမှ ပြန်လည် ပေးပို့မည် ဖြစ်သည်။
.
WannaCry Ransomware အား Wanna Decryptor , Wndows SMB Exploit , EternalBlue စသည်ဖြင့် အမျိုးအမျိုး ခေါ်ဆိုကြပါတယ်။ WannaCry Ransomware သည် ဝင်းဒိုး (Windows) စံနစ်များအတွင်းသို့ ဝင်ရောက်ပြီး တိုက်ခိုက်သူများအတွက် ၀င်ပေါက်တံခါးများကို ဖွင့်လှစ်ပေးနိုင်ပါသည်။
.
WannaCry Ransomware ကြောင့် ကမ္ဘာပေါ်ရှိ ဆေးရုံးများ ၊ IT (Information Technology) စံနစ်များ ၊ ဆက်သွယ်ရေး စံနစ်များ ၊ Networks ကွန်ယက်စံနစ်များ မြောက်များစွာ ထိခိုက်ခဲ့ပါတယ်။ WannaCry Ransomware စတင်ထွက်ရှိသည့်နေ့ တစ်ရက်တည်းမှာပင် ကမ္ဘာပေါ်ရှိ ၉၉ နိုင်ငံမှ ကွန်ပြူတာပေါင်း ၉၀,၀၀၀ နီးပါး ထိခိုက် ပျက်စီးခဲ့ပါတယ်။
.
တိုက်ခိုက်မှူ့များက ယနေ့တိုင် အဆုံးသတ်ခြင်း မရှိသေးပါဘူး။ ပြင်ဆင်နေစဉ်ကာလ အတွင်းမှာပင် WannaCry 2.0 ဆိုပြီး အသစ်ထပ်မံထွက်ရှိလာပါတယ်။ ထို WannaCry 2.0 အတွက် ပြင်ဆင်မှူ့များကို ယနေ့တိုင် ပြုလုပ်နိုင်ခြင်း မရှိသေးပါဘူး။ WannaCry 2.0 ဖြင့် တိုက်ခိုက်မှူ့များ ဆက်လက် ဖြစ်နေဦးမည် ဖြစ်သည်။
.
.
ကာကွယ်နည်းများ
.
Windows စံနစ်များအား အမြဲတမ်း Up to Date အဆင့်မြှင့်တင်ထားပါ။
.
Windows မှ ထွက်ရှိသမျှ Patch ပြုပြင် ဖာထေးပေးနိုင်သော Software များအား Installation တပ်ဆင်ထားပါ။
.
ဝင်းဒိုး၏ အားနည်းချက် SMB ကို ပြင်ဆင်ထားပါ။ အဆိုပါ SMB အားနည်းချက်အတွက် Microsoft မှ ပြုပြင်ဖာထေးပေးနိုင်သော Patch အား ထုတ်ဝေထားပြီးဖြစ်သည်။ SMB Patches များအား ဖော်ပြပါ Link တွင် Download ပြုလုပ်နိုင်ပါသည်။
.
Download : https://support.microsoft.com/en-in/help/2696547/how-to-enable-and-disable-smbv1,-smbv2,-and-smbv3-in-windows-vista,-windows-server-2008,-windows-7,-windows-server-2008-r2,-windows-8,-and-windows-server-2012
.
Microsoft မှ ထုတ်ဝေထားသော ပြုပြင်ဖာထေးနိုင်သော Patch အား Installation တပ်ဆင်ထားသော်လည်း WannaCry Ransomware အန္တရာယ်မှ ကာကွယ်နိုင်ရန် SMB အား Disable ပိတ်ထားရမည် ဖြစ်သည်။ SMB အား ပိတ်ထားရန်အတွက် အောက်ပါအတိုင်း လုပ်ဆောင်ထားရမည် ဖြစ်သည်။
.
Control Panel -> Programs ကိုဖွင့်လိုက်ပါ။
Programs and Features ရှိ Turn Windows features on or off ကို နှိပ်လိုက်ပါ။
“SMB 1.0/CIFS File Sharing Support” ကို လိုက်ရှာပြီး အမှန်ခြစ်အား ဖြုတ်ပစ်ပါ။
.
