17 Apr 2019

WannaCry Ransomware ၏ ကြောက်စရာကောင်းသော အန္တရာယ် အကြောင်းနှင့် ကာကွယ်နည်း

WannaCry Ransomware တိုက်ခိုက်ခြင်းခံရပါက....
အကျိုးသက်ရောက်ပုံနှင့် ကာကွယ်နည်းများ.....
သတင်းဆောင်းပါး အပြည့်အစုံပါ.....
.
.
WannaCry Ransomware ၏ ကြောက်စရာကောင်းသော အန္တရာယ် အကြောင်းနှင့် ကာကွယ်နည်း
.
.
ယခုတစ်လော ကမ္ဘာတဝှမ်းမှာ ရေပန်းစားနေသည့် တိုက်ခိုက်ခြင်း နည်းလမ်းကို ဖော်ပြရပါဆိုလျှင် WannaCry ဟု အမည်ပေးထားသော Ransomware ဖြင့် တိုက်ခိုက်ခြင်း နည်းလမ်း ဖြစ်သည်။ Ransomware သည် Malware အမျိုးအစားပေါင်း များစွာထဲမှ တစ်ခုဖြစ်သည်။ Ransomware သည် ကွန်ပြူတာအတွင်းသို့ ဝင်ရောက်သွားပါက ငွေကြေးပမာဏ တစ်ခုကို တောင်းခံမည်ဖြစ်သည်။ Ransomware ၏ အဓိကလုပ်ဆောင်ပုံမှာ ကွန်ပြူစာစံနစ် အတွင်းပိုင်းရှိ ဝင်းဒိုး (Windows) ရှိသော အပိုင်း၏ ရှေ့ပိုင်းတွင် နေရာယူလိုက်ပြီး ဝင်းဒိုး (Windows) အား ပိတ်ပင်တားဆီးထားခြင်း ဖြစ်သည်။ Ransomware ဝင်ရောက်သွားပါက ကွန်ပြူတာမျက်နှာပြင်တွင် အခြားသော လုပ်ငန်းဆောင်တာများကို မြင်တွေ့ရမည် မဟုတ်ဘဲ တိုက်ခိုက်သူများမှ ဖန်တီးထားသော မျက်နှာပြင်ကိုသာ မြင်တွေ့ရမည်ဖြစ်သည်။ ကွန်ပြူတာအား Restart ပြန်လည်စတင်ခြင်း လုပ်ငန်းများကို လုပ်ဆောင်သော်လည်း တိုက်ခိုက်သူများ ဖန်တီးထားသော မျက်နှာပြင်သည် ပျောက်ကွယ်သွားမည် မဟုတ်ပေ။ ထို မျက်နှာပြင်အား ဖယ်ရှားခြင်ပါက BTC (Bitcoin) ဟုခေါ်သာ အင်တာနက် ငွေကြေး နံပါတ်အတွင်းသို့ သတ်မှတ်ထားသည့် ငွေကြေးပမာဏတစ်ခု ပေးသွင်းရမည် ဖြစ်သည်။ ထိုသို့ ပေးသွင်းမှ အဆိုပါ မျက်နှာပြင်အား ဖယ်ရှားနိုင်သည့် Software သို့မဟုတ် Code များကို တိုက်ခိုက်သူများမှ ပေးပို့မည် ဖြစ်သည်။
.
Ransomware များဖြင့် တိုက်ခိုက်မှူ့သည် ယခုနောက်ပိုင်း အများဆုံး မြင်တွေ့ရသော တိုက်ခိုက်မှူ့ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် Ransomware များဖြင့်တိုက်ခိုက်ခြင်းသည် အကျိုးအမြတ်ပမာဏ အမြောက်အများအား လျှင်မြန်စွာ ရနိုင်သောကြောင့် ဖြစ်သည်။ Ransomware မိသွားသည့်အခါ ကွန်ပြူတာမျက်နှာပြင်သည် တိုက်ခိုက်သူတို့ ဖန်တီးပြုလုပ်ထားသော မျက်နှာပြင်သာ မြင်တွေ့ရမည် ဖြစ်သည်။ ထိုအခြေအနေမျိုးတွင် ဝင်းဒိုး (Windows) အား ပြန်လည် Installation တပ်ဆင်ခြင်း ပြုလုပ်မှသာလျှင် အဆိုပါ Ransomware အား ဖယ်ရှားနိုင်မည် ဖြစ်သည်။ ကွန်ပြူတာ တွင် ဖိုင်များ သိမ်းဆည်း သိုလှောင်ထားနိုင်သော အပိုင်းခွဲများ ဖြစ်သည့် Drives များစွာရှိသည်။ ထို အပိုင်းများစွာ ထဲမှ အပိုင်း စီ Drive C သည် Windows System ဝင်းဒိုး စံနစ် တပ်ဆင်ထားသော အပိုင်း ဖြစ်သည်။ ဝင်းဒိုး (Windows) ကို ပြန်လည် Installation တပ်ဆင်သောအခါ ထို အပိုင်း စီ Drive C တစ်ခုလုံးအား ဖျစ်ဆီးပစ်ပြီးမှ ဝင်းဒိုး အသစ် (Windows) အား ပြန်လည် Installation တပ်ဆင်နိုင်မည် ဖြစ်သည်။ ဝင်းဒိုး (Windows) အား Installation တပ်ဆင်ခြင်း ပြုလုပ်မည်ဆိုပါက အပိုင်း စီ Drive C တွင် သိမ်းဆည်းထားသော အချက်အလက်များအား အခြားသော အပိုင်းများတွင် ပြောင်းလဲ သိမ်းဆည်းရမည်ဖြစ်သည်။ သို့မှသာ ဝင်းဒိုး (Windows) အား Installation တပ်ဆင်ခြင်း ပြုလုပ်သည့်အချိန်တွင် အပိုင်း စီ Drive C အား ဖျက်ဆီးသည့်အခါ အရေးကြီးသော စာရွက်စာတမ်းများ ဖိုင်များ မပျောက်ပျက်စေမှာ ဖြစ်ပါတယ်။
.
Ransomware ဝင်ရောက်သွားသည့်အခါ အဆိုပါ Ransomware အား ငွေပေးချေခြင်းဖြင့် လည်းကောင်း ၊ ဝင်းဒိုး (Windows) အား ပြန်လည် Installation တပ်ဆင်ခြင်းဖြင့် လည်းကောင်း ဖယ်ရှားနိုင်ပေသည်။ ဝင်းဒိုး (Windows) အား ပြန်လည် Installation တပ်ဆင်ရန်အတွက် အပိုင်း စီ Drive C အား ဖျက်ဆီးပစ်ရန်လည်း လိုအပ်မည် ဖြစ်သည်။ ဝင်းဒိုး (Windows) အား ပြန်လည် Re-Installtion စတင်ခြင်း လုပ်ငန်းများ မပြုလုပ်ခင် အပိုင်း စီ Drive C တွင် သိမ်းဆည်းထားသော အရေးကြီး စာရွက်စာတမ်းများအား အခြားသော အပိုင်းများအတွင်းသို့ ပြောင်းလဲ သိမ်းဆည်းရမည် ဖြစ်သည်။ ဒီနေရာမှာ အခြေအနေတစ်ခု ရှိပါတယ်။ အကယ်၍ အသုံးပြုသူမျာသည် ဝင်းဒိုး (Windows) ရှိနေသည့် Drive C တွင် အခြားသော အရေးကြီးသော ဖိုင်များ ရှိနေပါက အပိုင်း စီ Drive C အား ဖျက်ဆီးရန် မဖြစ်နိုင်ပါ။ ထိုသို့သော အခြေအနေမျိုးတွင် Ransomware မှ သတ်မှတ်ထားသော ငွေကြေးပမာဏကို ပေးဆောင်ရမည် ဖြစ်သည်။ ဆိုလိုသည်မှာ Ransomware မိသည့်အခါ ထို Ransomware