Firewall ကို ဖွင့်ထားပါ။
.
ထောက်ခံချက်ရရှိထားသော Antivirus များကို အသုံးပြုပါ။
.
မသိသော သို့မဟုတ် တစိမ်းတရံမှ ပေးပို့သည့် Emails များ ၊ Applications များ ၊ Software များ ၊ Download Links များအား ဖွင့်မိခြင်း ၊ Installation တပ်ဆင်ခြင်း တို့ကို မပြုလုပ်မိပါစေနှင့်
.
အရေးကြီးသော System ဖိုင်များ သို့မဟုတ် စာရွက်စာတမ်းများအား အရန်နေရာတွင် သိမ်းဆည်းထားပါ။ သို့မဟုတ် အခြားသော နေရာများတွင် သိမ်းဆည်းထားပါ။
.
WannaCry Ransomware တိုက်ခိုက်ခံခြင်း၏ နောက်ကွယ်တွင် ရှိနေသော အဖွဲ့အစည်းများကို ယနေ့တိုင် ခြေရာခံ၍ မရသေးပါဘူး။ ကြီးမားသော တိုက်ခိုက်မှူ့များသည် မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိသည်။ တိုက်ခိုက်မှူ့များ၏ အဓိက ရည်ရွယ်ချက်မှာ အချိန်တိုအတွင်း မြောက်များလှစွာသော ငွေကြေးပမာဏအား ရယူလိုရန် အတွက် ဖြစ်သည်။ အချိန်တိုအတွင်းမှာပင် ငွေပေးချေသည့် အရေအတွက်ပေါင်း ၁၇၁ ခုရှိခဲ့ပြီး BTC ငွေကြေး ၂၇.၉၆၉၆၈၇၆၃ (အမေရိကန်ဒေါ်လာ ၄၇,၅၁၀.၇၁ ဒေါ်လာ) ရရှိခဲ့သည်။
.
WannaCry Ransomware ကြောင့် ပျက်စီးဆုံးရှုံးမှူ့ ထိခိုက်နစ်နာမှူ့များသည် ကမ္ဘာအနှံ့ရှိ နိုင်ငံအတော်များများတွင် ဖြစ်ပွားခဲ့ပါသည်။ WannaCry Ransomware နှင့် ပတ်သက်ပြီး မေးခွန်းထုတ်စရာအချို့ရှိလာပါတယ်။ 
.
Microsoft က အားနည်းချက်ရှိသော ဝင်းဒိုး (Windows) တွေကို ထုတ်လုပ်နေတာလား? ဝင်းဒိုး (Windows) များအား ထုတ်လုပ်ခြင်း မပြုခင် သေချာစွာ စစ်ဆေးခြင်း မပြုလုပ်ဘူးလား? 
.
အမေရိကန်နိုင်ငံရှိ အမျိုးသားလုံခြုံရေး အဖွဲ့အစည်းဖြစ်သည့် NSA (National Security Agency) သည် ဝင်းဒိုး (Windows) စံနစ်များတွင် WannaCry Ransomware ကဲ့သို့သော တိုက်ခိုက်နည်းတို့ဖြင့် တိုက်ခိုက်လာနိုင်သော SMB အားနည်းချက်များကို ရှာဖွေတွေ့ရှိထားသော်လည်း Microsoft အား အကြောင်းကြားခြင်း မပြုဘဲ လျှိုဝှက်စွာ ထိန်းသိမ်းထားခဲ့သည်။ အကယ်၍ Microsoft ၏ အားနည်းချက်များအား ထိန်းသိမ်းထားခြင်း မပြုဘဲ ထုတ်ဖော် အကြောင်းကြားခဲ့မည် ဆိုပါက တိုက်ခိုက်ခံရမည်မဟုတ်ပေ။ ကြိုတင်ကာကွယ်ထားနိုင်ပေသည်။ ထို့ကြောင့် Microsoft ၏ အားနည်းချက်များကို ထုတ်ဖော်ပြောဆိုခြင်းမပြုဘဲ လျှို့ဝှက်စွာ ထိန်းသိမ်းထားခဲ့သော NSA တွင် တာဝန်ရှိသလား?
.
Shadow Brokers ကဲ့သို့သော မြေအောက် ဟက်ကင်း (Hacking Groups) အဖွဲ့များသည် မည်သူ တစ်ဦးတစ်ယောက်မျှ ရှာဖွေ တွေ့ရှိဖူးထားခြင်း မရှိသော Zero-Day Exploits များအား ရှာဖွေတွေ့ရှိသော်လည်း ဖော်ထုတ်ခြင်း မပြုဘဲ တိုက်ခိုက်လိုသောကြောင့် တမင်တကာ လျှို့ဝှက်ထားခဲ့ခြင်းကြောင့်လား?
.
ဝင်းဒိုး (Windows) အသုံးပြုသူများ၏ ဗဟုသုတ အားနည်းခြင်းကြောင့်လား?
.
စသည်ဖြင့် မြောက်များလှစွာသော မေးခွန်းများ ထုတ်စရာရှိလာပါတယ်။
.
Microsoft သည် WannaCry Ransomware ၏ တိုက်ခိုက်မှူ့ဒဏ်ကို အတော်လေး ခံစားခဲ့ရသည်။ ထိုဖြစ်စဉ်အတွက် Microsoft မှ NSA အား ပြစ်တင်ပြောဆိုမှူ့များကို ပြုလုပ်ခဲ့ပါသည်။ NSA သည် Microsoft အား WannaCry Ransomware တိုက်ခိုက်နည်း ကဲ့သို့သော နည်းလမ်းများဖြင့် တိုက်ခိုက်နိုင်သော အားနည်းချက်များကို ရှာဖွေ တွေ့ရှိခဲ့သော်လည်း သက်ဆိုင်ရာ ကုမ္ပဏီသို့ တရားဝင် သတိပေး အကြောင်းကြားမှူ့များ ပြုလုပ်ရမည် ဖြစ်သော်လည်း ကိုယ်ပိုင်အကျိုးအမြတ်အတွက် လျှို့ဝှက်ထားခဲ့သည်။ NSA သည် အဆိုပါ SMB အားနည်းချက်များ မှတဆင့် ကွန်ပြူတာစံနစ်များအား တိုက်ခိုက်ပြီး အချက်အလက်များအား ရယူရန် အစီအစဉ်ရှိခဲ့သည်။ ထို့ကြောင့် Microsoft အား တိုက်ခိုက်ခံရနိုင်သော အားနည်းချက်များအား ထုတ်ဖော်မပြောဘဲ လျှို့ဝှက်ထားခဲ့ခြင်း ဖြစ်သည်။ 
.
WannaCry တိုက်ခိုက်မှူ့များသည် ဆက်လက် ဖြစ်ပွားနေဦးမှာ ဖြစ်ပါတယ်။ ဝင်းဒိုး (Windows) စံနစ်များအား ပြုပြင်ခြင်း ဖာထေးခြင်း Patch လုပ်ငန်းစဉ်များကို မပြုလုပ်နိုင်မချင်း WannaCry Ransomware တိုက်ခိုက်မှူ့များကို ရင်ဆိုင်နေကြရဦးမည် ဖြစ်သည်။ ထို့ကြောင့် WannaCry Ransomware များအား တိုက်ခိုက်ခြင်း မခံရစေရန် ဖော်ပြပါ ကာကွယ်နည်းများကို အသုံးပြုပြီး ကာကွယ်ထားရန် လိုအပ်ပါကြောင်း အစီရင်ခံ ဖော်ပြလိုက်ရပါတယ်ခင်ဗျာ…..
.
.

Cd ကိုရီချင်
.
.