အား ဖယ်ရှားရန် ဝင်းဒိုး (Windows) အား ပြန်လည် Installation တပ်ဆင်ရန် လိုအပ်သည်။ ထိုသို့ ဝင်းဒိုး (Windows) အား ပြန်လည် Installation တပ်ဆင်ရန်အတွက် အပိုင်း စီ Drive C အား ဖျက်ဆီးပစ်ရန်လိုအပ်သည်။ သို့သော် အပိုင်း စီ Drive C အပေါ်တွင် အရေးကြီးသော အချက်အလက်များ ရှိနေသည့်အတွက် Ransomware ဖြင့် တိုက်ခိုက်ခံရလျှင်တောင်မှ ဝင်းဒိုး (Windows) ပြန်လည် Installation တပ်ဆင်ရန်အတွက် အပိုင်း စီ Drive C အား မည်သို့မျှ ဖျက်ဆီးရန် မဖြစ်နိုင်ပါ။ ထို့ကြောင့် အပိုင်း စီ Drive C တွင် သိမ်းဆည်းထားသော အချက်အလက်များ မပျက်စီးစေရန်အတွက် Ransomware မှ သတ်မှတ်ထားသော ငွေကြေး ပမာဏတစ်ခုအား မပေးချင်သော်လည်း ပေးဆောင်ရမည် ဖြစ်သည်။ ဝင်းဒိုး (Windows) အသုံးပြုသော အခြားသော စံနစ်များလည်းရှိသည်။ အချို့သော စံနစ်များသည် Restart ပြန်လည်စတင်ခြင်း လုပ်ငန်းများကို မပြုလုပ်ခင် အချက်အလက်များအား သိမ်းဆည်းထားရန်လိုအပ်သည်။ ထိုကဲ့သို့သော စံနစ်များအား Ransomware တိုက်ခိုက်ခြင်း ခံရပါက Restart ပြန်လည်စတင်ခြင်း လုပ်ငန်းများကို လုပ်ဆောင်ရန်အတွက် စံနစ်အား Installation ပြန်လည် တပ်ဆင်ခြင်း လုပ်ငန်းများကို လုပ်ဆောင်ရန် လိုအပ်သော်လည်း အချက်အလက်များ မသိမ်းဆည်းရသေးသည့်အတွက် Installation ပြန်လည် တပ်ဆင်ခြင်း လုပ်ငန်းများကို မပြုလုပ်နိုင်ပေ။ ထို့ကြောင့် Ransomware များ တိုက်ခိုက်ခြင်း ခံရပါက ငွေပေးချေနေရခြင်း ဖြစ်သည်။ Ransomware များ၏ အဓိကပစ်မှတ်များမှာ Re-Installation ပြန်လည် တပ်ဆင်ခြင်း လုပ်ငန်းများကို အလွယ်တကူ မပြုလုပ်နိုင်သော စံနစ်များအား ဦးတည် တိုက်ခိုက်ခြင်း ဖြစ်သည်။ သို့မှသာ အကျိုးအမြတ်များမည် ဖြစ်သည်။
.
WannaCry Ransomware သည် Email များ ၊ Download Links များ မှတဆင့် ကမ္ဘာတဝှမ်းသို့ ပျံ့နှံ့ခဲ့ပြီး ဖြစ်ပါတယ်။ WannaCry Ransomware ဖြင့် ထိခိုက်ခံရသူများသည် ဖော်ပြထားသော အင်တာနက် ငွေကြေး နံပါတ်ဖြစ်သော Bitcoin သို့ အမေရိကန်ဒေါ်လာ ၃၀၀ ဒေါ်လာ - ၅၀၀ ဒေါ်လာ စသည်ဖြင့် ပေးပို့ရမည် ဖြစ်သည်။ သို့မှသာ WannaCry Ransomware အား ပယ်ဖျက်နိုင်သော Software သို့မဟုတ် Code အား တိုက်ခိုက်သူများမှ ပြန်လည် ပေးပို့မည် ဖြစ်သည်။
.
WannaCry Ransomware အား Wanna Decryptor , Wndows SMB Exploit , EternalBlue စသည်ဖြင့် အမျိုးအမျိုး ခေါ်ဆိုကြပါတယ်။ WannaCry Ransomware သည် ဝင်းဒိုး (Windows) စံနစ်များအတွင်းသို့ ဝင်ရောက်ပြီး တိုက်ခိုက်သူများအတွက် ၀င်ပေါက်တံခါးများကို ဖွင့်လှစ်ပေးနိုင်ပါသည်။
.
WannaCry Ransomware ကြောင့် ကမ္ဘာပေါ်ရှိ ဆေးရုံးများ ၊ IT (Information Technology) စံနစ်များ ၊ ဆက်သွယ်ရေး စံနစ်များ ၊ Networks ကွန်ယက်စံနစ်များ မြောက်များစွာ ထိခိုက်ခဲ့ပါတယ်။ WannaCry Ransomware စတင်ထွက်ရှိသည့်နေ့ တစ်ရက်တည်းမှာပင် ကမ္ဘာပေါ်ရှိ ၉၉ နိုင်ငံမှ ကွန်ပြူတာပေါင်း ၉၀,၀၀၀ နီးပါး ထိခိုက် ပျက်စီးခဲ့ပါတယ်။
.
တိုက်ခိုက်မှူ့များက ယနေ့တိုင် အဆုံးသတ်ခြင်း မရှိသေးပါဘူး။ ပြင်ဆင်နေစဉ်ကာလ အတွင်းမှာပင် WannaCry 2.0 ဆိုပြီး အသစ်ထပ်မံထွက်ရှိလာပါတယ်။ ထို WannaCry 2.0 အတွက် ပြင်ဆင်မှူ့များကို ယနေ့တိုင် ပြုလုပ်နိုင်ခြင်း မရှိသေးပါဘူး။ WannaCry 2.0 ဖြင့် တိုက်ခိုက်မှူ့များ ဆက်လက် ဖြစ်နေဦးမည် ဖြစ်သည်။
.
.
ကာကွယ်နည်းများ
.
Windows စံနစ်များအား အမြဲတမ်း Up to Date အဆင့်မြှင့်တင်ထားပါ။
.
Windows မှ ထွက်ရှိသမျှ Patch ပြုပြင် ဖာထေးပေးနိုင်သော Software များအား Installation တပ်ဆင်ထားပါ။
.
ဝင်းဒိုး၏ အားနည်းချက် SMB ကို ပြင်ဆင်ထားပါ။ အဆိုပါ SMB အားနည်းချက်အတွက် Microsoft မှ ပြုပြင်ဖာထေးပေးနိုင်သော Patch အား ထုတ်ဝေထားပြီးဖြစ်သည်။ SMB Patches များအား ဖော်ပြပါ Link တွင် Download ပြုလုပ်နိုင်ပါသည်။
.
Download : https://support.microsoft.com/en-in/help/2696547/how-to-enable-and-disable-smbv1,-smbv2,-and-smbv3-in-windows-vista,-windows-server-2008,-windows-7,-windows-server-2008-r2,-windows-8,-and-windows-server-2012
.
Microsoft မှ ထုတ်ဝေထားသော ပြုပြင်ဖာထေးနိုင်သော Patch အား Installation တပ်ဆင်ထားသော်လည်း WannaCry Ransomware အန္တရာယ်မှ ကာကွယ်နိုင်ရန် SMB အား Disable ပိတ်ထားရမည် ဖြစ်သည်။ SMB အား ပိတ်ထားရန်အတွက် အောက်ပါအတိုင်း လုပ်ဆောင်ထားရမည် ဖြစ်သည်။
.