မျှဝေခြင်းသည်.......ပညာဒါနမည်၏

0 comments:

တင်ထားသမျှ ခေါင်းစဉ်များ

2Step Verification (5) A+အကြောင်း (1) Activator (9) Adobe CS3 Master Collection (1) Adobe Premiere Pro CS6 အသုံးပြုနည် (1) Adobe Software (12) Android application (1987) Android Game (710) AndroidPhoneဆိုင်ရာ (4) Antivirus (1) Apowersoft ApowerEdit v1.4.7.22 Build 04042019 (1) AVAST! Cleanup Premium 2019 version 19.1 Build 7085 (1) Blog Slider (8) Blogger Button (5) Blogger Comment (17) Blogger Ebooks (1) Blogger Hack (54) Blogger Loading Style (6) Blogger Mouse (1) Blogger Template (44) Blogger Tips (77) Blogger Widget (152) Blogs Html (63) Blogs Post (86) Blogs Tab Menu (53) Blogဆိုင်ရာ (1) Bowser ဆိုင်ရာ (21) Brothers in Arms® 3 v1.4.7c Mod Data [Unlimited Money] (1) Buddha မြန်မာစာတန်းထိုး (53) Burning Software (34) Burning Tools (47) C-Box (10) Canon LBP 6000 Original Driver (1) Canon LBP 6030 Original Driver & Installation Guide (1) CCleaner 5.56.7144 (Business / Professional / Technician) Multilingual Portable (1) CD/DVD ဆိုင်ရာများ (30) Cleanner-Speed (68) Computer Autoplay ပိတ်ထားနည်း (1) Computer Partationခွဲနည်း (1) Computer ဆိုင်ရာ (189) Computerဆိုင်ရာ (33) Converter (73) Desing Card (10) Display အလုပ်မလုပ်သော ပြဿနာဖြေရှင်းနည်းများ (1) Domain (3) Download Manager (42) Drive SnapShot v1.46.0.18213 (1) Driver Software (46) DVD-Cloner Platinum 2019 v16.30 Build 1446 [x86/x64] (1) DVDFab v11.0.2.4 [x86/x64] (1) Easy Translator version 14.0.0 (1) Ebooks (405) Errorဖြေရှင်းနည်း (1) Eset Smart Security 12.1.34.0 (x86/x64) (1) Facebook (152) Folder Lock (17) Fonts များစုစည်းမှု (6) Foxit PhantomPDF (1) Game (47) Game PC (32) Glary Utilities PRO version 5.117.0.142 (1) Gmail-Gtalk (70) GoogleChome &InternetDownloadmananger (1) Hacking (81) How To Download (6) Html (51) Internet Download Manager (18) InternetDownloadmananger(IDM) (1) IP Hider Software (6) Java Script (11) KhineMaster (1) KMS/2038 & Digital & Online Activation Suite v6.9 (1) MAGIX SOUND FORGE Pro 13 v.13.0.0 Build 46 (1) Marquee Technique (14) Media Player (31) MI Play store Apk (1) Microsoft Office (21) Mobile Legends Bang Bang Installer .exe Pc Version (1) Motors ( မော်တာများ )အကြောင်း (1) Movie (95) My Pdf (35) Myanmar Font (9) Myanmar Typing Software (1) MZW Solftware (1) NetGuide Journal (63) Network Software (7) New Blogs (15) Notကာကွယ်ခြင်းနည်း (1) ONEKEY PDF Convert to Word 4.0 REPACK (1) Partition Software (7) Password Recovery Software (1) paypal နှင့် ဆိုင်သော (5) PC GAMES (17) PC recovery (13) PC Software (203) PC Speed Up (32) PC-Clean Software (73) PDF (4) PDF Editor (10) Photo Editor Software (65) PHOTO SHOP (သင်တန်း)သီးသန့် (44) Photo Slideshow (12) photoshop background အလန်းများ (6) photoshop PNG ဖိုင်များရှာရန် (14) Photoshop Software (36) Photoshop ဆိုင်ရာ (51) Player (8) PrinterDriver (2) Programming (16) Pyidaungsu font (1) Read More (9) Recent Posts Widget (23) Recover Software (46) Recovery (33) Refresh and Restoreအကြောင်း (1) Reset (1) SAMSUNG One UI ဖုန်းတွေအတွက် မြန်မာဖောင့် (1) Screen Video Recorder (37) Search Box (6) Security Software (36) Sidebar Widget (71) SkyNet လိုင်းအသစ်ထည့်နည်း (1) SkynetBinfile (1) Slideshow Movie Maker (7) Social Widget (19) SOFTWARE (588) Software For Blogs (17) Software များအသုံးပြုနည်း (2) Softwares တွေအတွက် Serial no (or) Key တောင်းလျှင် ဖြေရှင်းနည်း (1) Speed Up Internet (13) TeamViewer version 14.2.2558.0 (Repack & Portable) (1) TTA Pie Myanmar (1) Unicode ေ​ြေပာင်းနည်း (1) Uninstaller Software (25) Upload (6) USB ဖြင့်ဝင်းဒိုးတင်နည်း (4) USB ကြိုးကနေ Virus မဝင်အောင် ကြိုတင် ကာကွယ်နည်း (1) Usb-Memory (19) Video Converter (29) Video Editing (76) Video Editor (1) Video Recorder (12) Virus ဆိုင်ရာ (86) WannaCry Ransomware ၏ အန္တရာယ် အကြောင်းနှင့် ကာကွယ်နည်း (1) Web Design ရေးဆွဲနည်း (5) Webcam Camera Software (11) Website ရေးနည်း (3) Wifi ဆိုင်ရာ (32) Win Update v1.4 (1) Window-10 ဆိုင်ရာ (2) Window-7 ဆိုင်ရာ (32) Window-xp ဆိုင်ရာ (2) window8ဆိုင်ရာ (19) Windows 10 Factory Reset ချနည်း (1) Windows 10 Backup & Restore လုပ်နည်း (1) Windows 10 ကွန်ပျူတာမှာမြန်မာစာတိကျမှန်စွာထည့်နည်း (1) Windows Activator (18) windows loader များ (10) Windows Manager Software (23) Windows Themes (24) Windows တင်နည်းများ (6) WinRAR 5.70 (Fully) (1) WinRar Full Version (12) WinRAR V3.80 Beta Version (1) WinToBootic နှင့် USB ထဲ Install လုပ်နည်း (7) WinUtilities Professional Edition Tool (1) Wordpress Tips (3) Write-Protected ကို ဖြုတ်နိုင်မယ့်နည်းနှစ်သွယ် (1) Zawgyi နဲ့ Unocode ဘာကွာလဲ (1) ကွန်ပျူတာ User Account Picture အကြောင်းများ (1) ကွန်ပျူတာဆိုင်ရာ (1) ကွန်ပျူတာပတ်ဝပ်ပြောင်းမရအောင်လုပ်နည်း (1) ကွန်ပျူတာရဲ့ Storage က HDD လား? SSD လား? စစ်ဆေးနည်းများ (1) ကွန်ပျူတာဟန်းနေရင်ဖြေရှင်းနည်း (1) ကျွနုပ်နှင့် ပရဟိတအလှူ (9) ကာမသိဒ္ဓိကျမ်း (1) ချက်နည်းပြုတ်နည်း (1) နည်းပညာဆိုင်ရာ (2) နည်းလမ်းများ (6) ပန်ကာပြုပြင်နည်း (1) ဖိုင်ဖြေနည်းများ (8) ဗဟုသုတ (6) ဗားရှင်းအသစ်ထွက်ရှိလာတဲ့ Facebook (နှင့်) Messenger (1) ဘာသာစကား ၉၁ မျိုးထိ ပါဝင်တဲ့ Easy Translator (1) ဘာသာရေးစာအုပ်များ (9) မိမိဆိုက်ကိုကော်ပီကူးမရအောင် ပိတ်ထားနည်း (1) ပြည်ထောင်စု ဖောင့် လက်ကွက် နှင့် စာရိုက်နည်း (1) မြန်မာစာမှန်အောင်လုပ်နည်း (1) မြန်မာဆိုတာ (1) ဝင်းဒိုးကို AOMEISoftware ဖြင့် Backup & Restore လုပ်နည်း (1) သင့် Laptop ကို မြန်ဆန်အောင်လုပ်ပေးမယ့် အချက် ၇ ချက (1) အင်တာဗျူးအစီစဉ် (2) အပျိုလမ်းညွှန် (1) အသံဇာတ်လမ်း (19) အခြေခံကွန်ပျူတာ Pdf (1) ဦးဇာနည်နည်းလမ်းများ (7) ဆော့ဝဲ ပြဿနာဖြေရှင်းနည်း (1) ကြော်ငြာ (13) ဟောပြောပွဲ (15)

မန်ဘာဝင်လို့အားပေးကြပါ