Control Panel -> Programs ကိုဖွင့်လိုက်ပါ။
Programs and Features ရှိ Turn Windows features on or off ကို နှိပ်လိုက်ပါ။
“SMB 1.0/CIFS File Sharing Support” ကို လိုက်ရှာပြီး အမှန်ခြစ်အား ဖြုတ်ပစ်ပါ။
.
Firewall ကို ဖွင့်ထားပါ။
.
ထောက်ခံချက်ရရှိထားသော Antivirus များကို အသုံးပြုပါ။
.
မသိသော သို့မဟုတ် တစိမ်းတရံမှ ပေးပို့သည့် Emails များ ၊ Applications များ ၊ Software များ ၊ Download Links များအား ဖွင့်မိခြင်း ၊ Installation တပ်ဆင်ခြင်း တို့ကို မပြုလုပ်မိပါစေနှင့်
.
အရေးကြီးသော System ဖိုင်များ သို့မဟုတ် စာရွက်စာတမ်းများအား အရန်နေရာတွင် သိမ်းဆည်းထားပါ။ သို့မဟုတ် အခြားသော နေရာများတွင် သိမ်းဆည်းထားပါ။
.
WannaCry Ransomware တိုက်ခိုက်ခံခြင်း၏ နောက်ကွယ်တွင် ရှိနေသော အဖွဲ့အစည်းများကို ယနေ့တိုင် ခြေရာခံ၍ မရသေးပါဘူး။ ကြီးမားသော တိုက်ခိုက်မှူ့များသည် မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိသည်။ တိုက်ခိုက်မှူ့များ၏ အဓိက ရည်ရွယ်ချက်မှာ အချိန်တိုအတွင်း မြောက်များလှစွာသော ငွေကြေးပမာဏအား ရယူလိုရန် အတွက် ဖြစ်သည်။ အချိန်တိုအတွင်းမှာပင် ငွေပေးချေသည့် အရေအတွက်ပေါင်း ၁၇၁ ခုရှိခဲ့ပြီး BTC ငွေကြေး ၂၇.၉၆၉၆၈၇၆၃ (အမေရိကန်ဒေါ်လာ ၄၇,၅၁၀.၇၁ ဒေါ်လာ) ရရှိခဲ့သည်။
.
WannaCry Ransomware ကြောင့် ပျက်စီးဆုံးရှုံးမှူ့ ထိခိုက်နစ်နာမှူ့များသည် ကမ္ဘာအနှံ့ရှိ နိုင်ငံအတော်များများတွင် ဖြစ်ပွားခဲ့ပါသည်။ WannaCry Ransomware နှင့် ပတ်သက်ပြီး မေးခွန်းထုတ်စရာအချို့ရှိလာပါတယ်။ 
.
Microsoft က အားနည်းချက်ရှိသော ဝင်းဒိုး (Windows) တွေကို ထုတ်လုပ်နေတာလား? ဝင်းဒိုး (Windows) များအား ထုတ်လုပ်ခြင်း မပြုခင် သေချာစွာ စစ်ဆေးခြင်း မပြုလုပ်ဘူးလား? 
.
အမေရိကန်နိုင်ငံရှိ အမျိုးသားလုံခြုံရေး အဖွဲ့အစည်းဖြစ်သည့် NSA (National Security Agency) သည် ဝင်းဒိုး (Windows) စံနစ်များတွင် WannaCry Ransomware ကဲ့သို့သော တိုက်ခိုက်နည်းတို့ဖြင့် တိုက်ခိုက်လာနိုင်သော SMB အားနည်းချက်များကို ရှာဖွေတွေ့ရှိထားသော်လည်း Microsoft အား အကြောင်းကြားခြင်း မပြုဘဲ လျှိုဝှက်စွာ ထိန်းသိမ်းထားခဲ့သည်။ အကယ်၍ Microsoft ၏ အားနည်းချက်များအား ထိန်းသိမ်းထားခြင်း မပြုဘဲ ထုတ်ဖော် အကြောင်းကြားခဲ့မည် ဆိုပါက တိုက်ခိုက်ခံရမည်မဟုတ်ပေ။ ကြိုတင်ကာကွယ်ထားနိုင်ပေသည်။ ထို့ကြောင့် Microsoft ၏ အားနည်းချက်များကို ထုတ်ဖော်ပြောဆိုခြင်းမပြုဘဲ လျှို့ဝှက်စွာ ထိန်းသိမ်းထားခဲ့သော NSA တွင် တာဝန်ရှိသလား?
.
Shadow Brokers ကဲ့သို့သော မြေအောက် ဟက်ကင်း (Hacking Groups) အဖွဲ့များသည် မည်သူ တစ်ဦးတစ်ယောက်မျှ ရှာဖွေ တွေ့ရှိဖူးထားခြင်း မရှိသော Zero-Day Exploits များအား ရှာဖွေတွေ့ရှိသော်လည်း ဖော်ထုတ်ခြင်း မပြုဘဲ တိုက်ခိုက်လိုသောကြောင့် တမင်တကာ လျှို့ဝှက်ထားခဲ့ခြင်းကြောင့်လား?
.
ဝင်းဒိုး (Windows) အသုံးပြုသူများ၏ ဗဟုသုတ အားနည်းခြင်းကြောင့်လား?
.
စသည်ဖြင့် မြောက်များလှစွာသော မေးခွန်းများ ထုတ်စရာရှိလာပါတယ်။
.
Microsoft သည် WannaCry Ransomware ၏ တိုက်ခိုက်မှူ့ဒဏ်ကို အတော်လေး ခံစားခဲ့ရသည်။ ထိုဖြစ်စဉ်အတွက် Microsoft မှ NSA အား ပြစ်တင်ပြောဆိုမှူ့များကို ပြုလုပ်ခဲ့ပါသည်။ NSA သည် Microsoft အား WannaCry Ransomware တိုက်ခိုက်နည်း ကဲ့သို့သော နည်းလမ်းများဖြင့် တိုက်ခိုက်နိုင်သော အားနည်းချက်များကို ရှာဖွေ တွေ့ရှိခဲ့သော်လည်း သက်ဆိုင်ရာ ကုမ္ပဏီသို့ တရားဝင် သတိပေး အကြောင်းကြားမှူ့များ ပြုလုပ်ရမည် ဖြစ်သော်လည်း ကိုယ်ပိုင်အကျိုးအမြတ်အတွက် လျှို့ဝှက်ထားခဲ့သည်။ NSA သည် အဆိုပါ SMB အားနည်းချက်များ မှတဆင့် ကွန်ပြူတာစံနစ်များအား တိုက်ခိုက်ပြီး အချက်အလက်များအား ရယူရန် အစီအစဉ်ရှိခဲ့သည်။ ထို့ကြောင့် Microsoft အား တိုက်ခိုက်ခံရနိုင်သော အားနည်းချက်များအား ထုတ်ဖော်မပြောဘဲ လျှို့ဝှက်ထားခဲ့ခြင်း ဖြစ်သည်။ 
.
WannaCry တိုက်ခိုက်မှူ့များသည် ဆက်လက် ဖြစ်ပွားနေဦးမှာ ဖြစ်ပါတယ်။ ဝင်းဒိုး (Windows) စံနစ်များအား ပြုပြင်ခြင်း ဖာထေးခြင်း Patch လုပ်ငန်းစဉ်များကို မပြုလုပ်နိုင်မချင်း WannaCry Ransomware တိုက်ခိုက်မှူ့များကို ရင်ဆိုင်နေကြရဦးမည် ဖြစ်သည်။ ထို့ကြောင့် WannaCry Ransomware များအား တိုက်ခိုက်ခြင်း မခံရစေရန် ဖော်ပြပါ ကာကွယ်နည်းများကို အသုံးပြုပြီး ကာကွယ်ထားရန် လိုအပ်ပါကြောင်း အစီရင်ခံ ဖော်ပြလိုက်ရပါတယ်ခင်ဗျာ…..
.
.

Cd ကိုရီချင်
.
.
မျှဝေခြင်းသည်.......ပညာဒါနမည်၏

WinRAR 5.70 (Fully) _32 bit နှင့် _64 bit နှစ်မျိုးလုံးအတွက်

အသစ်ထွက်လာသော 2019 (Beta မဟုတ်ပါ)

WinRAR 5.70 (Fully) _32 bit နှင့် _64 bit နှစ်မျိုးလုံးအတွက်ဖြစ်သည်....

မိမိကွန်ပြူတာဝင်းဒိုးတိုင်းမှာ
အရေးကြီးအပိုင်းမှာပါဝင်တဲ့ ဇစ်ဖိုင်များကို Zip (ချုပ်ခြင်း)(ဖြည်ခြင်း) များပြုလုပ်တဲ့အခါ အသုံးပြုတဲ့ winRAR (ဝင်းရာ) ဆော့ဝဲဟာ လုံးဝ ဖူးလ်ဖြစ်နေဖို့လိုအပ်သလို ဗားရှင်းမြင့်နေဖို့လည်းလိုအပ်ပါတယ်...
ရှေးယခင်ကလိုဆိုင်ကထည့်ပေးလိုက်သော ၊ မိမိကိုယ်တိုင်နားမလည်၍  ကြုံသလိုဗားရှင်း ၊ Trial ဗားရှင်း များဖြစ်နေပါက ချုပ်သည့်အခါ ဖြည်သည့်အခါများမှာ 300 mb ထက်ပိုသောဖိုင်များကို ချုပ်ခွင့် ဖြည်ခွင့်မပေးပဲ Error တက်လာတာကြုံဖူးကြမယ်ထင်ပါတယ်....
ယခင်တင်ပေးထားသောဗားရှင်းမှာ 5.60 Repack (ဖူးလ်) ဖြစ်ပြီး ယခုတင်ပေးလိုက်သည်မှာ အပ်ဒိတ်ဗားရှင်း 5.70 နှင့် ကီးဂျင်န် တွဲ၍တင်ပေးလိုက်ပါသည်...

~နည်းစံနစ်မှန်ကန်စွာ အင်စတောလုပ်နည်း ၊ ကီးဂျင်န်မှလိုင်စင်ထည့်နည်းတို့ကို Screenshot (1 to 11) ကိုကြည့်၍လုပ်ပါ....

Credit-ဦးကောင်းမြင့်

ဆော့ဝဲဖိုင်ဆိုဒ် - 5.92 MB.
Mega link...... https://mega.nz/#!opQ1WApQ!HifhdNov0YWe3zxmZN4undTFiEE0PKjJ2-O0S_sXmjc

MediaFire link....  https://www.mediafire.com/download/6peiy6c4yvm4bp1


GoogleDrive link....  https://drive.google.com/file/d/1hhQMh2Fk_r6eW51uoV2UOXSul1e9yPkD/view?usp=drivesdk

ဝင်းဒိုးများ၏ update များကို ပိတ်ထားလိုသူများအတွက် One click ဖြင့် update ပိတ်နိုင်သော ဆော့ဖ်ဝဲ



Win Update   v1.4

ဝင်းဒိုးများ၏ update များကို 
ပိတ်ထားလိုသူများအတွက်
One click ဖြင့် update ပိတ်နိုင်သော
ဆော့ဖဝဲ သေးသေးလေးတစ်ခု တင်ပေးလိုက်ပါတယ်။
windows 7, 8, 8.1, 10 အားလုံးအတွက် ဖြစ်ပါသည်။
အင်တာနက်ချိတ်ဆက် အသုံးပြုခါနီးတိုင်း 
ဆော့ဖဝဲဖွင့်ပြီး disable ခလုတ်ကို နှိပ်ပါ။
disabled လုပ်ထားစေကာမူ
စက်ပိတ်ပြီး ပြန်ဖွင့်သည့်အခါတိုင်း
Auto ပြန်ပြီး enable ဖြစ်နေတတ်ပါသည်။
windows update ဖြင့် စိတ်အနှောက်အယှက်ဖြစ်နေ
ကြသည့် မိတ်ဆွေများ အောက်လင့်မှာ
ဝင်ဒေါင်းနိုင်ကြပါသည်။
အသုံးပြုနည်း အခက်အခဲမရှိပါ။



Zawgyi နဲ့ Unocode ဘာကွာလဲ

Computer နဲ့ မြန်မာစာ (၁)
Credit— ထွန်း​အောင်​​ကျော်

Computer နဲ့ မြန်မာစာ လို့ ခေါင်းစဉ်တပ်လိုက်ရပေမယ့် အဓိက,က Zawgyi နဲ့ Unocode ဘာကွာလဲ၊ အားသာချက် အားနည်းချက် စတာတွေအကြောင်း အဓိက ပြောချင်တာပါ။ အဲဒါတွေ မပြောခင် computer မှာ အချက်အလက်တွေကို ဘယ်လိုမှတ်သားသလဲ၊ font ဆိုတာ ဘာလဲ ဒါတွေကို အခြေခံအနေနဲ့ အရင်ပြောချင်ပါတယ်။

အဲဒီချက်တွေအကြောင်း မပြောခင် ကျွန်တော်က ဘာကောင်မှ မဟုတ်ပါဘူး။ Zawgyi အားပေးသူ မဟုတ်သလို၊ Unicode သမားလည်း မဟုတ်ရပါဘူး။ အဆင့်မြင့် computer ပညာရှင်တစ်ယောက်လည်း မဟုတ်တဲ့အတွက် ကျွန်တော် ရေးတာ သားတာတွေကို သာမန် ဗဟုသုတလောက်ဘဲ သဘောထားကြပါရန် ကြိုတင်တောင်းပန်ထားပါရစေ။ မှားနေတာ တွေ့ရင်လည်း မေတ္တာရှေ့ထားပြီး တည့်မတ် ဆုံးမတော်မူကြပါကုန်။

Computer မှာ အချက်အလက် မှန်သမျှကို one (1) နဲ့ zero (0) တွေအဖြစ် မှတ်သားပါတယ်။ အဲဒီ one (1) သို့မဟုတ် zero (0) အချက်ပြတစ်ခုကို bit လို့ ခေါ်ပါတယ်။ အဲဒီ one (1) သို့မဟုတ် zero (0) အတွဲ 8 ခုကိုတော့ Byte လို့ ခေါ်ပါတယ်။ အကြမ်းဖျင်းအားဖြင့် စာတစ်လုံးဟာ မှတ်ဉာဏ်နေရာ 1 Byte ယူပါတယ်။ ဥပမာ အင်္ဂလိပ် အက္ခရာ A ကို computer မှာ 01000001 လို့ မှတ်သားပါတယ်။ အင်္ဂလိပ် အက္ခရာ Z ကိုတော့ 01011010 လို့ မှတ်သားပါတယ်။

အဲဒီ zero (0) တွေ one (1) တွေကို တကယ်တန်း ဖတ်ရှုမှတ်သားဖို့ မလွယ်ကူပါဘူး။ ဒီတော့ အဲဒီ (binary number) နှစ်လီစိတ်ကိန်းတွေကို လူနားလည်လွယ်တဲ့ (decimal number) ဆယ်လီစိတ်ကိန်းအဖြစ် ပြောင်းလဲ အသုံးပြုပါတယ်။ ဆိုတော့ အင်္ဂလိပ် အက္ခရာ A ရဲ့ code ကို 65 လို့ သတ်မှတ်ပြီး အင်္ဂလိပ် အက္ခရာ Z ကိုတော့ 90 လို့ သတ်မှတ်ပါတယ်။ တကယ်လို့ စမ်းကြည့်ချင်ရင် Microsoft Office Word မှာ Alt + 0065 လို့ ရိုက်ကြည့်ပါ။ အင်္ဂလိပ် အက္ခရာ A ကို တွေ့ရပါလိမ့်မယ်။

အဲဒီလို သတ်မှတ်ထားတဲ့ Charactor Code စနစ်ကို ASCII (American National Standard Code for Information Interchange) လို့ ခေါ်ပါတယ်။ မူလ ASCII သတ်မှတ်ချက်ဟာ 0 ကနေ 127 အထိသာ ရှိပါတယ်။ ဒါက အင်္ဂလိပ်ဘာသာစကားအတွက် အဆင်ပြေပေမယ့် ကျန် ဥရောပ ဘာသာစကားများပါ အဆင်ပြေစေဖို့ နောက်ပိုင်း 255 အထိ တိုးချဲ့ခဲ့ပါတယ်။ ဘာလို့ 255 အထိသာ တိုးချဲ့ထည့်သွင်းရသလဲဆိုရင် ASCII character တစ်လုံးဟာ မှတ်ဉာဏ် 1 byte သာ နေရာယူနိုင်လို့ပါ။ (1 Byte မှာ 256 လုံးအထိသာ မှတ်သားနိုင်ပါတယ်။) တကယ်လို့ Notepad မှာ A လို့ တစ်လုံးတည်း ရိုက်ထည့်ပြီး save မယ်ဆိုရင် အဲဒီ file ရဲ့ size ဟာ 1 Byte သာရှိတာ တွေ့ရပါလိမ့်မယ်။

Computer နဲ့ မြန်မာစာ ဆိုပြီး ဘာလို့ ဒါတွေ ပြောနေရလဲဆိုရင် computer မှာ မြန်မာစာ သုံးစွဲနိုင်ဖို့ စတင်ကြိုးပမ်းကြစဉ်အခါက အခက်အခဲနဲ့ အခြေအနေကို နားလည်နိုင်ကြစေချင်လို့ပါ။ ဒါမှလည်း နောက်ပိုင်း ပြဿနာတွေကို ပိုပြီး နားလည်နိုင်မယ် ယူဆမိပါတယ်။

Computer မှာ မြန်မာစာကို စ,သုံးမယ်ဆိုတော့ မြန်မာဘာသာစကားအတွက် character code သီးသန့် မရှိပါဘူး။ ဒီတော့ ရှိပြီးဖြစ်တဲ့ ASCII code တွေကို မြန်မာစာအတွက် အသုံးပြုရပါတယ်။ Monitor screen ပေါ်မှာ မြန်မာအက္ခရာနဲ့ မြင်ရဖို့၊ Printer နဲ့ မြန်မာအက္ခရာကို အဆင်ပြေပြေ ရိုက်ထုတ်နိုင်ဖို့ အတော်ကြီး ကြိုးစားခဲ့ရတာပါ။ အခြားဘာသာစကားတွေထက် နေရာရွေ့ခြင်း၊ နေရာမရွေ့ခြင်း စတဲ့သဘာဝ (font kerning) အမျိုးမျိုးရှိတဲ့ စာလုံးတွေများပြားတဲ့ မြန်မာဘာသာအတွက် အစောပိုင်း font ရေးသူတွေမှာ အတော်ခက်ခဲခဲ့မှာပါ။

ဟုတ်ကဲ့ ကျွန်တော်တို့ ရွှေမြန်မာတွေက ယခုမှာသာ ငါက Zawgyi ကွ။ ငါက Unicode ကွ ဆိုပြီး ကွဲကြ ပြဲကြတာ မဟုတ်ရပါဘူး။ အဲဒီအချိန်ကလည်း မြန်မာအက္ခရာတွေကို အသံထွက်အတိုင်း စီစဉ်လိုသူတွေနဲ့ လက်နှိပ်စက် လက်ကွက်ကို အခြေခံပြီး စီစဉ်လိုသူတွေ ကွဲခဲ့ကြတာပါဘဲ။ နောက်ပိုင်းမှာတော့ လက်နှိပ်စက်လက်ကွက်ကို အခြေခံတဲ့ M-Myanmar, Win, Metrix, Academy စတဲ့ မြန်မာ font တွေ ခေတ်စားလာပြီး အသံထွက်ကို အခြေခံတဲ့ Ava စတဲ့ font တွေ မှေးမှိန်သွားခဲ့ပါတယ်။ Apple Macintosh သုံးခဲ့ဘူးသူတွေ မှတ်မိကြဦးမယ် ထင်ပါတယ်။

ဗဟုသုတအဖြစ် ပြောရရင် အဲဒီ Ava font ကို SOAS မှ မြန်မာစာ ပါမောက္ခ Mr. John Okell က 1989-1990 ဝန်းကျင်လောက်မှာ ရေးခဲ့တာပါ။ သူ့ကို ဂျွန်အုတ်ခဲ လို့ ရည်ညွှန်းပြီး ဟာသလုပ်ရေးထားတဲ့ စာတစ်ပုဒ် ငယ်ငယ်က ဖတ်ဘူးပေမယ့် ရေးသူကို တိတိကျကျ မမှတ်မိတော့ပါ။ ဆရာကြီး မင်းသုဝဏ် ဖြစ်မယ် ထင်မိပါတယ်။

လက်နှိပ်စက် လက်ကွက်ကို အခြေခံတဲ့ font တွေကတော့ တစ်ခုနဲ့ တစ်ခု တကယ်တူခဲ့ပါသလား။ မတူပါဘူး ခင်ဗျာ။ အထူးသဖြင့် M-Myanmar ဟာ ကျန် Win, Metrix, Academy တွေနဲ့ အဓိက ဗျည်းတွေကလွဲလို့ အတော်များများ ကွဲလွဲပါတယ်။ ဥပမာ M-Myanmar မှာ character code 0171 ဟာ - ဇ္ဈ - ဖြစ်ပါတယ်။ -Win---Innwa မှာတော့ square bracket - [ - ဖြစ်ပါတယ်။ Win အုပ်စု၊ Metrix အုပ်စု စသဖြင့် အုပ်စုလိုက် တွဲခေါ်ပေမယ့် Win အုပ်စုအတွင်းမှာ၊ Metrix အုပ်စုအတွင်းမှာလည်း လုံးဝတော့ identical မဖြစ်ပါဘူး။

အမှန်တော့ ASCII font တွေမှာ လက်ကွက်တူညီအောင် ညှိဖို့ နည်းပညာအရ အခက်အခဲ မရှိပါဘူး။ ကျွန်တော်တို့ မြန်မာတွေရဲ့ သူတစ်လူ ငါတစ်မင်း စိတ်ဓာတ်လို့ ပြောရမလား မသိ။ လက်ကွက်ပုံစံတွေ အမျိုးမျိုး ကွဲပြား မှတ်သားခဲ့ကြရပါတယ်။ နမူနာအဖြစ် လေ့လာလို့ရအောင် ​အောက်​မှာ မြန်​မာလက်​ကွက်​ပုံစံ​တွေ ပြထားပါတယ်​။

ဘာဘဲဖြစ်ဖြစ် အဲဒီအချိန်က အရေးတကြီး လိုအပ်နေတဲ့ မြန်မာ font တွေ ရေးခဲ့ ကြိုးစားခဲ့လို့သာ မြန်မာစာကို computer မှာ သုံးလို့ရခဲ့တာဆိုတော့ သူတို့ကျေးဇူးကို မေ့ထားလို့တော့ မရပါဘူး။

ဒီအပိုင်းကို ASCII font ဆိုတာ ဘာလဲ။ Unicode နဲ့ ဘာကွာခြားသလဲ ဆိုတာ နည်းနည်းရှင်းပြီး နိဂုံးချုပ်ပါမယ်။

အကြမ်းဖျင်း ပြောရရင် ASCII font ဆိုတာ monitor မှာ မြန်မာလို မြင်ရ၊ မြန်မာဘာသာနဲ့ print ထုတ်လို့ ရပေမယ့် computer က မြန်မာစာအဖြစ် သိမှတ်ခြင်း မရှိဘဲ graphical အရ လဲလှယ်ထားတဲ့ ရုပ်ပုံအရသာ မြန်မာစာဖြစ်နေပေမယ့် သက်ဆိုင်ရာ code တွေအရသာ သိနေတဲ့ မြန်မာစာလုံးပုံဖြစ်ပါတယ်။ ဒါကြောင့် ASCII font နဲ့ ရိုက်ထားတဲ့ မြန်မာစာပိုဒ်တွေကို Microsoft Office Word မှာ spelling & grammer error များအဖြစ် ဖော်ပြနေတာ ဖြစ်ပါတယ်။ နောက် Arial သို့မဟုတ် Courier စတဲ့ font တွေနဲ့ change လိုက်ရင် အင်္ဂလိပ်စာလုံးတွေအဖြစ် ပြောင်းသွားတာကို တွေ့ရပါလိမ့်မယ်။

နောက် မူလ keyboard ရဲ့ character code တွေအတိုင်း သုံးထားတာဖြစ်လို့ Keyman, Keymagic စတဲ့ keyboard converter တွေ သုံးဖို့ မလိုအပ်ပါဘူး။

-

Zawgyi တို့ Unicode တို့နဲ့ ပတ်သက်ပြီး ဆက်ရေးပါဦးမယ်။

ယခု ဗဟုသုတအဖြစ် ASCII Table, Extended ASCII Table နဲ့ မြန်မာလက်ကွက်အချို့ကို ထည့်ပေးလိုက်ပါတယ်။







 M-Myanmar, Win---Innwa, Academy, CE-Classic စတာ​တွေ ပါဝင်​တဲ့  Myanmar Keyboard Layout ကို high resolution နဲ့ လိုချင်​ရင်​​တော့ ​အောက်​ပါ link မှာ down ယူနိုင်​ပါတယ်​။


မူရင်း => 

16 Apr 2019

့ PDF Converter Software


Foxit PhantomPDF Business version 9.5.0.20723


PDF Files ကနေ HTML, DOC (Word), text, Excel, PostScript, CSV or Image Files စသ
ည့်တို့ကို PDF Files ဒီဇိုင်းများစွာကို အလွယ်ဆုံး ပြုလုပ်နိုင်တဲ့  PDF Converter Software ကောင်းလေး တစ်ခု ဖြစ်ပါတယ်။

Review

Foxit PhantomPDF Business is a professional software solution built specifically for creating PDF files. Not only does this tool manage to provide all the necessary options for helping a user create PDFs, but it also comes packed with many advanced features, such as encryption, conversion, and a built-in PDF editor. The program boasts an intuitive interface and represents the comprehensive application with a broad range of features that might simplify user work.

Thanks to its multi-tabbed support, a user can easily switch between documents. It supports batch processing which means a user can add multiple files to the list and convert them to PDF simultaneously. Foxit PhantomPDF Business can work with a wide range of file formats, namely XLS, XLT, DOC, DOCX, PPT, PPTX, POT, PPTM, BMP, JPG, GIF, TIF, PNG, plain text, and others. Moreover, a user can merge multiple files into a single PDF file. The application also allows users to convert the data that they have added to the list to the following file formats: HTML, RTF, DOC, XLS, XLSX, PPTX, and plain text.

A user may toggle the full-screen mode and switch to the pan or text view mode. The last one enables a user to copy the selected text. The program comprises a built-in text editor that allows users to insert text, images, and graphical objects. A user can also keep own documents private from unauthorized viewing by setting up passwords.

System requirements:
OS: Microsoft Windows;
CPU: 1.3 GHz or faster processor;
RAM: 512MB (Recommended: 1GB RAM or greater);
HDD: 2 GB of available hard drive space;
1024*768 screen resolution.

Install notes:
1. Kindly read "Readme.txt" file given in download zip file;
2. Enjoy!

ဒေါင်းရန်..

15 Apr 2019

Pyidaungsu font, Keyboard,Office ဆိုင်ရာအကြောင်းများ













ဝင်းဒိုးဗားရှင်းအားလုံး အော့ဖစ်စ် ဗားရှင်းအားလုံးအတွက် တစ်ပြေးညီအသုံးပြုရတော့မယ့်....
ပြည်ထောင်စုဖောင့်အကြောင်း ကီးဘုတ်အကြောင်း အော့ဖစ်ဖစ်အကြောင်း ဖြစ်တတ်တာတွေ အပြည့်အစုံရှင်းပြထားသော.....
Unicode Today (ယူနီကုတ်တူဒေး) မှ
ကိုဆန်းထွန်းရေးသားပြုစုထားတဲ့
 စာမျက်နှာ (၁၉) ပါ E-book (စာအုပ်) နှင့်အတူ.....
All in One ဖောင့်များနှင့် ကီးဘုတ် ၂ ခုကိုပါ တင်ပေးလိုက်ပါသည်.....

Credit-ဦးကောင်းမြင့်

ဖောင့်နှင့်ကီးဘုတ်အစုံ - 17.4 MB.
Mega link.....  

ဘာသာစကား ၉၁ မျိုးထိ ပါဝင်တဲ့ Easy Translator

Easy Translator version 14.0.0


Web contents, letters, chat, and emails between major International languages စတာတွေကို ဘာသာစကား ၉၁ မျိုးထိ ပါဝင်တဲ့ Easy Translator လေးပါ...

System requirements:
OS: Microsoft Windows® 10, 8.1/7/Vista/XP.

Install notes:
1. Kindly read "Readme.txt" file given in download zip file;
2. Enjoy!

ဒေါင်းရန်..

မေ့နေတဲ့ပတ်ဝပ်တွေပြန်ရှာပေးနိုင်တဲ့Password Recovery Bundle 2018 Enterprise / Professional





မိမိ၏ကွန်ပျူတာတွင် အသုံးပြုနေသည့် On Line , Off Line Application များ မှ Password များ မေ့လျှော့၍ ဖြစ်စေ၊ မှားယွင်းစွာ မှတ်သားမိ၍ ဖြစ်စေ ပြန်လည်ရှာဖွေဖေါ်ထုတ်ပေးနိုင်တဲ့ Password Recovery Bundle  ဖြစ်ပါတယ်။ Gtalk, MSN ကဲ့သို့သော Instant Messengers များ, Outlook , Gmail, IncrediMail ကဲ့သို့သော Email Clients များ၊ Web Browsers Password များ, FTP Cients Password များ၊Windows, PDF, ZIP, RAR, Office Word/Excel/PowerPoint documents, Office Application Password များ၊ Product License Key များနှင့် အခြား Application Password တို့ကို ပြန်လည်ရှာဖွေ Recover လုပ်ပေးနိုင်ပါတယ်။

Powerful All-In-One Password Recovery Software

Password Recovery Bundle 2018 is a handy toolkit to recover all your lost or forgotten passwords in an easy way! Quickly recover or reset passwords for Windows, PDF, ZIP, RAR, Office Word/Excel/PowerPoint documents. Retrieve passwords for all popular instant messengers, email clients, web browsers, FTP clients and many other applications. A useful password recovery software for both newbie and expert with no technical skills required. No need to call in an expensive PC technician.

Reset Windows Password
Instantly bypass, unlock or reset lost administrator and other account passwords on any Windows 10, 8, 7, 2008, Vista, XP, 2003, 2000 system, if you forgot Windows password and couldn't log into the computer. It can also reset Windows domain administrator/user password for Windows 2016 / 2012 / 2008 / 2003 / 2000 Active Directory servers.

Retrieve Email Password
Retrieve passwords to **** accounts created in Microsoft ******* 98 / 2000 / XP / 2003 / 2007 / 2010 / 2013 / 2016, ******* Express, Windows 10 **** app, Windows ****, Windows Live ****, Hotmail, *****, Eudora, Incredimail, Becky! Internet ****, Phoenix ****, Ipswitch IMail Server, Reach-a-****, Mozilla Thunderbird, Opera ****, The Bat!, PocoMail, Pegasus ****, etc.

Instant Messenger Password
Recovers lost or forgotten passwords for MSN Messenger, Windows Messenger, MSN Explorer, Windows Live Messenger, AIM Pro, AIM 6.x and 7.x, Google Talk, MyspaceIM, Trillian Basic, Trillian Pro, Trillian Astra, Paltalk, Miranda, Digsby, Pidgin, GAIM, EasyWebCam, Camfrog Video Chat, Ipswitch Instant Messaging, etc.

Unlock Password-Protected Files
* PST Password Recovery - Instantly recover lost or forgotten passwords for Microsoft ******* 2016 / 2013 / 2010 / 2007 / 2003 / XP / 2000 / 97 personal folder (.pst) files.
* PDF Password Recovery - Recover lost passwords of protected PDF files (*.pdf) with GPU acceleration. Instantly remove PDF restrictions for editing, copying, printing and extracting data.
* Office Password Recovery - Recover forgotten passwords for Microsoft Office Word / Excel / PowerPoint 2016 / 2013 / 2010 / 2007 / 2003 / XP / 2000 documents using GPU acceleration, and remove lost passwords on Excel VBA project.
* Archive Password Recovery - Recover lost or forgotten passwords for WinRAR or RAR archives, and ZIP archive created with WinZip, WinRAR, PKZip, etc.
* MS Access Password Recovery - Unlock Microsoft Office Access XP / 2003 / 2000 / 97 / 95 database.
* SQL Server Password Recovery - Reset forgotten SQL Server login password for SQL Server 2000 / 2005 / 2008 / 2012 / 2014 / 2016 / 2017.

Recover Internet Password
* Browser Password Recovery - Recover passwords to Web sites saved in Internet Explorer 6 / 7 / 8 / 9 / 10 / 11, Microsoft Edge, Mozilla Firefox, Opera, Apple Safari, Google Chrome, Chrome Canary, Chromium, SeaMonkey, Flock and Avant Browser. It also allows you to remove IE Content Advisor password.
* FTP Password Recovery - Decrypt FTP passwords stored by most popular FTP clients: CuteFTP, SmartFTP, FileZilla, FlashFXP, WS_FTP, CoreFTP, FTP Control, FTP Navigator, FTP Commander, FTP Voyager, WebDrive, 32bit FTP, SecureFX, AutoFTP, BulletProof FTP, Far Manager, etc.

Reveal Asterisk Password
It enables you to view passwords hidden behind the asterisks in password fields of many programs, such as Internet Explorer, CoffeeCup FTP, WinSCP, FTP Explorer, FTP Now, Direct FTP, Orbit Downloader, ****.Ru Agent, Group ****, Evernote and much more.

Windows 10, 8.1, 8, 7, Vista, XP, 2016, 2012, 2008, 2003, 2000

* Install program
* Use serial for pro edition, keygen for enterprise edition
* Done

ဒေါင်းရန်..

တင်ထားသမျှ ခေါင်းစဉ်များ

2Step Verification (5) A+အကြောင်း (1) Activator (9) Adobe CS3 Master Collection (1) Adobe Premiere Pro CS6 အသုံးပြုနည် (1) Adobe Software (12) Android application (1987) Android Game (709) AndroidPhoneဆိုင်ရာ (4) Antivirus (1) Apowersoft ApowerEdit v1.4.7.22 Build 04042019 (1) AVAST! Cleanup Premium 2019 version 19.1 Build 7085 (1) Blog Slider (8) Blogger Button (5) Blogger Comment (17) Blogger Ebooks (1) Blogger Hack (54) Blogger Loading Style (6) Blogger Mouse (1) Blogger Template (44) Blogger Tips (77) Blogger Widget (152) Blogs Html (63) Blogs Post (86) Blogs Tab Menu (53) Blogဆိုင်ရာ (1) Bowser ဆိုင်ရာ (21) Brothers in Arms® 3 v1.4.7c Mod Data [Unlimited Money] (1) Buddha မြန်မာစာတန်းထိုး (53) Burning Software (34) Burning Tools (47) C-Box (10) Canon LBP 6000 Original Driver (1) Canon LBP 6030 Original Driver & Installation Guide (1) CCleaner 5.56.7144 (Business / Professional / Technician) Multilingual Portable (1) CD/DVD ဆိုင်ရာများ (30) Cleanner-Speed (68) Computer Autoplay ပိတ်ထားနည်း (1) Computer Partationခွဲနည်း (1) Computer ဆိုင်ရာ (189) Computerဆိုင်ရာ (33) Converter (73) Desing Card (10) Display အလုပ်မလုပ်သော ပြဿနာဖြေရှင်းနည်းများ (1) Domain (3) Download Manager (42) Drive SnapShot v1.46.0.18213 (1) Driver Software (46) DVD-Cloner Platinum 2019 v16.30 Build 1446 [x86/x64] (1) DVDFab v11.0.2.4 [x86/x64] (1) Easy Translator version 14.0.0 (1) Ebooks (405) Errorဖြေရှင်းနည်း (1) Eset Smart Security 12.1.34.0 (x86/x64) (1) Facebook (152) Folder Lock (17) Fonts များစုစည်းမှု (6) Foxit PhantomPDF (1) Game (47) Game PC (32) Glary Utilities PRO version 5.117.0.142 (1) Gmail-Gtalk (70) GoogleChome &InternetDownloadmananger (1) Hacking (81) How To Download (6) Html (51) Internet Download Manager (18) InternetDownloadmananger(IDM) (1) IP Hider Software (6) Java Script (11) KhineMaster (1) KMS/2038 & Digital & Online Activation Suite v6.9 (1) MAGIX SOUND FORGE Pro 13 v.13.0.0 Build 46 (1) Marquee Technique (14) Media Player (31) MI Play store Apk (1) Microsoft Office (21) Mobile Legends Bang Bang Installer .exe Pc Version (1) Motors ( မော်တာများ )အကြောင်း (1) Movie (95) My Pdf (35) Myanmar Font (9) Myanmar Typing Software (1) MZW Solftware (1) NetGuide Journal (63) Network Software (7) New Blogs (15) Notကာကွယ်ခြင်းနည်း (1) ONEKEY PDF Convert to Word 4.0 REPACK (1) Partition Software (7) Password Recovery Software (1) paypal နှင့် ဆိုင်သော (5) PC GAMES (17) PC recovery (13) PC Software (203) PC Speed Up (32) PC-Clean Software (73) PDF (4) PDF Editor (10) Photo Editor Software (64) PHOTO SHOP (သင်တန်း)သီးသန့် (44) Photo Slideshow (12) photoshop background အလန်းများ (6) photoshop PNG ဖိုင်များရှာရန် (14) Photoshop Software (35) Photoshop ဆိုင်ရာ (51) Player (8) PrinterDriver (2) Programming (16) Pyidaungsu font (1) Read More (9) Recent Posts Widget (23) Recover Software (46) Recovery (33) Refresh and Restoreအကြောင်း (1) Reset (1) SAMSUNG One UI ဖုန်းတွေအတွက် မြန်မာဖောင့် (1) Screen Video Recorder (37) Search Box (6) Security Software (36) Sidebar Widget (71) SkyNet လိုင်းအသစ်ထည့်နည်း (1) SkynetBinfile (1) Slideshow Movie Maker (7) Social Widget (19) SOFTWARE (588) Software For Blogs (17) Software များအသုံးပြုနည်း (2) Softwares တွေအတွက် Serial no (or) Key တောင်းလျှင် ဖြေရှင်းနည်း (1) Speed Up Internet (13) TeamViewer version 14.2.2558.0 (Repack & Portable) (1) TTA Pie Myanmar (1) Unicode ေ​ြေပာင်းနည်း (1) Uninstaller Software (25) Upload (6) USB ဖြင့်ဝင်းဒိုးတင်နည်း (4) USB ကြိုးကနေ Virus မဝင်အောင် ကြိုတင် ကာကွယ်နည်း (1) Usb-Memory (19) Video Converter (29) Video Editing (76) Video Editor (1) Video Recorder (12) Virus ဆိုင်ရာ (86) WannaCry Ransomware ၏ အန္တရာယ် အကြောင်းနှင့် ကာကွယ်နည်း (1) Web Design ရေးဆွဲနည်း (5) Webcam Camera Software (11) Website ရေးနည်း (3) Wifi ဆိုင်ရာ (32) Win Update v1.4 (1) Window-10 ဆိုင်ရာ (2) Window-7 ဆိုင်ရာ (32) Window-xp ဆိုင်ရာ (2) window8ဆိုင်ရာ (19) Windows 10 Factory Reset ချနည်း (1) Windows 10 Backup & Restore လုပ်နည်း (1) Windows 10 ကွန်ပျူတာမှာမြန်မာစာတိကျမှန်စွာထည့်နည်း (1) Windows Activator (18) windows loader များ (10) Windows Manager Software (23) Windows Themes (24) Windows တင်နည်းများ (6) WinRAR 5.70 (Fully) (1) WinRar Full Version (12) WinRAR V3.80 Beta Version (1) WinToBootic နှင့် USB ထဲ Install လုပ်နည်း (7) WinUtilities Professional Edition Tool (1) Wordpress Tips (3) Write-Protected ကို ဖြုတ်နိုင်မယ့်နည်းနှစ်သွယ် (1) Zawgyi နဲ့ Unocode ဘာကွာလဲ (1) ကွန်ပျူတာ User Account Picture အကြောင်းများ (1) ကွန်ပျူတာဆိုင်ရာ (1) ကွန်ပျူတာပတ်ဝပ်ပြောင်းမရအောင်လုပ်နည်း (1) ကွန်ပျူတာရဲ့ Storage က HDD လား? SSD လား? စစ်ဆေးနည်းများ (1) ကွန်ပျူတာဟန်းနေရင်ဖြေရှင်းနည်း (1) ကျွနုပ်နှင့် ပရဟိတအလှူ (9) ကာမသိဒ္ဓိကျမ်း (1) ချက်နည်းပြုတ်နည်း (1) နည်းပညာဆိုင်ရာ (2) နည်းလမ်းများ (6) ပန်ကာပြုပြင်နည်း (1) ဖိုင်ဖြေနည်းများ (8) ဗဟုသုတ (6) ဗားရှင်းအသစ်ထွက်ရှိလာတဲ့ Facebook (နှင့်) Messenger (1) ဘာသာစကား ၉၁ မျိုးထိ ပါဝင်တဲ့ Easy Translator (1) ဘာသာရေးစာအုပ်များ (9) မိမိဆိုက်ကိုကော်ပီကူးမရအောင် ပိတ်ထားနည်း (1) ပြည်ထောင်စု ဖောင့် လက်ကွက် နှင့် စာရိုက်နည်း (1) မြန်မာစာမှန်အောင်လုပ်နည်း (1) မြန်မာဆိုတာ (1) ဝင်းဒိုးကို AOMEISoftware ဖြင့် Backup & Restore လုပ်နည်း (1) သင့် Laptop ကို မြန်ဆန်အောင်လုပ်ပေးမယ့် အချက် ၇ ချက (1) အင်တာဗျူးအစီစဉ် (2) အပျိုလမ်းညွှန် (1) အသံဇာတ်လမ်း (19) အခြေခံကွန်ပျူတာ Pdf (1) ဦးဇာနည်နည်းလမ်းများ (7) ဆော့ဝဲ ပြဿနာဖြေရှင်းနည်း (1) ကြော်ငြာ (13) ဟောပြောပွဲ (15)

မန်ဘာဝင်လို့အားပေးကြပါ